ဝင်္ကပါစမ်းသပ်မှု
Vol. 14 Ch. 205
“စမ်းသပ်မှုအကြောင်း မသိဘူးလား၊ ဒီကျန်းဟန်က မင်းကို ခေါ်တုန်းက ဒီအကြောင်း မပြောခဲ့ဘူးလား” ယန်ရှီရွှေ့က သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ သံသယအရိပ်အမြွက်နဲ့ မေးလိုက်သည်။
“ကျွန်တော် တကယ်မသိပါဘူး၊ ဒါပေမယ့် ဒီကျန်းဟန်က အခု ဒီမှာ ရှိမှာမဟုတ်လား” ယီထျန်းယွမ်က ပြန်မေးလိုက်သည်။
“ဒီကျန်းဟန်က မပြန်ရောက်သေးဘူး၊ သူ ထွက်သွားတာ ကြာပြီ။ ရက်အနည်းငယ်လောက်နေရင် သူနဲ့ ပြန်လာလိမ့်မယ်ထင်တယ်၊ ဒါပေမယ့် အရင်ဆုံး စမ်းသပ်မှုကို ဖြတ်ကြတာပေါ့” ယန်ရှီရွှေ့က မျက်မှောင်ကျုတ်ပြီး ပြောလိုက်သည်။
“မင်း စမ်းသပ်မှုကို ဖြတ်နိုင်ရင် ငါ့ကို အစ်မလို့ ခေါ်လို့ရတယ်” ယန်ရှီရွှေ့က ဝမ်းသာအားရပုံနဲ့ ပြောလိုက်သည်။
ယီထျန်းယွမ်က မျက်မှောင်ကျုတ်သွားပြီး ဘယ်လိုလုပ် မသိတဲ့လူတစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ တပည့်ဖြစ်ဖို့ အကြံပြုနိုင်ရတာလဲလို့ တွေးမိသည်။ ဒီကျန်းဟန်က လူတွေကို ဘယ်လောက်ထိ အလွယ်တကူ ယုံကြည်နိုင်ရတာလဲ။ ယန်ရှီရွှေ့ရဲ့ ဝမ်းသာအားရ စကားပြောနေတာကို ကြည့်ရင်း ယီထျန်းယွမ် စိတ်ထဲမှာ မေးခွန်းတွေ ပေါက်ဖွားလာပြီး အစကတော့ ငြင်းချင်စိတ်ရှိခဲ့ပေမယ့် သူမရဲ့ စိတ်အားထက်သန်မှုကြောင့် လွှတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ယန်ရှီရွှေ့က သူ့ကို နတ်ဘုရားစာလုံးပုံစံခန်းမဆီ ခေါ်သွားပြီး တောင်ဘက်ခြမ်းကို လျှောက်လာရင်း ဝင်္ကပါတောအုပ်ရှေ့မှာ ရပ်လိုက်သည်။
“ရှီရွှေ့၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ” လူငယ်တစ်ယောက်က နောက်ကနေ ရုတ်တရက် ယန်ရှီရွှေ့ကို မေးလိုက်သည်။
“ကျေးဇူးပြုပြီး ငါ့ကို ဒီလောက် ရင်းရင်းနှီးနှီး မခေါ်ပါနဲ့၊ နောက်ကျရင် အထင်လွဲစရာဖြစ်လာနိုင်တယ်” ရှီရွှေ့က အေးစက်စွာ ပြောလိုက်သည်။
“မင်း ဘာကို ပြောနေတာလဲ၊ မင်းက ငါ့ရဲ့ စေ့စပ်ထားတဲ့သူလေ၊ ငါ မင်းကို ဘယ်လိုခေါ်ခေါ် ခေါ်လို့ရတာပဲ” ဖန်ယူလွန်က အရေးမထားသလို ပြောလိုက်သည်။
“ဒီကိစ္စမှာ ငါ ဘာမှ သဘောတူခဲ့တာ မရှိဘူး။ ငါတို့ရဲ့ ဖခင်တွေက သူတို့ဘာသာ ဆုံးဖြတ်ခဲ့ကြတာ။ ငါ့ထက် အားနည်းတဲ့သူနဲ့တော့ ဘယ်လိုမှ မယူဘူး၊ အသုံးမကျတာကို” ရှီရွှေ့က အေးစက်စွာ ပြောလိုက်သည်။
ယီထျန်းယွမ်က ချက်ချင်း နားလည်လိုက်ပြီး ရှီရွှေ့ဟာ ရည်မှန်းချက်မြင့်မားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူမဟာ အရာရာမှာ သူမရဲ့ ကိုယ်ပိုင်စံချိန်တွေ ချမှတ်ထားပြီး ရည်မှန်းချက် ကြီးမားသူလည်းဖြစ်သည်။
“ဒါက ငါတို့ မိသားစုတွေရဲ့ ဆုံးဖြတ်ချက်ပဲ၊ မင်း ဒီသဘောတူညီမှုကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်လို့ရမယ်ထင်နေတာလား။ စကားမပြောခင် သေချာစဉ်းစားပါဦး၊ မိန်းမရ။ အခု ဒီကောင်လေးက ဘာလဲ၊ မင်းနောက်ကို ဘာလို့ လိုက်လာတာလဲ” ဖန်ယူလွန်က အပြစ်တင်သလို ပြောလိုက်သည်။
“မင်းပြောတာတွေ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဆုံးဖြတ်ချက်ကို မပြောင်းလဲစေနိုင်ဘူး။ ဒီကောင်လေးက ဒီကျန်းဟန်က အကြံပေးထားတဲ့ တပည့်သစ်ဖြစ်ပြီး စမ်းသပ်မှုလုပ်ဖို့ ဒီကို ရောက်လာတာ” ရှီရွှေ့က အရေးမထားသလို ပြောလိုက်သည်။
ဖန်ယူလွန်က ယီထျန်းယွမ်ကို ကြည့်ပြီး သူ့ရဲ့ ပုံစံကို အကဲဖြတ်လိုက်သည်။
“ဒီကောင်လေး ဒီလောက် ငယ်ရွယ်လွန်းတာကို၊ ဝင်္ကပါကို ဖြတ်နိုင်မှာမဟုတ်ဘူး” ဖန်ယူလွန်က မျက်မှောင်ကျုတ်ပြီး ပြောလိုက်သည်။
“ငါထင်တာက ဒီကောင်လေးက ငါတို့ဆီက ပစ္စည်းတွေ ခိုးဖို့လာတာနဲ့ တူတယ်။ ဒီကျန်းဟန်က အမှားတစ်ခုလုပ်မိတာဖြစ်မယ်” ဖန်ယူလွန်နဲ့ အတူပါလာတဲ့ လျဝမ်က နောက်ဆုံးမှ ထပ်ပြောလိုက်သည်။
ယီထျန်းယွမ်က ဒီနှစ်ယောက်ရဲ့ မထီမဲ့မြင်ပြောဆိုတဲ့ အသံတွေကို လုံးဝ မကြိုက်ပေမယ့် လောလောဆယ်တော့ ငြိမ်နေဖို့ တွေးလိုက်သည်။ သို့သော်လည်း သူတို့က သည်လောက်တောင် စော်ကားနေတာကို ခေါင်းငုံ့ခံနေဖို့က သူ့အတွက် အလွန်ခံပြင်းချင်စရာဖြစ်နေပြန်သည်။ ထို့ကြောင့်ပင် သက်သေပြဖို့ ချက်ချင်းပြောလိုက်သည်။
“ငါ့ရဲ့ အသက်အရွယ်က ဘာမှ အရေးမကြီးပါဘူး။ ငါ ဒီစမ်းသပ်မှုကို မြန်မြန်တောင် လုပ်ပြလိုက်ချင်သေးတယ်။ မင်းတို့ ငါ့အသက်အရွယ်တုန်းက မလုပ်နိုင်ခဲ့တိုင်း တခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ အတတ်ပြောလို့မရဘူးကွ” ယီထျန်းယွမ်က အရေးမထားသလို ပြောလိုက်သည်။
“မင်းက ကောင်လေးတစ်ယောက်အတွက် တော်တော်ဘဝင်မြင့်နေတာပဲ။ ကောင်းပြီ၊ နောက်မှ ဝင်္ကပါထဲမှာ မင်း ဘယ်လိုဖြစ်မလဲ ကြည့်ကြတာပေါ့။ အထွက်ပေါက်ရှာမတွေ့လို့ အထဲမှာ သေသွားရင်တော့ ငါတို့ကို အပြစ်မပြောနဲ့” ဖန်ယူလွန်က လှောင်ပြောင်စွာ ပြောလိုက်သည်။
“မင်းအတွက် ပိုစိတ်ဝင်စားဖို့ ငါလုပ်ပေးမယ်။ မင်း တစ်နာရီအတွင်း အထွက်ပေါက်ကို ဖြတ်ထွက်နိုင်ရင် ငါ ဒီနေ့ကျန်တဲ့အချိန်တွေ နောက်ပြန်လျှောက်ပြမယ်” ဖန်ယူလွန်က ယီထျန်းယွမ်ကို လှောင်ရယ်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ မင်း အဲဒီလို လုပ်နိုင်ရင် ငါကတော့ တနေကုန် ကင်းမြီးကောက်ထောင်ပြီး သွားပြလိုက်အုံးမယ်... ဟား ဟား ဟား...” လျဝမ်က ဖန်ယူလွန်နဲ့ သဘောတူရင်း ပြောလိုက်သည်။
“ကောင်းပြီ။ နောက်မှ မင်းတို့နှစ်ယောက် နောက်ပြန်လျှောက်ပြီး ကင်းမြီးကောက်ထောင်နေတာကို ငါကြည့်ပြမယ်” ယီထျန်းယွမ်က အရေးမထားသလို ပြောလိုက်သည်။
“အခုဆို ကျွန်တော်လုပ်ရမှာက ဒီဝင်္ကပါကို ဖြတ်ပြီး စမ်းသပ်မှုကို ပြီးအောင်လုပ်ဖို့ပဲ မဟုတ်လား” ယီထျန်းယွမ်က ယန်ရှီရွှေ့ကို အတည်ပြုဖို့ မေးလိုက်သည်။
“ဟုတ်ပါတယ်။ ဒီစမ်းသပ်မှုမှာ အချိန်ကန့်သတ်ချက် မရှိပေမယ့် မင်းရဲ့ အချိန်က ရလဒ်ကို သက်ရောက်မှုရှိမှာပါ” ယန်ရှီရွှေ့က ယီထျန်းယွမ်ကို စည်းမျဉ်းတွေ ရှင်းပြလိုက်သည်။
ယီထျန်းယွမ်က ယန်ရှီရွှေ့ကို ခေါင်းညိတ်ပြပြီး ဝင်္ကပါထဲသို့ ဝင်သွားခဲ့သည်။
“အစ်ကိုဖန်ရေ၊ ဒီကောင်လေးက တော်တော်လေး ဘဝင်မြင့်နေတာပဲ။ သူကိုယ်တိုင် ဒီဝင်္ကပါကို လွယ်လွယ်လေးနဲ့ ဖြတ်ထွက်နိုင်မယ်လို့ ထင်နေပုံရတယ်” လျဝမ်က ယီထျန်းယွမ်ရဲ့ အေးစက်တဲ့ အမူအရာကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားပြီး လှောင်ပြောင်ကာ ပြောလိုက်သည်။
ယီထျန်းယွမ်က ဝင်္ကပါထဲဝင်သွားပြီး ခဏကြာတော့ သူတို့သုံးယောက်က နောက်ကနေ လိုက်သွားကြသည်။ ယန်ရှီရွှေ့က ပထမဆုံး ဝင်သွားပြီး၊ တပည့်သစ်တွေ ဝင်္ကပါကို ဖြတ်မသွားနိုင်ရင် ကယ်တင်ဖို့ သူမရဲ့ တာဝန်ဖြစ်လို့ပါ။
ဒါပေမယ့် ယီထျန်းယွမ်ကတော့ ဝင်ပေါက်ကနေ အတော်လေး ဝေးရာကို ရောက်နေပြီ။ သူ့ရဲ့ နတ်ဘုရားစာလုံးပုံစံ စွမ်းရည်နဲ့ ဝင်္ကပါရဲ့ အထွက်အဝင်ပေါက်တွေကို မြန်မြန်ဆန်ဆန် သိရှိနိုင်ပြီး အထွက်ပေါက်ကို ရှာတွေ့ခဲ့သည်။
“ဒီဝင်္ကပါတောအုပ်က တကယ်ကို ထူးခြားတယ်၊ ဒါပေမယ့် ငါ့အတွက်တော့ ဒါက ဘာမှ မဟုတ်ဘူး။ ငါက ပဉ္စမအဆင့် နတ်ဘုရားစာလုံးပုံစံ ကျွမ်းကျင်သူဖြစ်နေတာမို့ ဒီဝင်္ကပါက လွယ်လွယ်လေးပဲ” ယီထျန်းယွမ်က သက်ပြင်းချရင်း တစ်ယောက်တည်း ပြောလိုက်ပြီး အထွက်ပေါက်ဆီ ဆက်သွားခဲ့သည်။
အခန်း (၂၀၅) ပြီးပါပြီ။