← Chapters

နွေးထွေးသော သူငယ်ချင်းသံယောဇဉ်

Vol. 114 Ch. 1583

နွေးထွေးသော သူငယ်ချင်းသံယောဇဉ်

Vol. 114 Ch. 1583

ရှီမာလျူရွှမ်နှင့် ဖန်ကျိရှင်းတို့၏ ပြဿနာကြောင့် ပျောက်ဆုံးနေသော နေရာသို့သွားမည့် ခရီးကိုရက်အနည်းငယ် နောက်ဆုတ်လိုက်ရသည်။

သူတို့ အန္တရာယ်များသော နေရာသို့ သွားမည်ကို သိသဖြင့် ရှီမာကျိယွင် သည် သူမနောက်လိုက်ရန် တိမ်တိုက်ကိုယ်ရံတော်များကို စီစဉ်ပေးလေသည်။ သူမတွင် လောကအသေးရှိသရွေ့ လူမည်မျှပင် ခေါ်သွားစေကာမူ သူမကို အနှောင့်အယှက်မဖြစ်စေနိုင်ဟု ပြောလေ၏။

သူတို့သည် သူမကို တောင့်တင်းသောနောက်ခံကို ပေးချင်သည်။ သို့သော် မည်မျှပင် လုပ်ပေးစေကာမူ နောက်ခံမှာ မတောင့်တင်းပေ။

ရှီမာယူယူသည် ရှီမာမျိုးနွယ်ကို စိတ်ပူနေသည်။ ယခုအချိန်တွင် တိုင်းပြည်မှု ရှုပ်ယှက်ခတ်နေသည်။ အနက်ဝတ်လူများ သို့မဟုတ် မသေလူများ သို့မဟုတ် ချီဝိညာဉ်များခုန်ထွက်လာပြီး ရှီမာမျိုးနွယ်ကို ပစ်မှတ်ထားမည်ဆိုပါ က မည်သို့လုပ်ရမည်နည်း။

သူတို့ကို သွားရန်ခွင့်ပြုသည့်သူရှိသလို ခွင့်မပြုသည့်သူလည်းရှိသဖြင့် ရှီမာယူယူသည် ဖန်ရှင်းတို့ရှိသည့်အကြောင်းကို ရွေးချယ်စရာဘဲ မရှိပြောလိုက် ရတော့သည်။ သူတို့နှင့်ရှိပါက ရန်သူပေါင်းရာချီရှိလျှင်တောင် ဘာမှမဖြစ်နိုင် ပေ။

သွေးမိစ္ဆာမြို့တော်အဖွဲ့ဝင်များသည်လည်း လောကအသေးတွင်ရှိသဖြင့် သူတို့အားသည် အတွင်းပိုင်းဒေသမှလူများလောက် မသန်မာသော်လည်း ထိုလူ များအထဲတွင် သန်မာသူ ထောင်ချီရှိနေသေးသည်။

ရှီမာကျိယွင်သည် ထိုအကြောင်းသိသော်လည်း ကိုယ်ရံတော်များထည့် ပေးလိုက်ပြီး သူမကို အသေအချာခေါ်သွားခိုင်းလေသည်။

ရှီမာယူယူသည် သူ၏စိတ်အလိုကို အနိုင်မယူနိုင်သဖြင့် ရွေးချယ်စရာ မရှိ တော့ဘဲ သဘောတူကာ လောကအသေးထဲသို့ အားလုံးကိုထည့်ထားလိုက် သည်။

သူတို့ ထွက်မသွားခင် တစ်ရက်အလိုတွင် လူများ ရောက်လေသည်။ ရှီမာယူယူသည် အစေခံများခေါ်လာသောလူကို မြင်သောအခါ အော်လိုက် သည် “အဘိုးဘိုင်၊ လျန်ချိုင် ဘာလို့ဒီကိုရောက်လာတာလဲ”

ဘိုင်ရှန်းနှင့် လျူလျန်ချိုင်တို့ရောက်လာရာ သူတို့ကို အစောကြီးပြန်တွေ့ ရလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။

“တောင်ကြားဒုသခင်ကို နှုတ်ဆက်ပါတယ်” နှစ်ယောက်လုံးသည် ရှီမာယူယူကို အရိုအသေပေး နှုတ်ဆက်လေသည်။ သူမ ရှေ့သို့ကိုင်းကာ နှစ် ယောက်လုံးကို ထူလိုက်သည် “ဘာလို့ ရောက်လာကြတာလဲ တောင်ကြားက လူတွေရော ဘယ်လိုလဲ”

“အဆင်ပြေကြပါတယ် အကုန်လုံးက တောင်ကြားဒုသခင်ကို လွမ်းနေ ကြတယ်” ထိုနှစ်များအတွင်းတွင် ရှီမာယူယူ စွမ်းအားများတိုးလာသည့် အပေါ် ဘိုင်ရှန်းသည် အလွန်ဝမ်းသာမိသည်။

“ကျွန်မလည်း အားလုံးကိုလွမ်းနေပါတယ်” ရှီမာယူယူသည် ရင်းနှီးနေ သောမျက်နှာများကို မြင်ရသဖြင့် စိတ်ခံစားချက်ကောင်းနေသည်။ သူမသည် သူတို့ကို ခန်းမဆီသို့ ခေါ်သွားလိုက်သည် “အတွင်းပိုင်းဒေသမှာ ဖွံ့ဖြိုးတိုးတက် မှုရော ဘယ်လိုလဲ”

“ပြည်နယ် ၆၄မှာ တောင်ကြားဒုသခင်ရဲ့မျိုးနွယ်ရှိတယ်ဆိုတာသိလို့ ဒီမှာ တည်ထောင်ဖို့လာတာပါ အစတုန်းကတော့ ခက်မှာပဲ ဒါပေမဲ့ ဟော်မျိုးနွယ်နဲ့ ရှီမာမျိုးနွယ်တို့ကူညီရင် အခြေငြိမ်မှာပါ” လျူလျန်ချိုင် ပြန်ဖြေလေ သည်။

သူတို့သည် ပြည်နယ် ၆၄ သို့ဖွံ့ဖြိုးအောင်လုပ်ရန် လာခြင်းဖြစ်သည်ကို သူမ သနသည်။ သို့သော် ပြည်နယ်တစ်ခု၏ ဧရိယာမှာ ကြီးမားပြီး အားလုံး သည်လည်း အလုပ်များကြသဖြင့် သူတို့တွေ့ကြသည်မှာ ပထမဆုံးအကြိမ်သာ ဖြစ်သည်။

“ကောင်းတာပေါ့ နောင်ကို ဘာကိစ္စပဲရှိရှိ ရှီမာမျိုးနွယ်နဲ့ ဟော်မျိုးနွယ်တို့ က နားမထောင်ဘူးဆိုရင် ရွှမ်ယွမ်ဆိုင်ကို တိုက်ရိုက်သွားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ရွှမ်ယွမ်ဆိုင်သို့သွားပြီး နှုတ်ဆက်ရန် စဉ်းစားထားသည်။

ဘိုင်ရှန်းသည် ရွှမ်ယွမ်ဆိုင်၏ အဆင့်အတန်းကို သိသည့်အပြင် ရှီမာယူယူနှင့် ရွှမ်ယွမ်ဆိုင်တို့အကြားမှ ဆက်ဆံရေးကိုလည်းသိသည်။ သို့သော် ထိုဆက်သွယ်ချက်သည် အတွင်းပိုင်းဒေသတွင်ပါ အသုံးဝင်လိမ့်မည်ဟု ထင် မထားပေ။

သူတို့မသိသည်မှာ ရွှမ်ယွမ်ဆိုင်ကို ဖန်မျိုးနွယ်မှ တည်ထောင်ထားခြင်း ကို ြဖစ်သည်။ ကျွင်းမျိုးနွယ်သည် တာဝန်ခံအဖြစ်လုပ်နေသော်လည်း ရွှမ်ယွမ် ဆိုင်၏ နောက်ကွယ်မှ အဆင့်မြင့်သော သခင်သည် ဖန်မျိုးနွယ်ဖြစ်သည်။ ပြီးနောက် အခု သူမသည် ဖန်မျိုးနွယ်၏ သခင်မလေးဖြစ်ရာ ကိုယ့်မိသားစုကို အကူအညီတောင်းသကဲ့သို့ပင် လွယ်ကူသွားမည်ဖြစ်သည်။

“အိုး ဟုတ်သားပဲ ကျွန်မကူညီနိုင်တာတစ်ခုခုများရှိမလား” သူတို့သည် အတွင်းပိုင်းဒေသတွင် အလုပ်များနေကြကာ မျိုးနွယ်များသို့ အလည်အပတ် သွားရန် အားလပ်ချိန်မရှိသည်ကို ရှီမာယူယူသိသည်။

“အိုး ဒုသခင်က ဆရာ့ကို သွားရှာမယ်ဆိုတာကို တောင်ကြားအဖွဲ့ဝင်တွေ သိကြလို့ ပစ္စည်းတချို့သန့်စင်ပေးလိုက်ကြတယ်၊ တောင်ကြားဒုသခင်ကို လည်း မတွေ့တာကြာပြီဆိုတော့ အဲဒါတွေယူလာပါတယ်” ဘိုင်ရှန်း ရှင်းပြလေ သည်။

“ကျွန်မ ဆရာ့ကိုသွားကယ်မယ်ဆိုတာကို ဘယ်လိုလုပ်သိကြတာလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ကျန်းကျူးရှန့်က တောင်ကြားအဖွဲ့ဝင်တွေကို ပြောပြီးသွားပြီ အဲဒီက အရမ်းအန္တရာယ်များပြီး သန်မာတဲ့လူတွေလည်းများတယ်လို့ကြားတယ်၊ ဖက်တီးကျူက လက်နက်သခင်တွေကို မိုးကြိုးကျည်တွေကို သန့်စင်ခိုင်းထား တာ၊ ကျန်တာတော့ ‌တောင်ကြားကဘာမှ သိပ်မပြင်ဆင်ရပါဘူး” ဘိုင်ရှန်း သည် ပြောရင်းနှင့် မှော်ဝင်လက်စွပ်ထုတ်ကာ သူမကို ပေးလိုက်သည်။

ရှီမာယူယူသည် လက်စွပ်ကို စစ်ဆေးလိုက်သည်။ အထဲတွင် သတ္တုလုံး လေးများသည် တောင်ငယ်တစ်လုံးစာ ပုံနေသည်ကို တွေ့လိုက်ရသည်။ တစ်ဝက်လောက်နှင့်တင် ရှီမာမျိုးနွယ်ကို ဗုံးကျဲလို့ရနေပြီဖြစ်သည်။

ထိုအရာများအပြင် ဆေးအပုံလိုက်လည်း ရှိနေသည်။ သူမတွင် ဝိညာဉ် စေတီရှိသည်ကို သိသဖြင့် သူတို့သည် ဆေးပါဝင်ပစ္စည်းများကို မပို့ပေ။ တည်ဆောက်မှုကျောက်တုံးများလည်း အပုံလိုက်ပါဝင်နေသည်။ သူတို့ ပို့လိုက် သော ကျောက်တုံးပမာဏနှင့်ဆိုလျှင် ထိပ်တန်းတောင်ကြားကို ပြန်ရလောက် အောင်အထိ သုံး၍ရနိုင်သည်။

သူမ မလိုသည်ကိုသိသော်လည်း ဆရာ၊ ဆရာဦးလေးနှင့် ဖန်အာတို့မှ ထိုပစ္စည်းများပို့လိုက်သည်ကို တွေးမိပြီး နှုတ်ခမ်းတွန့်မိသည်။

မှော်ဝင်လက်စွပ်၏ ထောင့်တစ်နေရာတွင် စာအပုံလိုက်ရှိနေသည်။ ရှီမာယူယူသည် တွေ့ကရာစာကိုဖတ်လိုက်ရာ အမှန်တကယ်ပင် ရှီမန်ဖန်ရေး ပေးလိုက်သည့် စာဖြစ်နေသည်။

သူသည် ကုန်ရှန်ယိနှင့် မင်္ဂလာကြိုး ထုံးဖွဲ့ရန် ရည်ရွယ်ထားသောကြောင့် သူမ အရာအားလုံး ဖြေရှင်းပြီးလျှင် ပြန်လာရန်နှင့် ရှီမာယူယူ ပြန်မလာနိုင်ပါက ထိမ်းမြားခြင်းကို ကျင်းပမည်မဟုတ်ကြောင်းကို ရေးသားထားသည်။

ထိုနေ့သည် နေ့ကောင်းနေ့မြတ်ဖြစ်သည်ဟု ရှီမာယူယူ ခံစားရသည်။ ထိုနေ့ကို မည်သည့်အရာကမှ တားနိုင်မည်မဟုတ်ပေ။

“ဖန်အာက လက်ထပ်တော့မယ် ငါ ဒီဟာတွေကို မြန်မြန်အဆုံးသတ်မှ ဖြစ်မယ်၊ မဟုတ်ရင် ရှန်ယိက ငါ့ကိုဒီအထိလာခေါ်တော့မယ်” သူမ စနောက် လိုက်သည်။

“အကုန်လုံးပြင်ဆင်ပြီးသွားပြီ ဒုသခင်ပြန်လာတာကိုပဲ စောင့်ပြီး မင်္ဂလာကြိုးချည်ဖို့ပဲလိုတော့တယ်လို့ တောင်ကြားသခင်ဖန်ပြောလိုက်ပါတယ် ကုန်တောင်ကြားက အမြင်မတူတာလေးတွေရှိပေမဲ့ သူတို့ သဘောတူကြပါ တယ်” လျူလျန်ချိုင် ပြောလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ ဘာလို့ အဓိပ္ပာယ်ကမရှင်းလင်းရတာ လဲ။ သူမ ပြန်လာမှပဲ လက်ထပ်မယ်ဆိုပြီး ဘာအဓိပ္ပာယ်နဲ့ပြောလိုက်တာလဲ… သူမကပဲ သတို့သမီးကျနေတာပဲ။

သို့သော် သူမသည် မင်္ဂလာပွဲကို နှောင့်နှေးစေသည်မှာတော့ အမှန်ပင်… ထို့ကြောင့် သူတို့လက်ထပ်စေရန် သူမ မည်သည့်အချိန်သွားရမည်ကို စဉ်းစား နေမိသည်။

သူမသည် ရှီမန်ဖန်၏ စာကိုဖတ်ပြီးသည်နှင့် နောက်စာတစ်စောင်ကို ယူ လိုက်သည်။ သည်တစ်ကြိမ်တွင် ဖက်တီးကျူ၏ စာဖြစ်နေသည်။

ဖက်တီးကျူရေးထားသည်မှာတော့ စာအရှည်ကြီးဖြစ်သည်။ သို့သော် ရှီမာယူယူမှ အချက်နှစ်ချက်ဖြစ်အောင် အကျဉ်းချုပ်ရသည်။ တစ်ခုမှာ မိုးကြိုး သွားကျည်ကို ထပ်မံအဆင့်မြှင့်လိုက်ပြီဖြစ်သည်။ သူမ လုပ်မည့်ကိစ္စမှာ မည်မျှ အန္တရာယ်ကြီးကြောင်း မသိပေ… သို့သော် သူမအလိုရှိသည့် မိုးကြိုးသွားကျည် ကို အသုံးပြုနိုင်ကြောင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ သူတို့အားလုံးသည် သူမကို လွမ်းနေကြကာ မည်သည့်အချိန်မှ တွေ့နိုင်မည်ကို မသိနိုင်ကြောင်းနှင့် အတွင်း ပိုင်းဒေသသို့ သူမကို လာရှာပြီး ကျင့်ကြံလိုကြောင်းရေးထားသည်။

“ဒီကောင်ကတော့…” သူမ ဆက်မဖတ်နိုင်တော့ပေ။

ဖက်တီးကျူ၊ ဘေဂုံထန်နှင့် တခြားသူများသည် သူမအတွက် မိသားစု သဖွယ်ဖြစ်သည်။ ဒုန်ချန်းတိုင်းပြည်မှစပြီး အခုချိန်ထိ သူတို့၏ သံယောဇဉ် သည် စာကြောင်းတစ်ကြောင်းတည်းနှင့် ရှင်းပြနိုင်သည့်အရာမဟုတ်ပေ။

သို့သော် အတွင်းပိုင်းဒေသအထိ သူမအနောက်သို့ သူတို့ လိုက်လာပါက ပြဿနာများစွာဖြစ်မည်ကို စိုးရိမ်သောကြောင့် ခေါ်မလာခြင်းဖြစ်သည်။ သူတို့ ကြားမှ အကွာအဝေးသည် အနည်းငယ်ကွာနေသဖြင့် သူတို့သည် ကျင့်ကြံရန် အချိန်ပေးရဦးမည်။ သူတို့သည် သူမအတွက် မွေးဖွားလာခြင်းမဟုတ်သဖြင့် တောင်ကြားတွင် ကျင့်ကြံနေခြင်းသည် သူတို့အတွက် အကောင်းဆုံး ဆုံးဖြတ် ချက်ဖြစ်သည်။

ရှီမာယူယူသည်လည်း ရှီမာလိုင်ကို လွမ်းဆွတ်သည်။ ပြီးခဲ့သည့်တစ် ခေါက်က သူမသည် ရှီမာဟော်ရွှမ်းကို စုံစမ်းခိုင်းခဲ့သည်။ ယိလင်းတိုင်းပြည်မှ ရှီမာမျိုးနွယ်နှင့် ကမ္ဘာဦးနယ်မြေမှ ရှီမာမျိုးနွယ်သည် သွေးသားတော်စပ်သည်။ ထို့ကြောင့် သူတို့သည် နှစ်ပေါင်းများစွာ နေရာခွဲကာ မျိုးနွယ်တစ်ခု တည်ထောင်လိုက်ခြင်းဖြစ်နိုင်သည်။

သူမ မပြန်ခင်တွင် သူတို့သည်သွေးသားတော်စပ်သောကြောင့် ပြန်လိုက် လိုသလားဟု ရှီမာလိုင်နှင့် တခြားသူများကို မေးခဲ့သည်။ ရှီမာလိုင်နှင့် တခြား သော ညီအစ်ကိုလေးယောက်သည် လိုက်ရန်ဆန္ဒမရှိကြောင်းနှင့် သူတို့သည် တောင်ကြားတွင်နေခဲ့လိုကာ သူတို့ဆီသို့ တစ်ခါတစ်ခါလာလည်လျှင်ပင် လုံလောက်ကြောင်း ပြောခဲ့ကြသည်။

***

All Chapters