← Chapters

သတ်ဖြတ်ခြင်း

Vol. 14 Ch. 199

သတ်ဖြတ်ခြင်း

Vol. 14 Ch. 199

ကြမ်းပြင်ပေါ်မှာ သနားစဖွယ် တွားသွားနေပြီး ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ လင်းလီကို ယီထျန်းယွမ်တစ်‌ယောက် အေးစက်စွာ ကြည့်လိုက်သည်။ ဒါပေမယ့် ယီထျန်းယွမ်ဟာ သူ့ရဲ့ ရန်သူတွေကို ဘယ်တုန်းကမှ သနားညှာတာမှု မပြခဲ့ဖူးပေ၊ အထူးသဖြင့် သူ့ကို ဒေါသချောင်းချောင်းထွက်အောင် လုပ်ခဲ့တဲ့ သူကိုဆိုရင် ပိုတောင် ဆိုးပေအုံးမည်။

“ဒါက ယှဉ်တိုက်မှုမဟုတ်ဘူးလို့ မင်းပြောခဲ့တာမဟုတ်လား။ အခု ထလိုက်” ယီထျန်းယွမ်က ပြန်လှောင်ပြောလိုက်သည်။

လင်းလီမှာ တခြားရွေးချယ်စရာမရှိဘဲ ပြန်ထဖို့ ကြိုးစားလိုက်သည်။ သူဟာ ယီထျန်းယွမ်ရဲ့ စွမ်းအားကြီးမားမှုကို အံ့သြမှင်တက်နေမိသည်။ ဒါကို သိခဲ့မယ်ဆိုရင် သူ ဘယ်တုန်းကမှ ယီထျန်းယွမ်နဲ့ ရန်သူဖြစ်အောင် မလုပ်ခဲ့ဘူး။

“မင်း ဘယ်လိုလုပ် ဒီလောက် အင်အားကြီးနိုင်ရတာလဲ” လင်းလီက အက်ကွဲနေတဲ့ အသံနဲ့ မေးလိုက်သည်။

ယီထျန်းယွမ်က သူ့မေးခွန်းကို မဖြေဘဲ လင်းလီရဲ့ ကျန်တဲ့ လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ဖြတ်ထုတ်လိုက်သည်။ လင်းလီက နာကျင်မှုကြောင့် ထပ်မံ အော်ဟစ်လိုက်ပြီး အခု သူ့မှာ ပြန်တိုက်ဖို့ လက်နှစ်ဖက်စလုံး မရှိတော့ပေ။

“ငါ့ကို သတ်လိုက်။ နတ်ဘုရားအင်းအိမ်တော်က မင်းကို နောင်တရအောင် လုပ်မှာသေချာတယ်” လင်းလီက ဒေါသတကြီး ပြောလိုက်သည်။

“စိတ်မပူနဲ့၊ ဒီကိစ္စအတွက် သူတို့က ငါ့နောက် လိုက်လာရင် သူတို့ကိုလည်း ဖျက်ဆီးပစ်လိုက်မှာ အသေအချာပဲ” ယီထျန်းယွမ်က လှောင်ပြုံးနဲ့ ပြောလိုက်သည်။

“နတ်ဘုရားအင်းအိမ်တော်ကို ဖျက်ဆီးမယ်ဟုတ်လား။ မင်း ရူးနေတာလား။ ငါ့ကို အနိုင်ရလို့ ကိုယ့်ကိုယ်ကို သိပ်ဘဝင်မမြင့်လွန်းနဲ့၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ” လင်းလီက ယီထျန်းယွမ်ကို ထပ်မံ လှောင်ပြောင်ရင်း ပြောလိုက်သည်။

“ငါ လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာ မင်းနဲ့ မဆိုင်ဘူး။ မင်း ဒီမှာပဲ သေတော့မှာဆိုတော့ နောက်မှာ ဘာဖြစ်မယ်ဆိုတာကို မင်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး” ယီထျန်းယွမ်က သူ့ရဲ့ တာအိုမီးလျှံတွေကို ထုတ်လိုက်ရင်း ပြောလိုက်သည်။

“မလုပ်ပါနဲ့။ ရပ်လိုက်။ မင်း ဒီလို မလုပ်နိုင်ဘူး” လင်းလီက ယီထျန်းယွမ်ကို ရပ်ဖို့ အော်ဟစ်ရင်း ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ သူ့ရှေ့က သေမင်းကို ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။

“နောင်ဘဝဆိုတာ တကယ်ရှိမယ်ဆိုရင် ငါ နောက်မှာ ဘာလုပ်မယ်ဆိုတာကို မင်း မြင်ရမယ်လို့ ငါ မျှော်လင့်တယ်။ လောလောဆယ်တော့ ဒီမီးလျှံရဲ့ အရသာကို နှစ်နှစ်ခြိုက်ခြိုက် မြည်းကြည့်လိုက်ပါအုံး” ယီထျန်းယွမ်က လဲကျနေတဲ့ လင်းလီထံသို့ တာအိုမီးလျှံကို ပစ်ချလိုက်ရင်း လှောင်ပြောင်ကာ ရက်စက်စွာ ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သူက တာအိုမီးလျှံရဲ့ စွမ်းအားကို တပြိုက်နက် အပြည့်အဝ မသုံးဘဲ လင်းလီ၏ ခြေထောက်မှတဆင့် အပေါ်ဘက်ခန္ဓာကိုယ်သို့ ဖြည်းဖြည်းချင်း လောင်ကျွမ်းစေလိုက်သည်။

ခြေထောက်ကို တောက်လောင်နေသော မီးလျှံအား လက်နှင့်ရိုက်ပုတ်၍ ငြိမ်းသတ်ရန် ကြံရွယ်သော်လည်း သူ့တွင် ထိုသို့ လုပ်နိုင်ရန် လက်များမရှိတော့ပေ။ သူသည် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ပြင်းထန်သည့် ဝေဒနာကို ခံစားရင်း ပါးစပ်ကနေ ဒေါသတကြီး ကျိန်လိုက်သည်။

“သေပြီးတောင် ငါ မင်းကို လက်စားချေမှာပဲ” လင်းလီက သူ့ခန္ဓာကိုယ် တာအိုမီးလျှံတွေနဲ့ လောင်ကျွမ်းနေရင်း ပြောလိုက်သည်။

ဤအဖြစ်အပျက်ကို မိန်းကလေးသုံးဦးလုံး မကြည့်ရက်တော့သဖြင့် မျက်နှာလွှဲလိုက်ကြသည်။ တစ်ချိန်တည်းမှာပဲ ယီထျန်းယွမ်၏ ဒေါသကို အားလုံးက ကြက်သီးမထဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။

‘လင်းလီကို အောင်မြင်စွာ သတ်လိုက်ပါပြီ။’

‘ဆုလာဘ် - အတွေ့အကြုံ ၁၇၀,၀၀၀၊ ဆန်းကြယ်အမှတ် ၂,၄၀၀၊ နတ်ဘုရားအင်းကျွမ်းကျင်မှု ၅၀၀၊ ကောင်းကင်တိမ်လက်ဝါးစွမ်းရည်၊ အဆင့်မြင့် နတ်ဘုရားအင်းစက္ကူ ၁ ခု၊ စွမ်းအင်ဆေးပြား ၁ ခု’

ယီထျန်းယွမ်ဟာ အနည်းငယ် အံ့သြသွားခဲ့သည်။ နတ်ဘုရားအင်းဆရာတစ်ယောက်ကို သတ်လိုက်တာက သူ့ကို နတ်ဘုရားအင်းကျွမ်းကျင်မှု ရရှိစေမယ်လို့ သူ မသိခဲ့ပေ။ အခု သူဟာ နတ်ဘုရားအင်းအိမ်တော်က သူ့နောက်ကို လိုက်လာမယ်ဆိုရင် ကောင်းမှာပဲလို့ မျှော်လင့်မိသည်။ သို့ရာတွင် ကျွမ်းကျင်မှုရဖို့အတွက် သူတို့အားလုံးကို သတ်ဖြတ်ဖို့တော့ သူ မလိုလားပေ။

ယီထျန်းယွမ်က ညီအစ်မနှစ်ယောက်ကို အိမ်ပြန်ဖို့ လာကြဖို့ အချက်ပြလိုက်သည်။

“အကြီးအကဲ ယီ၊ ဒီကို လာပြီး ကျွန်မတို့ကို ကယ်တင်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်” ယီယူရွှမ့်က ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ရပါတယ်၊ ဒါက ကျွန်တော့်အမှားပါ။ ကျွန်တော်က မင်းတို့နှစ်ယောက်ကို ကျွန်တော့်ကိစ္စထဲ ဆွဲထည့်မိခဲ့တာပါ” ယီထျန်းယွမ်က လင်းလီအပေါ် သူ့ရဲ့ ဒေါသကို ပြသနေပြီး လင်းလီကို သတ်ပြီးပြီဖြစ်ပေမယ့် သူ့ဒေါသဟာ လုံးဝ မလျော့သွားသေးပေ။

“ရပါတယ်။ ကျွန်မတို့ အဆင်ပြေပါတယ်၊ မဟုတ်ဘူးလား” ယူဝေ့က ယီထျန်းယွမ်ကို အနည်းငယ် စိတ်သက်သာအောင် ပေါ့ပါးစွာ ပြုံးပြရင်း ပြောလိုက်သည်။ ယီထျန်းယွမ်က အရမ်းအင်အားကြီးမှန်း သူမသိပေမယ့် သူ့အတွက် စိုးရိမ်မှုကို မတားနိုင်ခဲ့ပေ။

“မင်းတို့ အခုအိမ်ပြန်လို့ရပြီ၊ ကျွန်တော် အရင်လုပ်စရာရှိသေးတယ်။ ရန်ကျိရို့က မင်းတို့ကို လိုက်ပို့ပေးမယ်၊ ဘာမှဖြစ်မှာမဟုတ်ဘူး” ယီထျန်းယွမ်က အလေးအနက် ပြောလိုက်သည်။

ရန်ကျိရို့က ခေါင်းညိတ်ပြရုံသာပြပြီး ယီထျန်းယွမ်ကို ပြုံးပြလိုက်ပြီး ယီယူဝေ့ကတော့ ယီထျန်းယွမ်ရဲ့ ဘေးကင်းမှုအတွက် စိုးရိမ်နေဆဲဖြစ်သည်။ ဒါပေမယ့် သူမဟာ ယီထျန်းယွမ်ရဲ့ အမိန့်ကို နာခံလိုက်သည်။

သူတို့ ထွက်သွားပြီးနောက် ယီထျန်းယွမ်က အနက်ရောင်နဂါးကို ဆင့်ခေါ်လိုက်ပြီး ဝမ်မိသားစုဂေဟာဆီ အမြန်ပျံသန်းသွားခဲ့သည်။

ဝမ်မိသားစုကတော့ သူတို့ဆီ အလျင်အမြန် ရောက်လာနေတဲ့ ပျက်စီးမှုအရိပ်အယောင်ကို မသိခဲ့ပေ။

“အဲဒီမှာ ဘာဖြစ်နေလဲ မသိဘူး။ လင်းလီက အဲဒီကောင်လေးကို ရှင်းပြီးသွားပြီလား။ ဘာကြောင့် ဒီလောက်ကြာနေရတာလဲ” ဝမ်မိသားစုအကြီးအကဲက စိုးရိမ်စွာ ပြောလိုက်သည်။

“သူနဲ့အတူမှာ အကြီးအကဲ ဝမ်ချင်းပါသွားတာပဲ၊ သူတို့ မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး” အကြီးအကဲ ဝမ်ရှောင်ဟွာက မကောင်းဆိုးဝါး တစ်ကောင်နှယ် ရက်စက်စွာ ပြုံးရင်း ပြောလိုက်သည်။

“ဟုတ်တယ်၊ မြန်မြန်ပြီးသင့်တာပဲ။ သူကိုယ်တိုင် ကျူမိသားစုနဲ့ မဟာမိတ်ဖွဲ့လိုက်တာကြောင့် ဒီလိုဖြစ်ရတာပဲ။ ငါ့လမ်းကို ရဲရဲဝံ့ဝံ့ ပိတ်ရပ်တဲ့သူတိုင်းကို ငါ ဖျက်ဆီးပစ်မယ်” ဝမ်မိသားစုအကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။

သူတို့ စကားပြောပြီးတာနဲ့ အပြင်ကနေ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်မိသားစုအကြီးအကဲက တစ်ခုခု မူမမှန်တာကို ချက်ချင်း ခံစားလိုက်ရသည်။

“ဒါ ဘာလဲ။ သွားကြည့်ကြစို့” သူက သူ့အကြီးအကဲကို ပြောလိုက်သည်။

သူတို့ ဂေဟာရှင်အပြင်ကို ထွက်လာတဲ့အခါ သူတို့ရဲ့ အဆောက်အဦတွေ မီးလောင်နေတာကို တွေ့လိုက်ရသည်။ သူတို့ရဲ့ တပည့်တွေဟာ အဆောက်အဦတွေထဲကနေ ထိတ်လန့်စွာ ပြေးထွက်လာနေပြီး မီးလောင်မိသူတွေဟာ ချက်ချင်း ပြာဖြစ်သွားခဲ့သည်။

“ဒါ ဘာလဲ။ ဘာဖြစ်တာလဲ” သူတို့အားလုံးက မီးတောက်ကို မျက်လုံးအပြူးသားနဲ့ ကြည့်ရင်း ပြောလိုက်သည်။

အစောင့်တစ်ယောက်က သူတို့ဆီ အလျင်အမြန် ပြေးလာပြီး ထိတ်လန့်မှုပြည့်နေတဲ့ အသံနဲ့ ပြောလိုက်သည်။ အနက်ရောင်နဂါးကို စီးလာတဲ့ လူတစ်ယောက်က ဝင်လာပြီး အဆောက်အဦအားလုံးကို သူ့ရဲ့ အနက်ရောင်နဂါးမီးနဲ့ လောင်ကျွမ်းစေလိုက်တာဖြစ်သည်။

“အနက်ရောင်နဂါး” သူတို့အားလုံး ထပ်မံ အံ့သြသွားခဲ့သည်။ နတ်ဆိုးသားရဲတစ်ကောင်ဟာ ဒီမှာ ရှိသင့်တာ မဟုတ်ပေ။ ဒီမှာ ရှိနေတယ်ဆိုရင် အနီးအနားမှာ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်ဆိုတာ ဖြစ်သည်။

အခန်း ၁၉၉ ပြီးပါပြီ။

All Chapters