← Chapters

ကောင်းကင်လှံတံက မငြိမ်တော့ဘူး

Vol. 114 Ch. 1586

ကောင်းကင်လှံတံက မငြိမ်တော့ဘူး

Vol. 114 Ch. 1586

ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် ဂူထဲတွင် တစ်ညလုံး စကားပြောကြ လေသည်။ အချိန်အများစုမှာ ရှီမာလျူရွှမ်က ပြောပြီး သူမက နားထောင်သူ ဖြစ်သည်။

ရှီမာလျူရွှမ် ပြန်ရောက်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ် သော်လည်း ယွိခဲ့လော့အကြောင်းကို ယခုလိုပြောပြသည်မှာ အလွန်ရှားပါး သည်။ ယခုညသည် အရင်ကနှင့် တူနေခြင်းကြောင့်သာမဟုတ်လျှင် ခံစားချက် ပြင်းပြစေမည်မဟုတ်ဘဲ သူမကို ယခုလိုအကြောင်းအရာများပြောမိမည် မဟုတ်ပေ။

နောက်တစ်နေ့တွင် ရှီမာယူယူသည် ရှီမာလျူရွှမ် ပြောသည့် တောင်ကို ရှာရန် နီရဲပျားများကိုလွှတ်လိုက်လေသည်။ သူတို့ကတော့ ဂူထဲတွင်နေကာ ရလဒ်ကိုစောင့်ကြလေသည်။

မည်သည့်နေရာတွင်မှရှာမရပါက သွားလိုက်လျှင်လည်း အားကုန်သည် သာရှိမည်။

သို့သော် သတင်းထောက်လှမ်းရာတွင် အမြဲတစေတော်သော သူမ၏ နီရဲပျားများပင် သည်တစ်ကြိမ်တွင် အသုံးဝင်မှုကို မပြသနိုင်ပေ။ သူတို့သည် နှစ်ရက်ကြာပြီးသည့်တိုင်အောင် အသုံးဝင်သည့် သတင်းတစ်ခုမှမရပေ။

ရှီမာယူယူသည် ရှီမာလျူရွှမ်အား တခြားရင်းနှီးသော နေရာများကိုပါ မေးလိုက်သည်။ ရှေးဟောင်းသင်္ချိုင်းဂူမဟုတ်သရွေ့ ထိုနေရာများကိုတော့ တစ် ခုချင်းစီတွေ့ရလေသည်။

“အဲနေရာမှာ ပြဿနာရှိတဲ့ပုံပဲ” ရှီမာယူယူသည် ကြမ်းပေါ်မှ အရာများ ကိုသုတ်လိုက်သည်။

“ယူယူ ကောင်းကင်လှံက လှုပ်ရှားနေပြီ ကြာကြာဖိနှိပ်လို့မရလောက် တော့ဘူး” လင်းလုံသည် ဝိညာဉ်စေတီအတွင်းမှ အော်လေသည်။

ရှီမာယူယူ၏ အသိစိတ်သည် အထဲသို့သွားလိုက်ရာ ကောင်းကင်လှံတံ သည် အိမ်များဆီသို့ ထိုးဝင်ကာ ယောက်ယက်ခတ်အောင် ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်နေတာလဲ မင်းက သိုလှောင်အိမ်တွေကို ဖျက်ဆီးချင်နေတာ လား” သူမသည် အလန့်တကြားအော်လိုက်သည်။ သူမသည် ကောင်းကင် လှံတံ ထိုမျှ မငြိမ်မသက်ဖြစ်သည်ကို မမြင်ဖူးပေ။

ပြီးခဲ့သည့်တစ်ခေါက် ထိုအရာ လှုပ်ရှားခဲ့သည်မှာ ကောင်းကင်ဂိုဏ်းတွင် သူမ စာမေးပွဲဖြေစဉ်ကဖြစ်သည်။ ထိုစဉ်က သူ့ဘာသာသူ ကောင်းကင် အဆောင်သို့ ပျံသွားခဲ့သော်လည်း ယခုလောက် တုံ့ပြန်မှုမကြီးပေ။

ရှီမာယူယူ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားရာ ကောင်းကင် လှံတံကိုဆုပ်ကိုင်ပြီး ထုတ်ယူလိုက်သည်။

ကောင်းကင်လှံတံ ဝိညာဉ်စေတီမှထွက်သွားသည်နှင့် ချက်ချင်းပင် သူမ လက်ထဲမှ ပျံထွက်သွားလေသည်။ သူမ ထုတ်လိုက်စဉ်က အတားအဆီးလုပ် ထား၍တော်သေးသည်။ ကောင်းကင်လှံတံသည် ဝေးဝေးမသွားနိုင်ပေ။

“ယူယူ အဲဒါကဘာလဲ” ကောင်းကင်လှံတံကို မည်သူမှ အရင်ကမမြင်ဖူး သဖြင့် ရှီမာယူယူ ဘာကြောင့် ထုတ်လိုက်သည်ကို မသိကြပေ။

ရှီမာယူယူသည် အတားအဆီးအတွင်းတွင် ယောက်ယက်ခတ်အောင် လှုပ်ခတ်နေသော ကောင်းကင်လှံတံကို မြင်သောအခါ ရယ်မောလိုက်သည် “ရှေးဟောင်း သင်္ချိုင်းဂူက ဘယ်မှာလဲဆိုတာ သိပြီထင်တယ်”

“သိပြီဟုတ်လား ဒီလှံတံကြောင့်လား”

“အင်း ဒါကကောင်းကင်ဘုံရဲ့လှံတံလေ ဧကရာဇ်ချင်းဒေါင် အရင်ကသုံး ခဲ့တဲ့ ဝိညာဉ်လက်နက်ပါ” ရှီမာယူယူ ရှင်းပြလိုက်သည် “ဒါပေမဲ့ ကျွန်မမှာ ဒီထိပ်ပိုင်းပဲရှိတယ် နောက်တစ်ပိုင်းက ပျောက်နေတာ၊ ဒီဝိညာဉ်လက်နက် အပိုင်း နှစ်ပိုင်းကြားမှာ ပဲ့တင်မှုရှိလိမ့်မယ်လို့ ဧကရာဇ်ချင်းဒေါင် အရင်ကပြော ဖူးတယ်”

“အဲတော့ အဲဒီသင်္ချိုင်းဂူက ဧကရာဇ်ချင်းဒေါင်ရဲ့ သင်္ချိုင်းလို့ပြောနေတာ လား”

“သိပ်တော့မသေချာဘူး ဒါပေမဲ့ ကောင်းကင်လှံတံရဲ့ တခြားတစ်ပိုင်းက သင်္ချိုင်းဂူမှာရှိမယ်လို့တော့ ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါကယုံရရဲ့လား” စူးရှောင်ရှောင်မေးလိုက်သည်။

“ဒီလှံတံက ဘယ်လောက်ပဲ ဂယောက်ဂယက်ဖြစ်နေပါစေ အဖေပြောတဲ့ ဘက်ကိုသွားနေတယ်လို့မထင်ဘူးလား”

သူမ ပြောလိုက်သည်နှင့် အားလုံးသည် သဘောပေါက်သွားကြသည်။

“အဲဒါကြောင့် ကောင်းကင်လှံတံရဲ့ နောက်တစ်ပိုင်းက သင်္ချိုင်းဂူမှာရှိမယ် လို့ မှန်းလိုက်တာ” ထိုအချက်နှင့်ဆိုလျှင် ခန့်မှန်းချက်ပင်မဟုတ်တော့ပေ‌။ “ဒါပေမဲ့ ဧကရာဇ်ချင်းဒေါင်ရှိတဲ့နေရာကတော့ မရှင်းဘူး၊ သူသေဆုံးတုန်းက ဒီလှံတံက သူ့ဘေးမှာရှိမနေဘူးထင်တယ်၊ အဲတော့ ဒီသင်္ချိုင်းဂူက ဧကရာဇ် ချင်းဒေါင်ရဲ့ဟာမဟုတ်လောက်ဘူး ဒါပေမဲ့ အဲဒါလည်း သေချာတယ်လို့ပြောလို့ မရပါဘူး၊ သင်္ချိုင်းဂူကိုရှာခဲ့တဲ့လူက သုံးခဲ့တာလည်းဖြစ်နိုင်တာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်လိုက်တာနဲ့ သိမှာပဲ” ရှီမာယူယူသည် ပြော ပြီးသည်နှင့် ပိတ်မိနေသော ကောင်းကင်လှံတံကိုဆုပ်ကိုင်ပြီး ပျံသန်းသွား လိုက်သည်။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် ရှီမာယူယူသည် ကောင်းကင်လှံ တံနှင့် ကြာရှည်စွာသန့်စင်လာသဖြင့် သူမ၏ အံ့ဖွယ်အသိစိတ်သည် ကောင်းကင်လှံတံနှင့် တစ်သားတည်းဖြစ်နေသည်။ သူမသည် အံ့ဖွယ်အာရုံကို သုံးပြီး နှစ်သိမ့်လိုက်သည်နှင့် ကောင်းကင်လှံတံသည် ပို၍ငြိမ်ကျသွားလေ သည်။ သို့သော် ထိုဦးတည်ဘက်သို့ ပျံချင်နေတုန်းပင်ဖြစ်သည်။

“အတူသွားပြီး ကြည့်ကြတာပေါ့” ရှီမာယူယူသည် ဟန့်မြောင်ရွှမ်အား ကျန်းကျူးရှန့်ကိုနိုးခိုင်းလိုက်ပြီး သူမကိုယ်သူမ ကောင်းကင်လှံတံနှင့် တွဲချည် လိုက်သည်။ ထိုမှသာ သူတို့ကိုအရှေ့မှ လမ်းပြမည့် သံလိုက်အိမ်မြှောင်သဖွယ် ဖြစ်နေမည်။

အစပိုင်းတွင် ထိုလမ်းသည် ရှီမာယူယူတို့ သွားခဲ့ဖူးသည့်လမ်းဖြစ်သည်။ လုံးဝပင် ကွာခြားမှုမရှိပေ။ သို့သော် တောင်တန်းများဆီသို့ရောက်သောအခါ ကောင်းကင်လှံတံသည် မပတ်ဘဲနှင့် တောင်ဆီသို့လျှောက်သွားရန် ကြိုးစား လေသည်။ ရှီမာယူယူသည် သူရှေ့တိုးသည်ကို တားလိုက်သောအခါ ဝမ်းနည်း သွားကာ အားကုန်သုံးပြီး အရှေ့သို့သွားလေသည်။ ရှေ့သို့တိုးမရသည်နှင့် စတင်ယောက်ယက်ခတ်လာသည်။

“ယူယူ ဒီတောင်က တစ်ခုခုများမှားနေတာလား” ကျန်းကျူးရှန့်သည် မျက်လုံးကျဉ်းမြောင်းလိုက်သော်လည်း တောက်ပနေသည်။

“စီနီယာကြီးလည်း မြင်ရတာလား” ရှီမာယူယူသည် ရှေ့တွင်ရှိသော တောင်ကိုကြည့်လိုက်သည်။ ကောင်းကင်လှံတံကြောင့်သာမဟုတ်လျှင် သူမ လုံးဝသတိထားမိမည်မဟုတ်ပေ။

“ခုနက ကောင်းကင်လှံတံ တောင်တွေကိုတွေ့တော့ ရှောင်သွားတာ ရှေ့ ကိုမတိုးလေ ဆိုလိုတာက ဒီတောင်က တခြားတောင်တွေနဲ့မတူဘူးဆိုတာပဲ” ဖန်ကျိရှင်း ပြောလိုက်သည် “ဒါပေမဲ့ ဘာအတက်အကျမှမခံစားမိဘူး ဆိုလိုတာ က ထင်ယောင်ထင်မှားဝင်္ကပါက ဖန်တီးလိုက်တဲ့ ထင်ယောင်ထင်မှားမဟုတ် ဘူးပဲ”

“ဒါတကယ်ပဲ ထင်ယောင်ထင်မှားမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည်  “ဒါပေမဲ့ တကယ့်ထုထည်လည်းမဟုတ်ဘူး”

ပြောပြီးနောက် သူမသည် ကောင်းကင်လှံတံကို ချုပ်မထားတော့ပေ။ ကောင်းကင်လှံတံမှာ လွတ်လပ်သည်နှင့် ချက်ချင်းပင် တောင်ကို ထိုးစိုက်သွား ပြီး ရှီမာယူယူကိုပါ ခေါ်သွားလေသည်။

“ယူယူ”

“ဂျူနီယာညီမလေး”

သူမ မျက်စိရှေ့တွင်‌ ပျောက်သွားသည်ကို အားလုံးမြင်လိုက်ရသောအခါ ရှေ့သို့ တိုးကြလေသည်။

သူတို့သည် အတားအဆီးမရှိဝင်သွားနိုင်လေသည်။

ထင်ထားသလိုမျိုး နာကျင်မှုမရှိဘဲ ထိလိုက်လျှင်လည်း မည်သည့်ခုခံမှုမှ ရှိမနေပေ။ သူတို့သည် တိုက်ရိုက်ပျံသန်းသွားသည့်အတိုင်းပင်။

ရှီမာယူယူသည် လေပေါ်တွင်ရပ်နေပြီး ကောင်းကင်လှံတံသည် မလှုပ် ခတ်တော့ပေ။ ထိုအစား ငြိမ်သက်နေသည်။

“ဒါက… ဟုတ်တယ် ဒီနေရာပဲ သင်္ချိုင်းဂူက ဒီမှာပဲ” ရှီမာလျူရွှမ်သည် ပတ်ပတ်လည်အား စစ်ဆေးပြီးနောက် သူနှင့်ယွိခဲ့လော့တို့ အရင်ကရောက်ဖူး သည့်နေရာဖြစ်နေခြင်းကြောင့် အံ့အားသင့်နေသည်။

“ခုနက ဘယ်လိုဖြစ်သွားတာလဲ ငါတို့ ဘာအတားအဆီး ဘာဝင်္ကပါမှ မတွေ့လိုက်ပါဘူး ဒီတောင်ကဘယ်လိုလုပ် ပေါ်လာတာလဲ” ဟွမ်ရင်ရင် မေး လိုက်သည်။

“ဘာလို့လဲဆိုတော့ ဒါကအစကတည်းက ထင်ယောင်ထင်မှားမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဆရာ ဆရာလည်းဒါကိုသိတယ်မလား”

“ဖြစ်နိုင်တာက… သင်္ချိုင်းဂူရဲ့ ခုခံမှုလား” ဖန်ကျိရှင်းသည် အစတုန်းက တော့ မစဉ်းစားမိပေ။ သို့သော် ရှီမာယူယူ သတိပေးလိုက်သည်နှင့် ထင်ယောင် ထင်မှားတစ်မျိုးကို တွေးမိလိုက်သည်။

“သင်္ချိုင်းဂူ ခုခံမှုဆိုတာဘာလဲ”

“ဧကရာဇ်တစ်ယောက်က သူ့သင်္ချိုင်းဂူကိုကာကွယ်ချင်ရင် နောက်ဆုံး ကျန်တဲ့စွမ်းအားနဲ့ ထင်ယောင်ထင်မှားပတ်ဝန်းကျင်ကို ဖန်တီးခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါကြောင့် ငါတို့လာတုန်းက ပြန်မတွေ့တာလား” ရှီမာလျူရွှမ် မေး လိုက်သည်။

“ဒီဟာတွေက အချိန်တိုင်းစက္ကန့်တိုင်း ရှိနေတာတော့မဟုတ်ဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “ကိစ္စတစ်ခုခုဖြစ်သွားရင် ထိန်းသိမ်းထားဖို့ စွမ်းအားကမလုံလောက်တော့ဘူး မင်းအရင်တစ်ခေါက်လာတုန်းက အဲအချိန်နဲ့ တိုက်ဆိုင်သွားလို့ သက်ရောက်မှုမရှိတာဖြစ်မယ်… ဟင်း မင်းက ကံကောင်း တယ်လို့ပြောလို့ရတာပေါ့”

“ဒီတစ်ခေါက် ကောင်းကင်လှံတံရှိနေလို့တော်သေးတယ်”

ထိုအရာသာမရှိလျှင် သူတို့သည် နှစ်ပေါင်းများစွာကြာသွားသည့် တိုင်အောင် တွေ့နိုင်မည်မဟုတ်ပေ။

“အခု ဝင်ပေါက်ရှာဖို့လိုတယ်” ရှီမာရှုံချီ ပြောလိုက်သည် “မင်း မှတ်မိသေး လား”

“အင်း”

ထိုနေရာထိ လမ်းရှာပြီးနောက်တွင် သူသည် ထိုနေရာနှင့်ရင်းနှီးပြီး ဖြစ်လေသည်။ သူသည် အားလုံးကို နောက်ထပ်တောင်တန်းများဆီသို့ခေါ်သွား ရာ ယန္တရားများကိုတွေ့ရလေသည်။ ထိုအရာကို အသက်သွင်းပြီးနောက်တွင် တောင်တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားပြီး အလယ်တွင် လမ်းပေါ်လာသည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် မျက်တောင်မခတ် ဘဲ ထိုမြင်ကွင်းကိုကြည့်ပြီး မျက်လုံးမှာပြူးကျယ်နေသည်။

ဒါရဲတင်းလွန်းတဲ့ အကွက်ပဲ… သူမ အဖေက ဒီလိုမျိုးကိုတောင် ရှာတွေ့ တယ်ဆိုတော့ အရမ်းကိုမိုက်တာပဲ။

“ငါတို့လည်းယန္တရားကို မတော်တဆအသက်သွင်းမိသွားလို့ တွေ့လိုက်ရ တာပဲ”

***

All Chapters