← Chapters

ပျောက်ဆုံးနေသောနေရာ

Vol. 113 Ch. 1580

ပျောက်ဆုံးနေသောနေရာ

Vol. 113 Ch. 1580

ရှီမာလျူဖန်သည် မယုံကြည်နိုင်စွာဖြင့် သူ့ကိုကြည့်နေသည်ကို ရှီမာလျူရွှမ် မြင်သောအခါ လက်ဆန့်ထုတ်ပြီး ပခုံးကိုပုတ်ပေးကာ ပြောလိုက် သည် “မင်းက ဒီနှစ်တွေမှာ တုံးအသွားတာပဲ”

သူအဆင့်တက်သည်ကိုလည်း အကြွင်းမဲ့ဝန်ခံရတော့သည်။

သူသည် စွမ်းအားပြန်ရရုံတင်မကဘဲ တစ်ဆင့်ပါတက်သွားသည်။ ဒီကောင်မလေးက တကယ်ပဲ သူမအဖေကို ကောင်းသွားအောင် ကုပေးနိုင်တာ ပဲ။ ရှီမာလျူဖန်သည် အားကျနေသည်။ သူ့မှာရောဒီလိုမျိုး သားသမီးဝတ် ကျေပွန်တဲ့ ကလေးရှိလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ထိုအခိုက်တွင် အမြဲတစေကျင့်ကြံရာတွင်သာ အားထုတ်ခဲ့သော ရှီမာလျူဖန်သည် ဘဝ၏ ပထမဆုံးအကြိမ်အနေနှင့် ကလေးလိုချင်လာသည်။

“ဒီအဘိုးကြီးက ဆံပင်ဖြူတွေဖယ်မရတော့တာတော့ နှမြောဖို့ကောင်း တယ်” ရှီမာလျူယွင်သည် အနည်းငယ် နှမြောတသဖြစ်နေသည်။

“အဖြူဖြစ်တော့ရော ဘာဖြစ်လဲ  နောက်အဖေနဲ့အမေနဲ့တွေ့တဲ့အချိန်ကျ ရင် အဖေပေးဆပ်ခဲ့တာတွေကို အမေမြင်တာပေါ့” ရှီမာယူယူသည် ပြုံးပြီးပြော လိုက်သည် “ပြီးတော့ အဖေကဒီလိုပုံစံနဲ့က ပိုကြည့်ကောင်းသလိုပဲ”

“ယူယူ သူ့ရဲ့လက်ရှိအခြေအနေကရော ခန္ဓာကိုယ်ကို သက်ရောက်မှုရှိ လား”

“မရှိပါဘူး အဖေ့ရဲ့ဆံပင်အနက် အမြစ်တွေက တစ္ဆေမြို့တော်မှာတုန်းက ပြောင်းသွားလို့ပါ သူ့ကိုသက်ရောက်မှုမဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းသွားတာပေါ့”

“မင်းပြန်လာပြီဆို‌တော့ အိမ်မှာပဲနေပြီး သေချာလေးကျင့်ကြံပေါ့” ရှီမာရှုံချီ ပြောလိုက်သည် “ဒီလိုမျိုး ရူးမိုက်တာတွေ မလုပ်နဲ့တော့”

ထိုအရာသည် ရူးမိုက်သည့်အရာမဟုတ်ပါဟု ရှီမာယူယူ ပြောချင်သော်  လည်း သူပျောက်သွားပြီး မိဘများမှာ နှစ်ပေါင်းဆယ်ချီရှာခဲ့ရပုံကိုတွေးမိသော အခါ ပြောမည့်စကားများကိုမျိုသိပ်လိုက်တော့သည်။

ရှီမာယူယူသည် ရှေ့တိုးပြီး ရှီမာရှုချီ၏ လက်ကိုဖက်တွယ်ကာ မေးလိုက် သည် “ဘိုးဘိုး ချီဝိညာဉ်တွေကိစ္စရော ဘယ်လိုလဲ”

“ငါတို့ထွက်လာပြီးတော့ လူတွေအများကြီးသေတယ်လို့ ကြားတယ်၊ ရုတ်တရက်ကြီး အကုန်လုံး ပျောက်သွားကြတာ လုံးဝကိုပြန်ပေါ်မလာတော့ ဘူး” ရှီမာရှုံချီ ပြောလေသည်။

“ပျောက်သွားတယ်ဟုတ်လား” ဟန့်မြောင်ရွှမ်သည် တအံ့တဩအော် လိုက်သည်။

“ဟုတ်တယ် ချီဝိညာဉ်တွေပျောက်သွားတော့ သင်္ချိုင်းဂူကလည်း ဟာလာဟင်းလင်းဖြစ်သွားတယ် နောက်မှဝင်လိုက်ကြတော့ အလောင်းတွေပဲ မြင်ကြရတော့တယ်” သူတို့သည် မျက်လုံးနှင့် ကိုယ်တိုင်မမြင်ရသော်လည်း ထိုမြင်ကွင်းကို ပုံဖော်၍ရနေ၏။

“သူတို့အကုန်နောက်ဆုတ်သွားတဲ့ပုံပဲ ဘာလို့အဲလိုလုပ်လဲဆိုတာ သိချင် တာ” ရှီမာယူယူသည် အနည်းငယ်နားမလည်နိုင်ဖြစ်နေသည်။

“သူတို့မှာ ဘယ်သူ့ကိုမှမပြောနိုင်တဲ့ လျှို့ဝှက်ချက်ရှိနေလို့နေမှာပေါ့”

“အဲဒါကသမီးတို့ကို သက်ရောက်မှုမရှိသရွေ့ကတော့ အချိန်တစ်ခု လောက်ဂရုစိုက်ဖို့မလိုသေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘိုးဘိုး သမီး မေးစရာတစ်ခုရှိလို့”

“ဘာလဲ”

“ပျောက်ဆုံးနေတဲ့နေရာဆိုတာ ဘယ်မှာလဲသိလား အဲဒီအကြောင်းကို တစ်ခုခုများသိလား”

“ပျောက်ဆုံးနေတဲ့နေရာဟုတ်လား” ဟွမ်ရင်ရင်သည် လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးပင် လွတ်ကျမတတ်ဖြစ်သွားသည်။ သူမသည် ရှီမာယူယူအား အလန့်တကြားကြည့်ပြီးမေးလိုက်သည် “အဲဒီနေရာကို ဘာလို့ မေးတာလဲ”

သူမသည် သူမ၏ ခန္ဓာကိုယ်ကို ကုသနည်းရှာရန် ရှုဂျင်းနှင့် ဟော်လန်တို့ ပျောက်ဆုံးနေသောနေရာအားသွားပုံကို ပြောပြလိုက်သည် “သူတို့ပျောက်နေ တာ နှစ်ဆယ်ချီနေပြီ သူတို့သတင်းပြန်မပို့တာလည်း တော်တော်ကြာပြီလို့ ဒါရိုက်တာမုန့်ပြောတယ်၊ သူတို့ရဲ့အသက်ကျောက်စိမ်းတွေက ကောင်းနေသေး ပေမဲ့ သမီးရဲ့စီနီယာတွေရော သမီးရောက စိတ်ပူလို့သွားရှာကြမလို့”

သူတို့သည် သူမကြောင့်ပင် အဆက်အသွယ်ပြတ်နေကြသည်ဟု ကြား လိုက်ရချိန်တွင် ပြောမည့်စကားများ မျိုသိပ်လိုက်ရတော့သည်။

ဟွမ်ရင်ရင်နှင့် ရှီမာလျူချီတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည်လည်း တူညီစွာပင် ပူပန်နေကြသည်။

“ဘိုးဘိုး ပျောက်ဆုံးနေတဲ့နေရာအကြောင်း သိတယ်မလား” ရှီမာယူယူ သည် သူတို့အပြုအမူကို မြင်သည်နှင့် နားလည်လိုက်သည်။

“ဟုတ်တယ် အဲနှစ်က ရွှမ်အာကိုရှာဖို့ ပျောက်ဆုံးနေတဲ့နေရာကိုသွားခဲ့ ကြပြီး အဲဒီကနေ ထွက်မရတော့လိုတောင် ဖြစ်ခ့တယ်၊ အဲဒီမှာ ကျွမ်းကျင်သူ တွေ မရေတွက်နိုင်အောင်ရှိပြီး နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ပြည့်နေတယ်၊ သမီးသွားရမယ်ဆိုရင် ဘိုးဘိုးနဲ့ဘွားဘွားက သေချာပေါက် လိုက်ကိုလိုက်ရ မယ် တစ်ဖွဲ့လောက် ခေါ်လာမှဖြစ်မယ်” ဟွမ်ရင်ရင်ပြောလိုက်သည်။

ရှီမာယူယူ စဉ်းစားကြည့်သည်။ သူမ သဘောမတူလျှင် လွှတ်မည်မဟုတ် ပေ။ သည်လိုနှင့် သူမ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် “သမီးတို့ လူအများ ကြီးသွားရင် သူများတွေ အာရုံစိုက်မိလိမ့်မယ် သွားကိုသွားရမယ်ဆိုရင်တော့ လောကအသေးထဲမှာနေလိုက်ကြပါ”

“ပြဿနာမရှိဘူး” သူမ သူတို့ကိုခေါ်သွားသည်နှင့် အန္တရာယ်ကျရောက် မည့်အခြေအနေမှ ကူညီနိုင်မည်ဖြစ်သည်။

“ဘိုးဘိုး အဲဒီပျောက်ဆုံးနေတဲ့နေရာဆိုတာ ဘယ်လိုနေရာလဲ ဘာလို့ အဲလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ပျောက်ဆုံးနေတဲ့နေရာက တစ္ဆေမြို့တော်လိုပဲ တိုက်မကြီးမှာမရှိဘူး” ရှီမာရှုချီသည် စကားတစ်ခွန်းတည်းနှင့်ပင် အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲယူ သွားလိုက်သည်။

ရှီမာယူယူသည် ခေတ္တမျှသာ နားမလည်နိုင်ဖြစ်သွားသော်လည်း လက်ခံ လိုက်သည်။ ကမ္ဘာကြီးသည် ကြီးမားလွန်းသည်။ တစ္ဆေမြို့တော်ကဲ့သို့ နေရာ ပင် ရှိနိုင်ရာ အလားတူ တခြားနေရာများလည်းရှိနိုင်သည်။

“ဘိုးဘိုးချီ အဲနေရာကိုဘာလို့ ပျောက်ဆုံးနေတဲ့နေရာလို့ခေါ်တာလဲ ဘာလို့ အဲလောက်လျှို့ဝှက်ဆန်းကြယ်နေတာလဲ အဲနေရာကနေပဲ သတင်းပို့လို့ ရပြီး အဲဒီကိုသတင်းပို့လို့မရဘူးလို့ ဒါရိုက်တာမုန့်ပြောတာ ကြားလိုက်ရတယ်” ဟန့်မြောင်ရွှမ်သည် သိချင်စိတ်ဖြင့် မေးလေသည်။

“ပျောက်ဆုံးနေတဲ့နေရာကလည်း အံ့ဖွယ်မျိုးနွယ်နေခဲ့တဲ့နေရာတစ်ခုပဲ နောက်တော့ အံ့ဖွယ်မျိုးနွယ်ကျရှုံးသွားပြီး သူတို့က အဲနေရာကိုယူလိုက်ကြ တယ် ပျောက်ဆုံးနေတဲ့နေရာကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ တစ်ခု ဖြစ်သွားတယ် အခုတော့ အံ့ဖွယ်မျိုးနွယ်နဲ့ ပတ်သတ်တဲ့သူရော မပတ်သတ်တဲ့ သူရော အဲဒီမှာနေနေကြပြီ” ရှီမာရှုံချီ ရှင်းပြလေသည်။

“အံ့ဖွယ်မျိုးနွယ်ဟုတ်လား ဂျူနီယာညီမလေး အရင်တစ်ခေါက်က မင်း ပျောက်ဆုံးနေတဲ့နေရာကိုသွားခဲ့တာလား”

“အံ့ဖွယ်မျိုးနွယ်ဟုတ်စ ယူယူ မင်းကအံ့ဖွယ်မျိုးနွယ်နဲ့ ပတ်သတ်နေတာ လား” ရှီမာမျိုးနွယ်ဝင်များသည် သူမကို မျက်လုံးပြူးများဖြင့် ကြည့်လေသည်။

“ဟုတ်ပါတယ်” ရှီမာယူယူသည် သူတို့အကြည့်များကြောင့်လန့်သွားပြီး ဖခင်ဖြစ်သူအနားသို့ ကပ်သွားလိုက်သည် “ဒါပေမဲ့ အရင်တစ်ခေါက်က ပျောက် ဆုံးနေတဲ့နေရာကို သွားတာမဟုတ်ဘူး ဖန်မျိုးနွယ်က အံ့ဖွယ်မျိုးနွယ်ရဲ့ မျိုးဆက်တွေပဲ ပြီးတော့ သူတို့နဲ့အတူရှိနေတဲ့လူတွေက အမြင့်မှာရပ်တည်နေ ကြတဲ့လူတွေပါ”

“တကယ့်အံ့ဖွယ်မျိုးနွယ်ဟုတ်လား သူတို့ကိုသိလို့လား”

“ဂျူနီယာညီမလေးက သူတို့ကိုသိရုံတင်မဟုတ်ဘူး ဆက်ဆံရေးလည်း ကောင်းတယ်”

“တကယ်ကြီးလား”

“အဒေါ်ဖန်က ဖန်မျိုးနွယ်ရဲ့ သခင်လေ၊ အရင်တစ်ခေါက် သမီး ကုဋေတစ်ရာ မြို့တော်ကနေ ထွက်လာတော့ အဒေါ်ဖန်ရဲ့ရောဂါကိုကုဖို့ ဖန်မျိုးနွယ်ကိုသွားခဲ့တယ် အဲဒါကြောင့် ဖန်မျိုးနွယ်ရဲ့အသိအမှတ်ပြုမှုကို ရခဲ့ တာ” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်ဖန်က ဒီကမ္ဘာမှာ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်နိုင်တယ်”

“ဘာ”

“ဧကရာဇ်ဟုတ်လား”

“ဧကရာဇ်ဆိုတာရော ရှိသေးလို့လား”

“ယူယူ ငါတို့ကို လာစနေတာတော့ မဟုတ်ဘူးမလား”

ရှီမာမျိုးနွယ်ဝင်များသည် အံ့အားသင့်ကုန်ကြသည်။ ဧကရာဇ်ဆိုတာ ရှိ သေးလို့လား။ သူတို့တွေကို ကောင်းကင်က ဖိနှိပ်ထားတယ်မဟုတ်ဘူးလား။ ဧကရာဇ်နောက်ဆုံးပေါ်ခဲ့တာ‌တောင် နှစ်သောင်းချီနေပြီလေ။

“အဒေါ်ဖန်က မတူတဲ့နည်းလမ်းနဲ့အဆင့်တက်ခဲ့တာ အဲဒီဧကရာဇ် အဆင့်ကို ကောင်းကင်က အသိအမှတ်မပြုဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုဆိုပေမဲ့ အရမ်းအားကောင်းနေတုန်းပဲလေ” ရှီမာလျူဖန်သည် သက်ပြင်းချပြီးပြောလေသည်။

ရှီမာရှုံချီသည် စိတ်ပြန်ငြိမ်သွားပြီးနောက် ပြောလိုက်သည် “အဲလိုဆိုမှ တော့ ငါတို့ပျောက်ဆုံးနေတဲ့နေရာကိုသွားရင် အန္တရာယ်ကြီးကြီးမားမား မတွေ့ နိုင်ပါဘူး အဲလူတွေကအံ့ဖွယ်မျိုးနွယ်နဲ့ အပတ်အသတ်တွေရှိကြတော့ ဖန်မျိုးနွယ်အကြောင်းလည်း သိကြမှာပဲ သမီးကို ဖန်မျိုးနွယ်ရဲ့သခင်က အသိအမှတ်ပြုထားတော့ သူတို့တွေ သမီးကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

“အဲဒါမဆိုးဘူး ငါတို့ဘယ်သွားသွား ဂျူနီယာညီမလေးက ဒိုင်းကာဖြစ် နေတာ” ဟန့်မြောင်ရွှမ်သည် ရယ်မောလေသည်။

ရှီမာယူယူသည် ထိုမျှမပျော်ဘဲ သက်ပြင်းချပြီးပြောလိုက်သည် “ဆရာ တို့ကို ချောချောမွေ့မွေ့ရှာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”

“ဘယ်တော့သွားမယ်လို့ စီစဉ်ထားလဲ”

“နောက်သုံးလေးရက်အတွင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “အခု တလောတွေက အရမ်းကိုမောင်းလာခဲ့တာ ခဏတော့ သေချာလေးနားဦးမယ် ပြီးတော့ အဲဒီကိုရောက်ရင် ပျာယာမခတ်ဖို့ ကောင်းကောင်းပြင်ဆင်ရမယ်”

“ဒါဆိုလည်း နည်းနည်းကြာမှထွက်ကြတာပေါ့” ရှီမာလျူရွှမ် ပြောလိုက် သည်။

“အဖေ အဖေလည်း ဆရာ့ကိုသွားရှာမလို့လား” ရှီမာယူယူ မေးလိုက် သည်။

ရှီမာလျူရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် သဘာဝမကျတော့ကာ ပြော လေသည် “အင်း သူ့ကိုရှာဖို့သွားမှာလေ”

“သွားပါ” ရှီမာယူယူသည် သူ့ကို မျက်စိတ်မှိတ်ပြပြီး သူ့အတွေးများကို မဖော်ထုတ်တော့ပေ။

သူတို့နှစ်ယောက်တွေ့လျှင် ဆရာသည် သေချာပေါက်မခံသာအောင် ပြောမည်ဖြစ်သည်။ အခု သူသည် အားအင်များပြန်ရလာပြီဖြစ်ရာ သူ့ရှေ့တွင် ကြွားဝါချင်၍ဖြစ်မည်။

ဖခင်ဖြစ်သူတွင် ထိုကဲ့သို့ ကလေးဆန်မှုရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ ပေ။

***

All Chapters