အလုပ်ကြိုးစားတဲ့ဖက်တီးကျူ
Vol. 114 Ch. 1584
ဘိုင်ရှန်းနှင့် လျူလျန်ချိုင်တို့သည် ရှီမာမျိုးနွယ်တွင် အချိန်ကြာကြာနေ ရန် စိတ်ကူးမရှိပေ။ သို့သော် တောင်ကြားမှလူတိုင်းကို စာပြန်ရန်အတွက် သူမ အချိန်လိုကြောင်းကို ရှီမာယူယူ ပြောလိုက်သဖြင့် သူတို့ခေတ္တမျှ နားနေကြလေ သည်။
သူမ၏ ဝိညာဉ်စေတီအတွင်းတွင် ရှေးဟောင်းကျောက်တုံးတချို့ရှိနေ သေးသဖြင့် သူမသည် ခရီးစဉ်ကို ရက်အနည်းငယ်နောက်ရွှေ့ကာ ဝိညာဉ်စေတီ ထဲမှ ရှေးဟောင်းဝိညာဉ်သားရဲတချို့ကို ထုတ်ယူလိုက်သည်။ သူတို့ကို ထိန်းကျောင်းပြီးနောက်တွင် ထိုဝိညာဉ်သားရဲများအတွက် လှောင်အိမ်လုပ်ကာ ဝိညာဉ်သားရဲများကို ယာယီထိန်းသိမ်းနိုင်မည့် မျှော်ဝင်လက်စွပ်ကိုရှာပြီး ဘိုင်ရှန်းအား ပေးလိုက်သည်။
မှော်ဝင်လက်စွပ်အတွင်းတွင် ရှေးဟောင်းဝိညာဉ်သားရဲများ ပါသည်ဟု ကြားသောအခါ အမြဲတစေတည်ငြိမ်တတ်သော သူတို့နှစ်ယောက်လုံးသည် အလွန်အံ့အားသင့်ကြလေသည်။
“ရုပ်ထုဖြစ်နေတဲ့ သားရဲတချို့ကို ထိန်းကျောင်းထားတယ် သူတို့ရဲ့ နာမည်တွေကတော့ လှောင်အိမ်မှာရေးထားတယ် အဲဒါကြောင့် ရောမပစ်လိုက် ပါနဲ့” ရှီမာယူယူ သူတို့ကို သတိပေးလိုက်သည်။
“မလုပ်ပါဘူး ဒါဆို အခုသွားပြီနော်” ထိုမှော်ဝင်လက်စွပ်မှာ အကန့်အသတ်ရှိသည်ကို ဘိုင်ရှန်းသိသဖြင့် ချက်ချင်းပင် စထွက်ရန် အသင့်ပြင် လေသည်။
ရှီမာယူယူသည် စိုးရိမ်သဖြင့် သူတို့ကို မတူညီသောမှော်ဝင်လက်စွပ်များ ပေးလိုက်သည်။ ထိုအရာများသည် သူတို့ အချိန်မှီပြန်မရောက်ပါက အချိန်ဆွဲ ရန် ကူညီနိုင်သည်။ သူမသည် စိတ်မချသေးသဖြင့် နောက်ထပ် နှစ်ကွင်းထပ် ပေးလိုက်သည်။ ထို့ကြောင့် အားလုံးပေါင်း မှော်ဝင်လက်စွပ် လေးကွင်းဖြစ် သွားသည်။
ကံကောင်းစွာပင် ရှီမာမျိုးနွယ်သည် သားရဲထိန်းကျောင်းမှုကို အထူးလုပ် သဖြင့် မှော်ဝင်လက်စွပ်များစွာရှိနေသည်။
ထိုအရာသည် အရေးကြီးလှသဖြင့် ဘိုင်ရှန်းနှင့် လျူလျန်ချိုင်တို့သည် ရှီမာမျိုးနွယ်မှ ထွက်သည်နှင့် ထိပ်တန်းတောင်ကြားသို့ အမြန်သွားကြလေ သည်။
သူတို့နှစ်ယောက်လုံးသည် ခရီးစဉ်တစ်ခုလုံးကို ရင်တထိတ်ထိတ်ဖြင့် သွားနေကြကာ သေးငယ်သော အမှားလေးတစ်ခုပင်ဖြစ်သွားမည်ကို ကြောက် ခဲ့ရ၏။ သူတို့မှာ ထိပ်တန်းတောင်ကြားရောက်မှပင် စိတ်အေးကြရတော့သည်။
ရှီမန်ဖန်နှင့် လျန်ဝူမင်တို့ ဆွေးနွေးနေကြသည်ကို သိသည်နှင့် သူတို့သည် အစည်းအဝေးခန်းမသို့ တိုက်ရိုက်ပင်သွားလိုက်ကြသည်။
“အစ်မကြီးရော ဘယ်လိုနေလဲမသိဘူး အတွင်းပိုင်းဒေသမှာ ဖွံ့ဖြိုးဖို့ဆို ရင် နည်းနည်းလောရတော့မယ်” ရှီမန်ဖန် ပြောလိုက်သည်။
“ဒါဆိုလည်း ဝိညာဉ်ကျောက်တွေကို စထုတ်ကြတာပေါ့” လျန်ဝူမင်သည် လည်း အတွင်းပိုင်းဒေသတွင် အင်အားချဲ့ထွင်ချင်သည်။ ရေသည် အောက်ကို စီးဆင်းသော်လည်း အားလုံးသည် အထက်ကိုတက်ချင်ကြသူများဖြစ်ကြသည်။
“အာ.. လောင်ဘိုင်နဲ့ လျန်ချိုင်တို့ ပြန်လာကြာပြီလား” အဘိုးနတ်ဆိုး သည် တံခါးဝတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို အာရုံခံမိပြီး ဝင်ခိုင်းလိုက် သည်။
ဘိုင်ရှန်းနှင့် လျူလျန်ချိုင်တို့သည် တိုက်ရိုက်ပင်ဝင်လာကြာပြီး လျန်ဝူမင်ကို နှုတ်ဆက်လိုက်သည်။
“လောင်ဘိုင်က အတွင်းပိုင်းဒေသမှာ မဟုတ်ဘူးလား ဘာလို့ပြန်လာတာ လဲ” ရှီမန်ဖန် မေးလိုက်သ်ည။
“တောင်ကြားသခင်ကို ပြန်ဖြေပါတယ် ကျုပ်တို့က တောင်ကြားဒုသခင် ရှီမာယူယူရဲ့ အမိန့်ကြောင့် ပြန်လာတာပါ” ဘိုင်ရှန်း ပြန်ဖြေလေသည်။
“အစ်မကြီးက ပြန်လာခိုင်းတယ်ဟုတ်လား ဘာကိစ္စများပါလိမ့်” ရှီမန်ဖန် သည် ရှီမာယူယူအကြောင်းပြောလိုက်သည်နှင့် အရေးကြီးသည့်လေသံပေါက် သွားသည်။
“တကယ်ပဲ အရေးကြီးတဲ့ကိစ္စရှိပါတယ်” ဘိုင်ရှန်းသည် ပြောရင်းနှင့် မှော်ဝင်လက်စွပ်ကိုထုတ်ပြီး တောင်ကြားသခင်နှစ်ယောက်လုံးဆီသို့ လက်ဆင့် ကမ်းပေးခိုင်းလိုက်သည် “ကျုပ်တို့ပြင်ဆင်ထားတာကို သူမကိုပေးလိုက်တော့ သူမက ဒါကိုပြန်ပေးခိုင်းလိုက်ပါတယ်”
“ဒါကဘာလဲ” သူ၏ အဖိုးတန်တပည့်လေးသည် ထိုနေရာတွင် ရပ်မည့် လူမျိုးမဟုတ်ပေ၊ သူမသာ ရှေ့ဆက်တိုးလျှင်လည်း အလွန်ထူးခြားသည့်အ ရာဖြစ်မည်ကို အဘိုးနတ်ဆိုးသိသည်။
လျန်ဝူမင်သည် မှော်ဝင်လက်စွပ်ကိုယူပြီး ကြည့်လိုက်ရာ အထဲမှပစ္စည်း များကို မြင်သည်နှင့် အံ့အားသင့်လေသည်။
“တောင်ကြားသခင်လျန်”
အားလုံးသည် သူမ၏ တုံ့ပြန်ချက်ကို မြင်သောအခါ အံ့ဩကြပြီး အထဲမှ ပစ္စည်းများကို သိချင်လာသည်။
သူ့နာမည်ကို ခေါ်လိုက်မှပင် လျန်ဝူမင်သည် အသိစိတ်ပြန်ဝင်လာပြီး မှော်ဝင်လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။
လှောင်အိမ်များသည် အားလုံးရှေ့တွင် တစ်ခုချင်းစီပေါ်လာတော့သည်။ ကံကောင်းစွာပင် အစည်းအဝေးခန်းမမှာ ကျယ်သဖြင့် လှောင်အိမ်များသည် ကြပ်ညပ်မနေတော့ပေ။
လှောင်အိမ်ထဲတွင် ဝိညာဉ်သားရဲများရှိနေသည်ကို မြင်သောအခါ အားလုံးသည် သိချင်စိတ်ပြင်းပြလာသည်။
ဒီဝိညာဉ်သားရဲတွေက ကြည့်ရတာထူးဆန်းနေတယ်၊ အရင်က တစ်ခါမှ မမြင်ဖူးဘူး။
“လောင်ဘိုင် ဒီဝိညာဉ်သားရဲတွေက ဘာတွေလဲ”
ဘိုင်ရှန်းသည် ထကာ လှောင်အိမ်အပြင်မှ ဝိညာဉ်အတားအဆီးကို ချိုးဖျက်လိုက်သောအခါ ရှေးဟောင်းသားရဲ၏ ရောင်ဝါသည် နေရာတိုင်းသို့ ပျံ့ သွားရာ အားလုံးမိန်းမောသွားလေသည်။
“ဒါတွေက… ဒါတွေက ရှေးဟောင်းဝိညာဉ်သားရဲတွေလား”
ရှေးဟောင်းသတ္တုတွင်းမှ သတင်းသည် တိုင်းပြည်တစ်ခုလုံးကိုပျံ့နေကာ ယနေ့အထိပင် အားလုံးသည် မြင်ရသည်များကို မယုံနိုင်ဖြစ်နေသည်။
“တောင်ကြားဒုသခင်မှာ ရှေးဟောင်းဝိညာဉ်သားရဲ ဒီလောက်အများကြီး ရှိမယ်လို့ထင်မထားဘူး တခြားအင်အားစုတွေတော့ သိရင် ဒေါသထွက်ကြမှာ ပဲ”
လူအများအပြာင်းပင် ထိုနေရာသို့ သွားခဲ့သည်။ သို့သော် သူတို့ဘာမှမရ ဘဲ အရေအတွက်သာ လျော့ခဲ့သည်။
“ရှေးဟောင်းဝိညာဉ်သားရဲတွေကို ထိန်းကျောင်းထားပြီး လှောင်အိမ်တွေ မှာ သူတို့နာမည်တွေရေးထားပေးတယ်လို့ ယူယူပြောပါတယ်” ဘိုင်ရှန်း ပြော လိုက်သည်။
သူတို့သည် လှောင်အိမ်မှနာမည်များကို မြင်သောအခါ ရှီမာယူယူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိလိုက်ကြသည်။
အားလုံးသည် အစည်းအဝေးခန်းမတွင် လာစုကြသည်။ လျန်ဝူမင်နှင့် တခြားသူများသည် ဆွေးနွေးမှုကို ရပ်တန့်ကာ ရှေးဟောင်းဝိညာဉ်သားရဲများ ကိုကြည့်ပြီး စာချုပ်တည်ထောင်ရန် ပြန်ယူသွားခိုင်းလိုက်သည်။
“အိုး ဟုတ်သားပဲ ယူယူက အကုန်လုံးရဲ့ စာကိုပြန်လိုက်တယ” ဘိုင်ရှန်း သညသ် စာများကိုထုတ်ပြီး အားလုံးကို ပေးလိုက်သည်။
သူမသည် ထိုနေရာမှ ပြဿနာများကို ရှင်းပြီးသည်နှင့် ပြန်လာမည်ဖြစ် ကြောင်း ရေးထားသည်။ အားလုံးသည် စာများရသောအခါ ပျော်ရွှင်ကြပြီး သူမ တောင်ကြားသို့ ပြန်လာမည်ဖြစ်ကြောင်း ကြားသည်နှင့် တောင်ကြားမှ ခံစားမှု များသည် မြင့်တက်လျက်ရှိသည်။
တောင်ကြားမှအားလုံးသည် သူမ ရှေးဟောင်းဝိညာဉ်သားရဲများ ပို့လိုက် သည်ကို သိသည်နှင့် လှိုက်လှိုက်လှဲလှဲဖြစ်ကာ ရှီမာယူယူအား ပို၍ပင် လေးစား မိကြသည်။
သူမ လုပ်နိုင်သည့်အရာမရှိသည့်ပုံပင်။
ရှီမာယူယူ၏ ပြန်စာနှင့် ရှေးဟောင်းဝိညာဉ်သားရဲများကို ရသည်နှင့် ဖက်တီးကျူနှင့် တခြားသူများ မျက်ရည်ဝဲကြသည်။
တောင်ကြားမှခေါင်းဆောင်များနှင့် ရှီမာလိုင်တို့တွင် ဝိညာဉ်သားရဲများရှိ သည်မှလွဲပြီး ခန်းမအခွဲခေါင်းဆောင်ပင် သားရဲမရှိကြပေ။
“ယူယူက ငါတို့ကို မြန်မြန်ကျင့်ကြံပြီးတော့ အတွင်းပိုင်းဒေသကိုလာပြီး သူမကို ရှာပါတဲ့ သူမ… အရင်က သံယောဇဉ်တွေမမေ့သေးဘူးပဲ” ဝေကျိရွှီ သည် စာဖတ်ပြီးသည်နှင့် ရေရွတ်လိုက်သည်။
“ဒါပေါ့ သူမ ဘယ်ပဲရောက်ရောက် သရုပ်မှန်တွေဘယ်လောက်ပြောင်း ပြောင်း ဒါမှမဟုတ်ဘယ်လောက်ပဲ အားကောင်းလာပါစေ ယူယူကယူယူပဲ သူမ က ပြောင်းလဲမှာမဟုတ်ဘူး” ဖက်တီးကျူသည် ရယ်မောရင်းပြောလေသည် “ငါတို့မှာ ရှေးဟောင်းဝိညာဉ်သားရဲတွေ ရလာမယ်လို့င်မထားဘူး ပြောရင်းနဲ့ ငါတို့က သူများတွေထက်စာရင် များနေပြီဆိုတော့ ကျေနပ်နေပါပြီ”
“ကိုယ့်စွမ်းအား တိုးစေမယ်ဆိုရင် တကယ်ကျေနပ်ပါပြီ” ဝူရန်ဖေသည် ဖက်တီးကျူ၏ အနာကိုဆားသိပ်ပေးလိုက်သည်။
သို့သော် ဖက်တီးကျူသည် အရေထူသူဖြစ်သည်။ ထိုမျှလောက်နှင့် သူ့ကို သက်ရောက်မှုမရှိဘဲ ပြုံးပြီးပြောလေသည် “စွမ်ားကတော့ ဖြည်းဖြည်းချင်း တိုး လာမှာပေါ့ကွာ ဘယ်လိုပဲဖြစ်ဖြစ် အသက်ကအရှည်ကြီးနေရဦးမှာ ဒီအထိ ရောက်လာတာပဲ တော်နေပြီ”
ဘေဂုံထန်သည် လက်ဆန့်ကာ သူ့ခေါင်းကိုပုတ်လိုက်သည် “နင်တစ် ယောက်တည်း ကျင့်ကြံမှုအားနည်းရင် အသက်တိုမှာပဲ… နင်သေသွားရင် ငါတို့ ကြုံရမယ့် စိတ်ဝင်စားစရာကောင်းတာတွေ နင်ပါလို့ရမှာမဟုတ်တော့ဘူး”
“ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် ယူယူ့နောက်လိုက်ရင် အများကြီး တွေ့ကြုံရမှာပဲ ဒါပေမဲ့ မင်းမှာကြည့်ဖို့ အခွင့်အရေးမရှိတော့ရင် မင်းအတွက် စိတ်ထဲမှာ နေရာတစ်ခုတော့ထားပေးပါမယ်”
“ဟင်” ဖက်တီးကျူသည် အံ့အားသင့်သွားသည်။ အဲဒါဆို ကိစ္စရှိသွားပြီ လေ။ သူသာ အသက် ငါးရာပဲနေရပြီး သူတို့က အသက်တစ်ထောင်အထိ နေရ မယ်ဆိုရင် နောက်အနှစ်ငါးရာလောက် လွတ်သွားမှာမလား။ မဖြစ်ဘူး မဖြစ်ဘူး သူတို့နဲ့အရမ်းကွာလို့မဖြစ်ဘူး။
ထို့ကြောင့် နောက်လာမည့်နေ့များတွင် လက်နက်သန့်စင်ရေးတွင်သာ နစ်မြုပ်နေသော ဖက်တီးကျူသည် ပြောင်းလဲသွားလေသည်။ သူသည် လက်နက်အတွက် အချစ်များကို ဘေးချိတ်ကာ ကျင့်ကြံရေးတွင် အချိန်ပိုသုံး တော့သည်။ ရက်အနည်းငယ်တွင် သူ လက်နက်သန့်စင်ရန် ထွက်လာသော အခါ မရင်းနှီးသလိုမျိုးကို ခံစားရလေသည်။
သူသည် ငယ်စဉ်က ရှီမာယူယူမှ ခြင်ဆီနှင့်သွေးကြောများကို ရှင်းပေးခဲ့ သဖြင့် အရည်အချင်းရှိနေသည်။ ထိုအရာရှီသဖြင့် သူ၏ ကျင့်စဉ်သည် တဖြည်းဖြည်းတိုးတက်လာခဲ့သည်။
***