← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

ထို့နောက် IP ကိုခြေရာခံရန်အတွက်လည်း နည်းပညာဌာနကို မေးလိုက်သေးသည်။

သို့သော်လည်း IP ခြေရာခံခြင်းကို မစတင်ရသေးခင်မှာပဲ ဖုချန်းချန်းသည် သူမကိုယ်သူမ ဝန်ခံထားသော ပို့စ်တစ်ခုကို ဝေ့ပေါ်တွင် တင်လိုက်တော့သည်။

စူးထောင်ကို ကျန်းချီအခန်းထဲမှာ တွေ့ခဲ့ကြောင်းကို အခိုင်အမာ ပြောထားလေသည်။ ဒီလိုနှင့် သူမနာမည်ကို ရှင်းလင်းရန်အတွက် အခွင့်အရေး ယူခဲ့တာဖြစ်သည်။ ဒီဆက်ဆံရေးကို ဖုန်းကွယ်ဖို့အတွက် စူးထောင်က သူမကို ဒိုင်းကာတစ်ခုလို အသုံးချခဲ့တာဖြစ်ကြောင်းနှင့် ကြေကွဲပက်လက်ဖြစ်မှု အပြည့်ပါသော စာများကို ရေးထားလေတော့သည်။

ဒါက အသိသာကြီးကို လီယောင်ရဲ့ ဗျူဟာအသစ်ပဲ။ စူးထောင်ရဲ့ ကောလဟာလကို အသုံးချပြီး သူ့အနုပညာရှင်ကို အပြစ်ကင်းအောင် လုပ်လိုက်ခြင်းပင်။

CP ကို မကြေငြာနိုင်တဲ့အတွက် ဒီလို အပြင်းစားကန်ချက်မျိုးကို လုပ်ချလိုက်တာပဲ..။

စူးထောင်သည် သူမ၏ လက်ချောင်းများနှင့် ဖုန်းကို ညှစ်နေမိတော့သည်။ သူမ၏ နုနုနယ်နယ် လက်သည်းခွံလေးများတောင် ကျိုးတော့မလိုပင်။

ဒါကလည်း စင်ပေါ်မှာ ကျန်းချီတို့အဖွဲ့ ဖျော်ဖြေနေတုံးကြီး ဖြစ်ပေသည်။ ပွဲတစ်ခုလုံးဟာ နက်မှောင်နေကာ နောက်တော့ စင်ပတ်ပတ်လည်တွင် မီးပန်းများ ထွက်ပေါ်လာခဲ့သည်။ လင်းလက်တောက်ပနေသော အလင်းရောင်လေးများသည် စူးထောင်၏ မျက်ဆံကြည်ကြည်လေးများတွင်ပင် မြင်နေရပေသည်။ စူးထောင်သည် ထိုအလင်းရောင်အောက်တွင် အရိပ်ထင်နေသော ကောင်လေးချောချောလေး ၉ယောက်အား ကြည့်လိုက်လေသည်။

ထို့နောက် သူမလှည့်ထွက်လာပြီး စင်နောက်ကို လျှောက်သွားလိုက်သည်။ သူမမျက်ဝန်းထဲက မီးပန်းအလင်းရောင်လေးများကတော့ ဖြည်းဖြည်းချင်း မှိန်ကျလာပြီး စိတ်ပျက်ညိုးငယ်မှုများက အစားထိုး ဝင်ရောက်လာပေတော့သည်။ သူမသည် လီယောင့်ကို ဖုန်းခေါ်လိုက်သည်။ ကြည်လင်သော နွေဦးရာသီကဲ့သို့ အသံလေးမှာ အခုတော့ စိတ်ပျက်နေဟန် ပေါက်နေတော့သည်။

“နာမည်ကြီးရှာဖွေမှုအတွက်တော့ ကျေးဇူးပဲနော်.. အခု ငါပြန်ပေးမယ့် အံ့ဩစရာအကြီးစားကို စောင့်နေပေတော့”

ဘော့စ်ကတော့ မနေ့ညက နောက်ကျတော့မှ လာခဲ့ပြီး အခုမနက်ကျတော့ အစောကြီး ပြန်သွားလေပေသည်။

ပြန်ရောက်သည်နှင့် ဆိုးရွားကြမ်းကြုတ်သောပုံစံသို့ ပြန်ပြောင်းသွားလေတော့သည်။

ဝူရှဲ့ယွီကတော့ ထိုအခိုက်အတန့်တွင် မှောင်မည်းကာ နိမိတ်မကောင်းသလိုဖြစ်နေသော တံခါးရှေ့တွင် မတ်တပ်ရပ်နေပြီး အတော်လေးကို စိတ်တွေတုန်လှုပ်နေပေသည်။ အသက်ကို ၃ခါလောက် ပြင်းပြင်းရှုပြီးသော်လည်း တံခါးကိုခေါက်လိုက်ဖို့ သူ့မှာ သတ္တိရှိမနေပေ။

နောက်ဆုံးတော့ သူနှင့်အတူ ပါလာသော အတွင်းရေးမှူးအား ပြောလိုက်လေသည်။

“ငါ၁၀မိနစ်အတွင်း ပြန်ထွက်မလာဘူးဆိုရင် ငါမေ့လဲသွားတာဖြစ်ဖို့ များတယ်။ ဉာဏ်သုံးပြီး ငါ့ကိုလာကယ်ပေးနော်”

ပြောပြီးသည်နှင့် တံခါးကို ခေါက်လိုက်ကာ သူ့ကိုယ်သူလည်စင်းပေးရန်အလား အထဲကို လျှောက်ဝင်သွားလိုက်သည်။

ခုံရှေ့တွင်တော့ အမှုဆောင်များက မတ်တပ်ရပ်နေနှင့်ကြပြီ။ အားလုံးကတော့ မျက်လုံးများရော မျက်ခုံးများပါ အောက်ကိုကျုံ့ထားကြသည်ပင်။ ထို့အပြင် ဘယ်သူကမှလည်း စကားမပြောရဲကြပေ။

ရှဲ့ကျင်ကတော့ ပတ်လည်လှည့်လို့ရသည့် ထိုင်ခုံပေါ်တွင်ထိုင်နေကာ ပြတင်းပေါက်ကို မျက်နှာမူထားလေသည်။ သူတို့အားလုံးကို သူ၏ ခက်ထန်အေးစက်နေသော မျက်နှာတစ်ခြမ်းကိုသာ ပြထားခြင်းပင်။

အရေးပေါ်အစီအစဉ်ကို ပြင်ဆင်လာခဲ့သော ဝူရှဲ့ယွီတောင်မှ သူထုတ်လွင့်နေသည့် အေးစက်ကြောက်စရာကောင်းသော အရှိန်အဝါကြီးကြောင့် ရှေ့မတိုးရဲပေ။

ကျန်းချီနှင့် စူးထောင်တို့၏ နာမည်ကြီးရှာဖွေမှုများကို တွေ့လိုက်ရသောကြောင့် ဘော့စ်ကတော့ ထပ်ပြီးစိတ်ဆိုးမာန်ဆိုးဖြစ်နေတော့မယ်ဆိုတာ သူသိလေသည်။ ဒီနေ့ကတော့ သူတို့အားလုံးရဲ့ ကံဆိုးတဲ့နေ့ပဲပေါ့။

အခန်းကတော့ သုသာန်ပမာ တိတ်ဆိတ်နေပေသည်။ ထို့အပြင် ဒီဟာသည် မုန်တိုင်းမတိုက်ခင် ငြိမ်နေသည့် အခြေအနေဖြစ်ကြောင်း အတွေ့အကြုံများအရ လူတိုင်းလည်း သိကြသည်ပင်။

“ဒေါက် ဒေါက် ဒေါက်”

ရုတ်တရက် ခေါက်လိုက်သံသည် လူတိုင်း၏ ရင်ကို ဒိန်းခနဲ တုန်ခါသွားစေတော့သည်။ ထို့အပြင် ပင့်သက်ရှိုက်သံများကိုပါ ကြားနေရခြင်းပင်။

ထို့နောက် ဝူရှဲ့ယွီ၏ အတွင်းရေးမှူးက တံခါးကိုတွန်းဖွင့်လိုက်ကာ အဲ့မှာပဲ သိမ်မွေ့စွာရပ်နေတော့သည်။

ဒါဟာ စူးထောင်ပြီးသည့်နောက် တံခါးကို ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်ဝင်လာရဲသည့် ပထမဆုံး သတ္တိခဲပင်။

လူတိုင်းကတော့ သူ့အတွက် ဘေးရန်ကင်းဖို့ ရင်ထဲမှာ တိုးတိုးတိတ်တိတ် ဆုတောင်းပေးနေကြတော့သည်။

“မစ္စတာဝူ.. မစ္စတာရှဲ့.. စူးထောင်က ဝေ့ပေါ်မှာ ရှင်းလင်းထားတဲ့ပို့စ်ကို တင်ထားပါပြီ”

အတွင်းရေးမှူးငယ်လေးသည် သူ့လက်ထဲက တက်ဘလက်အား ဝူရှဲ့ယွီထံသို့ ကမ်းပေးလိုက်သည်။ သူသည် ဒီလိုဇွတ်တရွတ် မဝင်လာခင်တုံးက တကယ်ကို ဘာမှမစဉ်းစားခဲ့မိတာပင်။ သူ့ဘော့စ်ကို ကယ်တင်ဖို့သာ အတွေးထဲ ရှိနေခဲ့သည်။

ဝူရှဲ့ယွီနောက်ကို နှစ်ဝက်လောက်သာ လိုက်ရသေးသော်လည်း ဘော့စ်နှင့် စူးထောင်ကြားက ဆက်ဆံရေးနှင့် ပတ်သတ်ပြီး ၇ခု၊ ၈ခုလောက်တော့ သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဝေ့ပေါ်က ထိုရှင်းလင်းချက်သည် ဘော့စ်၏ စိတ်ခံစားချက်ကို ပိုကောင်းလာစေလိမ့်မည်ဟု သူထင်ခဲ့တာပင်။

ဝူရှဲ့ယွမ်သည် အတွင်းရေးမှူးငယ်လေးကို စိုက်ကြည့်လိုက်ပြီးမှ သူ့အကြည့်သည် ကွန်ပျူတာစခရင်ပေါ်သို့ ဆိုက်ရောက်သွားလေသည်။ သို့သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ့တစ်ကိုယ်လုံး တန့်သွားလေတော့သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များမှာ ဖြည်းဖြည်းချင်း ကွေးတက်လာပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်မှုများ ပေါ်လာလေသည်။ သူလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တော့သည်။

“ဘော့စ်...”

အကြည့်ကို ပင့်တင်ကာ ကြည့်လိုက်သည်နှင့် ရှဲ့ယွမ်သည် ဒီဘက်ကို ပြန်လှည့်နေပြီဖြစ်ကြောင်းနှင့် သူ့ကို အေးစက်စက်ကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရပေသည်။

ဝူရှဲ့ယွီသည် ချက်ချင်းဆိုသလို တက်ဘလက်ကို ကမ်းပေးလိုက်တော့သည်။

စူးထောင် v - @ဖုချန်းချန်း, ဖော်ထုတ်ထားသည့် ထွက်ဆိုချက်နှင့်ပတ်သတ်ပြီး ကျွန်မ သူ့ရည်ရွယ်ချက်တွေကို နက်နက်ရှိုင်းရှိုင်း သံသယဝင်မိပါတယ်။

ကျန်းချီရဲ့ အေးဂျင့်တစ်ယောက်အနေနဲ့ ကျွန်မက အမြဲတမ်း အေးဂျင့်လီရွယ်နဲ့အတူတူ ကျန်းချီအခန်းထဲမှာ စောင့်ပေးနေတာပါ။ ကောလဟာလတွေကို ဖန်တီးဖို့ ကျွန်မတို့ဟိုတယ်နောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လာခဲ့တဲ့ လူတစ်ချို့ထံကနေ ကာကွယ်ပေးဖို့အတွက်ပေါ့။ သူတို့လိုချင်တဲ့ ကောလဟာလမျိုးကို ဖန်တီးလို့မရတဲ့အခါမှာ တစ်ခြားနည်းလမ်းနဲ့ လှည့်ပြီးတိုက်ခိုက်လိမ့်မယ်လို့ ကျွန်မ တကယ်ကို မမျှော်လင့်ထားပါဘူး။

ထပ်ပြောရမယ်ဆိုရင် ကျွန်မရဲ့ လက်ရှိရည်းစား @ရှဲ့ကျင် ကလည်း အဲ့ညက ဟိုတယ်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် လူထုကိုလှည့်စားဖို့ ဒီအခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေက အဓိပ္ပာယ်မရှိပါဘူး။

ဖုချန်းချန်းရဲ့ အသရေပျက်အောင် လုပ်ကြံမှုတွေအတွက် ကျွန်မ ဥပဒေအရ တရားစွဲသွားမှာပါ။

ရှဲ့ကျင်၏ အကြည့်ကတော့ ‘ကျွန်မရဲ့ လက်ရှိရည်းစား ရှဲ့ကျင်’ ဆိုသည့် စာကြောင်းတစ်ကြောင်းတည်းကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုဟာကိုပဲ ထပ်ခါထပ်ခါပြန်ဖတ်နေကာ သူ့မျက်လုံးများက ဝေဝါးနေလားဆိုတာတောင် မသေချာတော့ပေ။ ထို့နောက် အမှုဆောင်တစ်ချို့အား အချက်ပြကာ လက်ယက်ခေါ်လိုက်တော့သည်။

“ဒီစာကြောင်းကို ငါ့ကိုထပ်ပြီး ဖတ်ပြ”

ဝှုရှဲ့ယွီသည် ရှေ့ကို အရင်စတိုးလိုက်ပြီး အသံအောင်အောင်နှင့် အကျယ်ကြီး ဖတ်ပြလိုက်တော့သည်။

“ကျွန်မရဲ့ လက်ရှိရည်းစားရှဲ့ကျင်”

ရှဲ့ကျင်သည် သူ့နှုတ်ခမ်းများကို တင်းတင်းစိလိုက်သည့်နောက်မှာတော့ သူတို့အားလုံးလည်း စိတ်သက်သာရာ ရသွားပေသည်။ သူ့တစ်ကိုယ်လုံးက ကြောက်မက်ဖွယ်ရာ အရှိန်အဝါများလည်း ပျောက်ကွယ်သွားပေတော့သည်။ ထိုစာမျက်နှာကို screenshot (ဓာတ်ပုံ) ရိုက်လိုက်ပြီး ကွန်ပျူတာကို မချခင်အထိ ထပ်ခါတလဲလဲ ကြည့်နေလေသည်။

သူ့မျက်လုံးများကို ပင့်လိုက်ချိန်မှာတော့ လူတိုင်းသည် အပြစ်ပေးခံထားရသည့်အတိုင်း မတ်တပ်ရပ်တန်းစီနေကြတာကို သတိထားမိလိုက်သည်။ သူ့လက်ဖဝါးကို လူအုပ်အား အောက်ချပြလိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။

“အားလုံးပဲ ထိုင်ကြပါ”

မနေ့ညက ‘ယင်းဖန်ည’ သည် စူးထောင်၊ ကျန်းချီနှင့် ဖုချန်းချန်းတို့၏ နာမည်ကြီးရှာဖွေမှုများကို မကျော်နိုင်ခဲ့ပေ။

သူတို့၃ယောက်စလုံးသည် ထိပ်တန်း၅နေရာစလုံးကို အပိုင်သိမ်းထားခြင်းပင်။ တန်ပြန်တိုက်ခိုက်မှုက သက်သေအများအပြားရှိနေလေပြီး စူးထောင်သည် သူနှင့် ရှဲ့ကျင်တို့၏ ဆက်ဆံရေးအကြောင်းကို လူထုအား ဗြန်းစားကြီး အသိပေးလိုက်သောကြောင့်ပေ။

သူတို့တွင် CP ဖန်များတောင် ရှိနှင့်နေပြီဖြစ်ပြီး နာမည်ကြီးမှုဟာလည်း တစ်ပြိုင်နက်တည်း ထိုးတက်သွားပေသည်။

ထို့အပြင် မမျှော်လင့်ထားစွာပဲ ဖုချန်းချန်းသည် စပွန်ဆာပေးခံထားရသည်ဆိုသည့် နောက်ကြောင်းများ တစ်စစီပြန်ပေါ်လာလေသည်။ သို့သော်လည်း အကြောင်းအရာ အပြည့်အစုံကတော့ ပေါ်မလာသေးပေ။

ထိုအချိန်တွင် စူးထောင်သည် သူမရုံးခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ လီယောင်တစ်ယောက် သဲဖုန်တလူးလူးဖြင့် အလောတကော ပြေးလာတာကို ထိုင်ကြည့်နေခြင်းပင်။ ထို့အပြင် ဖိုင်အများအပြားကိုလည်း သူမရှေ့တွင် သပ်သပ်ရပ်ရပ်လေး ချထားသေးသည်။

“အစ်မလီ.. အစ်မကို လက်ဆောင်အကြီးကြီးပေးမယ်လို့ ကျွန်မပြောသားပဲ”

လီယောင်ကတော့ တစ်ဖက်က တည်ငြိမ်အေးဆေးနေသည့် စူးထောင်ကိုကြည့်ရင်း ဒေါသထွက်နေလေသည်။

“ဒါတွေအကုန်လုံးကို ဘယ်ကသွားရှာလာတာလဲ?”

စူးထောင်ကတော့ ခပ်ဖွဖွလေး ပြုံးလိုက်သည်။

“ပါပါရာဇီ သတင်းပေးတစ်ချို့ ရှိနေမှတော့ ဘယ်သတင်းက ရှာမတွေ့နိုင်စရာရှိလို့လဲ? တစ်ခုခုရချင်ရင် ပေးဆပ်မှုကတော့ ရှိရတာပေါ့။ ဒါပေမယ့်လည်း ဒီမဖြစ်စလောက် ငွေလေးက ကျွန်မအတွက်တော့ ဘယ်တုံးကမှ တွန့်တိုနေစရာမလိုခဲ့ဘူးလေ”

လီယောင်လည်း ‘မဖြစ်စလောက်ငွေလေး’ ဆိုတာ အတော်များတဲ့ပမာဏ ဖြစ်လိမ့်မှာကို သိပေသည်။ ပုံမှန်ဆိုရင် ပွဲစားကုမ္ပဏီတွေက အဲ့လောက်အသုံးဝင်မှာမဟုတ်တဲ့ အရင်းအမြစ်တွေကိုရှာဖို့ အဲ့လောက်ပိုက်ဆံသုံးမှာ မဟုတ်ဘူးလေ။

သို့သော်လည်း ဒီအချိန်မှာတော့ သူမ၏ အကြံဆိုးများအားလုံး ပြောင်းပြန်လှည့်ခံလိုက်ရတော့သည်။

ဒီလိုကျဉ်းထဲကြပ်ထဲရောက်နေသည့် အခြေအနေမျိုးတွင် ဒါမျိုးက သေစေနိုင်လောက်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်နေနိုင်သည်။

စူးထောင်လည်း ရှေ့ကစာရွက်စာတမ်းများကို လှမ်းယူလိုက်ပြီး လှန်လှောလိုက်သည်။ ထို့နောက် တစ်ခုကို ထုတ်လိုက်ကာ ထောက်ပြလိုက်ပြီး

“ဒီမှာ ပလက်စတစ်ဆာဂျရီလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းလည်း ရှိတာပဲ။ ဆေးရုံ၊ ဆရာဝန်၊ ဆေးမှတ်တမ်းတွေအထိ။ ကျွန်မကြားတာတော့ ရှင် ဖုချန်းချန်းအတွက် အလှအပဘရန်းတစ်ခုကို ကြေငြာခွင့်ရဖို့ အခွင့်အရေး ရလာခဲ့တယ်ဆို။ ဒီမှာပြောထားတာကတော့ စာချုပ်ကတိကဝတ်ကို ဖောက်ဖျက်ရင် ပြန်ပေးဆပ်ရမှာက အတော်ကို အံ့အားသင့်စရာပဲနော်”

အနုပညာနယ်ပယ်တွင် ပလက်စတစ်ဆာဂျရီလုပ်ထားသော ရာဇဝင်ရှိသည့် သရုပ်ဆောင်များကို ဖက်ရှင်နှင့် အလှအပကြေငြာများတွင် မသုံးကြခြင်းမှာ စံသတ်မှတ်ချက်တစ်ခုပင်။

ဒီဟာကိုသာ ဖော်ထုတ်ခံရမယ်ဆိုရင် ဒီတစ်ခေါက်တော့ တကယ်ကို သတ်ခံရတော့မှာပဲ။ လောလောလတ်လတ် ချုပ်ထားတဲ့စာချုပ်ကို မပြောနဲ့ဦး.. ပေးရမယ့်နစ်နာကြေးတောင်မှ တကယ်ကို မတန်တဆပင်။

“စူးထောင်!”

လီယောင်ကတော့ မျက်ဝန်းများ ပြုတ်ထွက်တော့မတတ် ဒေါသထွက်နေလေတော့သည်။ သူမမျက်လုံးများထဲက အခိုးအငွေ့များပါ ထွက်လာနေသည့်အတိုင်းပင်။ သို့သော်လည်း သူမဒေါသထွက်လို့မရဘူးလေ။ သူမကိုယ်သူမ စိတ်လျော့လိုက်ပြီးနောက် အံကိုကြိတ်ကာ ဆိုလိုက်တော့သည်။

“နင်ဘာလိုချင်တာလဲ?”

“ရိုးရှင်းပါတယ်။ ကျွန်မက အေးဆေးသမားပါ အငြိုးတွေဘာတွေ မထားတတ်ပါဘူး။ ရှင်တို့ဘက်က စိတ်ရင်းကိုသာ ပြသရွေ့ ကျွန်မဘက်ကလည်း ဆက်ပြီးခြောက်လှန့်နေတော့မှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဖန်ချန်းချန်းကို ဖျက်ဆီးလိုက်တာက ကျွန်မအတွက်လည်း ဘာအကျိုးမှ ရှိတာမဟုတ်ဘူးလေ”

လီယောင်သည် စူးထောင်၏ ငြိမ်သက်အေးဆေးကာ အဖက်မလုပ်သော မျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်က အနက်ရောင်ပစ္စည်းပုံကို ကြည့်လိုက်ပြီး သူမမျက်လုံးထောင့်များမှာ လိမ်ဖယ်သွားတော့သည်။

သေလိုက်စမ်း.. အေးဆေးနဲ့ အငြိုးမထားဘူးတဲ့လေ။

လီယောင်သည် အချိန်အတော်ကြာ တောင့်ခံနေပြီးနောက်မှာတော့ ဒီကောင်မလေးကို အရှုံးပေးသည့်အကြောင်း ဝန်ခံလိုက်တော့သည်။ မျက်မှောင်ကြုံ့ထားရင်း သူမပြောလိုက်သည်ကား

“ငါတို့သဘောတူပြီးသာ စုံတွဲကြေငြာရယ်၊ ဖက်ရှင်ရှိုးပွဲ ကော်ဇောနီကို လျှောက်လှမ်းဖို့ ဖိတ်ကြားချက်ရယ်ဆိုရင် စိတ်ရင်းကိုပြတာ လုံလောက်ပြီလား?”

စူးထောင်၏ မျက်လုံးများက ပင့်တက်သွားလေသည်။ ဖက်ရှင်ရှိုးပွဲ ကော်ဇောနီထက် လျှောက်လှမ်းခြင်း ဖိတ်ကြားချက်ကို ရတာကတော့ တကယ်ကို စိတ်ရင်းအမှန်ပင်။ နောက်ဆုံးတော့ စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်လိုက်ကာ ဖိုင်များကို ပြန်စုစည်းလိုက်ပြီး အပြုံးလေးနှင့် သူမလက်ကို ဆန့်ထုတ်ပေးလိုက်သည်။

“အစ်မလီ.. အစ်မနဲ့အတူတူ အလုပ်တွဲလုပ်ရတာ ကျေနပ်မိပါတယ်”

လီယောင်ကတော့ သူမနှင့် လက်တွဲနှုတ်ဆက်ဖို့လောက်အထိ စိတ်ခံစားချက် ကောင်းမနေပေ။ အရှက်ကျိုးနည်းဖြင့်သာ စူးထောင်၏ ရုံးခန်းမှ ထွက်ခွာသွားလေတော့သည်။

အပြင်ဘက်ရှိ ရုံးနေရာက လူတိုင်းကတော့ ဒေါသထွက်နေသည့် လီယောင် ပြန်ထွက်သွားခြင်းအား ကြည့်နေကြတော့သည်။ သူတို့ဘော့စ်အတွက် ချွေးစေးများတောင် ကျနေခဲ့ကြခြင်းပင်။ ပြောရမယ်ဆိုရင် လီယောင်၏ သိမ်ဖျင်းသော အပြုအမူများက နာမည်ဆိုးနှင့် ကျော်ကြားလှပြီး ကိုင်တွယ်ဖို့ ခက်ခဲလေသည်။

ဒီလို ၁၀မိနစ်လောက်အတွင်းမှာ သူမအလံဖြူပြသွားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားကြပေ။ သူတို့အားလုံး တိတ်တဆိတ် စူးထောင်ကို အထင်ကြီးမိနေကြတော့သည်။

မနေ့ညတုံးက ကောင်းကောင်းမအိပ်ခဲ့ရသည့်အပြင် တစ်နေကုန်လည်း တိုက်ပွဲဝင်နေရသောကြောင့် စူးထောင်တစ်ယောက် အလွန်တရာမှ ပင်ပန်းနွမ်းနယ်နေလေပြီ။ သူမဦးနှောက်မှာ ထပ်ပြီး အလုပ်မလုပ်နိုင်တော့ပေ။

အရေးကြီးသော အရာတစ်ခုကို ကိုင်တွယ်ဖို့မေ့နေသေးသည်ဟုတော့ ခပ်ရေးရေး ခံစားမိလိုက်သည်။ သို့သော်လည်း အတော်ကို ပင်ပန်းနေပြီဖြစ်၍ ဘာကိုမေ့နေလဲဆိုတာကို သူမလုံးဝမမှတ်မိတော့ပေ။

လုံးဝကို ခြေကုန်လက်ပန်းကျကာ အိမ်ကိုပြန်သွားခဲ့လေသည်။ သူမတံခါးကို ဖွင့်လိုက်သည်နှင့် မီးလင်းနေတာကို အံ့အားသင့်စွာဖြင့် တွေ့လိုက်ရပေသည်။ ထို့အပြင် မီးဖိုချောင်ထဲက ရင်းနှီးနေသော တူးနံ့လေးကပါ ထွက်ပေါ်နေလေသည်။

မီးဖိုချောင်ကို ခြေဖျားလေးထောက်ပြီး သွားကြည့်လိုက်သည့်အခါမှာတော့ အရပ်ရှည်ရှည်နှင့် ခံ့ညားလှသော ပုံပန်းသွင်ပြင်လေးကို မြင်လိုက်ရပေသည်။ သူမဘာမေ့နေလဲဆိုတာ နောက်ဆုံးတော့ သတိရသွားခဲ့တော့သည်။

အရေးပေါ်အခြေအနေကြောင့် သူနှင့်အရင်တိုင်ပင်ဖို့ကို လစ်လျူရှုခဲ့ပြီး ရှဲ့ကျင်အား လူသားဒိုင်းကာတစ်ခုလို အသုံးချခဲ့ခြင်းပင်။ ထို့နောက် သူ့ကိုပြောပြဖို့ကိုပါ မေ့နေခဲ့ခြင်းလေ။

ရှဲ့ကျင်ကတော့ တစ်ခြမ်းတူးနေပြီဖြစ်သည့် စတိတ်လုပ်ဖို့အတွက် ရုန်းကန်နေလေသည်။

စတိတ်ကို ဆက်မလုပ်တော့ဖို့ သူမတကယ်ကို သူ့အား ပြောပြချင်ခဲ့သည်။

စူးထောင် - “ဘာလို့ ငါဒယ်အိုးမှာ မကြော်ခဲ့တာလဲ?”

စူးထောင် ရုတ်တရက်စကားပြောလိုက်သဖြင့် ရှဲ့ကျင်လည်း လန့်ဖြန့်သွားပြီး ယောက်မကိုပါ ကျတော့မလို ဖြစ်သွားလေသည်။

ရှဲ့ကျင် - “ဘယ်လိုဖြစ်ပြီး ဒီနေ့ အိမ်ကို အစောကြီးပြန်လာရတာလဲ?”

သူမအတွက် စတိတ်ကို လျို့ဝှက်စွာဖြင့် လုပ်ပေးချင်ခဲ့တာပင်။

စူးထောင်သည် သူ၏ အတူးလွန်နေသော စတိတ်အား လွင့်ပစ်လိုက်ပြီး အသားစိမ်းကို ထပ်ယူလိုက်သည်။ ထို့နောက် ဒယ်အိုးကို ခြစ်လိုက်ကာ ထောပတ်အနည်းငယ် သုတ်လိုက်ပြီး မီးအေးအေးလေး ဖွင့်လိုက်တော့သည်။

သူမသည် ဒယ်အိုးပေါ်တွင် ကြော်နေရင်း ရှဲ့ကျင်ကိုလည်း ရှင်းပြလိုက်သည်။

“စတိတ်ကြော်ကို လုပ်မယ်ဆိုရင် မီးကို ပြင်းပြင်းသုံးလို့မရဘူး။ မဟုတ်ရင် အပြင်ကတူးသွားပြီး အထဲကတော့ မကျက်ဘဲ အစိမ်းပဲ ဆက်ဖြစ်နေမှာ”

ရှဲ့ကျင်ကလည်း ခေါင်းငြိမ့်လိုက်ပြီး ရုတ်တရက်ကြီး သဘောပေါက်သွားဟန်ဖြင့် “အဲ့တော့ ကိုယ်က မင်းကို မီးအေးအေးလေးနဲ့ ကြော်ပေးရင် မင်းလည်း ကောင်းကောင်းထွက်လာမှာပေါ့?”

စူးထောင်သည် သူ့ကိုစိုက်ကြည့်လိုက်လေသည်။ သူဆိုလိုချင်နေသည့် မဟုတ်ကဟုတ်ကများကို သူမနားမလည်ပေ။

“ဘယ်အချိန်တုံးက ကိုယ်နဲ့ပြန်ပြေလည်ဖို့ ဆုံးဖြတ်လိုက်တာလဲ?”

ရှဲ့ကျင်၏ အပြုံးများကတော့ ထိန်းချုပ်မရအောင် ပေါ်ထွက်နေပေသည်။ အားပါးတရ ပြုံးနေရင်းမှာပင် သူကဆက်ပြောလိုက်သည်။

“မင်းကိုယ့်ကို အံ့ဩသွားစေချင်လို့.. ဟုတ်တယ်မလား?”

စူးထောင်သည် စတိတ်ကို လှန်လိုက်ရင်း သူ့ကိုဘယ်လိုရှင်းပြရမလဲဆိုတာကို သေသေချာချာလေး စဉ်းစားနေလိုက်သည်။

“တကယ်တော့ ငါ...”

“ဒီလိုလုပ်ကြမယ်”

ရှဲ့ကျင်က သူမစကားပြောနေတာကို ဖြတ်ပြောလိုက်သည်။ စက္ကန့်အနည်းငယ်လောက် မိန်းမောနေလေပြီး သူ့ကြည့်ရတာ မပြောခင် စကားကို သေချာလေး စဉ်းစားနေပုံရသည်။

“အရမ်းကြီးလည်း စိတ်လိုက်မာန်ပါ မလုပ်ကြရအောင်။ နောက်လကျရင် မင်္ဂလာဆောင်ကြမယ်။ မင်း ကွမ် ဒါမှမဟုတ် ဖီကျီကို သွားချင်လား.. တိုင်းတိလည်း ကောင်းတာပါပဲ”

စူးထောင် - “...”

All Chapters