အခန်း (၆၉)
Vol. 7 Ch. 69
လက်တန်းပေါ်တွင် သူ့လက်မောင်းလေးများကို မှီလိုက်ရင်း သူခုန်လိုက်ကာ အဲ့ပေါ်တွင် ထိုင်လိုက်သည်။ ပြင်းထန်စွာ တိုက်ခတ်နေသည့် လေပြေလေးကတော့ သူ့အပေါ်ထပ် အင်္ကျီထဲသို့ပါ တိုးဝင်တိုက်ခတ်နေတော့သည်။ ရှဲ့ကျင်သည် သူ့လက်မောင်းများကို ဖြန့်လိုက်ရင်း မျက်လုံးများကို ပိတ်ထားလိုက်သည်။ လေပြေလေးနှင့်အတူ ထိုလေစုန်မှာ မျောပါ၍ ပျံသန်းချင်နေမိသည်။
ရုတ်တရက်ချည်း သူ့နောက်ကနေ သာယာငြိမ့်ညောင်းသော တယောသံလေး ပေါ်ထွက်လာခဲ့ကာ ဆူညံနေသော အသံများ နစ်မြှုပ်သွားလေတော့သည်။
တယောတေးသွားလေးမှာ နှေးနှေးလေးနှင့် သာယာနာပျော်ဖွယ် ကောင်းလှသည်။ ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်လေးနှင့်အတူ သူ့နှလုံးသားကို ဆွဲငင်နေတော့သည်။ သူ့စိတ်ဝိဉာဉ်အား သန့်စင်သည့်အနေဖြင့် ငြိမ်သက်အေးချမ်းသော မဖော်ပြနိုင်သည့် အာရုံခံစားမှုလေးကို ခံစားလို့ရအောင်လည်း ထိုတယောသံလေးက ခွင့်ပြုပေးနေသည်ပင်။
မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရင်း အနောက်သို့ ကြည့်လိုက်မိသည်။ ပိန်သွယ်သော ကောင်မလေးတစ်ယောက်၏ ရှည်လျားသော ဆံနွယ်လေးများမှာ တောင်ပံခတ်သလို တဖျတ်ဖျတ် ပျံ့လွင့်နေပေသည်။ ကြည့်ရတာ သူမ၏ ကိုယ်ပိုင်သီချင်းထဲတွင် သူမဟာသူမ ပျောက်ဆုံးနေသည့်အလားပင်။
ထိုကောင်မလေး၏ အေးချမ်းလှသော မျက်နှာလေးမှတစ်ဆင့် မချင့်မရဲဖြစ်မှု၊ ဝမ်းနည်းမှုတို့အပြင်၊ ထိုလောကီရေးရာကိစ္စများကို ကြုံကြိုက်ရပြီးသည့်နောက် စိတ်မဝင်စားတော့မှု ပုံစံတစ်ချို့ကိုပါ တွေ့မြင်နေရပေသည်။
သူမ၏ ကြည်လင်သော မျက်ဝန်းများက နီးနီးကပ်ကပ်ကြည့်ဖို့ ခက်ခဲလှပေသည်။ သူကြည့်လေ ကြည့်လေ.. လူတွေကို ဆွဲစားပစ်နိုင်တဲ့ အဆုံးမရှိသော ဝဲဂယက်ထဲသို့ ကျရောက်သွားတော့မည့်အတိုင်းပင်။
သူမဟာ အသက်မရှိတော့တဲ့ သစ်ကိုင်းခြောက်တွေလို ညှိုးနွမ်းခြောက်သွေ့နေသော်လည်း သူမရဲ့ စိတ်ဝိဉာဉ်ကတော့ ထာဝရရှင်သန်နေဆဲပင်။
သီချင်းပြီးဆုံးသွားသည်နှင့် ခွေးပေါက်လေးလို ထိုမျက်လုံးများက သူ့ကိုကြည့်လိုက်သည်။ ဖြစ်ချင်တော့ ဒီသီချင်းကို သူနားထောင်ဖို့အတွက် သူမတမင် ဖွင့်ပြခဲ့ခြင်းပင်။
“အစ်ကိုကြီး.. ဘာတွေများ နှုတ်လှံထိုးချင်လဲ?”
သူမအသံလေးက နွေဦးလို ကြည်လင်နေပေမယ့် မယုံနိုင်စရာကောင်းလောက်အောင်ပဲ ဒီလိုရက်စက်တဲ့မေးခွန်းမျိုးကို သူမမေးခဲ့သည်တဲ့လေ။
“ကိုယ် မင်းကို အဖော်ပြုပေးနိုင်ပါတယ်”
သူ့ဘေးနားမှာ လာထိုင်ဖို့ လှေကားတန်းကို ခက်ခက်ခဲခဲ တက်နေတဲ့ ထိုကောင်မလေးကို သူကြည့်လိုက်သည်။ သူမက အတော်ကို ပျော့ညံ့တာပဲ။ လေလေးသာ နည်းနည်းထပ်တိုက်မယ်ဆိုရင် သူမ တကယ်ကို လေနဲ့အတူ ပါသွားလိမ့်မှာပဲ။
သို့သော်လည်း သူမ၏ အေးချမ်းသောမျက်နှာပေါ်တွင် ညင်သာသောအပြုံးလေးတစ်ခုက ဆီးကြိုနေပေသည်။ သူမ၏ လက်ပျော့ပျော့လေးကိုပင် မြှောက်လိုက်ကာ သူ့ခေါင်းနောက်ကို ပွတ်သပ်ပေးလိုက်သည်။ သူ့အဖေဆုံးသွားတုံးက သူ မငိုအောင်လို့ နှစ်သိမ့်ပေးနေခဲ့သည့်အလားပင်။
“ကိုယ့်အမေကလည်း ကိုယ့်ကို ဒီလိုမျိုးလေး မကြာခဏ ပွတ်သပ်ပေးလေ့ရှိတယ်။ ဒီနေ့က အမေ့နှစ်ပတ်လည်နေ့လေ။ ကိုယ်အမေ့ကို သွားတွေ့ချင်တယ်”
“ငါလည်း အဖေ့ကို သွားရှာချင်တယ်”
ကောင်မလေးသည် မျက်ဝန်းတောက်တောက်လေးများနှင့် သူ့ကိုကြည့်နေရင်း ဖွဖွလေး ပြုံးလိုက်သည်။
“အစ်ကိုကြီး.. နင်အရမ်းကြည့်ကောင်းနေတာပဲ။ အမေ့ကိုရှာဖို့ လွှတ်လိုက်တဲ့ နတ်သားလေးပဲ ဖြစ်ရမယ်။ အမေ့ကိုတွေ့ရင်တော့ ငါဒီ့ထက်ပိုပြီး ပင်ပန်းတော့မှာ မဟုတ်ပါဘူး”
သူက နတ်သားလေးတဲ့လား? သူ့ကိုယ်သူတော့ နတ်ဆိုးလို့ အမြဲထင်နေမိတာပဲ။
သူမကသာ နတ်သမီးလေး ဖြစ်မှာလေ။
ထိုအရင်အတွေးများကို သူပြန်ရုတ်သိမ်းနေချင်မိသည်။
ကြည့်ရတာတော့ ဒီကမ္ဘာပေါ်တွင် သန့်ရှင်းစင်ကြယ်ခြင်းနှင့် အလှအပတရားအတွက် တစ်မူထူးခြားတဲ့ နေရာတစ်ခု ရှိနေသေးပုံပဲ။
သူ့ခေါင်းလေးကို ညင်ညင်သာသာနှင့် ပွတ်သပ်ပေးနေသဖြင့် ရှဲ့ကျင်တစ်ယောက် ဖြည်းဖြည်းချင်းစီ သူ့မျက်လုံးကို ဖွင့်လိုက်သည်။ မြူခိုးများထဲမှတစ်ဆင့် သူ့အိမ်မက်ထဲက ကောင်မလေး၏ အေးချမ်းလှသော မျက်နှာလေးကို သူမြင်လိုက်ရပေသည်။
သူ့မျက်လုံးများကို သုတ်ပေးဖို့အတွက် သူမတစ်ရှူးကိုသုံးလိုက်သဖြင့် သူ့အမြင်အာရုံမှာ ပိုကြည်လင်လာတော့သည်။ ဒီလိုနှင့် ကောင်မလေး၏ မျက်နှာကို သူသေချာလေး မြင်လာရလေသည်။ သူမ၏ဆံပင်ရှည်လေးများက ဂုပ်ဝဲအတိုလေးဖြစ်လာပြီး၊ သူမ၏ မျက်ဝန်းများမှာတော့ နဂိုကထက်ကို ပို၍ကြည်လင်နေတော့သည်။
“ဘာလို့ငိုနေတာလဲ? အိပ်မက်ဆိုး မက်ပြန်ပြီလား? ငါနဲ့အတူတူအိပ်ရင် အိပ်မက်ဆိုးတွေ မက်လိမ့်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?”
သူမ၏ နူးညံ့သိမ်မွေ့ကာ နွေဦးလို ကြည်လင်လှသော အသံလေး ပေါ်ထွက်လာသည်နှင့် တဖြည်းဖြည်းချင်းစီ သူအသိစိတ်ပြန်ဝင်လာလေသည်။
ဒါသူ့မက်မွန်သီးငယ်လေးပဲ။
လှေကားတန်းပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ ကောင်မငယ်လေးက နောက်ဆုံးမှာတော့ သူ့မက်မွန်သီးလေး ဖြစ်လာခဲ့တာပဲ..။
သူမက သူ့အပေါ် အများကြီး မှီခိုတယ်လေ။ သူကလည်း သူမအပေါ်ကို ပိုပြီးတောင် မှီခိုသေးတာပေါ့။
သူတို့စတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်တုံးကနေ့ကို သူဒီနေ့အချိန်ထိ အိပ်မက်မမက်ခဲ့ဖူးချေ။ အခုလို အိပ်မက်မက်လိုက်တော့မှ သူအဲ့နေ့ကို ဘယ်လောက်တောင် ပြတ်ပြတ်သားသား မှတ်မိနေလဲဆိုတာကို သူ့ဟာသူသိလာတော့သည်။
ရှဲ့ကျင်သည် သူမ၏ လည်တိုင်ကြားတွင် သူ့ခေါင်းကို နှစ်မြှုပ်လိုက်သည်။ သူမကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး သူမ၏ ကိုယ်သင်းနံ့လေးကို အနံ့ခံကြည့်လိုက်သည်။ မနေ့ညတုံးက သူအရင်ဆုံး အိပ်ပျော်သွားတာကို သူနောင်တရနေမိတော့သည်။
“ဘာတွေ အိပ်မက်မက်နေတာလဲ?”
စူးထောင်သည် ရဲရဲတောက်နေသော သူ့မျက်ဝန်းများကိုကြည့်ရင်း ထပ်မေးလိုက်သည်။ သူမကိုယ်သူမ အသုံးမဝင်တာလားဟုတောင် သံသယဝင်လာမိတော့သည်။
ရှဲ့ကျင်သည် သူ့လက်မောင်းများကို ဆန့်ထုတ်လိုက်ရင်း သူမအား ဆွဲယူလိုက်ပြီး ပွေ့ဖက်ထားလိုက်သည်။ သူမ၏ အေးစိမ့်စိမ့်နှာခေါင်းလေးမှာ နွေးထွေးကာ သက်တောင့်သက်သာရှိလှသော သူ့ရင်အုံကြားသို့ ဖိထားခံလိုက်ရသည်။
“ကိုယ်တို့ ပထမဆုံးစတွေ့တဲ့နေ့ကို အိပ်မက်မက်နေတာ။ ကိုယ်က မင်းလက်ရန်းပေါ်ကနေ ဆင်းလာတာကို ကိုင်ပေးနေတာလေ။ မင်းပြောခဲ့တာ.. ကိုယ်ကဘာလို့ အဲ့လောက်တောင် ရဲတင်းရတာလဲတဲ့..။ မင်းကအတော်လေးကို ပိန်တာလေ။ လေကမင်းကို တကယ်ကြီး တိုက်ချသွားရင် ဘယ်လိုလုပ်မလဲ”
အိပ်မက်ဆိုတာကို သတိထားမိလာပြီးသည့်နောက်တွင်တော့ သူ့တွင် စိုးရိမ်ထိတ်လန့်မှုများ ကျန်ခဲ့လေတော့သည်။ လွတ်မြောက်မှုနယ်ပယ် အသေးလေးကနေ ပြန်ပြီး ဖမ်းဆီးခံလိုက်ရသလိုပဲပေါ့။
အိပ်မက်ထဲတွင် သူ့ကိုယ်သူတောင် ပါးပြန်ရိုက်မိချင်လေသည်။ သူမ ဒီလောက် အန္တရာယ်များတဲ့ လက်ရန်းပေါ်တက်သွားတာကို သူဘာလို့ တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေနိုင်ခဲ့ရတာလဲ။
စူးထောင်သည် ဖွဖွလေး ခိုးခိုးခစ်ခစ်ရယ်လိုက်ပြီး
“ဒါအတော်ကြာခဲ့ပြီပဲ။ အခုမှ ကြောက်စိတ်တွေ ပြန်ခံစားနေရတာလား။ ပြောရမယ်ဆိုရင် အဲ့အချိန်တုံးက တို့နှစ်ယောက်လုံးက ဘဝကို အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြတာလေ။ ငါတို့တွေက ကြောက်စိတ်ဆိုတာကို ဘယ်လိုလုပ် သိခဲ့မှာတဲ့လဲ?”
မှန်ပေသည်။ အဲ့အချိန်တုံးက သူတို့နှစ်ယောက်လုံးအတွက် ဘဝမှာ ကြောက်စရာ ဘာမှမရှိခဲ့ပေ။
တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးချင်စိတ် ရှိလာခဲ့ပြီးသည့်နောက်မှာမှ သူတို့တွေ ဘဝအပေါ် အတွေးအမြင်တွေ ပြန်ပြောင်းသွားခဲ့ကြတာလေ?
သူတို့နှစ်ယောက် တီတီတာတာဖြစ်နေချိန်တွင် ရုတ်တရက်ကြီး စူးထောင်၏ ဖုန်းမြည်လာပေတော့သည်။ သူ့လက်မောင်းထဲက လူက ဖုန်းပြောဖို့ သူ့ဆီက ထွက်သွားသဖြင့် ရှဲ့ကျင်တစ်ယောက် သိပ်ပျော်မနေတော့ပါ။ သူမ လက်ထဲက ဖုန်းကိုသာ မလိုတမာစိတ်ဖြင့် ကြည့်လိုက်တော့သည်။
“ကျဲလေး.. ဘာ? ဘယ်တုံးက ရှာတွေ့သွားတာလဲ?.. ဘာလို့ အခုမှ ငါ့ကိုတင်ပြရတာလဲ?.. ကိစ္စတွေ ခြေမကိုင်မိလက်မကိုင်မိ မဖြစ်ခင်မှာ ဖြေရှင်းလို့ရအောင် ငါ့ကိုပြောသင့်တာလေ။ စွန်းရှောင်ကျဲ.. ငါ နင့်ကိုပြောလိုက်မယ်နော်။ အကယ်၍ တုန်မင်ရွှမ်သာ ငါ အဲ့ကိုမရောက်ခင် တစ်ခုခု ထင်ရာစိုင်းလုပ်ထားမယ်ဆိုရင် နင့်ရဲ့အဆုံးသတ်ကို စောင့်မျှော်နေလို့ရပြီ”
မက်မွန်သီးလေး ဒီလောက်ထိ စိတ်ဆိုးနေတာကို တွေ့ရတာ ရှားသောကြောင့် ရှဲ့ကျင်တစ်ယောက် သူ၏မကျေမချမ်းအကြည့်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။ သူမရဲ့ စိတ်ခံစားချက် မကောင်းတာက သူ့ကိုပါ လာထိခိုက်မှာ စိုးတာမို့လေ။ ဒီလိုနှင့် သူသိမ်သိမ်မွေ့မွေ့သာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
နေရာမှထကာ ပစ္စည်းများကို ထည့်နေရင်း စူးထောင်တစ်ယောက် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“တုန်မင်ရွှမ်ဆီမှာ ငါ မသိတဲ့ တိတ်တိတ်ပုန်းရည်းစားတစ်ယောက် ရှိနေတယ်။ ဒီနေ့ စွန်းရှောင်ကျဲကို သူပြောခဲ့တာက သူ့ရည်းစားနဲ့ ဆက်ဆံရေးကို လူသိရှင်ကြားလုပ်ချင်လို့တဲ့။ အခုမှ ပေချန်ရုပ်ရှင်နဲ့ တီဗီမြို့မှာ တီဗီဇာတ်လမ်းတွဲ ရိုက်ရမယ့်ဟာကို။ ငါသွားကြည့်မှ ဖြစ်မယ်”
“အိုး”
သူမ၏ စိတ်မချမ်းမြေ့သော အမူအရာကိုကြည့်ပြီး ရှဲ့ကျင်တစ်ယောက် မေးတာကလွဲ ဘာမှသိပ်မပြောရဲတော့ပါ။
“ဒီည ညစာစားဖို့ ပြန်လာဦးမှာလား?”
“ငါကြိုးစားပေးပါ့မယ်”
ရှဲ့ကျင်ကတော့ မပျော်မရွှင်သာ နှုတ်ခမ်းထော်လိုက်ပြီး မပီကလာပီကလာ ပြန်ပြောလိုက်သည်။
“ကြိုးစားပေးမယ်တဲ့လား? မင်းရဲ့လူသားဒိုင်းကာ ဖြစ်ပေးတဲ့အတွက် ငါတို့ညစာအတူတူ စားမယ်လို့ မင်းကတိပေးထားတာ မဟုတ်ဘူးလား?”
သူ၏ နူးညံ့သော ညည်းညူသံလေးကိုကြားတော့ သူ့ခင်ပွန်းလေးရဲ့ နစ်နာသူလို သရုပ်ဆောင်ချက်က ချစ်ဖို့တော့ ကောင်းတယ်လို့ ခံစားသွားရလေသည်။
“ကောင်းပြီလေ။ ငါ ကျိန်းသေပေါက်ကို ပြန်လာခဲ့မယ်”
ရှဲ့ကျင်သည် သူ့မျက်ဝန်းများကို ပင့်လိုက်ကာ၊ နောက်ဆုံးတော့ မျက်လုံးနှင့် နှုတ်ခမ်းများ ကွေးသွားသည်အထိ ပြုံးလိုက်တော့သည်။ ထို့နောက် ပျော်ပျော်ရွှင်ရွှင်ပဲ ခေါင်းငြိမ့်ပြလိုက်လေတော့သည်။
ရှဲ့ကျင်ကတော့ သူမကို စတူဒီယိုအထိ ကားမောင်းပြီး လိုက်ပို့ပေးချင်သော်လည်း၊ သူ့မှာ ကုမ္ပဏီတွင် အရေးတကြီး ကိုင်တွယ်စရာကိစ္စ ရှိတယ်ဆိုတာ စူးထောင်လည်း သိပေသည်။ ထို့ကြောင့် ရှဲ့ကျင်၏ ကားဂိုဒေါင်ထဲက သော့တစ်ချောင်းကိုသာ ကြုံရာကောက်ဆွဲလိုက်ကာ သူ့ကားများထဲက တစ်စီးကို သူမကိုယ်တိုင် မောင်းသွားလေတော့သည်။
သူမ စိတ်ပူပန်နေတာကြောင့် ကားရဲ့ အခြေအနေကို အပေါ်ယံသာ ကြည့်မိခဲ့ပေသည်။ ဒီလိုနှင့် ကားဂတ်စ်ကုန်သွားမှသာ သူမဒီအကြောင်းကို သတိထားမိလေတော့သည်။
သို့သော်လည်း ရှေ့မှာ ဘာရပ်ကွက်မှမရှိ၊ နောက်မှာလည်း ဘာဆိုင်မှမရှိသော ရပ်ကွက်များသို့ သူမမောင်းထွက်လာပြီးလေပြီ။ သူမမြင်ရသလောက်ကတော့ ဆီဆိုင်မရှိနေပေ။ ထို့အပြင် သူမတက္ကစီတောင် ခေါ်လို့မရနိုင်နေချေ။
ကားခကို အကြိမ်ကြိမ်ထည့်ပြီးသည့်နောက်မှာတော့ အတူတူမျှစီးခြင်း app မှ ဒရိုက်ဘာတစ်ယောက်၏ အော်ဒါလက်ခံခြင်းကို ရရှိခဲ့ပေသည်။ သို့သော်လည်း အဲ့ကားက နောက်ထပ်မိနစ်၄၀လောက် ကြာဦးမှာဖြစ်သည်။
စူးထောင်တစ်ယောက် လမ်းဘေးတွင် စိုးရိမ်ကြောင့်ကြနေတုံးမှာပဲ ရုတ်တရက်ဆိုသလို SUV တစ်စီး သူမရှေ့တွင် လာရပ်ပေသည်။ ဒရိုက်ဘာထိုင်ခုံကလူကိုတော့ သူမရင်းနှီးနေသလိုပင်။
အထက်တန်းကျောင်းတုံးက သူမနှင့် နာမည်ထွက်ခဲ့တဲ့ ရည်းစား.. ကျုံးစီဝေပဲ။
စူးထောင်တစ်ယောက် ဒီလိုအရေးတကြီး အကူအညီလိုနေတဲ့အချိန်မှ ကျုံးစီဝေနဲ့ ပက်ပင်းတွေ့ရတယ်လို့လေ။ ဒီလိုနှင့် သူမအခက်အခဲကို ကူညီဖြေရှင်းပေးသည့်အတွက် သူမလည်း သူ့ကိုသေချာလေး ကျေးဇူးတင်ချင်မိပေသည်။
သို့သော်လည်း ထိုအချိန်တွင် ရုတ်တရက်ကြီး PR ဌာနမှ ပါပါရာဇီဓာတ်ပုံများကို ရရှိလာသည်။ တုံမင်ရွှမ်းတစ်ယောက် သူ့ရည်းစားနှင့် ဟိုတယ်ကို ပြန်သွားနေသည့်ပုံများက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေလေပြီ။
ကျုံးစီဝေသည် ကားမောင်းရင်း စူးထောင်ကို ခိုးကြည့်လိုက်သည်။
“ငါ့ကုမ္ပဏီက ဒီနားက ရပ်ကွက်မှာ အလုပ်ကိစ္စလေးတစ်ချို့ရှိလို့။ ငါ မင်းနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားမိဘူး။ နောက်ဆုံးတစ်ခေါက်တုံးက...”
ရှဲ့ကျင်၏ ဖုန်းမှ ဝင်လာခဲ့သည်။ သူမကလည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။ အရင်ဆုံး မှတ်ချက်တွေကို ထိန်းချုပ်ကြတာပေါ့။ နာမည်ကြီးရှာဖွေမှုတွေကိုပဲ သေချာအာရုံစိုက်ထား။ ထိပ်တန်း၅၀ထဲ ဝင်မသွားစေနဲ့။ ငါ တုံမင်ရွှမ်းကို သွားတွေ့နေတာ”
ဖုန်းချပြီးသည့်နောက် စူးထောင်မှ ကျုံးစီဝေကို ပြန်မေးလိုက်သည်။
“ဆောရီးနော်.. စောနတုံးက နင်ဘာပြောလိုက်တာလဲ?”
ကျုံးစီဝေလည်း ပြန်ပြောလိုက်သည်။
“အိုး.. နောက်ဆုံးတစ်ခေါက် ဆုံကြတုံးက အကြောင်းကို ပြောနေတာပါ ငါ့ကောင်မလေးရဲ့...”
စူးထောင်ဖုန်းမှ ထပ်မြည်လာပြန်သည်။ သူမသည် ကျုံးစီဝေအား တောင်းပန်သောအကြည့်လေးဖြင့် ကြည့်လိုက်ပြီး ဖုန်းကို ပြန်ဖြေလိုက်သည်။
“အဲ့မိန်းကလေးအကြောင်း တစ်ခုခုရှာတွေ့လား? အိုခေ.. ငါ့ကို အချက်အလက်တွေ ပို့လိုက်”
စူးထောင်မှ ထပ်ပြီးတောင်းပန်လိုက်သည်။
“ငါတောင်းပန်ပါတယ်။ ငါ့မှာအခု အရေးပေါ်ကိစ္စလေးတွေ ရှိနေလို့ပါ။ နင်ပြောနေတာက နောက်ဆုံးတစ်ခေါက် တွေ့တုံးကလား?”
ကျုံးစီဝေမှ ပြောလိုက်သည်။
“ငါ့ကောင်မလေးက မသင့်တော်တာ တစ်ခုခုကို လုပ်မိလိုက်တာဆိုတော့.. ငါကပဲ သူမကိုယ်စား ရှင်းပြပေးချင်တယ်”
စူးထောင်သည် တုံမင်ရွှမ်းရည်းစား၏ အချက်အလက်များကို ရလိုက်သည်။ သူမကတော့ တုံမင်ရွှမ်း၏ အတန်းဖော်ဟောင်းဖြစ်သူ ပြဇာတ်မင်းသမီးတစ်ယောက်ပေ။
အချက်အလက်တွေကို ခဏလောက် ကြည့်ပြီးသည့်နောက် စူးထောင်လည်း နောက်ဆုံးကျမှ ကျုံးစီဝေတစ်ယောက် စကားပြောနေသေးတယ်ဆိုတာကို သတိထားမိလိုက်သည်။ သူမ အတော်ကို ရိုင်းစိုင်းမိနေတာပဲ။
“ငါတကယ်ကို တောင်းပန်ပါတယ်.. ငါ...”
“ရပါတယ်။ မင်းက အရမ်းအလုပ်များနေတာပဲ။ မင်းအားလုံးပြီးသွားရင် ငါတို့တစ်ခုခု သွားစားလို့ရတာပဲလေ”
ကျုံးစီဝမ်က အတော်လေးတော့ နားလည်မှုရှိလှသည်။ စူးထောင်ကို အနေရခက်အောင် မလုပ်ပေ။
စူးထောင်ကတော့ သူနှင့်သိပ်ပြီး မဆက်သွယ်ချင်လှဘူး။ သို့သော်လည်း အခုကတော့ သူမမှာ ရွေးချယ်စရာရှိမနေဘူးလေ။
“ငါကပဲ နင့်ကို ထမင်းလိုက်ကျွေးသင့်တာပါ။ ငါ့ကို ဒီအထိ မောင်းပို့ပေးလို့ ကျေးဇူးတင်ပါတယ်နော်။ နောက်တစ်ရက်ဆိုရင်ရော ဘယ်လိုလဲ...”
“ဒီနေ့ပဲ လုပ်ကြတာပေါ့။ ငါ ဒီနေ့ အလုပ်ကိစ္စတွေ အကုန်ပြီးသွားပြီဆိုတော့ အားနေတယ်။ ပြီးရင် ငါမင်းကို ပြန်လိုက်ပို့ပေးမယ်လေ”
သူ့ဘက်က ပြီးပြည့်စုံသည့် အကြောင်းပြချက်ကို ပေးထားပြီဆိုမှတော့ စူးထောင်မှာ ငြင်းစရာဆင်ခြေမရှိတော့ချေ။ ဒီလိုနှင့် သူမ သဘောတူတယ်ဆိုပြီးသာ ခေါင်းငြိမ့်ပြလိုက်ရတော့သည်။
ရိုက်ကူးရေးနေရာကိုရောက်တော့ တုံမင်ရွှမ်း၏ လက်ထောက်က စူးထောင်ကို အဝတ်လဲခန်းထဲသို့ ခေါ်သွားလေသည်။
တုံမင်ရွှမ်းသည် ဒုတိယမင်းသားသာ ဖြစ်သော်လည်း၊ ထုတ်လုပ်သူကတော့ စူးထောင်၏ ဘော့စ် ရှဲ့ကျင်ကြောင့် သူ့ကို ပစားပေးပေသည်။ ဒီလိုနှင့် တုံမင်ရွှမ်း၏ ဇာတ်ကွက်များမှာ အတော်လေးကို တိုးသွားပြီး၊ ဒုတိယမင်းသားက မင်းသမီးကိုရမည့် အရိပ်အမြွက်များကိုပါ ပေးနေတော့သည်။
တုံမင်ရွှမ်းကတော့ ရိုက်ကူးရေးအဖွဲ့ထဲကိုရောက်တာ ၃ရက်သာ ရှိသေးပေသည်။ သူစာချုပ်ကို လက်မှတ်ထိုးတုံးက သူ့မှာရည်းစားရှိမရှိကို ရှင်းရှင်းလင်းလင်း လုပ်ထားပြီးသားပင်။
ထုတ်လုပ်ရေးအဖွဲ့သည် လူထုရှေ့မှောက်တွင် ပေါ်ပေါ်ထင်ထင် ရှိလိုတာကြောင့် ဘယ်ဇာတ်ကောင်ကို ပရိသတ်တွေ ပိုကြိုက်မလဲဆိုတာကို သိလိုပြီး၊ သူနှင့် မင်းသမီးကြားက ရိုမန့်စ်ကိုပါ ကြေငြာချင်လေသည်။
တုံမင်ရွှမ်းသာ သူ့သမီးရည်းစားဆက်ဆံရေးကို တရားဝင်ဖွင့်ချလိုက်ပါက စာချုပ်စာတမ်းကို ဖောက်ဖျက်သလိုပါ ဖြစ်ပေလိမ့်မည်။ သူ့စာချုပ်ကို ချိုးဖောက်ရုံတင်မကဘဲ၊ သူ့အတွက် သူမ၏ အစီအစဉ်များကို ပြန်ဖယ်ပေးဖို့ စူးထောင်ကိုပါ တွန်းအားပေးပေလိမ့်မည်။
စူးထောင်တစ်ယောက် အဝတ်လဲခန်းအပြင်ကို ရောက်သည်နှင့် စွန်းရှောင်ကျဲ၏ အသံစူးစူးတစ်ခု တံခါးပေါက်အဟလေးကနေ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
“နင်ဘယ်လိုတောင် ပေါ့တီးပေါ့ဆနိုင်ရတာလဲ? နင့်ကိုယ်နင် ဖျက်ဆီးရုံတင်မကဘူး အခု ငါ့ကိုပါ ဖျက်ဆီးပစ်ချင်နေတာလား? စူးထောင်ပြောတာက ငါ နင့်ကို မတားနိုင်ရင် သူ ငါ့ကို အလုပ်ဖြုတ်မှာတဲ့”
စူးထောင်လည်း ခဏရပ်လိုက်ပြီး သူမ၏ လက်ထောက်ကို တိုးတိုးနေဖို့ အချက်ပြလိုက်ရင်း တံခါးနားမှာ နားထောင်နေလိုက်သည်။
တုံမင်ရွှမ်းကတော့ စူးရှောင်ကျဲ၏ အရှိန်အဝါကြောင့် သိသိသာသာကို တုန်လှုပ်နေပြီး ရေရွတ်ရုံသာ ပြောနိုင်တော့သည်။
“အစ်မထောင်က အဲ့လိုလုပ်မှာမဟုတ်ပါဘူး...”
“စူးထောင်က ဘယ်လိုလူစားမျိုးလဲဆိုတာ နင်အခုထိ နားမလည်သေးဘူးလား? သူ့ကိုကြည့်ရတာ အတော်လေး လေးစားစရာကောင်းပေမယ့်၊ နင့်အရိုးတွေကို ရိုက်ချိုးပြီး မြေမြှုပစ်မယ့် တစ်ဇောက်ကန်းဗီလိန်တစ်ကောင်ပဲ။ ငါက သူ့ကို ကျော်ပြီးလုပ်နိုင်မယ်တဲ့လား? လျူဝမ်ထောင်လို အဆင့်နဲ့လူမျိုးကိုတောင်မှ သူဆီက တွန်းအားပေးခံလိုက်ရတာပဲလေ။ သူ မလုပ်ဘူးလို့ နင်ထင်နေတာလား?”
တုံမင်ရွှမ်း၏ အသံကတော့ ကူရာမဲ့နေမှုများ၊ စိတ်ရှုပ်ထွေးနေမှုများဖြင့် ပြည့်နှက်နေပေသည်။ သူ့ကြည့်ရတာ စိတ်လွတ်တော့မည့်အတိုင်းပင်။
“ဒါဆိုရင် ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်တာလဲ? ကျွန်တော် ချင်ချင်ကို ထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး။ ကျွန်တော် လူထုကိုဖွင့်ချမှာ။ ဒါကအလုပ်မဖြစ်ဘူးဆိုရင်.. ကျွန်တော် ဒီနယ်ပယ်ထဲကနေ ထွက်လိုက်မယ်”
“နင်ရူးနေလား…”
စူးထောင်သည် ရုတ်တရက်ဆိုသလို တံခါးကို တွန်းဖွင့်လိုက်ပြီး စွန်းရှောင်ကျဲ၏ အသံစူးစူးကို ကြားဖြတ်လိုက်တော့သည်။