အဖေနှင့် ဆရာ ၂
Vol. 113 Ch. 1582
သူ၏ ရွှင်လန်းသော မျက်နှာကိုမြင်ပြီးနောက် ရှီမာလျူရွှမ်သည် နောင်တ ရစွာဖြင့် ကြည့်လိုက်သည်။
ဒီကောင်က သူ့သမီးကိုပါ လုသွားမလို့လား။
သို့သော် ဖန်ကျိရှင်းမှာ သူ့ကိုအကျိုးအကြောင်းမပြောပြလျှင် မြေပုံပေး မည့်ပုံမပေါ်ပေ။ ဒီလူနှင့်ဆိုလျှင် အချိန်သာကုန်သွားမည်ကို သူ သိသည်။
“ငါပြောမယ်… ငါတို့နှစ်ယောက်လုံး ရန်မဖြစ်တာကြာပြီ စမ်းကြည့်ကြ တာပေါ့ မင်းနိုင်ရင် ငါတို့ဘာလုပ်မလဲဆိုတာကို ပြောပြမယ် ဒါပေမဲ့ မင်းရှုံးရင် တော့ ငါ့ကိုမြေပုံပေးရမယ် ဘယ်လိုလဲ”
ဖန်ကျိရှင်းသည် သူ့ကိုတစ်ချက်ကြည့်ပြီး အထင်သေးစွာပြောလိုက်သည် “မင်းအခု ပြန်ကောင်းလာတာက ဘာစွမ်းအားလဲ၊ ငါက မင်းထက် နှစ်တွေ အများကြီးပို ကျင့်ကြံထားတယ်ဆိုတာ မမေ့လိုက်နဲ့ဦး”
“အဲတော့ ဘာဖြစ်လဲ ဘယ်သူနိုင်မလဲဆိုတာ မသိနိုင်သေးဘူးလေ” ပြော ပြီးနောက် ရှီမာလျူရွှမ်သည် ဖန်ကျိရှင်းကို တိုက်ခိုက်လေသည်။
ဖန်ကျိရှင်းသည်လည်း သူ့ကို ထိုးလိုက်လေသည်။ သူတို့၏ စိတ်ကူးယဉ် ဆန်သော သစ်ပင်ကိုကာကွယ်ရန်အတွက် နှစ်ယောက်လုံးသည် ဝိညာဉ် စွမ်းအင်များကို ထိန်းထိန်းသိမ်းသိမ်းအသုံးပြုသည်။ သူတို့တိုက်ခိုက်ကြသည် နှင့် ခပ်ဝေးဝေးကို သွားလိုက်ကြသည်။
နာရီအနည်းငယ်ကြာသောအခါ နှစ်ယောက်လုံးသည် ပင်ပန်းလာကြကာ တောင်ထိပ်တွင် လှဲအိပ်လိုက်ကြသည်။ နှစ်ယောက်လုံးမှာ ဒဏ်ရာများရထား ကြသည်။ သို့သော် သွေးအနည်းငယ်ထွက်ရုံသာဖြစ်သဖြင့် ကြီးမားလှသည် တော့မဟုတ်ပေ။
“မင်းစွမ်းအားတွေပြန်ရလာတာနဲ့ အဆင့်ပါတက်သွားမယ်လို့ ထင်မထား ဘူး၊ အင်း… ငါလည်း အဲလိုအဖိုးတန်သမီးလေးလိုချင်လိုက်တာ” ဖန်ကျိရှင်း သည် ပြောရင်းနှင့် အသက်ကိုမှန်အောင်ရှုနေသည်။
“ငါ့သမီးက မင်းကိုကုပေးရလောက်မယ့် ရောဂါရှိနေတာကျနေတာပဲ” ရှီမာလျူရွှမ်သည် မျက်နှာရှုံ့လိုက်သည် “မင်းငါ့လိုဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ဆုံး အသုံးမဝင်ဖြစ်အောင်လုပ်လိုက်”
“ဒါဆိုလည်း ထားလိုက်ပါတော့” ဖန်ကျိရှင်းသည် ရှီမာလျူရွှမ် အလဲထိုး ခွင့်ကို ပေးမည်မဟုတ်ပေ။ သူသာ အသုံးမဝင်သည့်လူဖြစ်လာပါက သူ့ဘာသာ အဆုံးသတ်သွားတော့မည်။ “မင်းနဲ့ငါ သရေပဲဆိုတော့ အခုပြောပြတော့”
“ယူယူ့မှာ ဆရာရှိတယ် ရှုဂျင်းတဲ့ ပြီးတော့ ဟော်လန်ဆိုတဲ့ဆရာလည်း ရှိတယ် မင်းသိလား”
“အင်း သူတို့က အင်ပါယာကျောင်းကလေ တိုင်းပြည်မှာနာမည်ကြီးကြပါ တယ်” ထပ်ပေါင်းပြောရလျှင် သူတို့သည် ရှီမာယူယူ၏ ဆရာဖြစ်သောကြောင့် သိကြခြင်းဖြစ်သည်။
“ရှုဂျင်းနဲ့ဟော်လန်တို့က ယူအာကြောင့် ပျောက်ဆုံးနေတဲ့နေရာကို သွား ခြ့တာ၊ အစတုန်းကတော့ သူတို့တွေ သတင်းပြန်ပို့ကြသေးတယ် ဒါပေမဲ့ အခု ပျောက်သွားကြတယ် ယူအာက သူတို့ကိုစိတ်ပူနေတာ အဲဒါကြောင့် သူတို့ကို ရှာဖို့ ပျောက်ဆုံးနေတဲ့နေရာကို သွားချင်နေတာ” ရှီမာလျူရွှမ် ပြောလိုက် သည်။
“ဒီကလေးကတော့ ဘာလို့အကုန်လုံးကို ကိုယ့်တာဝန်လို့ခံယူရတာလဲ ပျောက်ဆုံးနေတဲ့နေရာက သွားလို့ကောင်းတဲ့နေရာလား… အဲဒီမှာဘယ်လိုလူ တွေနေတာလဲဆိုတာရောသိရဲ့လား… မင်းက သူမအဖေပဲဘာလို့သူမကို လွှတ် ထားရတာလဲ” ဖန်ကျိရှင်သည် သူနှင့်မျိုးဆက်မတူသည့်အလား အပြစ်တင် လေသည်။
“မင်းက သူမဆရာပဲလေ မင်းလုပ်ပါ့လား” ဖန်ကျိရှင်း သူ၏သမီးဖြစ်သူ ကို ဖြောင်းဖြနိုင်လိမ့်မည်ဟု ရှီမာလျူရွှမ် မထင်ပေ။
ဖန်ကျိရှင်းသည် ပါးစပ်ဟထားသော်လည်း သွားမည်ဟု မပြောပေ။ သူ သည် အသာအယာသက်ပြင်းချကာ ပြောလေသည် “သူမအကျင့်ကတော့ သူမ အမေထက်တောင် ခေါင်းမာသေးတယ်”
ရှီမာလျူရွှမ်သည် ပြန်မဖြေပေ။ သူ၏သမီးသည် မအေဖြစ်သူနှင့် လွန်စွာ ပင်တူကာ သူမ၏ အကျင့်မှာလည်း ၇၀ ရာခိုင်နှုန်းအထိတူလေသည်။ သူမ လုပ်ချင်သည့်အရာရှိနေသရွေ့တော့ မည်မျှပင်ခက်ခဲစေကာမူ လုပ်ကိုလုပ်ရ မည်ဖြစ်သည်။
သူဘာမှမပြောသဖြင့် ဖန်ကျိရှင်ငး ဆက်ပြောလေသည် “မင်းကိုမြေပုံ ပေးလို့ရပါတယ် ဒါပေမဲ့ ငါလည်းလိုက်မယ် မင်းအဲဒီကိုသွားမယ်ဆို ငါ စိတ်မချ ဘူး”
“….”
ရှီမာလျူရွှမ်သည် သူ့ကို တားရန်အစကတည်းက တွေးမထားပေ။ သူ ပြောသည့်လေသံမှာအလွန်ပင် ထေ့ငေါ့သံပါနေသည်။ ထို့ကြောင့် သူတို့နှစ် ယောက်ထပ်တိုက်ခိုက်လျှင် ရလဒ်မှာ တစ်ယောက်ကနံရိုးကျိုးပြီး တစ်ယောက်က လက်ကျိုးရုံသာရှိတော့သည်။ ထိုသို့ဖြစ်လျှင် ရှီမာလျူရွှမ်နှင့် ဒိကျဲတို့ တိုက်ခိုက်ခဲ့စဉ်က အဖြစ်နှင့်တူသွားမည်။
ဟိုးအရင်က ဒိကျဲနှင့် သူသည် တစ်ယောက်နှင့်တစ်ယောက် မကျေနပ် ခြင်းကြောင့် တိုက်ခိုက်ကြသည်။ သို့သော် အခုတော့ သူတို့နှစ်ယောက်လုံး သည် သူတို့၏ ရင်းနှီးမှုကိုပြန်အမှတ်ရနေသည်။
ရှီမာယူယူသည် ရောက်သည်နှင့် သူတို့၏အခြေအနေကို မြင်ပြီးနောက် အသာအယာသက်ပြင်းချမိသည်။
“အဖေ ဆရာ နှစ်ယောက်လုံးရဲ့ အသက်ပေါင်းလိုက်ရင် တစ်ထောင် လောက်ရှိတော့မယ် ဟုတ်တယ်မလား ကလေးလိုမျိုးရန်ဖြစ်နေကြတုန်းလား” သူမသည် လာပြီးနှစ်ယောက်လုံး၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။
ရှီမာလျူရွှမ်နှင့် ဖန်ကျိရှင်းတို့သည် လေထဲမှပေါ်လာသည့် ရှီမာယူယူ ကြောင့် လန့်သွားကြသည်။
“ဒီနားမှာ အံ့ဖွယ်အဆင့်သားရဲ သုံးကောင်နဲ့ အထွတ်အထိပ်သားရဲ နှစ် ကောင်ရှိတယ်၊ အဖေတို့နှစ်ယောက်လုံး သူတို့တွေရောက်လာရင် ဒီအခြေ အနေနဲ့ ဘာလုပ်နိုင်မှာလဲ” ရှီမာယူယူသည် ဆေးများကိုထုတ်ပြီး ပေးရင်းနှင့် ရေရွတ်လိုက်သည်။
သူမ မလာချင်သော်လည်း ထိုလူကြီးနှစ်ယောက်သည် မယုံကြည်ရပေ။
“သူတို့နဲ့က ဆက်ဆံရေးကောင်းပါတယ် ထွက်လာမှာမဟုတ်ဘူး” ရှီမာလျူရွှမ်သည် သဘာဝမကျစွာပြောလိုက်သည်။
“တစ်ကောင် ဒီဘက်ကိုလာတာတွေ့လိုက်တယ် ကြက်သွေးရောင် မီးတောက်ရဲ့ ရောင်ဝါထုတ်လိုက်တာကြောင့်သာဟုတ်ရင် ဒီတောင်ထိပ်ထိ ရောက်လာလောက်ပြီ” ရှီမာယူယူသည် ညည်းညူလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” နှစ်ယောက်လုံးသည် တညီတညွှတ်တည်း အော်ကြလေသည်။
အဲဒီအံ့ဖွယ်အဆင့်သားရဲတွေက သူတို့နယ်မြေနဲ့သူတို့နေကြတာလေ ဒီကိုမလာပါဘူး ဒီနေ့မှဘာလို့လာတာလဲ။
“အဖေ့ရဲ့ခန္ဓာကိုယ်က အံ့ဖွယ်ဆေးအနံ့ထွက်နေလို့ဖြစ်မယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည် “အဖေ့ခန္ဓာကိုယ်က ဆေးတွေကိုစုပ်ယူထားပြီးတော့ လုံးဝ ပျောက်မသွားသေးဘူး အဲဒါကြောင့် ဒီတိုက်ပွဲက အံ့ဖွယ်ဆေးရဲ့ရောင်ဝါကို ထုတ်လွှတ်သလိုဖြစ်တာပဲ ဝိညာဉ်သားရဲတွေရဲ့နှာခေါင်းက လူသားတွေထက် တောင် အာရုံခံပါးသေးတယ်”
မြေကြီးပေါ်မှ သူတို့နှစ်ယောက်လုံးသည် မကျေမနပ်ဖြင့် တစ်ယောက် နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
“ဪ ဟုတ်သားပဲ ယူယူ ဘာလို့ ဒီကိုလာတာလဲ” ဖန်ကျိရှင်းသည် ရှီမာလျူရွှမ်ကို လက်လျော့ပြီး ရှီမာယူယူအားမေးလိုက်သည်။
“သင်ထားတာမကြာသေးတဲ့ လေဟာပြင်သိုင်းကို လေ့ကျင့်ဖို့” ရှီမာယူယူ သည် ဆင်ခြေတစ်ခု လုပ်ကြံလိုက်သည်။
သူတို့နှစ်ယောက် တွေ့သည်နှင့် တစ်ယောက်နှင့်တစ်ယောက် ရန်ရှာကြ မည်ကို စိုးရိမ်သောကြောင့် ရောက်လာသည်ဟု ပြော၍မဖြစ်ပေ။ သို့သော် သူမ မပြောသော်လည်း သူတို့နားလည်ကြသည်။
သူတို့နှစ်ယောက်လုံး ဝိညာဉ်စွမ်းအင် ပြန်ပြည့်လာသည်နှင့် ရှီမာယူယူ သည် ရှီမာမျိုးနွယ်သို့ ပြန်ပို့လိုက်သည်။
သူမ သူတို့ကိုပေးသောဆေးသည် အတွင်းပိုင်းဒဏ်ရာများကို ပြန်ကုစား နိုင်သည့်ဆေးဖြစ်သဖြင့် သူတို့အိမ်ရောက်သည်နှင့် မျက်ကွင်းညိုများနှင့် မျက်နှာဖူးယောင်ခြင်းများ မပျောက်သေးပေ။
သူတို့၏ ဖူးယောင်သောမျက်နှာများနှင့် မည်းညိုနေသောမျက်လုံးများကို တွေ့သောအခါ ရှီမာမျိုးနွယ်ဝင်များသည် တစ္ဆေတစ်ကောင်ကိုတွေ့ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားလေသည်။ ရင်းနှီးသောလူများသည် သူတို့ ပြဿနာ ရှိနေသည်ဟုအထင်နှင့် လာမေးကြလေသည်။
ဖန်ကျိရှင်းနှင့် ရှီမာလျူရွှမ်သည် ခါးသက်စွာပြုံးလိုက်သည်။ သူတို့နှစ် ယောက်တွေ့သည်နှင့် ရန်ဖြစ်ပြီးအငြင်းပွားတတ်ခြင်းကြောင့် သူမသည် အပြစ် ပေးထားခြင်းဖြစ်သည်။
ထိုအရာသည် သူတို့၏ သံယောဇဉ်ကိုဖော်ပြသည့်နည်းဆိုသည်ကို ရှီမာယူယူသိသည်။ သို့သော် သူတို့ထိခိုက်မည်ကို မလိုလားကာ နောက်ထပ် လည်းထိုသို့ အဖြစ်ခံမည်မဟုတ်ပေ။
သူမ၏ ဒေါသထွက်နေသော မျက်နှာကိုကြည့်ပြီး သင်ခန်းစာရသွားလေ သည်။ သူမအား ထပ်မစိုးရိမ်စေရဟု တွေးပြီးသက်ပြင်းချမိပြန်သည်။ သို့သော် နှစ်ယောက်လုံးသည် အကြည့်ချင်းဆုံသည်နှင့် မကျေမနပ်ဖြစ်ပြန်သည်။
အရင်ကဆိုလျှင် သူတို့သည် အရည်အချင်းရှိကြကာ သူငယ်ချင်းအချစ် ကြောင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ သို့သော် ယွိခဲ့လော့ကို တွေ့ပြီး နောက်တွင် ထိုသူငယ်ချင်းအချစ်မှ ပြိုင်ဘက်များအဖြစ် ပြောင်းသွားစေကာ အကြည့်များမှာလည်း မကျေနပ်ကြတော့ပေ။
သူတို့ပြန်ရောက်သည်နှင့် ဖန်ကျိရှင်း ပေးသောမြေပုံကို ရှီမာယူယူသည် လေ့လာရန်သွားလိုက်သည်။
ပျောက်ဆုံးနေသောနေရာတွင်နေသောလူများနှင့် အံ့ဖွယ်မျိုးနွယ်သည် အဆက်အစပ်ရှိသည်။ သူတို့သည် အံ့ဖွယ်မျိုးနွယ်၏ ရာထူးကို အသိအမှတ်ပြု မလား သူမမသိပေ။ သူတို့ အသိအမှတ်မပြုလျှင် သူမ အခက်တွေ့မည်။
ပြီးနောက် သူမ၏ ဆရာဆီမှ သတင်းမရသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။ သူတို့ အဆင်ပြေနေသေးသော်လည်း တစ်နေရာရာတွင် လွတ်လပ်မှု မရှိဘဲ ပိတ်လှောင်ခံထားရခြင်းဖြစ်မည်။
သူတို့ကိုကယ်ရန်အတါက် သူမသည် သူတို့၏တည်နေရာကို ရှာရမည် ဖြစ်ပြီး ထိုအရာမှာလည်း ခက်ခဲလှသည်။ သို့သော် မည်သို့ပင်ခက်ခဲစေကာမူ သူမ လုပ်ရမည်။ သူတို့ကိုကယ်ထုတ်ရမည်။
***