← Chapters

အိမ်ပြန်ရောက်ခြင်း နောက်လုပ်မည့်အရာကိုစဉ်းစား ခြင်း

Vol. 113 Ch. 1579

အိမ်ပြန်ရောက်ခြင်း နောက်လုပ်မည့်အရာကိုစဉ်းစား ခြင်း

Vol. 113 Ch. 1579

ရှီမာယူယူသည် အံ့ဖွယ်သင်္ဟပဒါးငှက်၏ စာချုပ်သခင်ဖြစ်ပြီး ငှက်ပေါင်း ရာချီကို အမိန့်ပေးနိုင်သည်။ သူမ အနောက်မှ နောက်ခံအင်အားစုများ အကြောင်းကိုတော့ ထည့်ပြောရန်ပင်မလိုပေ။

ရွှမ်ချုံးဖူရှီသာ မျိုးနွယ်အတွက် အမှန်တကယ် စဉ်းစားပါက သူမကို ပြစ်မှားမည်မဟုတ်ပေ။

အရင်က ယခုလိုကိစ္စမျိုးမဖြစ်ဖူးသည်တော့မဟုတ်ပေ။ သို့သော် တစ်ဖက်လူမှာ သူတို့ဖိနှိပ်နိုင်သည့် အညတရလူသာဖြစ်သည်။ သူတို့ကတိပျက် ချင်လျှင် ဖျက်လိုက်၍ရသည်။ သို့သော် ရှီမာယူယူသည် ထိုကဲ့သို့လူမျိုးလား။ သူသည် ဦးနှောက်ကိုမသုံးပေ။

သက်ပြင်းချလိုက်သည်…

အခုချိန်တွင် သူတို့ မည်သို့ပင်ပြောစေကာမူ အသုံးမဝင်တော့ပေ။

အနာဂတ်တွင် ရွှမ်ချုံးမျိုးနွယ် မည်သို့ဖြစ်လာမည်ကို ရှီမာယူယူ ဂရုမစိုက်ပေ။ ရွှမ်ချုံးမျိုးနွယ်နှင့်လည်း ထပ်ပြီးတော့ ပတ်သတ်မည်မဟုတ်ပေ။

ရွှမ်ချုံးမျိုးနွယ်မှထွက်လာပြီးနောက် ရှီမာယူယူသည် ဖန်ရှင်းကို ရပ်ခိုင်း လိုက်သည်။

“အဒေါ်ဖန် ဒီမှာနားလိုက်ရအောင်” ရှီမာယူယူသည် ဖန်ရှင်းကို ကြည့် လိုက်သည် “ဒီနေ့အတွက် တကယ်ကျေးဇူးတင်ပါတယ်”

“သခင်မလေးကိစ္စက ကျွန်မတို့ကိစ္စပါပဲ ကျေးဇူးတင်ဖို့မလိုပါဘူး” ဖန်ရှင်းသည် ပြုံးပြီးပြောလေသည်။ သူမသည် ရှီမာယူယူ၏ ပင်ကိုယ်စရိုက်ကို သဘောကျသည်။ သူမသည် တခြားသခင်မလေးများလောက် မလှပေ။ သူမ သည် ဂုဏ်သိက္ခာကြီးမားသော သခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရထား သော်လည်း အရင်ကလိုပင် သိမ်မွေ့နေတုန်းပင်။

“အခု အံ့ဖွယ်ဆေးရပြီးပြီဆိုတော့ ရွှမ်ချုံးမျိုးနွယ်ဝင်တွေက နောက်ကနေ လိုက်မလာလောက်တော့ပါဘူး. အဒေါ်ဖန်တို့က အရမ်းအလုပ်များတာကို သိ ပါတယ် ဒီမှာဆိုရင် ကျွန်မအဆင်ပြေပါတယ် အဒေါ်တို့ ဖန်မျိုးနွယ်ကိုပြန်ချင် ရင်…”

“သခင်မလေး ကျွန်မတို့ဖန်မျိုးနွယ်ကနေ ထွက်မလာခင် အခုကစပြီး သခင်မလေးနောက်ကိုပဲ လိုက်ဖို့ သခင်ကမှာလိုက်ပါတယ်” ဖန်ရှင်းသည် ပြုံး ပြီးပြောလိုက်သည်။

“အခုကစပြီး ကျွန်မနောက်လိုက်မယ်ဟုတ်လား ဒီတစ်ခါတည်းမဟုတ် ဘူးလား” ရှီမာယူယူသည် တအံ့တဩဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။

“ဟုတ်ပါတယ် ကျွန်မတို့က အပြင်မှာပဲ လှုပ်ရှားကြတော့ အပြင်ကလူ တွေနဲ့ ပိုရင်းနှီးတယ်လို့ သခင်ကပြောပါတယ် ကျွန်မမျက်နှာကလည်း ဖန်မျိုးနွယ်ရဲ့ သရုပ်မှန်ပါပဲ အဲဒါကြောင့် ကျွန်မအပြင်ထွက်ရင် လူတွေ သိကြ မှာပါ သခင်မလေးကို မသိကြတဲ့အခြေအနေတွေဖြစ်လာရင် ကျွန်မတို့က ကာကွယ်လို့ရပါတယ်”

“ဒါပေမဲ့ ကျွန်မက လူတွေအများကြီးနဲ့သွားတာ အသားမကျဘူး” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်တို့က အများကြီးလေ ကျွန်မနောက်လိုက် ရင် လူအဖွဲ့လိုက်ကြီးက ကျွန်မနဲ့တစ်ချိန်လုံးရှိနေမှာမဟုတ်ဘူးလား”

“ပြဿနာမရှိဘူး သခင်မလေးရဲ့ လောကအသေးပတ်ဝန်းကျင်က ကောင်းတယ် ကျင့်ကြံဖို့အတွက် သင့်တော်တယ်၊ ကျွန်မတို့ လုပ်စရာရှိရင်လုပ် မယ် အခွင့်အရေးမကြုံရင်တော့ နားပြီး ကျင့်ကြံမယ်လေ၊ ဒီအခွင့်အရေးကို လည်း အသုံးချရမှာပေါ့” ဖန်ရှင်းနှင့် တခြားသူများသည် သူမလောကအသေး၏ ပတ်ဝန်းကျင်ကို သဘောကျကြသည်။

“ဒါဆိုလည်း ကောင်းပါပြီ အဒေါ်တို့ အထဲမှာကျင့်ကြံလို့ရပါတယ် တစ်ခုခုဖြစ်တယ်ဆိုရင်တော့ အဒေါ်တို့အားလုံးကို အသိပေးလိုက်ပါမယ်” ရှီမာယူယူသည် လောကအသေးကိုဖွင့်ပြီး သူတို့ကိုဝင်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် လှည့်ပတ်ကြည့်လိုက်သည်။ မည်သူမှမရှိသည်နှင့် ဝိညာဉ်စေတီအတွင်းသို့ လျှပ်တပြက်ဝင်လိုက်သည်။

ရှောင်ချီ ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများသည် ဝိညာဉ်ကန် ဘေးတွင်မရှိတော့ပေ။ ဝိညာဉ်လေးသည် ရှီမာလျူရွှမ်ကို အိမ်ထဲသို့ ပြောင်းရွှေ့ ပြီးလေသည်။ အချိန်များစွာ ကျော်လွန်ပြီးနောက်တွင် သူ့အခြေအနေသည် တည်ငြိမ်လာသည်။

ရှီမာယူယူ အိမ်ထဲသို့ဝင်လိုက်ချိန်တွင် သူ မျက်လုံးဖွင့်ကြည့်ပြီး ပြန်ပိတ် သွားလေသည်။ ကြီးမားသောနာကျင်မှုသည် သူ့ကို သတိမေ့စေသော်လည်း သက်သက်သာသာရှိသည့်ပုံပေါ်လသည်။

“အဖေ သမီးသွေးခုန်နှုန်းစမ်းကြည့်ဦးမယ်” သူမ လျှောက်သွားပြီး သူ့ လက်ကိုယူလိုက်သည်။ အလွန်ပူလောင်သော အပူချိန်သည် သူ့လက်ကို မီး အလယ်တွင် ကင်ထားသည့်အတိုင်းပင်။

သူမသည် သူ့ခန္ဓာကိုယ်အခြေအနေကို အာရုံခံမိသည်။ ဝိညာဉ်လေး ပြော သည့်အတိုင်းပင်… ပြန်လည်မွေးဖွားခြင်းမီးတောက်နှင့် ဇာမဏီနိဗ္ဗာန်မီးနှင့် ဝိညာဉ်အရည်တို့ ပေါင်းစပ်မှုနှင့်အတူ ရှောင်ချီနှင့် ချင်ယိတို့၏ အားပေါင်းစည်း လိုက်သောအခါ သူ့သွေးကြောနှင့် အကြောများအားလုံး ပြန်တည်ဆောက်ရာ တွင် ကျယ်ပြန့်လာသည်။ သူ့ခန္ဓာကိုယ်ကို သက်ရောက်မှုမဖြစ်သည့်ပုံပင်။

သွေးကြောများသည် ပြန်လည်တည်ဆောက်မှု မပြီးစီးသေးပေ။ သို့သော် သူသည် အံ့ဖွယ်ဆေး၏ ဆေးသက်ရောက်မှုကို ထိန်းချုပ်နိုင်လေပြီ။ သူသည် နည်းနည်းချင်း ပြန်သက်သာလာသည်။ သူ နလန်ထူနိုင်သည်နှင့် စွမ်းအားများ အားလုံး ပြန်ပြည့်လာမည်။

ရှီမာယူယူသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားသည်။ အသိ စိတ်ပင်လယ်သည် အရင်ကကဲ့သို့ ထိုင်းမှိုင်းပြီး အားလျော့နေခြင်းမရှိပေ။ နေရာတစ်ခုလုံးသည် အရောင်များဖြင့်ပြည့်နေပြီး သူ၏ ပူလောင်နေသော သွေးကြောမှာ နောက်ဆုံးတွင် လှုပ်ရှားလာသည်။

သူမ မစစ်ဆေးရသေးသည့် နေရာတချို့ရှိသော်လည်း သူမသည် မျက်ရည်များ ကျလာသည်ကို မထိန်းချုပ်နိုင်တော့ပေ။

“အဖေ ကောင်းကောင်းနလန်ထူနေတာပဲ ဒီဆေးတွေစားလိုက်ဦး နာတာ လျော့သွားလိမ့်မယ်” သူမသည် ဆေးတချို့ထုတ်ပြီး ရှီမာလျူရွှမ်အား ဆေးကျွေးလိုက်သည်။

ဆေးမှာ သူ့ပါးစပ်အတွင်းပျော်ဝင်သွား၍ တော်သေးသည်။ မဟုတ်လျှင် သူသည် ဝါးစားရန် အင်အားပင်မရှိတော့ပေ။

တံခါးအပြင်ဘက်မှ လှုပ်ရှားသံကြားရသဖြင့် သူမ ထပြီး ထွက်သွားလိုက် သည်။ အပြင်တွင် စူးရှောင်ရှောင်တို့ စောင့်နေသည်ကို သူမမြင်လိုက်သည်။

“ဂျူနီယာညီမလေး အဖေရော အဆင်ပြေရဲ့လား” ဟန့်မြောင်ရွှမ် မေး လိုက်သည်။

“သူ နလန်ထူနေတာပါ သူ့ရဲ့သွေးကြောတိုင်းက ပြန်တည်ဆောက်ဖို့လို နေတာ၊ လုပ်ငန်းစဉ်က အရမ်းကြာဦးမယ် နာလည်းနာမှာ… အံ့ဖွယ်ဆေးက သူ့ရဲ့ သွေးကြောတွေ ပြန်တည်ဆောက်ဖို့တင် ကောင်းတာမဟုတ်ဘဲ အားအင် ကိုပါ ပိုသန်မာလာစေလို့ တော်သေးတယ်၊ အဲဒါအပြင် ရှောင်ချီတို့ရဲ့ အဆီအနှစ်တွေကြောင့် အဖေက ဘာပြဿနာမှမရှိဘဲ အားပြန်ပြည့်လာတာ ဖြစ်နိုင်တယ်၊ သူအရင်ကထက်တောင်ပို အားကောင်းလာမယ့်ပုံပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“ကောင်းတာပေါ့” ဟန့်မြောင်ရွှမ်သည် သူမအတွက် ပျော်နေမိသည်။ နောက်ဆုံးတွင် သူမသည် စိတ်ထဲတွင် လေးလံနေသော ပြဿနာကြီးတစ်ခုကို ဖြေရှင်းပြီးဖြစ်လေသည်။

အရင်ကဆိုလျှင် သူမလုပ်ရမည့် အရာများကို ကြားလိုက်ရချိန်တွင် နားထောင်ရသည်ကပင် သူမအတွက် ပင်ပန်းစေသည်။ အခု ထိုအရာသည် အလွယ်တကူပင် ဖြစ်မြောက်သွားသဖြင့် အနည်းငယ် စိတ်အေးသွားရသည်။

“ဂျူနီယာညီမလေး ရွှမ်ချုံးမျိုးနွယ်က ဘယ်လိုဖြစ်သွားလဲ” ကျန်းကျူးရှန့် မေးလိုက်သည်။

ကျောက်အိမ်တွင်ရှိစဉ်က ထိုလူများသည် ရွှမ်ချုံးဟော်ကို ဖိအားပေးကာ တံခါးဖွင့်ခိုင်းသည်နှင့် ရှီမာယူယူသည် ဝိညာဉ်စေတီမှထွက်လာလိုက်သည်။ သူမသည် ဟိန်းသံထောင်ချီကိုပါမက သူတို့ကိုပါ ဝိညာဉ်စေတီထဲသို့ ထည့်ထား ခဲ့သည်။

ကြက်သွေးရောင်မီးတောက်တို့ကို အနှောင့်အယှက်မဖြစ်စေလိုသဖြင့် ဝိညာဉ်လေးသည် အပြင်မှအဖြစ်အပျက်များကို တားထားသည်။ ထို့ကြောင့်ပင် သူမ ရွှမ်ချုံးမျိုးနွယ်မှ မည်သို့ထွက်လာကြောင်းကို ကျန်းကျူးရှန့်တို့ မသိလိုက် ခြင်းဖြစ်သည်။

ရှီမာယူယူသည် ဖြစ်ခဲ့သမျှနှင့် ဖန်မျိုးနွယ်အကြောင်းပါ ပြောပြလိုက် သည်။ သူတို့ ကြားလိုက်ရသောအခါ လုံးဝပင် မှင်တက်သွားကြလေသည်။

“လျှို့ဝှက်မျိုးနွယ်တွေအထက်မှာ အံ့ဖွယ်မျိုးနွယ်ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ သူတို့သရုပ်မှန်ကို အစကတည်းကသိထားရင် မင်းကို စိတ်ပူဖို့ တောင်မလိုတော့ဘူး” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ ပခုံးကို အားပါပါဖြင့် ပုတ်ကာ သူမခံစားရသည်ကို ဖော်ပြလေသည်။

“ဟီးဟီး…” ရှီမာယူယူသည် ထိုရိုက်ချက်နှစ်ချက်ကို ခံရလေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ ခန္ဓာကိုယ်သည် တောင့်တင်းသဖြင့် မနာပေ။

“ရွှမ်ချုံးမျိုးနွယ်ကနေ ထွက်လာပြီဆိုတော့ ထွက်သွားရအောင်၊ အတွင်း ပိုင်းဒေသကို ကောင်းကောင်းလေးကြည့်ဖို့လိုသေးတယ်” စူးရှောင်ရှောင် ပြော လိုက်သည် “ဟုတ်သားပဲ ဂျူနီယာညီမလေး ဒါပြီးရင် ဆရာ့ကိုရှာမှာလား”

သူမ ဆေးရပြီးသည်နှင့် ရှီမာလျူရွှမ်၏ ဒဏ်ရာများကို ကုသပြီးသည်နှင့် ရှုဂျင်းကိုရှာမည်ဟု သူမ အစကပြောခဲ့သည်။ ထို့ကြောင့်ပင် သူတို့မေးခြင်းဖြစ် သည်။

“အင်း ဆရာ့ကိုသွားရှာကြမယ် ဒါပေမဲ့ အရင်ဆုံးမျိုးနွယ်ကိုပြန်ဦးမယ်၊ ချီဝိညာဉ်ပြဿနာကို စိတ်ပူနေတုန်းပဲ ဘိုးဘိုးကြီးနဲ့တခြားသူတွေရော အဆင် ပြေရဲ့လားမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ဆရာတို့ကိုရှာချင် ရင် မျက်စိစုံမှိတ်ပြီးလုပ်လို့မရဘူး”

“ဒါဆိုလည်း အရင်ပြန်ကြတာပေါ့”

ရှီမာယူယူသည် ရှီမာလျူရွှမ် ပြန်ကောင်းလာသည်ကို စောင့်ပြီးမှ လှုပ်ရှားမည်ဟု ဟန့်မြောင်ရွှမ် အစကထင်ထားခဲ့သည်။ သူတို့ကို ဝိညာဉ်စေတီ မှ ချက်ချင်းထုတ်ကာ လေဟာပြင်သင်္ဘောဖြင့် မြို့တစ်မြို့မှတစ်ဆင့် ရှီမာ မျိုးနွယ်သို့ ပြန်မည်ဟု ထင်မထားပေ။

သုံးလကြာပြီးနောက် ရှီမာယူယူတို့အဖွဲ့သည် ရှီမာမျိုးနွယ်သို့ ပြန်ရောက် လေသည်။ ထိုအချိန်တွင် ရှီမာလျူရွှမ်၏ ခန္ဓာကိုယ်သည် အပြည့်အဝပြန် ကောင်းနေပြီဖြစ်သည်။ သူမ မျိုးနွယ်သို့မရောက်ခင်တွင် သူမ သူကိုထုတ် လိုက်သည်။ သူသည် အရင်ကလိုမဟုတ်တော့သည်ကို အားလုံးမြင်နေရသည်။

အစပိုင်းတွင် သူသည် တည်ငြိမ်ပုံပေါက်သော်လည်း သူ၏မျက်လုံးများ သည် နာကျင်မှုအရိပ်အယောင်များ အမြဲတစေရှိတတ်သည်။ အခုချိန်တွင် သူ သည် သံချေးတက်သည့် ဓားသွားမှ အရင်ကကဲ့သို့ ထက်ရှမှုကို ပြန်ရသွားသည့် ပုံအတိုင်းပင်။ သူသည် သာလွန်သည်ဟု အားလုံးကို ခံစားရစေသည်။

ဟွမ်ရင်ရင်သည် သားဖြစ်သူ မူလအခြေအနေသို့ ပြန်ကောင်းလာသည် ကို မြင်သောအခါ မျက်လုံးတွင် မျက်ရည်များဖြင့် စိုစွတ်လာတော့သည်။ သူတို့ သည် သူ့ကျောကိုပုတ်ပေးပြီး ပျော်ရွှင်လွန်းသဖြင့် စကားပင်မပြောနိုင်ပေ။

“ယူယူက မင်းကိုကုနိုင်မယ်ဆိုတာ သိနေတယ် အခု သူမက တကယ်ပဲ စိတ်မပျက်စေဘူးဆိုတာ မြင်လိုက်ရပြီ” ရှီမာလျူဖန်သည် ရှီမာလျူရွှမ်အား နှစ်ပတ်ပတ်ကာ ရယ်မောရင်းပြောလေသည် “မဟုတ်ဘူး မင်းအရင်ကထက် တောင် အားပိုကောင်းလာတယ် မဟုတ်ရင်… မင်းအဆင့်တက်လာတယ်လို့ တောင်ပြောရမလားပဲ”

***

All Chapters