← Chapters

အချစ်ကောင်းကင်ဘုံတောင်ရိုး

Vol. 114 Ch. 1585

အချစ်ကောင်းကင်ဘုံတောင်ရိုး

Vol. 114 Ch. 1585

ထိုပစ္စည်းများရသည့်အချိန် ထိပ်တန်းတောင်ကြား၏ တုံ့ပြန်မှုကိုတော့ ရှီမာယူယူမသိပေ။ အကြောင်းမှာ သူမနှင့် ရှီမာလျူရွှမ်သည် အဝေးသို့ရောက် နေပြီဖြစ်သည်။

သို့သော် သူတို့သည် ပျောက်ဆုံးနေသည့်နေရာကို တိုက်ရိုက်သွားခြင်း မဟုတ်ဘဲ တောင်ကို ပတ်လျှောက်လေသည်။

“အဖေ အဖေပေးတဲ့မြေပုံက ဒီမှာရှိတယ်ဆိုတာ သေချာလား” ရှီမာယူယူနှင့် တခြားသူများသည် အကြိမ်ပေါင်းများစွာ ပတ်နေသော်လည်း ရှီမာလျူရွှမ် ညွှန်ပြသည့်နေရာကို ရှာမတွေ့ပေ။

ထွက်သွားပြီးနောက်တွင် သူတို့သည် အချစ်ကောင်းကင်ဘုံတောင်ရိုးသို့ သွားမည်ဟု သိသည်နှင့် ရှီမာလျူရွှမ် ပြောလိုက်ခြင်းဖြစ်သည်။ အားလုံးသည် ထိုနေရာတွင်တစ်ထောက်နားကာ ရတနာတွေ့လိုတွေ့ငြား အရင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အချစ်ကောင်းကင်တောင်ရိုးသည် အရင်တစ်ခေါက်က ရှီမာယူယူနှင့် ဝူလင်းယူတို့ ထင်ကြေးပေးခဲ့သည့် အချစ်ကောင်းကင်တောင်ရိုးမဟုတ်ပေ။ ထိုတောင်ရိုးသည် တိုင်းပြည်၏ နေရာတိုင်းတွင် တွေ့နိုင်သော မထင်မရှား တောင်တန်းတစ်ခုသာဖြစ်သည်။ အကြိမ်အနည်းငယ် ပတ်ပြီးနောက်တွင် သူ မှားမှတ်မိသလားဟု အားလုံး သံသယဝင်လာကြသည်။

“မင်းက အိုသွားလို့ မျက်စိမှုန်ပြီး မှားများမှတ်မိသလား” ဖန်ကျိရှင်းသည် ရှီမာလျူရွှမ်အား စိတ်အားထက်သန်စွာဖြင့် ရိုက်လိုက်သည်။

“မမှားနိုင်ဘူး ငါ မင်းအမေနဲ့ ခရီးထွက်တုန်းက ရှေးဟောင်းသင်္ချိုင်းဂူကို မတော်တဆတွေ့ခဲ့တယ် အဲတုန်းကတောင်နှစ်လုံးက ချစ်သူစုံတွဲနဲ့တူတယ်လို့ တောင် ပြောလိုက်သေးတယ်” ရှီမာလျူရွှမ်သည် အဝေးရှ တောင်နှစ်လုံးကို ညွှန်ပြလေသည်။

ထိုနေရာသည် ရင်းနှီးနေသဖြင့် မှန်နိုင်သည်။ ဒီလောက်အကြာကြီး ရှာ ပြီးတာတောင် ဘာလို့ရှာမတွေ့ရတာလဲ။

ရှီမာယူယူသည် တောင်နှစ်လုံးအပြင် ဘေးပတ်ပတ်လည်ကိုပါ စစ်ဆေး ကြည့်လိုက်သည်။ ဝိညာဉ်သခင်များ၏ မှတ်ဉာဏ်မှာ အကောင်းဆုံးဖြစ်သည်။ သူတို့ အမှတ်မှားသည်မှာ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဤနေရာတွင် တစ်ခုခု ထူးခြားနေပြီဖြစ်သည်။

“အဖေ အဖေရှာတွေ့ခဲ့တဲ့နေရာက ဘယ်မှာလဲ”

ရှီမာလျူရွှမ်သည် သေချာစဉ်းစားကြည့်ပြီး တောင်နှစ်လုံးဘက်သို့ ညွှန်ပြ လေသည် “အဲဘက်ဖြစ်မယ်”

“တောင်မှာ ထင်ယောင်ထင်မှားဝင်္ကပါတွေများရှိတာဖြစ်နေမလား” ဟန့်မြောင်ရွှမ်ခန့်မှန်းလေသည်။

သို့သော် ရှီမာယူယူ ခေါင်းခါလိုက်သည် “ဒီမှာ တည်ဆောက်မှု အရိပ် အယောင်မရှိဘူး ထင်ယောင်ထင်မှားဝင်္ကပါက ဘယ်လောက်ပဲ ကြီးပြီး တောင် တန်းတစ်ခုလုံးကို ဖုံးအုပ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး တည်ဆောက်မှု အတက် အကျကိုလည်း ရှာလို့မရဘူး”

“ဒါဆို တောင်ကဘယ်ရောက်သွားတာလဲ”

အားလုံးသည် အကြောင်းအရင်းကို မသိကြပေ။ ထင်ယောင်ထင်မှား ဝင်္ကပါမရှိကာ နေရာမှာလည်းမှန်နေသည်… တောင်ပြိုသွားသည့် ခြေရာလက် ရာလည်းမရှိပေ… တောင်ကြီးက ဘယ်ရောက်သွားတာလဲ။

ရှီမာယူယူသည်လည်း ပထမဆုံးအကြိမ်အနေနှင့် ဤသို့အခြေအနေကို ကြုံဖူးခြင်းဖြစ်သည်။ သူမသည်လည်း ခဏတော့ ခန့်မှန်း၍မရပေ။

“အခုတော့ နောက်ကျနေပြီ နားဖို့အရင်ရှာရအောင် မနက်ဖြန်မှ ဆက်ရှာ ကြတာပေါ့”

တောင်များကို ရက်များစွာ ပတ်ပြီးနောက်တွင် အားလုံးသည် ပင်ပန်းနေ ပြီဖြစ်သည်။

“ရှေ့မှာ ဂူရှိတဲ့နေရာကိုသိတယ် အဲဒီမှာနားဖို့သွားရအောင်” ရှီမာလျူရွှမ် သည် ပြောပြီးနောက် သူတို့ကို တောင်နှစ်လုံးရှိရာသို့ ဦးဆောင်သွားလေသည်။

သူတို့သည် ဂူကိုရှင်းလင်းပြီး မီးမွှေးလိုက်ကြသည်။ ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကို အသားကင်ခိုင်းပြီး ကူညီရန်သွားလိုက်သည်။

ကျန်းကျူးရှန့်သည် ဂူထဲတွင် နေရာတစ်ခုကိုရှာပြီး အိပ်လေသည်။ ရှီမာယူယူ သူ့ကိုကုသပေးသည့် အချိန်မှစပြီး သူအိပ်ချိန်နည်းလာသည်။ သူသည် အချစ်ကောင်းကင်တောင်ရိုးသို့ ရောက်ပြီးကတည်းက ရက်ပေါင်း များစွာ မအိပ်ရသေးပေ။ သူသည် စိတ်လျော့ချလိုက်သည်နှင့် ချက်ချင်းပင် အိပ်မောကျသွားလေသည်။ သူသည် နောက်ရက်အထိမနိုးပေ။

ရှီမာယူယူသည် အသားကင်ပြင်ဆင်ရုံတင်မကဘဲ ဟော့ပေါ့ပါ ထည့်ချက် လိုက်သည်။ ရှီမာရှုံချီ၊ ဟွမ်ရင်ရင်၊ ရှီမာလျူရွှမ်၊ ဖန်ကျိရှင်း၊ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ဝင်စားကြကာ နောက်ကျသည်အထိ သောက်ကြလေ သည်။

ကျန်းကျူးရှန့်အတွက် စားသောက်ရသည်ထက် အိပ်ခြင်းက ပိုအရေးကြီး သည်။ သူတို့သည် သူ့ကိုမနှိုးတော့ပေ။

ဗိုက်ပြည့်အောင်စားပြီးနောက်တွင် အားလုံးသည် အိပ်ရာပြင်ဆင်ကာ အနားယူကြလေသည်။ ရှီမာယူယူ အားလုံးရှင်းလင်းပြီးချိန် ဂူအဝတွင် ရှီမာလျူရွှမ် တစ်ယောက်တည်းရှိနေသည်ကိုမြင်လိုက်ရသည်။ လရောင်မှာ သူ့ အပေါ်ကျရောက်နေပြီး သူ၏ခံစားချက်များမှာထင်ပေါ်နေသည်။

“အဖေ အမေ့ကိုတွေးနေတာလား” သူမ လျှောက်သွားပြီး ဘေးတွင်ရပ် ကာ သူ လကိုကြည့်သည့်ပုံစံအတိုင်း လိုက်ကြည့်လိုက်သည်။

“အင်း” သူသည် ဘေးဘက်သို့ အကြည့်လွှဲလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးကိုကြည့်လျှင် သူ၏မှတ်ဉာဏ်ထဲမှ လူတစ်ယောက်ကို မြင်လိုက်ရ သလိုပင်။ “သမီးအမေနဲ့ ဒီကိုခဏလာဖူးတယ် အခုနေရာဟောင်းကို ပြန်လာရ ပြီ သူမ ဘယ်တွေရောက်ပြီး ခံစားနေရလဲမသိဘူး”

“အဖေ အမေ… သူမက… အန္တရာယ်မရှိပါဘူး” ရှီမာယူယူသည် မိခင်ဖြစ် သူ၏ တည်နေရာကိုသိသည်ဟု ပြောချင်သည်။ သို့သော် ထိုအရာကို သူ ကြားရန် ခံနိုင်ရည်ရှိပါ့မလားဆိုသည်ကို သူမ မသိပေ။

“သမီးသိတာလား သူမဘယ်မှာရှိလဲဆိုတာ သမီးသိလား” ရှီမာလျူရွှမ် သည် ပါးနပ်သည်။ သူမ၏ စကားအဓိပ္ပာယ်ကို ချက်ချင်းပင် ခန့်မှန်းနိုင်သည်။

“သမီး ထာဝရရှင်သန်သူနယ်မြေမှာတုန်းက ဝမ်းကွဲအစ်ကိုဒိကျဲကိုတွေ့ ခဲ့တယ်” ရှီမာယူယူသည် ခဏတာတော့ တွေဝေသွားသည်။

“သမီးက တစ္ဆေမျိုးနွယ်ကိုတွေ့ခဲ့တယ်ဟုတ်လား” ရှီမာလျူရွှမ် အံ့ဩ သွားသည် “အမှန်ပဲ ထာဝရရှင်သန်သူနယ်မြေက လူသား နတ်ဆိုးနဲ့ တစ္ဆေ လောကကလူတိုင်းသွားနိုင်တဲ့ နေရာပဲ သူပေါ်လာတာတော့ မထူးဆန်းတော့ ပါဘူး သမီးအမေဘယ်မှာရှိလဲဆိုတာ သူပြောတာလား”

“ဟုတ်တယ် အမေက အသူရာငရဲရဲ့တစ်နေရာမှာ ဖိနှိပ်ခံထားရတယ်လို့ သူပြောတယ် သူက တစ္ဆေအလံတစ်ရာနဲ့ ဝိညာဉ်တွေကိုစုချင်တာ နောက်တော့ သူလည်း ဝိညာဉ်တွေအားလုံးကိုဝါးမျိုတဲ့အမည်းလေးနဲ့တွေ့သွားတယ် အဲလိုနဲ့ မအောင်မြင်ဘဲ ပြန်သွားရတာပဲ” ရှီမာယူယူသည် ထာဝရရှင်သန်သူနယ်မြေက အကြောင်းကို အကျဉ်းချုပ်ပြောပြလိုက်သည် “ဝမ်းကွဲအစ်ကိုစုံစမ်းနိုင်တယ် ဆိုမှတော့ အမှန်ပဲဖြစ်လောက်တယ်”

“အသူရာငရဲ….” ရှီမာလျူရွှမ် ရေရွတ်လိုက်သည်။ သူသာ ကျမ်းကျိန် ထားသည်ကို ချိုးဖျက်လိုက်ပါက ခဲ့လော့ကို ထိုနေရာတွင် ရှာနိုင်မည်လား။

“အဖေ ရူးမိုက်တာတွေ မလုပ်ပါနဲ့” ရှီမာယူယူသည် သူ့မျက်နှာကိုကြည့် ပြီး သူ့အတွေးကိုမှန်းနိုင်သဖြင့် လက်မောင်းကိုဆုပ်ကိုင်လိုက်သည် “အဖေ သစ္စာဆိုထားတာကို ဖျက်ပြီးအသူရာငရကိုသွားလိုက်ရင် အမေ့ကိုကယ်နိုင်တဲ့ အချိန်ကျ အဖေထွက်နိုင်တော့မှာမဟုတ်ဘူး၊ အမေနဲ့ သမီးကို အသူရာငရဲမှာပဲ အဖေ့ကို အဖော်ပြုစေချင်တာလား”

ရှီမာလျူရွှမ်သည် ရှီမာယူယူ အပြင်းအထန် ကန့်ကွက်မည်ဟု ထင်မထား ပေ။ “အဖေ ဒီအတိုင်းစဉ်းစားကြည့်တာပါ သမီးတို့နှစ်ယောက်ကို အဲဒီမှာ အဖေ နဲ့နေခိုင်းလို့ဘယ်ဖြစ်မလဲ မစိုးရိမ်နဲ့ အဖေ အဲလိုမလုပ်ဘူး”

သူလုပ်ချင်သော်လည်း လုပ်ချင်သော်လည်း….

ရှီမာယူယူသည် သူ့ကိုလွှတ်ပြီးနောက် ဆက်ဖြောင်းဖြလေသည် “အဖေ အမေရှိတဲ့နေရာနဲ့ သူမအချုပ်ခံနေရတဲ့ နေရာအတိအကျကို စုံစမ်းဖို့ ဝမ်းကွဲ အစ်ကိုကို ပြောထးတယ်၊ သမီးမှာ အားအလုံအလောက်ရှိရင် တစ္ဆေလောကကို သွားပြိး အမေ့ကိုကယ်မယ်၊ စိတ်မပူပါနဲ့ သမီးအမေ့ကို သေချာပေါက် ကယ်မှာ ပါ၊ အဖေရူးမိုက်တာ တစ်ခုခုလုပ်လိုက်ရင် သမီးက အဖေ့ကိုပြန်ကယ်ရမှာလား”

သူ၏ စွမ်းရည်ကို လျစ်လျူရှုမှုအတွက် ရှီမာလျူရွှမ်သည် သမီးဖြစ်သူကို စိတ်မဆိုးဘဲ ခေါင်းညိတ်လေသည် “အဖေ သမီးစကားကို နားထောင်ပါမယ် ဒါပေမဲ့ သမီးတစ္ဆေလောကကို သွားရင် အဖေ့ကိုပါ ခေါ်သွားရမယ် အဲဒါမှ အဖေ တို့ပြန်တွေ့နိုင်မှာ”

ရှီမာယူယူသည် ပြုံးပြီး ခေါင်းညိတ်လိုက်သည် “ဟုတ်ကဲ့ပါ”

ထိုအချိန်ရောက်လျှင် သူမသည် သူ့ကို ဝိညာဉ်စေတီအတွင်းထည့်ထား ပြီး လိုအပ်မှပြန်ထွက်လာခိုင်းရမည်။

ရှီမာလျူရျွမ်သည် ခေတ္တမျှစဉ်းစားပြီးနောက် မေးလိုက်သည် “တစ္ဆေ လောကကို ဘယ်လိုသွားရမလဲဆိုတာသိလား”

“အဲဒီကိုသွားလို့ရမယ့်လမ်းကို သူတို့ပြောပြတယ် ဒါပေမဲ့ အဖေ့ကို မပြော ပြဘူး” ရှီမာယူဘူသည် သူ့အတွေးကိုသိသဖြင့် နည်းလမ်းကိုမပြောပြပေ။

“ဒိကျဲက ပြောပြတာလား” သူသည် ဒိကျဲအကြောင်းကို ယွိခဲ့လော့ပြော သည်ကို ကြားဖူးသဖြင့် တစ္ဆေလောကအတွင်း၌ သူ၏ရာထူးကိုသိထားသည်။

“မဟုတ်ဘူး အမေ့ရဲ့သူငယ်ချင်းပါ” ရှီမာယူယူသည် ဆရာတပည့် ဖြစ်သလို သူငယ်ချင်းကောင်းမဟုတ် ဆိုးရွားသည့်သူငယ်ချင်းမကျသည့် မိုယွိ ကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူသည် သူမကို ကျင့်စဉ်သိုင်းများစွာကို သင်ကြားပေးခဲ့သည်။ အခုစဉ်းစားကြည့်ရာ အချိန်များစွာကုန်သွားပြီဖြစ်သည်။ သူမ တစ္ဆေလောကသို့သွားလျှင် သူနှင့်တွေ့နိုင်မလား မသိပေ။

သူမ တစ္ဆေလောကသို့ အခုမသွားလျှင် နောက်တစ်ချိန်သွားရမည်ကို သိ ထားသည်။ သို့သော် သူမသွားမည့် နည်းလမ်းမှာ မြန်မြန်ပင်ရောက်သွားလိမ့် မည်ဟု ထင်မထားမိပေ။

***

All Chapters