နောက်ဆုံးဆန္ဒ
Vol. 12 Ch. 180
မသေမျိုးတစ်ယောက်အနေဖြင့် ထာဝရနတ်မယ်သည် ရှေးဟောင်းခေတ်၏ ရက်စက်ကြမ်းတမ်းမှုများကို ဖြတ်ကျော်ခဲ့ရသူဖြစ်သည်။ ကြီးမားသည့် ကံကြမ္မာကို ပိုင်ဆိုင်ထားသည်သာမက သူ့လျှို့ဝှက်စွမ်းရည်များကလည်း အရေးပေါ်အခြေအနေများ ဖြေရှင်းရာတွင် အရေးပါသည်။
ထာဝရနတ်မယ်မျက်လုံးတွင် အေးစိ့်သည့်အလင်းတစ်ချက်ပေါ်လာသည်. ရန်သူက ကျင့်စည်စွမ်းအားမြင့်လွန်းသည်။ သာမန်ပညာရပ်များ အလုပ်မဖြစ်နိုင်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့သဖြင့် အချိန်ကိုထိန်းချုပ်သည့် သူ့တားမြစ်ပညာပ်ကိုသာ ထုတ်သုံးရတော့သည်။ သေဟန်ဆောင်ခြင်းပညာဖြစ်သည်။
ဘုတ်ခနဲ ကြမ်းပြင်ပေါ်လဲကျသွားပြီးနောက် သူ့အသက်ဓာတ်များ ပျောက်ကွယ်သွားသည်။ လုံးဝမလှုပ်တော့။ နှလုံးခုန်ခြင်း သွေးခုန်ခြင်း လုံးဝမရှိ။ သူ့ဝိညာဉ်ဓာတ်လည်း အာရုံခံ၍မရ။
အကိုဝူ အတော်လန့်သွားသည်။ သူ့တိုက်ကွက်ပင်မထုတ်ရသေး။ လုယန် ဘယ်လိုသေသွားသည်မသိ။
"သူ့ကို မြေမြှုပ်သင့်လား"
တစ်ယောက်က စင်အောက်ဘက်မှ အကြံပြုသည်။
"ကောင်းကောင်းသင်္ဂြိုလ်ပေးရမှာပေါ့"
အကိုဝူက ခေါင်းငြိမ့်ထောက်ခံသည်။ လုယန် ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က သူကြိုးစားခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ထာဝရနတ်မယ့် ထိတ်လန့်သွားပြီး ချက်ချင်းခုန်ထလာသည်။ အကိုဝူ ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ သတိအနေအထားဖြစ်သွားသည်။ အဝါရောင်မှော်အဆောင်တစ်ခု အမြန်ဆွဲထုတ်၍ လုယန်၏နဖူးကို ကပ်လိုက်သည်။
"ထင်မထားဘူး။ ညီလေးဝူက ဖုတ်ကောင်အဖြစ် ပြောင်းသွားပြီပဲ။ မင်းမှာ မပြည့်ဝသေးတဲ့ ဆန္ဒတစ်ခုခုရှိလို့လား"
အကိုဝူက ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသံတိတ်ရွတ်ဆိုနေသည်။
"မြူမှုန့်ကနေ မြူမှုန့်ကို၊ မြေကြီးကနေ မြေကြီးကို အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ။ ညီလေးလု၊ မင်းဆန္ဒကိုပြောပါ။ အကိုဖြည့်ဆည်းပေးပါ့မယ်"
ထာဝရနတ်မယ့် ခပ်အုပ်အုပ်လေသံဖြင့်ပြောသည်။
"ကျုပ်ဆန္ဒက ယွမ်ကျိကို အနိုင်ယူဖို့ပါ"
အကိုဝူ မျက်နှာနည်းနည်းပျက်သွားသည်။ နောက်ထပ်အဝါရောင်မှော်အဆောင်တစ်ခုထုတ်ပြီး လုယန်ပါးစပ်ပေါ်တွင် ကပ်လိုက်သည်။
"ညီလေးလု, မင်းမှာ မပြည့်ဝသေးတဲ့ ဒီ့ပြင်တစ်ခြားဆန္ဒတွေရှိလား"
ထာဝရနတ်မယ် စကားမပြောနိုင်။
အကိုဝူ သက်ပြင်ချသည်။
"မရှိတော့ဘူးထင်ပါရဲ့"
ဂိုဏ်းတပည့်အုပ်စု ပူဆွေးဝမ်းနည်းစွာ မြည်တမ်းနေကြသည်။ နွေးနေဆဲဖြစ်သည့် လုယန်ခန္ဓာကိုယ်ကို မ,ယူသွားပြီး ကောင်းကင်ဂိတ်တောင်ထပ် တောအုပ်လေးတစ်ခုတွင် မြှုပ်နှံကြသည်။ ဦးခေါင်းကိုသာ မြေပေါ်တွင် ဖော်ထားသည်။
ထို့နောက် ကောင်းကင်ဂိတ်တောင်ထပ်မှဆင်းပြီး မစ်ရှင်ခန်းမသို့ အမြန်သွားကြသည်။ မစ်ရှင်ထမ်းဆောင်ချင်သည်။ ကျိုးဆောင်မှတ် ရချင်သည်။ ဂိုဏ်းချုပ်လုပ်ခွင့်ရချင်သည်။ ဂိုဏ်းချုပ်ဘဝကို သာယာခံစားချင်သည်။
ဂိုဏ်းချုပ်လုပ်သည့်သုံးရက်အတွင်း ထာဝရနတ်မယ် အတော်တက်ကြွခဲ့သည်။ လူအားလုံး သူ့လိုလုပ်ချင်ကိုင်ချင်အောင် ဆွဲဆောင်ခဲ့သလိုဖြစ်နေသည်။
"ဂိုဏ်းချုပ်လုပ်ရတာ အတော်ပျော်စရာကောင်းမယ့်ပုံပဲ"
"ဂိုဏ်းချုပ်ဖြစ်မှပဲ နားလည်နိုင်တဲ့ စိတ်ကူးတစ်ချို့ငါ့မှာ ရှိတယ်"
လူတိုင်းက မစ်ရှင်ခန်းမသို့ အလုံးအရင်းချီတက်လာပြီး မစ်ရှင်များယူနေသဖြင့် တိုင်ပုဖန်နည်းနည်းလန့်သွားသည်။
ထိုမျှစိတ်အားထက်သန်ကြသည်ကို သူတစ်ခါမှမမြင်ဖူး။ ကုန်ပစ္စည်း လျှော့ဈေးရသကဲ့သို့ အလုအယက် ယူနေကြသည်။
နောက်ဆုံးတွင် မစ်ရှင်းခန်းမနံရံတစ်ခုလုံး ပြောင်သလင်းခါသွားသည်။ တိုင်ပုဖန် အကြီးအကျယ် အံ့အားသင့်မိသည်။
သို့သော် နောက်ခံအကြောင်းရင်းကို နားလည်ပြီးနောက် တိုင်ပုဖန် စိတ်သက်သာရာရသွားသည်။ ထိုအကြောင်းရင်းကြောင့်ဆိုလျှင် သူ့ညီငယ်ညီမငယ်များ ခဏတာစိတ်လှုပ်ရူးပေါက်ခြင်းသာဖြစ်၍ သူစိတ်မပူပါ။
ယာယီဂိုဏ်းချုပ်ဖြစ်ခွင့်ကူပွန်သည် မစ်ရှင်တစ်ခုနှစ်ခု ထမ်းဆောင်ရုံဖြင့် ရနိုင်သည်မဟုတ်။
ထာဝရနတ်မယ်လို စုစည်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူကို သတ်ဖြတ်နိုင်မှသာရမည်။
"ကောင်းပါတယ်လေ။ အခုတလော မစ်ရှင်တွေကလည်း တိုးနေတာ။ သူတို့လိုချင်တာနဲ့ ကွက်တိကျသွားတာပေါ့"
မနေ့ကစ၍ ရှားနိုင်ငံပြည်သူများ အကူအညီတောင်းသည့် အရေအတွက် မြင့်တက်လာသည်။
ဘာကြောင့် ထိုသို့ဖြစ်ရသည်ကို သူစုံစမ်းကြည့်သည်။ အကူအညီလာတောင်းသူများအားလုံး ပြည်နယ်တစ်ခုတည်းမှလာသူများဖြစ်သည်။
သူဆက်စုံစမ်းကြည့်သည်။ ထိုလူများက နယ်လှည့်ပုံပြောဆရာတစ်ယောက်၏ "တာအိုလမ်းစဉ်ဂိုဏ်း၏ ဒဏ္ဍာရီ"ပုံပြင်ကိုကြား၍ ရောက်လာခြင်းဖြစ်သည်။ မကောင်းသူပယ် ကောင်းသူကယ်သည့် ထိုနေရာမျိုးရှိကြောင်း သူတို့သိသွားသည်။
တိုင်ပုဖန် စည်းစားသည်။ ထိုကိစ္စ၏ မူလဇစ်မြစ်ကို နားလည်လာသည်။
"အမယွမ် ဂိုဏ်းချုပ်ကို နယ်လှည့်ပုံပြောပြီး ဂိုဏ်းရဲ့နာမည်ဂုဏ်သတင်းမြှင့်ခိုင်းတဲ့အလုပ်က အကျိုးရလာဒ်ပေါ်လာပြီပဲ"
သို့သော် ထူးထူးဆန်းဆန်းအကြောင်းအရာများကိုလည်း သူကြားရသည်။ ဂိုဏ်းသို့ အကူအညီလာတောင်းသူများက တာအိုလမ်းစဉ်ဂိုဏ်းထဲမှ နာမည်ကျော်သူရဲကောင်းတစ်ယောက်ဖြစ်သည့် တာအိုရှင်ဝစီပိတ်ကို တွေ့ချင်ကြသည်။ ထိုသူရဲကောင်းသည် ယုတ်လျော့နေသည့် တာအိုလမ်းစဉ်ဂိုဏ်းကို ပြောင်းလဲ၍ မသေမျိုးငါးဂိုဏ်း၏ ထိပ်ဆုံးသို့ရောက်အောင် မြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။
တိုင်ပုဖန်စဉ်းစားသည်။ နာမည်မှလွဲလျှင် ဂိုဏ်းချုပ်နှင့် ဒဏ္ဍာရီတာအိုဝစီပိတ်ကြား ဆက်စပ်ကြည့်နိုင်သည့်အရာ ဘာတစ်ခုမှမတွေ့။
မသေမျိုးငါးဂိုဏ်းကြားတွင် ဘယ်သူက ဘယ်သူ့ထက်သာသည်ကို ခွဲခြားနိုင်ဖို့ အလွန်ခက်သည်။ သက်တမ်းရင့်စွမ်းအားရှင်များ ဘယ်လောက်ကွယ်ဝှက်ထားမည်ကို သေချာမသိနိုင်သောကြောင့်ဖြစ်သည်။ အပေါ်ယံအင်အားကိုကြည့်၍ စွမ်းအားကိုဆုံးဖြတ်ခြင်းသည် အဓိပ္ပါယ်လုံးဝမရှိ။
တာအိုလမ်းစဉ်ဂိုဏ်း နိမ့်ပါးချိန်နှင့် ကြုံခဲ့ရပါသည်။ သို့သော် လွန်ခဲ့သည့် မျိုးဆက်အတော်များများက ဖြစ်သည်။ နောက်ဆုံးမျိုးဆက် သို့မဟုတ် လက်ရှိမျိုးဆက်များနှင့်် ဘာမှမသက်ဆိုင်။ တာအိုဝစီပိတ် ဂိုဏ်းကိုလက်လွှဲယူချိန်တွင် နိမ့်ကျသည့်အခြေအနေကို ကျော်လွှားခဲ့ပြီဖြစ်သည်။
သို့သော် ယွမ်ကျိပေါ်လာသည့်အတွက် ဂိုဏ်းငါးဂိုဏ်းကြား စွမ်းအားကွဟချက်က သိသာလာသည်။
ပုန်းအောင်းနေသည့်ဘိုးဘေးများလည်း ယွမ်ကျိကို ယှဉ်မတိုက်ခိုက်နိုင်ကြ။
ရှားနန်းတော်၏ တားမြစ်မြေတွင် ပုန်းခိုနေကြသည့် ဘိုးဘေးကြီးများပင် ယွမ်ကျိကို တစ်ယောက်ချင်းယှဉ်မတိုက်နိုင်မှန်း သိကြသည်။ မသေမျိုးငါးဂိုဏ်းမှ ဘိုးဘေးများက သူတို့ထက်ပိုသိသည်။
ထိုဘိုးဘေးကြီးများသည် သူတို့တက်ကြွလှုပ်ရှားခဲ့စဉ်အချိန်က နာမည်ကြီးပုဂ္ဂိုလ်များဖြစ်သည်။ ခေတ်လမ်းကြောင်းကို သူတို့ထိန်းချုပ်၍ လောကကို ကိုင်လှုပ်ခဲ့ကြသည်။ ယခု အငြိမ်းစားယူပြီးဖြစ်၍ သူတို့နာမည်က သိပ်မထင်ရှားတော့။
ထိုဘိုးဘေးအိုများက မိန်းကလေးငယ်တစ်ယောက်ကို အနိုင်မယူနိုင်။ ထိုအဖြစ်ကို ဝန်ခံဖို့လည်း ရှက်ကြသည်။ ထို့ကြောင့် ယွမ်ကျိ၏စွမ်းအားကို သူတို့အသေးစိပ်မပြော။ လက်ရှိခေါင်းဆောင်များကို သတိထားရန်သာပြောသည်။
ခေတ်သစ်ခေါင်းဆောင်များက ယွမ်ကျိ၏ အင်အားအတိအကျကို မသိသော်လည်း ယွမ်ကျိကို မစော်ကားရဟူသည် ဘိုးဘေးများ၏ အမှာစကားကို မှတ်မိကြသည်။
သူတို့ထဲတွင် ရှားအင်ပါယာ၏စွမ်းဆောင်မှုက အပါးနပ်ဆုံးဖြစ်သည်။
"ဒါနဲ့..နတ်ဆိုးဂိုဏ်းအဆင့်မြင့်ပုဂ္ဂိုလ်တွေကို မျှားခေါ်ခဲ့တဲ့ ညီလေးလုအတွက် ကျိုးဆောင်မှတ် ဘယ်လောက်ပေးရမှာလဲ။ အရေးကြီးဆုံးအပိုင်းကို အမယွမ်လုပ်ခဲ့တာဆိုပေမယ့် လုယန်တို့သုံးယောက်ရဲ့ စွမ်းဆောင်မှုကလည်း အရေးပါတယ်။
ထားပါတော့လေ။ ဒါကို မစဉ်းစားတော့ဘူး။ အမယွမ်ပဲ ဆုံးဖြတ်ပါလိမ့်မယ်"
တိုင်ပုဖန် ထိုကိစ္စကို ခေါ်ထဲမှထုတ်လိုက်သည်။
....
ကောင်းကင်ဂိတ်တောင်ထိပ်၏ တောအုပ်ငယ်လေးထဲတွင် လုယန်၏ ဦးခေါင်းပေါ်နေသည်။ ဘေးဘီကို လှည့်ပတ်ကြည့်သည်။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုပြန်ရလာသည်။
"မြေချုံ့စွမ်းအား"
မြေကြီးထဲမှ အပေါ်သို့ သူတက်လာသည်။
သူ့အကိုအမများက မရက်စက်ကြပါ။ လုယန် မြေထွက်ပြေးပညာသုံးနိုင်မှန်းသိသဖြင့် တမင်တကာ အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ "မြေပြင်ကိုသံမဏိအသွင်ပြောင်း"ပညာမျိုးသာသုံးခဲ့လျှင် လုယန် တကယ်အခက်တွေ့လိမ့်မည်။
"ဂုဏ်ယူပါတယ်။ ဒီမသေမျိုးရဲ့ စမ်းသပ်မှုကို နင်အောင်မြင်သွားပြီ"
ထာဝရနတ်မယ် လက်ခုပ်တီး၍ပြောသည်။ အလေးအနက်သူသုံးသပ်သည်။
"ဒီတစ်ခါ နင်အကျိုးအမြတ် အများကြီးရခဲ့တယ်။ တိုက်ပွဲအတွေ့အကြုံလည်း ရခဲ့တယ်။ နင့်မှော်ပညာတွေလည်း သိသိသာသာတိုးတက်လာတယ်။ နင့်ကျင့်စဉ်စွမ်းအားတောင် အခြေတည်ထိပ်တန်းအဆင့်ကို ရောက်ဖို့နီးစပ်နေပြီ။ နင်နဲ့တန်းတူတွေထဲမှာ နင်အသန်မာဆုံးဆိုတာ ငါအာမခံတယ်"
လုယန်ဘာမှမပြောဘဲ နတ်မယ်ကို သရဲတစ်ကောင်လို စိုက်ကြည့်နေသည်။
"အဟွတ် အဟွတ်။ နင်ငါ့ကို ဒီလိုမကြည့်ပါနဲ့"
နတ်မယ် အရှက်ပြေချောင်းဆိုး၍ ပြောသည်။
"ဒီမသေမျိုးပြောခဲ့တယ်။ စမ်းသပ်မှုကိုဖြတ်ကျော်နိုင်ရင် ငါ့အမွေတစ်ချို့ပေးမယ်လို့လေ။ နင်ပျော်နေသင့်တာပါ။ ရှေးခေတ်တုန်းကဆို နင်သာငါ့တပည့်မဟုတ်ရင် ငါ့အမွေကို နင်လုံးဝမရနိုင်ဘူး"
"ရှေးဟောင်းခေတ်တုန်းက ခင်ဗျားမှာ တပည့်တွေရှိခဲ့တယ်ပေါ့"
လုယန် မယုံမရဲမေးသည်။
"မရှိပါဘူး"
"..."
မရှိတာကံကောင်းပါသည်။ မဟုတ်လျှင် လူအတော်များများ၏အချိန် အလဟဿဖြစ်ခဲ့ပေလိမ့်မည်။
လုယန်အတွေးကို ထာဝရနတ်မယ်မသိ။ သူဆက်ပြောသည်။
"ငါ့နင့်ကို ဒီတစ်ခါသင်ပေးမယ့်ပညာက တကယ်ထူးခြားတယ်။ ငါမသေမျိုးဖြစ်ပြီးတော့ အချိန်မသေမျိုးကို တောင်းဆိုပြီး သင်ထားတဲ့ပညာပဲ။ အချိန်နဲ့ အနာဂတ်ကိစ္စတွ ပါဝင်တယ်။ ငါက အချိန်မသေမျိုးလောက် အချိန်စွမ်းအားပညာတွေကို မကျွမ်းကျင်ဘူး။ အခြေခံလောက်ပဲ သင်နိုင်ခဲ့တယ်။ ဒါပေမယ့် နင့်ကိုသင်ပေးဖို့တော့ ကောင်းကောင်းလုံလောက်ပါတဲ့"
"ဘာပညာသင်မှာလဲ"
"အနာဂတ်ကိုကြည့်တဲ့ပညာပေါ့"
လုယန် အံ့ဩမင်သက်မိသွားသည်။ ထိုမျှနာမည်ကျော်ကြားသည့် ပညာရပ်မျိုးကို သင်ရတော့မည်။ ရိုးရိုးပညာမဟုတ်။ မသေမျိုးပညာဟုခေါ်လျှင်ပင် လွန်ရာကျမည်မဟုတ်။
ထာဝရနတ်မယ်သည် နောက်ဆုံးတော့ တကယ့်မနောမယရွှေလက်ညှိုးတစ်ချောင်း ဖြစ်လာပြီထင်သည်။
ယနေ့ အရိုက်ခံထားရသမျှ အချည်းအနှီးမဖြစ်တော့ပါ။
******************************************