(extra end)
Vol. 7 Ch. 79
“ ထောင်ဇီ၊ သမီးရဲ့အဖေက သမီးနဲ့သမီးအမေပေါ်မှာ အကြွေးတင်ခဲ့ပါတယ်၊ ဒီဘဝမှာတော့ ပြန်ပေးဆပ်ဖို့ အခွင့်အရေးမရှိမှာပဲ ကြောက်မိတယ်၊ အဖေ့မှာ အဆုတ်ကင်ဆာရှိနေပြီ
အိပ်ယာထဲမှာလဲနေတဲ့ နှစ်တွေမှာ အဖေကိစ္စတွေကို နားလည်လာရပြီး နောင်တရနေပါပြီ။ သမီးဘက်က အဖေ့ကိုခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး။
အဖေ သူတို့ရဲ့ ရှယ်ယာလွှဲပြောင်းမယ့် အစီအစဥ်ကိုတောင် လက်မခံခဲ့ပါဘူး။ ဒါပေမယ့် အခု အဖေက ဒီမိသားစုရဲ့ခေါင်းဆောင်မဖြစ်နိုင်တော့ဘူး၊ သမီးရဲ့အမေနဲ့ အဖေအတူတူ တည်ထောင်ခဲ့တဲ့ ဏုမ္ပဏီ တဖြည်းဖြည်း ပျက်စီးသွားတာကိုပဲ စောင့်ကြည့်နိုင်တော့တယ်၊ ဒါကလည်း အဖေပြန်ခံရမယ့် ပြစ်ဒါဏ်ပါပဲ”
စူးရှန်ရဲ့ အသံက ချောင်းဆိုးရသဖြင့် အက်ကွဲနေကာ လက်ကိုင်ပုဝါကိုထုတ်ပြီး သူ့မျက်နှာကိုအုပ်လိုက်သည်။
သူ့ရဲ့အဆုံးမရှိတဲ့ နောင်တများက မျက်ရည်များအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ချိန်က ခံစားချက်မရှိဘူးလို့တောင် ထင်ရတဲ့အထိ အသည်းမာလွန်းတဲ့ လူအိုကြီးရဲ့ မျက်နှာကို စိုစွတ်သွားစေသည်။
“ ဒါပေမယ့် ရှင်းယန်က ဒီအကြောင်းတွေကို ဘာမှမသိပါဘူး၊ သူက အဖေတို့ သမီးကို လာတောင်းပန်တာလို့ပဲ သိထားတာ ”
စူးရှန်က စူးယန်ရှင်းအတွက် ရှင်းပြပေးလာသည်။
မိသားစုထဲတွင် ဒီအငယ်ဆုံးသားတစ်ယောက်တည်းကသာ သူတို့လို လောဘမရှိခဲ့ခြင်းဖြစ်သည်။
သူလည်း သူ့ရဲ့အစ်ကိုကြီးနဲ့ အမေဖြစ်သူဆီက အရူးလုပ်ခံခဲ့ရပေသည်။
အရင်က စူးယန်ရှင်းကို ပွဲဦးထွက်ပေးဖို့ သူတို့စည်းရုံးတုန်းက စူးရှန် မတားနိုင်ခဲ့ပေ။
ရူးမိုက်တဲ့ စူးဟောင်ယန်နှင့် လီပေးတို့ကြောင့် မိသားစုပျက်စီးလာတာကိုသာ အကူအညီမဲ့စွာ စောင့်ကြည့်ခဲ့ရသည်။
တစ်ဖက်မှာတော့ စူးယန်ရှင်းတစ်ယောက် ရှဲ့ကျင်ပေးထားတဲ့ လက်ဆောင်ဗူးကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများက အားပါသောကြောင့် ဖြူလျော်လာခဲ့သည်။
သူ့ရဲ့အစ်ကိုကြီးက ရှယ်ယာလွှဲပြောင်းတဲ့ စာချုပ်ကို ထုတ်လိုက်ချိန်မှ သူအရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။
စူးထောင်ကို တောင်းပန်ပြီး ငယ်ငယ်ကလိုမျိုး မိသားစုပြန်လည်ပေါင်းစည်ချင်တယ်လို့ ပြောခဲ့တာ အကုန်အလိမ်အညာတွေပဲ!
သူ့အစ်မပြောတာမှန်တယ်၊ သူတို့အားလုံးက အရမ်းရွံဖို့ကောင်းတယ်!
သူ့ရဲ့ အရင်းနှီးဆုံးအစ်ကိုကြီးနှင့် မိခင်ဖြစ်သူတို့က ဒီလောက်ထိ အရှက်မဲ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
“ မမ…ကျွန်တော် တောင်းပန်ပါတယ် “
စူးယန်ရှင်းရဲ့ မျက်ရည်များက မထိန်းချုပ်နိုင်စွာ ကျဆင်းလာခဲ့တော့သည်။
“ ကျွန်တော် နောက်ဆို မိသားစုပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့ ကလေးဆန်တဲ့အတွေးမျိုး လုံးဝမတွေးတော့ပါဘူး၊ ကျွန်တောင် မမနဲ့ ယောက်ဖတို့ကိုတောင် မျက်နှာမပြရဲတော့ပါဘူး၊ အနာဂတ်မှာ ကျွန်တော် မမတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး “
လီပေးတစ်ယောက် စူးဟောင်ရန်ရဲ့ ရှယ်ယာလွှဲပြောင်းမယ့် အစီအစဥ်ကို လက်ခံခဲ့မိတဲ့အတွက် နောင်တရနေလေပြီ။
စူးထောင် ကုမ္ပဏီကိုပြန်လာရင် သူမက ယန်ရှင်းကို စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ။
စူးဟောင်ရန်က တကယ် အသုံးမဝင်တဲ့ အမှိုက်ပဲ၊ စူးထောင်ရဲ့ခြေဖျားတောင် မမှီဘူး!
သူမတကယ် စူးဟောင်ရန်ရဲ့ ပေါက်ကရတွေကို မယုံခဲ့သင့်ဘူး!
လီပေးတစ်ယောက် နောင်တအပြည့်ဖြင့် ပြောလာခဲ့သည်။
“ ထောင်ဇီ၊ အန်တီမှားတာပါကွယ်၊ အန်တီ အမြင်ကျဥ်းပြီး တုံးအခဲ့လို့ပါ…အန်တီလေ... “
“ ကျွန်မ ယန်ရှင်းနဲ့ လက်မှတ်ထိုးနိုင်တယ် “
စူးထောင် အေးစက်စွာဖြင့် ဖြတ်ပြောလိုက်သည်။
သူမ စူးယန်ရှင်းနဲ့လက်မှတ်ထိုးဖို့ လက်မခံခဲ့ရခြင်းက လီပေးကြောင့် ဖြစ်သည်။
လီပေးနှင့် စူးရှန်တို့နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။ စူးဟောင်ရန်မှာတော့ သူ့ကိုထောက်ပံ့ပေးတဲ့ တစ်ဦးတည်းသောသူကို ဆုံးရှုံးလိုက်ရသဖြင့် မျက်နှာမကောင်းပေ။
“ ဒါပေမယ့် စာချုပ်သက်တမ်းက နှစ်ပေါင်း ၃၀ ဖြစ်ပြီး စာချုပ်ဖောက်ဖျက်ရင် လျော်ကြေးငွေက လက်ရှိပေါက်စျေးထက် အဆပေါင်း300ပဲ “
“ အဆင်ပြေတယ်! “
လီပေးက ဝမ်းသာအားရဖြင့် ချက်ချင်းလက်ခံလိုက်သည်။
စူးထောင် သူမကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
“ ဒီလိုသက်တမ်းကြာတဲ့ စာချုပ်နဲ့ မြင့်မားတဲ့လျော်ကြေးငွေက သူအောင်မြင်လာတဲ့အခါ ရှင်တို့ကုမ္ပဏီကို ပြန်ခေါ်ပြီး စာချုပ်ဖောက်ဖျက်နိုင်တဲ့ အခြေအနေကို တားဆီးဖို့ပဲ၊ အဲ့တော့ ဆုံးဖြတ်ချက်မချခင် သေချာစဥ်းစားပါ”
သူမ စိတ်ပြောင်းသွားမှာကို ကြောက်နေသည့်အလား လီပေးက နာခံစွာဖြင့် ခေါင်းတဆတ်ဆတ်ငြှိမ့်ပြလိုက်သည်။
“ အဆင်ပြေတယ်၊ အားလုံးလက်ခံပါတယ်၊ ကျေးဇူးပါနော် ထောင်ဇီ၊ သမီးဘက်က ယန်ရှင်းကို စီမံပေးဖို့ ဆန္ဒရှိလိမ့်မယ်လို့ အန်တီမမျှော်လင့်ထားခဲ့ဘူး၊ အရင်က အန်တီမှားခဲ့တာပါ၊ အန်တီ မလုပ်သင့်….”
“ ရှင့်ဘက်က ကျွန်မကို တောင်းပန်ဖို့ရော ကျေးဇူးတင်ဖို့ရော မလိုဘူး၊ ဘာပဲဖြစ်ဖြစ် ရှင့်အတွက် လုပ်တာမှမဟုတ်တာ “
စူးထောင် စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်ပြီးနောက် ထရပ်လိုက်သည်။ သူမ ဒီနေရာမှာ ထပ်မနေချင်တော့ပါဘူး။
“ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ စာချုပ်ကိစ္စဆွေးနွေးဖို့ အချိန်ရွေးကြတာပေါ့ ”
“ ထောင်ထောင် ”
စူးရှန်က ချောင်းတဟွတ်ဟွတ်ဖြင့် စူးထောင်ကို ခေါ်လိုက်သည်။
ယခင်က စူးထောင်အား ဒေါသထွက်စေခဲ့တဲ့ သေတမ်းစာကို ထုတ်ကာ နှစ်ခြမ်းဆွဲဖြဲလိုက်သည်။
“ ဖေဖေ ရှေ့နေကို ဆက်သွယ်ပြီးပြီ၊ နက်ဖြန် သေတမ်းစာ အသစ်လုပ်ဖို့ ဆွေးနွေးကြမှာ၊ သမီးနဲ့ထိုက်သင့်တဲ့ အမွေကို သမီးပိုင်ဆိုင်ရမှာပါ “
စူးထောင် သူ့ကို မထူးခြားနားစွာ ကြည့်လိုက်ပြီး ရှဲ့ကျင်ရဲ့လက်ကို ကျစ်ကျစ်ဆုပ်ကိုင်ကာ အမူအယာကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“ မလိုပါဘူး၊ ကျွန်မက ကျန်းပိုင်ရဲ့ ဒုတိယမြောက်ရှယ်ယာအများဆုံးလူလေ၊ ငွေ မရှားနေဘူး၊ ကျွန်မသတို့သားလောင်းရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ရှင်တို့ကိုပြောစရာတောင် မလိုတော့ဘူး၊ ရှင်တို့မိသားစုရဲ့ အမွေကို ရှင်တို့ဘာသာပဲ သိမ်းထားကြပါ “
စူးထောင်နှင့် ရှဲ့ကျင်တို့ စားသောက်ဆိုင်မှထွက်ပြီး ကားပေါ်ရောက်သောအခါ ရုတ်တရက် ရောက်လာတဲ့ အနမ်းကြောင့် သူမ သတိလက်လွတ်ဖြစ်သွားရသည်။
သူမ ရှဲ့ကျင် စိတ်လှုပ်ရှားနေတာကို ခံစားမိပေမယ့် ဘာကြောင့် စိတ်လှုပ်ရှားနေရလဲဆိုတာကိုတော့ နားမလည်ပေ။
နမ်းလို့ပြီးတော့မှ သူမ လက်ကိုင်ပုဝါကိုထုတ်ကာ ထိုလူရဲ့နှုတ်ခမ်းပေါ်မှာ စွန်းပေနေသော နှုတ်ခမ်းနီတွေကို သုတ်ပေးရင်း မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ ”
ရှဲ့ကျင်ရဲ့ နက်မှောင်သော မျက်လုံးများထဲတွင် ရယ်မြူးရိပ်တို့ ရှိနေလေသည်။
“ အခုလေးတင် သူတို့ရှေ့မှာ ကိုယ့်ကို မင်းရဲ့သတို့သားလောင်းလို့ ပြောလိုက်တယ်မလား “
စူးထောင် မျက်လုံးပင့်ကာ သူ့ကိုကြည့်လိုက်ပြီး ခေါင်းငြှိမ့်လိုက်သည်။
“ အင်း၊ နင် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးပြီလေ၊ ပြီးတော့ ငါအခု Weibo မှာကြေညာပြီး တစ်ကမ္ဘာလုံးကို အသိပေးမလို့တောင် စီစဥ်နေတာ…အဲ့လိုလုပ်လို့အဆင်ပြေလား “
ရှဲ့ကျင် - “ ဒါပေမယ့် ကိုယ် မင်းကိုလက်ထပ်ခွင့်မတောင်းရသေးဘူးလေ ”
စူးထောင် - “ ? ”
ရှဲ့ကျင် - “ ကိုယ်က မင်းငြင်းပယ်ဖို့ မဖြစ်နိုင်တဲ့ ပွဲအခမ်းအနားတစ်ခုနဲ့ လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်နေတာ ”
စူးထောင် - “ ငါနင့်ကို မငြင်းခဲ့ဖူးပါဘူး ”
ရှဲ့ကျင် - “ မင်းက ကိုယ့်ကိုသနားပြီး ကိုယ်အသည်းကွဲသွားမှာကြောက်လို့ လက်ခံခဲ့တာလေ၊ ကိုယ့်ကို မနက်ဖြန် တစ်ရက်လုံး အချိန်ပေး၊ မင်းဘက်က ကိုယ်လက်ထပ်ခွင့်တောင်းတာကို စိတ်လိုလက်ရနဲ့ လက်ခံချင်လာအောင် လုပ်ပေးမယ် ”
စူးထောင် - “ …မဟုတ်သေးဘူး၊ မလိုဘူးလေ ”
သူမ တကယ်ကို တုံးအခဲ့တာပဲ။ Weibo မှာ ကြေညာလိုက်ရင် သူ့ကို စိတ်လုံခြုံမှုပေးဖို့ လုံလောက်ပြီ ထင်ခဲ့တာ။ သူက ပွဲအခမ်းအနားလုပ်ချင်နေမှန်း မမျှော်လင့်ထားခဲ့ဘူး။
နောက်တစ်နေ့မနက်တွင် စူးထောင်တစ်ယောက် အိပ်ခန်းတံခါးရှေ့မှာ လူခြောက်ယောက်ပါဝင်တဲ့ မိတ်ကပ်အဖွဲ့တစ်ခုရဲ့ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရကာမှ သူမသတိလက်လွတ်နေမိမှန်း နားလည်သွားရတော့သည်။
မိတ်ကပ်ပြင်ပြီး ဝတ်စုံအသစ်တွေကို လဲလှယ်ဝတ်ဆင်ပြီးသည်အထိ သူမ အသိစိတ် ပြန်မကပ်သေးပါချေ။
ဒါက စေ့စပ်ပွဲအခမ်းအနား တစ်ခုမျှသာဆိုတာကို တွေးနေရင်း ရုတ်တရက် ထိုလူရဲ့လက်ထပ်ခွင့်တောင်းတာကို လက်မခံချင်တော့ပေ။
အခြားအကြောင်းပြချက်တစ်ခုခုကြောင့် မဟုတ်ပါဘူး။ လက်ထပ်ပွဲနေ့ဆိုရင် ဘယ်လောက်တောင် ရှုပ်ထွေးလိုက်မလဲ! သူမ ထွက်ပြေးမိမှာကို ကြောက်မိပါသည်။
စိတ်နဲ့ကိုယ်မကပ်ဘဲ စီစဥ်ပေးထားသော ကားထဲသို့ ဝင်ထိုင်လိုက်သည်။
တစ်စုံတစ်ယောက်သော အမျိုးသားက သူမကိုလာခေါ်ရန် ဟယ်လီကော်ပတာ မစီစဥ်ထားတာကြောင့် စူးထောင် စိတ်သက်သာရာ ရသွားခဲ့သည်။
တစ်ချိန်လုံး သူမ နောက်ကလိုက်နေသော ကင်မရာများကို မျက်နှာမူရင်း တောင့်တင်းစွာဖြင့် ပြုံးနေခဲ့သည်။
ကားလမ်းကြောင်းက ရင်းနှီးနေပြီး သူတို့ ပထမဆုံးတွေ့ခဲ့သည့် တံတားဆီသို့ရောက်လာခဲ့သည်။
ဝတ်စုံပြည့်ဝတ်ထားတဲ့ ရှဲ့ကျင်ကိုကြည့်ပြီး အတွေးတစ်ခုသာ ခေါင်းထဲဝင်လာခဲ့သည်။
သူမ ဒီအမျိုးသားကို လျှော့တွက်မိပြန်ပြီ!
ဟယ်လီကော်ပတာ မရှိပေမယ့် သူက စက်မဲ့လေယာဥ်(hand glider)တစ်ခုကို စီစဥ်ထားတာပဲ။ ကြည့်ရတာ တံတားပေါ်ကနေ သူမနဲ့အတူ ပျံသန်းမယ့် အတွေ့အကြုံမျိုး လိုချင်နေပုံပဲ။
စက်မဲ့လေယာဥ်(hand glider)က ဟယ်လီကော်ပတာလောက် ဘေးကင်းလုံခြုံမှုမရှိဘူးလေ!
စူးထောင် လှည့်ပြေးမလို့အလုပ် ရှဲ့ကျင်ဆီမှ ဖမ်းဆွဲခံလိုက်ရသည်။
ရှဲ့ကျင်က သူမရဲ့နဖူးကို ညင်သာစွာတောက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
“ ကိုယ်တို့ ဒီနေရာမှာ hang gliderစီးတာက အဓိပ္ပါယ်ရှိပြီး ရိုမန့်တစ်ဆန်တယ်လို့ မထင်ဘူးလား ”
စူးထောင် ငြင်းဆန်လိုက်သည်။
“ ငါတော့ မထင်ဘူးနော်၊ အန္တရာယ်များတယ်”
“ ရှောင်ထောင်ဇီ၊ မင်းလေး အရင်တုန်းက ကိုယ်နဲ့အတူခုန်ချဖို့တောင် ရဲရင့်ခဲ့သေးတာလေ၊ အခု hand glider လေးတစ်ခုကို ဘာလို့ကြောက်နေတာလဲ ”
မတိုင်ခင်တုန်းက သူမမှာ ဘာမှမရှိဘူး၊ သေပဲသေချင်နေခဲ့တာလေ၊ ဒါပေမယ့်အခု သူမက ဘီလျံနာတစ်ယောက်ဖြစ်တဲ့အပြင် ဒီလောက်ချောမောခံ့ညားပြီး ချမ်းသာတဲ့ ချစ်သူကောင်လေးတစ်ယောက်ကို ရထားတာ၊ ဘာလို့သေချင်နေရမှာလဲ။
အခုချိန်မှာ သူမ ကျန်ရှိတဲ့ဘဝတစ်ခုလုံးကို ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေချင်ပါသေးတယ်နော်။
ရှဲ့ကျင်က သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ညအမှောင်ထုလို နက်ရှိုင်းသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလာခဲ့သည်။
“ မင်းရဲ့အသက်နဲ့ယှဥ်ပြီး ကိုယ့်ကို ယုံကြည်ရဲလား ”
ဒီစကားက မှောက်ပညာတစ်ခုရှိနေသည့်အလား စူးထောင်ကို တည်ငြိမ်သွားစေသည်။
သူမ ကိရိယာအပြည့်အစုံတပ်ဆင်ပြီးနောက် ရှဲ့ကျင်ရဲ့ဦးဆောင်မှုနောက်တွင် နှစ်ယောက်ထိုင် hand glider ပေါ်တွင် ဝင်ထိုင်လိုက်သည်။
လွှတ်လိုက်သည့်အချိန်မှစ၍ သူမ မျက်လုံးကို ပိတ်ထားရပြီး သူ့ရဲ့နွေးထွေးတဲ့လက်ဖဝါးနှင့် သူမကိုနမ်းနေသည့် ပူနွေးသည့်နှုတ်ခမ်းတစ်စုံကိုသာ ခံစားမိလေတော့သည်။
စူးထောင် တွေးထားခဲ့သည့် မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခြင်းဟာ တကယ်တော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဖြစ်နေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူအရေအတွက်မှာ အသိုင်းအဝိုင်းအတွင်းရှိ နာမည်ကျော်များ၏ စံချိန်များကို ထပ်ကာထပ်ကာ ချိုးသွားခဲ့သည်။
နောက်ဆုံးမှာတော့ hang glider ပေါ်မှ ဆင်းပြီးနောက် စူးထောင် ဖြည်းဖြည်းချင်း အသက်ရှုနေခဲ့သည်။
ရှဲ့ကျင်က သာမန်ကာလျံစွာဖြင့် ချိုင့်ဝှမ်းအလွတ်ဆီသို့ ညွှန်ပြလိုက်ပြီး ရူးသွပ်ဖွယ်ရာ အပြုံးတစ်ခုကို ဖော်ပြလာသည်။
“ ကိုယ် လက်ထပ်ခွင့်တောင်းတဲ့ အစီအစဥ်စတော့မယ် ”
စူးထောင် - “ ? ”
အဲ့ဒါက ခုထိမပြီးသေးဘူးလား!
ရှဲ့ကျင်နောက်ကို လိုက်ရင်း ရှုခင်းကြည့်ကားတစ်စီးကို စီးကာ ချောက်အစွန်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။
သူမ နားလည်လိုက်လေပြီ။ အရူးကောင် ရှဲ့ကျင်က သူမကို ဒီချောက်ကမ်းပါးကနေ bangee jumping ခုန်ဖို့ ခေါ်လာတာပဲ။
စူးထောင် မှန်သားကြမ်းပြင်အောက်မှ အမြင့်ပေထောင်ချီသည့် ချောက်ကို ငုံ့ကြည့်ပြီး တံတွေးမျိုချလိုက်မိသည်။
“ အဲ့လောက်ထိ လုပ်မှဖြစ်မှာလားဟင် ”
ရှဲ့ကျင်မှာ သူ့ခန္ဓာကိုယ်ပေါ်၌ လုံခြုံရေးကိရိယာများကို တပ်ဆင်နေပြီး သူမကို ဆွဲဆောင်လာသည်။
“ ကိုယ်တို့ ဒါကို တံတားပေါ်မှာ လုပ်လို့ မရဘူးလေ၊ အဲဒါကြောင့် ဒီနေရာကို အထူးတလည် စီစဥ်ထားတာ၊ ကိုယ်နဲ့အတူ ချောက်ထဲ ခုန်ချပြီး စိတ်လှုပ်ရှားရတဲ့အတွေ့အကြုံမျိုး မခံစားချင်ဘူးလား “
စူးထောင်ရဲ့ ခြေထောက်များ တုန်ယင်လာခဲ့သည်။
“ ငါအခု ကောင်းကောင်းမွန်မွန်လေး အသက်ရှင်ချင်ရုံပါ”
သူမ အဲ့လိုပြောလိုက်ပေမယ့်လည်း hang glider အတွေ့အကြုံရပြီးနောက် စူးထောင်မှာ သူ့ရဲ့ သေခြင်းတရားကို စိန်ခေါ်လိုသည့် အပြုအမူများနှင့် အသားကျနေပြီ ဖြစ်သည်။
ရှဲ့ကျင်နှင့်အတူ တင်းကြပ်စွာ တွဲချည်ပြီး ခုန်ချသည့်အခိုက်အတန့်တွင် သူတို့ရဲ့နှလုံးခုန်သံက ထပ်တူကျနေကာ နားထဲတွင်ကြားနေရသော လေတိုးသံများက ဒီကမ္ဘာတွင် သူတို့နှစ်ယောက်သာရှိနေသည့်အလား သေခြင်း၊ရှင်ခြင်းကို အတူဖြတ်ကျော်နေသလို ခံစားရပေသည်။
ရှဲ့ကျင်ရဲ့ ထပ်ကာထပ်ကာ အော်ပြောနေသည့်အသံက ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည်။
“ ရှောင်ထောင်ဇီ! ကိုယ်မင်းကို ချစ်တယ်! ကိုယ့်ကိုလက်ထပ်နိုင်မလား! “
စူးထောင်မှာ အော်သံများဖြင့်သာ တုံ့ပြန်နိုင်ပေသည်။
လီရွှမ်က တိတ်တဆိတ်ဖြင့် ကျန်းချီကို အဖော်ပြုကာ တိုက်ရိုက်ထုတ်လွှင့်မှုကို အတူတူကြည့်နေခဲ့သည်။
ဘီယာတစ်ဗူးကို ကမ်းပေးလိုက်ပြီး သူမကိုယ်တိုင်အတွက်လည်း တစ်ဗူးဖောက်ပြီး သောက်မလို့အလုပ် ကျန်းချီဆီမှ ဆွဲယူသွားခြင်းခံလိုက်ရသည်။
“ နင် ဆေးသောက်ရမှာ၊ အရက်သောက်လို့ မရဘူး ”
ကျန်းချီက ဘီယာနှစ်ဗူးလုံးကို တစ်ဖက်မှာချထားလိုက်ပြီး သူကိုယ်တိုင်လည်း မသောက်ခဲ့ပေ။
လီရွှမ်မှာ ဒီတစ်ခေါက် သူ တည်ငြိမ်နေတာကို သတိထားမိပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းချီက သူမကိုစကားပြောနေပုံရပြီး တစ်ချိန်တည်းမှာပဲ သူ့ဘာသာ တစ်ယောက်တည်းရေရွတ်နေပုံ ရသည်။
သူက ဗီဒီယိုကို စိုက်ကြည့်ကာ နူးညံ့စွာဖြင့် ပြောနေခဲ့သည်။
“ အဲ့တော့ သူမက စိတ်အားထက်သန်တဲ့ အချစ်မျိုးကို သဘောမကျတာ မဟုတ်ဘူး၊ အဲ့ဒီလူကြောင့် သူမက လက်ခံချင်စိတ်ရှိတာပဲ ”
လီရွှမ်တစ်ယောက် သူမရဲ့ဆံပင်ရှည်တွေကို အနည်းငယ် ဖွလိုက်ကာ ကျန်းချီကို စိုက်ကြည့်လိုက်သည်။
ကျန်းချီ၊ နင့်မှာလည်း ကိုယ်ပိုင်ပျော်ရွှင်မှုရှိနိုင်တယ်။
#စူးထောင်နှင့် ရှဲ့ကျင်လက်ထပ်ခြင်း#
အင်တာနက်ပေါ်ရှိ လူများအားလုံး ရှဲ့ကျင်ရဲ့ ရူးသွပ်ဖွယ်အပြုအမူတွေကြောင့် တုန်လှုပ်သွားကြရပြီး
ဒီအကြောင်းအရာက ရေပန်းစားမှုစာရင်းရဲ့ ထိပ်ဆုံးကို တွန်းတင်ခံလိုက်ရသည်။
အဲဒါက လက်ထပ်ခွင့်တောင်းတာ ပြီးဆုံးသည့်အချိန်၌ စတင်ခဲ့ခြင်းဖြစ်သည်။
စူးထောင်အပါအဝင် လူတိုင်းက ရှဲ့ကျင်တစ်ယောက် လက်ထပ်ပွဲ မတိုင်ခင်အထိ တိတ်တဆိတ် ပြင်ဆင်ပြီး နောက်မှ လူတိုင်းကိုအံ့အားသင့်စေမယ်လို့ ထင်ထားကြခြင်းဖြစ်သည်။
ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။
ရှဲ့ကျင်က တိတ်တိတ်လေး မလုပ်ရုံတင်မကဘဲ လူတိုင်းမသိလိုက်မှာကို စိုးရိမ်နေသည့်အလား ကြွားဝါလာတော့သည်။
လက်ထပ်ခွင့်တောင်းသည့်နေ့၏ နောက်တစ်ရက်တွင် ဝေ့ပေါ်၌ ကွဲပြားခြားနားသည့် ဗီလာ၉ခုရဲ့ ပုံတွေကို တင်လာခဲ့သည်။
ထိုဗီလာများ၏ တည်နေရာမှာလည်း
စူးထောင် အလုပ်ခရီးသွားလေ့ရှိသည့် မြို့တိုင်းနီးပါး၌ အကောင်းဆုံးသော နေရာများကို ရွေးခြယ်ထားခြင်းဖြစ်သည်။
လူတိုင်းက သူ့ရဲ့ချမ်းသာမှုကို ကြွားဝါပြရုံသာဟု ထင်ထားခဲ့ကြသဖြင့် ထွေထွေထူးထူး မခံစားခဲ့ကြပေ။
ဒါပေမယ့် သူရေးတင်လာတဲ့ စကားလုံးတွေကို ဖတ်ပြီးနောက် အဲဒီဗီလာတွေက မင်္ဂလာအိမ် ၉ခု ဖြစ်ကြောင်း နားလည်သွားရတော့သည်။
ဒါ့အပြင် ပုံများထဲ၌ ဗီလာဂိတ်တံခါးပေါ်တွင် ထွင်းထုထားသော နာမည်များကို သိသိသာသာ ပြထားလေသည်။
အဆင်ပြေပါတယ်။ ရှဲ့ကျင်က ချမ်းသာတဲ့အတွက် ဗလာအလုံး 90 ဝယ်ရင်တောင် သူတို့ထိန်းချုပ်နိုင်တဲ့အရာမှမဟုတ်တာ။
ဇနီးမောင်နှံရဲ့နာမည်တွေ ရေးထိုးထားတာလည်း ရိုမန့်တစ်ဆန်တဲ့အတွက် လက်ခံလို့ရပါသေးတယ်။
ဖန်တီးနိုင်စွမ်းရှိတာပဲ။
အစပိုင်းတွင် အင်တာနက်သုံးစွဲသူတွေက ဇနီးမောင်နှံအတွက် ဆုတောင်းစကားများ ပို့ပေးခဲ့ကြပေသည်။
စီအီးအိုရှဲ့မှာ ထောက်ခံအားပေးသူများကြောင့် အားတက်လာပုံရသည်။
ဆက်တိုက်ဆိုသလို မူရင်း ရိုမန့်တစ် ရသစုံရှိုးပွဲများကို နာမည်များပြောင်းကာ ထုတ်လွှင့်လာခဲ့တော့သည်။
ဖရဲသီးစားနေသည့် အင်တာနက်သုံးစွဲသူများမှာ သည်းမခံနိုင်ကြတော့ပေ။
သူတို့ တော်တော်လေး သည်းခံခဲ့ပါတယ်နော်။ ဘာပဲဖြစ်ဖြစ် အဲဒါက သူ့ကုမ္ပဏီလက်အောက်က ရှိုးပွဲတွေလေ၊ ဘယ်လိုနာမည်ပဲခေါ်ခေါ် သူတို့မှာထိန်းချုပ်ပိုင်ခွင့်မရှိနေဘူး!
‘ထောင်ရှဲ့’ ရိုမန့်တစ်ရသစုံရှိုးပွဲများက မထင်ထားလောက်အောင် အောင်မြင်လာခဲ့ပြီးနောက် ဘော့စ်ရှဲ့မှာ ပိုလို့တောင် အလွန်အကျူး ဖြစ်လာတော့သည်။
ထို့နောက်မှာတော့ ‘ထောင်ရှဲ့လမ်း’ ဟုခေါ်သည့် လမ်းတစ်ခုကို ဆောက်လုပ်ခဲ့သည်။
ကျွန်းတစ်ခုကိုဝယ်ကာ ‘ထောင်ရှဲ့ကျွန်း'ဟု အမည်ပေးခဲ့သည်။
ဒါ့အပြင် သူက ထျန်းရှင်းကုမ္ပဏီကို ထောင်ရှဲ့ကုမ္ပဏီဟု ပြောင်းလိုသဖြင့် Weibo မှာ လူတိုင်းဆီကထင်မြင်ချက်ကိုတောင် မေးလေ့ရှိသည်။
လူတိုင်းက အပြင်းအထန် ကန့်ကွက်ကြသော်လည်း နောက်ဆုံးတွင် စူးထောင်ကိုယ်တိုင် ဝင်ပါလာမှ သူ့ရဲ့ရူးသွပ်ဖွယ် အကြံညဏ်တွေကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ ရှဲ့ကျင်တစ်ယောက် သူ့ရဲ့ပိုင်ဆိုင်မှုတွေအား ‘ထောင်ရှဲ့’ အမည်လိုက်ပြောင်းလိုသည့် ဆန္ဒကိုမျိုသိပ်လိုက်ရပြီး စုံတွဲပုံများ တင်ခြင်းဖြင့် သူတို့ရဲ့ချစ်ခင်မှုတွေကို ထုတ်ဖော်ပြတော့သည်။
အင်တာနက်သုံးစွဲသူများမှာ အစပိုင်းတွင် အားကျနှစ်သက်ရာမှ မနှစ်မျို့သည့်အခြေအနေကို ရောက်လာခဲ့တော့သည်။
ခွေးစာကျွေးသည့် ပို့စ်တွေထပ်တင်ပါက သူ့ကို အန်ဖောလိုးမည်ဟု ခြိမ်းခြောက်လာကြတော့သည်။
ရှဲ့ကျင်ကတော့ ဂရုမစိုက်ဘဲ ဆက်တင်နေဆဲဖြစ်ပြီး စူးထောင်ကလွဲ၍ လူတိုင်းရဲ့အထင်အမြင်တွေကို လစ်လျူရှုထားလေသည်။
ဒီအပြုအမူက အင်တာနက်သုံးစွဲသူများကို ရူးသွပ်သွားစေခဲ့သည်။ ရှဲ့ကျင်တစ်ယောက် သူတို့ရဲ့လက်ထပ်မှတ်ပုံတင်ကို ပို့စ်တင်သည့်နေ့တွင် လူတိုင်းက ထိုပို့စ်ကို ရေပန်းစားမှုစာရင်း၏ ထိပ်ဆုံးသို့ရောက်အောင် အားတက်သရော တွန်းတင်ပေးခဲ့ကြသည်။
'သူတို့ချည်းပဲ ချိုအီနေတဲ့ ခွေးစာတွေ နင်အောင်ကျွေးခံနေရလို့မဖြစ်ဘူး၊ နိုင်ငံတစ်ခုလုံးကိုပါ အတူတူ ကျွေးခံရအောင် လုပ်ရမယ်'
~ပြီးပါပြီ~