အခန်း (၁၃၀)
Vol. 10 Ch. 130
စုန့်လင်းချွမ်က ဒေါသတကြီးနဲ့ ဒါရိုက်တာနေတဲ့ခြံဝင်းထဲ ဝင်သွားလိုက်သည်။ သူ တံခါးကို တွန်းဖွင့်လိုက်ကာ ဝင်သွားပြီး သူ ဘာမှမပြောရသေးခင် ဒါရိုက်တာက သူ့ကိုလှမ်းခေါ်ကာ မေးလိုက်သည်။ "ပြန်မလို့ လာပြောတာလား?"
စုန့်လင်းချွမ်မှာ တစ်ခဏလောက် ကြောင်အသွားပြီး အရင်ဆုံး မတုံ့ပြန်မိလိုက်ပေ။
ဒါရိုက်တာက ဇာတ်ညွှန်းရေးဆရာနဲ့ လက်ထောက်ဒါရိုက်တာကို ညွှန်ပြလိုက်ပြီး "ကောင်းပြီ၊ ငါတို့အွန်လိုင်းပေါ်က ရေပန်းစားနေတဲ့ အကြောင်းအရာတွေကိုတွေ့ပြီးပြီ။ ပြီးတော့ မင်း ဒီကိုလာရတဲ့ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းမိတယ်"
စုန့်လင်းချွမ်က လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး "တောင်းပန်ပါတယ် ဒါရိုက်တာ၊ ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့ရဲ့ ရှုတင်အချိန်ဇယားတွေက ကြပ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ကျွန်တော်ခဏတော့ ပြန်သွားရမယ်...."
ဒါရိုက်တာက လက်ယမ်းပြလိုက်ပြီး "အဆင်ပြေတယ်၊ ငါတို့အားလုံး နားလည်ပါတယ်"
ဒါရိုက်တာအနေနဲ့ ဒါက စုန့်လင်းချွမ်နဲ့ အတူတူအလုပ်တွဲလုပ်တာ ပထမဆုံးအကြိမ် မဟုတ်တဲ့အတွက် လူငယ်လေးရဲ့ဒေါသကိုနားလည်သည်။
"အထူးတလည် စီစဥ်ထားတဲ့ အခြေအနေဆို ဖုန်းခေါ်လိုက်မယ်၊ ငါတို့အခုလေးတင် ဆွေးနွေးထားတာ မင်းပြန်ပြီး မိသားစုကိစ္စတွေ ဖြေရှင်းဖို့ နားရက်သုံးရက်ပေးဖို့ ဆုံးဖြတ်ထားတယ်။ အဲ့ဒါက လုံလောက်လား?"
စုန့်လင်းချွမ်က ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး မသွားခင် သူ့ကိုကျေးဇူးတင်လိုက်သည်။
ခြံဝင်းထဲကနေ သူထွက်သွားတာနဲ့ ဘေးရနားမှာရှိနေတဲ့ လက်ထောက်ဒါရိုက်တာက မနေနိုင်ဘဲ ပြောလိုက်သည်။ "ကျွတ်စ်၊ ဒီကောင်လေးက သူ့ဗိုက်ထဲ နတ်ဆိုးမီးကိုဖိနှိပ်ထားတာဘဲ"
ဇာတ်ညွှန်းရေးဆရာကလည်း ဝင်ပြောလာသည်။ "မင်းပြောတာမှန်တယ်။ ဟေး၊ သူတို့ရန်ဖြစ်ကြမယ်လို့ ထင်လား?"
"ရန်တော့ မဖြစ်လောက်ဘူး။ ဒါပေမယ့် ဖေးခွမ်ကတော့ တစ်ဖက်သတ် အထိုးခံရမှာကနေ ရှောင်လွှဲလို့မရဘူး"
"ကျွတ်စ် ကျွတ်စ် ငါတို့သာ liveကြည့်လို့ရရင်တော့...."
နှစ်ယောက်သား နှစ်ထောင်းအားရ ဖြစ်နေတာကိုမြင်တော့ ဒါရိုက်တာက သူတို့ဘေးကနေ ကူကယ်ရာမဲ့စွာနဲ့ခေါင်းခါလိုက်သည်။ ဘယ်လိုတောင် မကောင်းတဲ့လူတွေလဲ။
နားရက်ကို အတည်ပြုပြီးတဲ့နောက် စုန့်လင်းချွမ်မှာ တစ်မိနစ်လေးတောင် မကြန့်ကြာနေတော့ပေ။ သူက ရိုက်ကူးရေးနေရာကနေ လေဆိပ်ဆီ တန်းသွားလိုက်ပြီး B Cityကိုသွားမယ့် အစောဆုံးလေယာဉ်လတ်မှတ်ကိုဝယ်လိုက်သည်။
ဒါပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေ အားလုံးကို လေဆိပ်ဝင်ပေါက်မှာ အစောကြီးကတည်းက ရောက်နေကြတဲ့ ပါပါရာဇီတွေက ခန့်မှန်းမိထားကြသည်။
မကြာခင်မှာဘဲ၊ စုန့်လင်းချွမ်တစ်ယောက် B City လေဆိပ်မှာပေါ်လာတဲ့ ဆယ်မိနစ်လောက်မရှိတဲ့ ဗီဒီယိုတစ်ခုက အွန်တိုင်းပေါ် တက်လာသည်။
ဗီဒီယိုထဲတွင် စုန့်လင်းချွမ်က ဦးထုပ်ဆောင်း မက်စ်တပ်ထားကာ လေဆိပ်ကနေထွက်လာပြီး 'ငါ့အနားမကပ်နဲ့' ဆိုတဲ့ အငွေ့အသက်တွေ ထုတ်လွှင့်နေသည်။ နောက်တော့ သူက ကားတစ်စီးထဲဝင်သွားပြီး ထွက်သွားသည်။
[Holy crap! ငါတော့ စုန့်လင်းချွမ်ရဲ့ လူသတ်ချင်နေတဲ့ အငွေ့အသက်တွေကို ခံစားနေရတယ်!]
[ဘုရားရေ၊ ဗီဒီယိုထဲက ခြေလှမ်းတချို့နဲ့တင် စုန့်လင်းချွမ်တစ်ယောက် ထောင်ချီတဲ့ မြင်းတပ်ဖွဲ့တွေနဲ့အတူ လျှောက်လာသလို ခံစားလိုက်ရတယ်။ အခုတော့ ငါ ဖေးခွမ်ကို ထူးထူးခြားခြားစိတ်ပူနေမိပြီ]
[သေစမ်း၊ ဒါမတိုင်ခင် ဖေးခွမ်နဲ့ အန်တီလေးတို့ ကိစ္စကို ငါ သံယဖြစ်နေသေးတာ ဒါပေမယ့် စုန့်လင်းချွမ်လေဆိပ်မှာ ပေါ်လာတာကိုမြင်တော့ ဒီကိစ္စကို အခြေခံအားဖြင့ အတည်ပြုလိုက်ပြီလို့ခံစားရတယ်!]
[ငါထင်တာမှန်သားပဲ၊ စုန့်လင်းချွမ်ရဲ့ အခုလက်ရှိသူ့ရိုက်ကူးရေးအဖွဲ့က ရှုတင်အချိန်ဇယားတွေ ပြည့်နေတာ အားလပ်ချိန်ရဖို့တောင် နာမည်ဆိုးနဲ့ကျော်ကြားနေတာ]
[အဟုတ်ဘဲ၊ ခေါင်းဆောင်မင်းသမီးတောင် ခွင့်တောင်းတာ ရိုက်ကူးရေးအဖွဲ့က လက်မခံခဲ့လို့ လွန်ခဲ့တဲ့အပတ်က brand ပွဲတစ်ခုကိုတောင် ရွှေ့ဆိုင်းလိုက်ရတယ်။ ဒီတစ်ခေါက် စုန့်လင်းချွမ်ကိုကျ ဘယ်လိုလုပ် အဆင်သင့် လက်ခံလိုက်တာပါလိမ့်?]
[ရိုက်ကူးရေးအဖွဲ့ရဲ့ တရားဝင် Weibo အကောင့်မှာတော့ အဲ့ဒါက သရုပ်ဆောင်တွေအနေနဲ့ အိမ်ပြန်ပြီးမိသားစုကိစ္စတွေကို ဖြေရှင်းရမယ့် အထူးတလည်အခြေအနေဖြစ်တဲ့အတွက် သူပြန်လို့ရတာလို့ ပြန်ဖြေထားတယ်]
[ဟားဟားဟား ရယ်စရာဘဲ။ ငါ့တို့ကောင်လေးအကြောင်း ဒါရိုက်တာသိနေတာပဲ၊ သူတို့သာ သူ့ကိုနားရက်မပေးရင် ရိုက်ကူးတဲ့နေရာမှာ သူသေချာပေါက် အာရုံစိုက်နိုင်လောက်မှာ မဟုတ်ဘူး!]
[ကျွတ်စ် ကျွတ်စ်၊ အစ်ကိုချွမ်ရဲ့ ဒေါသကို စခရင်ကနေဖြတ်ပြီးတော့တောင် ငါခံစားနေရတယ်]
[ ဟုတ်တယ် ဟုတ်တယ်! စုန့်လင်းချွမ် ဒီလိုမျိုးပြန်လာတာက အမှန်တရားကို မသိလို့မဟုတ်ဘူးဘဲ!]
[ဟားဟား၊ စုန့်လင်းချွမ်တော့ စိတ်တိုနေပြီ၊ သူစိတ်တိုနေပြီ! ဒီရိုက်နှက်ခံရမှာကိုတော့ စုန့်လင်းချွမ် မရှောင်လွှဲနိုင်တော့ဘူး!]
[ဖေးခွမ်ဖန်များ - အဆင်ပြေပါတယ်၊ သူ့ကိုထိုးပါ ရိုက်ပါ၊ ဖေးခွမ်က ဒါနဲ့ထိုက်တန်ပါတယ်]
[ဟုတ်တယ်၊ ငါက ဖေးခွမ် ဖန်ဆိုပေမယ့်လည်း စုန့်လင်းချွမ်ဘက်ကနေ ကြည့်ရင် သူလုပ်ခဲ့တာက အရိုက်ခံရတာနဲ့တန်တယ်]
[သူ့ကိုရိုက်၊ သူ့ကိုရိုက်ပါ။ သူက တစ်စုံတစ်ယောက်ရဲ့ အဖိုးတန် အန်တီလေးကို ခိုးသွားတာ၊ ဒီလောကမှာ ဘာမှအလကားမရဘူးဆိုတာ သူဘယ်လိုလုပ် မမျှော်လင့်ထားရမှာလဲ]
[lmao၊ ဖန်တွေက ဘက်အလိုက်ဆုံး ဖြစ်ရမှာမဟုတ်ဘူးလား? ဖေးခွမ် ဖန်တွေက ဘယ်လိုလုပ် သူတို့အိုင်ဒေါ အရိုက်ခံရမှာကို မြင်ဖို့မစောင့်နိုင်ဖြစ်နေရတာလဲ?]
[ဖေးခွမ် - မင်းတို့တွေက အတုတွေဘဲ!]
...
အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေက အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။
စုန့်လင်းချွမ်က လေဆိပ်ကနေ အပြေးအလွှားပြန်လာပြီး သူ့အိမ်မှာတောင် မရပ်ဘဲ ဖေးခွမ်ရဲ့အိမ်ဆီ တန်းသွားလိုက်သည်။
ကားထဲကနေ သူထွက်လာလာချင်း ကျန်းဟန်က သူ့ကိုပြန်ဆွဲထားလိုက်ပြီး " ငါရော မင်းနဲ့အတူသွားရင်ရော?"
စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်ပြီး အေးစက်စက် သရော်လိုက်သည်။ "ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျွန်တော် မသိဘူး မထင်နဲ့၊ အပေါ်လိုက်ပြီး ရှိုးကြည့်ချင်နေတာလေ၊ လုံးဝမရဘူး!"
ပြောပြီးသွားတာနဲ့ သူက ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။
ကျန်းဟန်မှာ စုန့်လင်းချွမ်ရဲ့နောက်ကျောကိုကြည့်ရင် နောင်တရစွာနဲ့ ခေါင်းခါလိုက်သည်။
သူပြောတာမှန်သည်၊ ကျန်းဟန်မှာ ဒီလိုရည်ရွယ်ချက်ရှိနေတာပင်။ ဒါပေမယ့် တကယ်ကြီး ဒီလိုထိပ်တန်းအရည်အသွေးရှိတဲ့ live ကိုဘယ်သူက မကြည့်ချင်မှာလဲ?
လက်ထောက်လေးက စိုးရိမ်စွာနဲ့ ပြောလာသည်။ "ကျန်းကော၊ စုန့်ကော ဒီလိုတက်သွားတဲ့ပုံနဲ့ဆို တစ်ခုခုဖြစ်တော့မှာလား?"
စုန့်လင်းချွမ် အပေါ်ကို ရောက်ရင် စိတ်လွတ်သွားပြီး ဖေးခွမ်ကို ဆိုးဆိုးရွားရွား ရိုက်နှက်လိုက်မှာကို သူတကယ်စိုးရိမ်နေသည်။ အဲ့ဒါဆို သူတို့ဘယ်လိုလုပ်ကြမလဲ?
ကျန်းဟန်က လက်ထောက်လေးရဲ့ပခုံးကို ယုံကြည်ချက်ရှိစွာနဲ့ ပုတ်လိုက်ပြီး "စိတ်မပူနဲ့၊ မင်းရဲ့စုန့်ကောကို ငါကောင်းကောင်းနားလည်တယ်။ သူက ဒေါသကြီးပေမယ့် ချင့်ချိန်တတ်တယ်"
ဒီရိုက်နှက်တာကို ဖေးခွမ် သေချာပေါက် မလွတ်နိုင်ပေမယ့်လည်း သူလက်တော့မလွန်လောက်ဘူး။
ကျန်းဟန် စောစောတုန်းက စုန့်လင်းချွမ် ဖုန်းပြောနေတာကိုကြားခဲ့ရသည်။ အန်တီလေးစုန့်က အခု ဖေးခွမ်ရဲ့နေရာမှာရှိနေတာဖြစ်သည်။
ဒီတော့ အခု အန်တီလေးရှိနေတယ်ဆိုတော့ ချွမ်ကော အရမ်းဒေါသထွက်နေရင်တောင် သူလှိုင်းလုံးကြီးကြီးလုပ်လိမ့်မည်မဟုတ်ပေ။
စုန့်လင်းချွမ်ဘက်မှာတော့ သူကအပေါ်ထပ်ကို အရှိန်မြင့်မြင့်နဲ့တက်သွားသည်။ ဒါပေမယ့် သူဓာတ်လှေကားကနေ ထွက်လာတာနဲ့ စုန့်အာ့နန်နဲ့အတူ သူရှာနေတဲ့ ဖေးခွမ်က သူမ အနောက်မှာရှိနေပြီး သူ့ကိုပိတ်ထားသည်။
"လင်းချွမ်၊ ငါတောင်းပန်ပါတယ်၊ နင့်ကို ဖုံးကွယ်ထားတာ ငါ့အမှားတွေပါ" စုန့်အာ့နန်က စိုးရိမ်စွာနဲ့ကြည့်လိုက်သည်။
ဒါပေမယ့် စုန့်လင်းချွမ်က စုန့်အာ့နန်ကို တစ်ချက်တောင်မကြည့်ပေ။ သူက သူမအနောက်ရှိ ဖေးခွမ်ကိုပဲ အံကြိတ်ကာ ကြည့်နေသည်။ "အန်တီလေး ဘေးဖယ်နေ။ ငါ ဒီကောင်ကိုလာရှာတာ!"
သူ့ရဲ့သဘောထားကိုမြင်တော့ စုန့်အာ့နန်ကလည်း လုံးဝကို မတုန်မလှုပ်ပင်။ သူမက ဖေးခွမ်အရှေ့မှာ ခိုင်ခိုင်မာမာရပ်လိုက်ပြီး "လင်းချွမ်၊ ကမူးရှူးထိုး မလုပ်နဲ့။ စကားကောင်းကောင်းပြောရအောင်၊ ထိုးတာခွင့်မပြုဘူး!"
စုန့်လင်းချွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး အေးစက်စက်နဲ့ နှာမှုတ်လိုက်သည်။ "ဖေးခွမ်၊ ငါ့အန်တီလေးအနောက်မှာ ပုန်းနေတယ်ပေါ့လေ ဟမ်၊ တော်တော်ကြည့်ကောင်းနေတာဘဲ!"
ဖေးခွမ်မှာ နည်းနည်းကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူတကယ် ပုန်းနေဖို့ မရည်ရွယ်ပေမယ့် စုန့်အာ့နန်က သူ့ကိုခွင့်မပြုပေ။
ဒီကိစ္စက စောစောတုန်းက စုန့်လင်းချွမ်သူ့ဆီ ဖုန်းခေါ်လိုက်တာကနေ စသည်။ ဖေးခွမ်က စပီကာကိုတန်းဖွင့်ထားတာကြောင့် သူ့ဘေးက စုန့်အာ့နန်လည်း ကြားလိုက်ရသည်။
ကောင်မလေးက သူ့ရဲ့ "အိမ်ပြန်လည်ပင်းဆေးထားပြီး ငါ့ကိုစောင့်နေစမ်း!" ဆိုတာကို စိုးရိမ်နေတာပင်။ သူမက တစ်မနက်လုံးစိုးရိမ်နေပြီး ဖေးခွမ် ဘယ်လောက်ပဲရှင်းပြပါစေ အလုပ်မဖြစ်ပေ။
ကူကယ်ရာမဲ့စွာနဲ့ ဖေးခွမ်မှာ သူမကို စိတ်အေးအောင်ဘဲ ပြောနိုင်တော့သည်။ "အာ့နန်၊ အဆင်ပြေပါတယ်၊ စိတ်မပူနဲ့"
နောက်တော့သူက စုန့်လင်းချွမ်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တံခါးဝမှာ မရပ်နေနဲ့၊ စကားပြောချင်ရင်အထဲဝင်လာခဲ့"
တံခါးမှာ ပိတ်ထားတာက အလုပ်မဖြစ်မှန်း စုန့်လင်းချွမ်လည်းသိသည်။ သူက အေးစက်စက်နဲ့ ဟမ့် ခနဲလုပ်လိုက်ပြီး စုန့်အာ့နန်ကို ဆွဲခေါ်ကာ ဝင်သွားလိုက်သည်။
ဖေးခွမ်လည်း သူတို့နှစ်ယောက် အနောက်ကနေ အထဲဝင်သွားလိုက်ပြီး နောက်တော့ တံခါးကိုပိတ်လိုက်သည်။
သုံးယောက်သား ဧည့်ခန်းဆီ ရောက်လာသည်။ စုန့်လင်းချွမ်က ဆိုဖာပေါ်တွင် လက်ပိုက်ကာထိုင်နေပြီး သူတို့နှစ်ယောက်ကို မျက်နှာမည်းမည်းနဲ့ စိုက်ကြည့်နေသည်။
စုန့်အာ့နန်နဲ့ ဖေးခွမ်မှာ မီးထဲလောင်စာ ထပ်မထည့်တော့ပေ။ သူတို့က ဆိုဖာတစ်ဖက်စီမှာ ထိုင်လိုက်ကြသည်။
တစ်ခဏလောက် ဘယ်သူမှ စကားမပြောကြပေ။
စုန့်အာ့နန်က စုန့်လင်းချွမ်ကို မျှော်လင့်တကြီး ကြည့်နေကာ သူမက တစ်ခုခုပြောချင်နေပုံရပေမယ့် ပြန်ထိန်းထားရသည်။
စုန့်လင်းချွမ်မှာ သူ့အန်တီလေးကို ဒီလိုပုံမျိုးနဲ့မြင်နေရတာကို မနေနိုင်တော့ပေ။ သူ့ကိုယ်သူ သူမနဲ့ အကြည့်လွှဲဖို့ တွန်းအားပေးထားရပြီး တရားခံဖေးခွမ်ဘက်ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။
သူ့မှာ နေရာမှာဘဲ ဖေးခွမ်ကို ဝါးစားတော့မတတ် မုန်းတီးစွာနဲ့ကြည့်နေသည်။
သူတို့သုံးယောက် ဒီလိုမျိုး ကိုးရိုးကားယားနိုင်စွာနဲ့ တစ်ခဏလောက် တိတ်ဆိတ်နေကြသည်။ ဒါကို ဆက်မဆွဲနိုင်ဘူးဆိုတာ ဖေးခွမ်သိသည်။
စုန့်အာ့နန် ဒီမှာရှိနေတော့ စုန့်လင်းချွမ်တစ်ယောက် ငြိမ်နေရမှာပင်။ သူအရမ်းဒေါသထွက်နေရင်တောင် သူမအရှေ့မှာ ဒေါသခြောင်းခြောင်းထွက်နေရင် မကောင်းပေ။ ဒီအတိုင်းဆက်သွားနေရင် မီးထဲလောင်စာထည့်လိုက်သလိုဘဲ ဖြစ်နေလိမ့်မည်။
အဲ့ဒါနဲ့ဘဲ ဖေးခွမ်က စုန့်အာ့နန်ဘက်လှည့်ကာ သူမကိုနှစ်သိမ့်လိုက်သည်။ "အာ့နန်၊ လင်းချွမ်နေရာကို အရင်ပြန်လိုက်ရင်ရော၊ ကိုယ် လင်းချွမ်နဲ့ အရင်စကားပြောလိုက်ဦးမယ်။ ပြီးမှ မင်းကို လာရှာမယ်လေ အဆင်ပြေလား?"
စုန့်အာ့နန်ရဲ့ အရင်ဆုံးတုံ့ပြန်မှုကတော့ ခေါင်းခါနေဆဲပင်။ ဒါပေမယ့် သူမဒီမှာနေနေလည်း အသုံးမဝင်ဘူးဆိုတာ သူမသိသည်။ စုန့်လင်းချွမ်ဘက်ကလည်း သူဖေးခွမ်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားသည်ပင်။ သူမက ဆက်နေနေရင် အရာအားလုံးကို ဆွဲထုတ်မိနေမည်ပင်။
ဒီတော့ အဆုံးမှာ၊ သူမက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခြေလှမ်းတိုင်း နောက်ပြန်လှည့်ကြည့်ရင်း ထွက်သွားတော့သည်။
ဖေးခွမ်က သူမကို ဓာတ်လှေကားအထိလိုက်ပို့ပေးသည်။ ဓာတ်လှေကား အောက်ဆင်းသွားတာကိုမြင်မှ သူပြန်လှည့်လာလိုက်သည်။
ဒီကောင်စုတ်က သူ့အန်တီလေးကို စကားနည်းနည်းနဲ့ ချောချောမွေ့မွေ့နဲ့ ချော့ပြောနိုင်လိုက်တာကိုမြင်တော့ စုန့်လင်းချွမ်မှာ ပိုလို့တောင် ဒေါသထွက်လာသည်။
"တော်တော် အရည်အချင်း ရှိနေတယ်ပေါ့လေ ဟမ်၊ မင်းမှာ ဒီလိုစကေးတွေရှိမယ်မှန်း မထင်ထားဘူး" သူကထေ့ငေါ့ လှောင်ပြောင်လာသည်။ "ကောင်မလေးငယ်ငယ်လေးတွေကို ချော့တာ တော်လိုက်တာ"
ဖေးခွမ်ကတော့ တည့်တိုးပင်။ စကားလုံးတွေဖြုန်းတီးမနေဘဲ သူက စုန့်လင်းချွမ် စိတ်တိုင်းကျ လုပ်ခွင့်ပေးဖို့ ရပ်နေလိုက်သည်။
"မင်းကြိုက်သလောက် ငါ့ကိုထိုး၊ ငါပြန်မလုပ်ဘူး"
သူလုပ်ခဲ့တာတွေအတွက် အရိုက်ခံရဖို့ ပြင်ဆင်ထားတာ ကြာပြီဖြစ်သည်။
သေချာပေါက် တစ်ချက်ထိုးရုံနဲ့ စုန့်လင်းချွမ် မကျေနပ်နိုင်ရင် အကြိမ်ပေါင်းများစွာထိုးနိုင်သည်
ဒါပေမယ့် မမျှော်လင့်ထားစွာနဲ့ ဒါကိုကြားတော့ စောစောက ရန်လိုနေပြီး စိတ်မြန်လက်မြန်ဖြစ်နေတဲ့ စုန့်လင်းချွမ်က ရုတ်တရက် စိတ်ငြိမ်သွားပြီး "ဟမ့်၊ မင်းရဲ့လှည့်ကွက်တွေထဲ ငါကျမှာမဟုတ်ဘူး၊ မကောင်းတဲ့ကောင်"
"ငါက မင်းကို ထိုးလိုက်ရင် ငါ့အန်တီလေးက မင်းကိုသနားသွားမှာ၊ ငါတို့ တူဝရီးကြားက ဆက်ဆံရေးကို ခွဲဖို့ ကြိုးစားနေတာလား?" စုန့်လင်းချွမ်က ပြန်လာတဲ့ခရီးမှာ ဒါကို ပြတ်ပြတ်သားသား တွေးထားခဲ့တာဖြစ်သည်။
မဟုတ်သေးဘူ၊ စုန့်လင်းချွမ်က ဒီခွေးသားလေးကို ပြန်လာပြီး ရိုက်နှက်ဖို့ ရည်ရွယ်ထားပေမယ့် လေယာဉ်ပေါ်မှာ သူနည်းနည်း စိတ်ငြိမ်သွားသည်။
သူပြောတာမှန်သည်၊ သူ့အန်တီလေးလေး ပထမဆုံးရည်းစားထားဖူးတာဖြစ်သည်။ ဒီအချစ်ရေးမှာ အတားအဆီးတွေ များလေလေ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပိုပြီးခိုင်မြဲလာလေမည်ဖြစ်သည်။ သူ မတုံးပေ။
သူတို့ တူဝရီးကြားက ဆက်ဆံရေးကို ခွဲမယ်လား?
ဖေးခွမ် မတတ်နိုင်ဘဲ သူ့နဖူးပေါ် လက်တင်လိုက်မိသည်။ ဒီအတွေးရေယာဉ်ကတော့ ရူးချင်စရာဘဲ။
ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုက ဖေးခွမ် လုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုဖြစ်သည်။ သူက သိချင်စိတ်နဲ့ မေးလိုက်သည်။ "မင်း ကျေနပ်အောင် ငါဘာလုပ်ပေးရမလဲ?"
"ငါ ကျေနပ်အောင်?" စုန့်လင်းချွမ်က မထီမဲ့မြင်ပြုကာ နှာမှုတ်လိုက်ပြီး "ငါပြောရင် မင်းက လုပ်နိုင်လို့လား?"
ဖေးခွမ်က အရမ်းဂရုတစိုက်နဲ့ ဖြေလိုက်သည်။ "ငါအကောင်းဆုံး ကြိုးစားပေးမယ်"
စုန့်လင်းချွမ်က သူ့ကိုတင်းတင်းမာမာ ကြည့်လိုက်ပြီး "မင်းကို ငါ့ အန်တီလေးနဲ့ လမ်းခွဲဖို့ပြောရင်ရော?"
ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ဒါတော့ မဖြစ်နိုင်ဘူး"
သူ့ရဲ့သဘောထားကိုမြင်တော့ စုန့်လင်းချွမ်က သူ့ကိုသွေးတိုးစမ်းလာသည်။ "ဒီသဘောထားက ဘာလဲ? မင်းကိုယ်မင်း မှန်နေတယ် ထင်နေလား?"
ဖေးခွမ်က သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ အကြောင်းပြလိုက်သည်။ "လင်းချွမ်၊ ဒီတောင်းဆိုချက်က ကျိုးကြောင်းမသင့်ဘူးဆိုတာ မင်းလည်းသိတာပဲ။ ငါသာ သဘောတူလိုက်ရင် မင်း ငါ့ကို သေချာပေါက်သတ်မှာ"
စုန့်လင်းချွမ်က အေးစက်စက် နှာမှုတ်လိုက်ပြီး ဘာမှပြန်မပြောချေ။
ဖေးခွမ် ပြောတာကလည်း မမှားပေ။ သူသာတကယ်သဘောတူလိုက်ရင် သူက သူ့အန်တီလေးကို ကစားနေတယ်ဆိုတာ ထင်ရှားသွားမည်။ သူ့ကိုအသေထိုးဖို့က အလွယ်လေးဖြစ်သွားမှာပင်။
အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက် ဖေးခွမ်ဘက်က တိတ်ဆိတ်မှုကို အရင်ချိုးဖျက်လိုက်သည်။ "ငါ့ဘက်က ခံစားချက်တွေကို အရင်ထုတ်ပြပြီး သူ့ကိုလိုက်ခဲ့တာ"
စုန့်လင်းချွမ်က သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ သူ့အန်တီလေးကို အရင်မျက်စိကျခဲ့တဲ့သူက ဒီခွေးသားဆိုတာ သူသိသားပဲ။
သူက အံကြိတ်ကာ မေးလိုက်သည်။ "ဘယ်လောက်ကြာပြီလဲ?"
"ခဏနေဦး၊ အဲ့ဒါက လွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ မဟုတ်ဘူးမလား?!"
ဖေးခွမ်မှာ ကြောင်သွားသည်။
လွန်ခဲ့တဲ့သုံးနှစ်? အဲ့ဒီတုန်းက သူ စုန့်အာ့နန်နဲ့ တွေ့ဖူးရုံဘဲရှိသေးတာလေ!
အဲ့ဒါက နည်းနည်းရယ်စရာကောင်းတယ်လို့ သူခံစားလိုက်ရသည်။ "ငါက အဲ့ဒီလောက်ထိလည်း တိရိစ္ဆာန်မဆန်ပါဘူး!"
အဲ့ဒီတုန်းကဆို သူမက အရွယ်တောင် မရောက်သေးတဲ့ ကလေးမလေးပဲ ရှိသေးတာကို။
စုန့်လင်းချွမ်က နှာမှုတ်လိုက်ပြီး "မင်းက အဲ့ဒီလိုတိရိစ္ဆာန်မဟုတ်ဘူးလို့ ပြောတယ်လား?"
'မင်းရဲ့ အန်တီလေးက ငါ့အန်တီလေးဘဲ' ဆိုပြီးပြောခဲ့တာဘယ်သူလဲ? ပြီးတော့ သူ့အန်တီလေးကလည်း သူ့ကို တူလေးလိုပဲ ဆက်ဆံမယ်တဲ့။ အရမ်းစိတ်တိုစရာဘဲ!
ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်ပေမယ့် အဲ့ဒါကိုတော့ မငြင်းပေ။ "ငါက တော်တော်လေး တိရိစ္ဆာန်ဆန်တာပဲ"
စုန့်လင်းချွမ်က ဒေါသထွက်လာပြီး "မဟုတ်တာတွေတော်လိုက်တော့၊ ဘယ်လောက်ကြာပြီလဲ?"
ဖေးခွမ်က သူ့ကိုတစ်ခဏလောက် ကြည့်လိုက်ပြီး တစ်ခုခုကို ပြောချင်ပေမယ့် ထိန်းထားရတဲ့ပုံဖြစ်နေသည်။ "ဖြစ်နိုင်တာက နှစ်ဝက်လောက်ပေါ့"
"ဘာ? နှစ်ဝက်!" စုန့်လင်းချွမ်က သူ့ကိုမယုံကြည်နိုင်စွာနဲ့ စိုက်ကြည့်လိုက်ပြီး သူ့အသံကလည်း အကျယ်ကြီးထွက်လာသည်။
ဆိုလိုတာက သူတို့တွေ လွန်ခဲ့တဲ့ အောက်တိုဘာကတည်းက တွဲခဲ့တာပေါ့။
သူတို့က သူ့ကိုအကြာကြီး ဖုံးကွယ်ထားတာပဲ!
ဖေးခွမ်က ခက်ခက်ခဲခဲနဲ့ ရှင်းပြလာသည်။ "ငါမင်းကိုပြောပြချင်ခဲ့ပေမယ့် အခွင့်ကောင်းမရခဲ့လို့ပါ"
စုန့်လင်းချွမ်က ဒေါသတကြီးနဲ့ ရယ်လိုက်ပြီး "ဒီလောက်အကြာကြီးကို အခွင့်ကောင်းမရခဲ့ဘူးပေါ့လေ? မင်း ငါ့ကိုအရူးလုပ်နေတာပဲ"
"ဒါပေါ့၊ မင်းက ဒါကိုမျက်နှာချင်းဆိုင် ဆွေးနွေးချင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နှစ်သစ်ကူးတုန်းက ငါတို့တွေ ရက်အတော်ကြာ အတူရှိခဲ့တာပဲ။ အဲ့ဒါကိုပြောဖို့ ဘယ်လိုလုပ် အခွင့်အရေး မရတာ ဖြစ်နိုင်မှာလဲ?"
ဖေးခွမ်က သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် အဲ့ဒီတုန်းက မင်းစိတ်အခြေအနေ မကောင်းဘူးလေ၊ မဟုတ်ဘူးလား?"
စုန့်လင်းချွမ်က တိုက်ရိုက်ဘဲ ကျိန်ဆဲလိုက်သည်။ "ဘယ် အချိန်တုန်းက ငါ...."
သူ့ စကားတစ်ဝက်မှာတင် တစ်ခုခုကို ရုတ်တရက်သဘောပေါက်သွားသည်။
ဖေးခွမ်က "အဲ့ဒီတုန်းက မင်းစိတ်အခြေအနေမကောင်းဘူးလို့ အာ့နန်ပြောတယ်။ သူလည်း မင်းကို ထပ်ပြီး စိတ်မညစ်စေချင်တော့တဲ့အတွက် အဲ့ဒီအကြောင်းကို ဆက်ဖုံးထားလိုက်တာ"
စုန့်လင်းချွမ် - "...."
သူက တစ်ခုခုကို ဆဲရေးလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူက သူ့ဒေါသကို ထိန်းဖို့ ကြိုးစားနေမှန်း မြင်နေရသည်။
ဖေးခွမ်က ရိုးရိုးသားသားနဲ့ အကြံပြုလိုက်သည်။ "မင်းဘာလို့ ငါ့ကို မထိုးလိုက်တာလဲ? ငါ့မျက်နှာကိုတော့ မထိုးနဲ့လေ သတိမထားမိတဲ့နေရာပေါ့"
စုန့်လင်းချွမ် - "စိတ်ကောင်းချင်ယောင်ဆောင်နေတာ တော်လိုက်တော့၊ ဆက်ပြော!"
ဖေးခွမ်က မျက်ခုံးနည်းနည်းပင့်သွားကာ၊ ဘာအကြောင်းပြောရမှာလဲ?
"မဟုတ်သေးဘူး၊ အရင်တုန်းက မင်း ရှဲ့ယင်းကို ကြိုက်ခဲ့တာ မဟုတ်ဘူးလား?" စုန့်လင်းချွမ်က ရုတ်တရက်တစ်ခုခုကိုသတိရသွားပြီး သူ့မျက်နှာက ထပ်ပြီးမည်းမှောင်လာသည်။
"မင်း မကောင်းတဲ့အကောင်၊ မင်း ရှဲ့ယင်းကို မရလို့ အဲ့ဒီအစား ငါ့အန်တီလေးဘက်ကို လှည့်လာတာလို့မပြောနဲ့နော်!"
ဖေးခွမ်မှာ မျက်မှောင်မကြုတ်သွားခင် စက္ကန့်နည်းနည်းလောက် ကြောင်သွားပြီး "ငါဘယ်တုန်းက ရှဲ့ယင်းကိုကြိုက်ခဲ့လို့လဲ? မင်းကို ဘယ်သူပြောလဲ?"
စုန့်လင်းချွမ် - "မင်းကိုယ်တိုင် ပြောခဲ့တာမဟုတ်ဘူးလား? လွန်ခဲ့တဲ့ ဩဂုတ် ဒါမှမဟုတ် စက်တင်ဘာလောက်တုန်းကလေ။ တစ်ည ငါ မင်းဆီ ဖုန်းခေါ်တော့ မင်း ငါ့ကို ရုတ်တရက်ကြီး မေးလာတာ..."
အဲ့ဒီဖုန်းခေါ်ဆိုမှုအကြောင်း သူတွေးမိလိုက်တော့ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး ဖေးခွမ်ကို ထိတ်လန့်စွာနဲ့ကြည့်လိုက်မိသည်။