← Chapters

ပွဲဝင်မင်းသား

Vol. 12 Ch. 168

ပွဲဝင်မင်းသား

Vol. 12 Ch. 168

"နောက်ပွဲစဉ်။ တာအိုလမ်းစဉ်ဂိုဏ်းက လီဟော်ရန်နဲ့ ဓာတ်ငါးမျိုးဂိုဏ်းက လုန်ရှန်း"

"လီဟော်ရန်က မီးဝိညာဉ်မြစ်လား"

ချိုးကျင်အန်း ရုတ်တရက် မေးလိုက်သည်။

"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"

"စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။ ကျုပ်တို့ဂိုဏ်းရဲ့လုန်ရှန်းက ရေဝိညာဉ်မြစ်ပါ။ မီးနဲ့ရေ တွေ့ကြပြီပေါ့"

စင်မြင့်ထက်တွင် လီဟော်ရန်နျှင့်လုန်ရှန်း အပြန်အလှန်အရိုအသေပေးကြသည်။

"လမ်းညွှန်ပေးပါဦး"

"အားမနာပါနဲ့"

နှစ်ယောက်လုံး အသံတိတ်သွားသည်။ ဘာမှထပ်မပြော။

ပွဲစချိန်တွင် လုန်ရှန်းက ဦးစွာတိုက်ခိုက်သည်။ ပင်လယ်ပေါ်နဂါးခုန်တက်သကဲ့သို့ တိုက်ခိုက်သည်။ ပြင်းထန်သည့် ရေလှိုင်းအားအရှိန်မျိုးထွက်လာသည်။ ရေခဲဓားနှစ်လက်ကိုင်ထားသည်။ အေးစိမ့်သည့်လေလှိုင်းများထွက်လာသည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး အပူရှိန်ကျသွားသည်။

"နဂါးတိုက်ကွက်"

လုန်ရှန်း အော်ဟစ်မာန်သွင်းလိုက်သည်။ လီဟော်ရန်၏လက်သီးနှင့် ရင်ဆိုင်တွေ့သည်။

လုယန် မျက်မှောင်ကျုံ့သွားသည်။ လီဟော်ရန်သည် ခန္ဓာကျင့်ကြံသူမဟုတ်။ ဘာကြောင့် လက်နက်မသုံးဘဲ လက်ဗလာဖြင့် တိုက်ခိုက်သည်မသိ။ အရိုးရိုင်းပင် လက်နက်သုံးခဲ့သည်။

လီဟော်ရန်အခြေအနေကိုမသိသည့် လုန်ရှန်းက ဘာမှမသိ။ ရေခဲဓားဖြင့် လီဟော်ရန်ကိုခုတ်သည်။

လီဟော်ရန်ခန္ဓာကိုယ်မှ မီးကွင်းများစွာ ထွက်ပေါ်လာသည်။

"သွား"

အော်ဟစ်အမိန့်ပေးလိုက်သည်နှင့် မီးကွင်းများက လုန်ရှန်းကို လွှမ်းခြုံသွားသည်။

"ရေမြင့်ရင် လှိုင်းတက်"

လုန်ရှန်း တိုက်ကွက်ထုတ်သည်။ ပင်လယ်ရေလှိုင်းအရိပ်များ သူ့နောက်ဘက်တွင်ပေါ်လာသည်။ လှိုင်းပုတ်သံသဲ့သဲ့ကို ပရိတ်သတ်များ ကြားနေရသည်။

လှိုင်းရိပ်များက မီးကွင်းများနှင့် ရောနှောသွားသည်။ လီဟော်ရန် ရှေ့တက်လာသည်။ အနီရောင်သူလက်သီးရိပ်များက လုန်ရှန်းကို တစ်ခုပြီးတစ်ခု ရိုက်ခတ်သည်။

လီဟော်ရန်၏ခြေထောက်အောက်မှ ချော်ရည်များထွက်လာသည်။ ချော်ရည်ပူထဲ တစ်နှစ်ကြာအောင်စိမ်ခဲ့ရသည့် အကျိုးကျေးဇူးဖြစ်သည်။

ချော်ရည်နှင့်လှိုင်းရိပ်များ ရင်ဆိုင်တွေ့သည်။ လှိုင်းရိပ်သာဖြစ်သော်လည်း ချော်ရည်ပူနှင့်တွေ့ချိန်တွင် အခိုးအငွေ့များထွက်လာသည်။ ပြိုင်ပွဲစင်တစ်ခုလုံး ထူထဲသည့်မြူငွေ့များဖုံးသွားသည်။ အရည်များကို ခွဲခြားမရတော့။ လီဟော်ရန်နှင့်လုန်ရှန်းတို့၏ တိုက်ခိုက်သံများသာ ကြားနေရသည်။

လီဟော်ရန်၏လက်သီးချက်များက ထူးခြားသည်။ သူ့ပုံမှန်တိုက်ကွက်မျိုး လုံးဝမဟုတ်။ အနီးကပ်တိုက်ခိုက်မှုကို မကျင်လည်သဖြင့် လုန်ရှန်း ကြိုးစားခုခံရသည်။ လက်သီးချက်အတော်များများထိသည်။

သို့သော် လီဟော်ရန်၏တိုက်ခိုက်မှုများက စွမ်းအားသိပ်မပြင်း။ ပြင်းထန်သည့်ထိခိုက်မှုမျိုးမရှိ။

လုန်ရှန်း လက်ကိုမြှောက်၍ မြူငွေ့များက ရေလုံးအတွင်စုစည်း၍ လီဟော်ရန်ကို ရိုက်ချသည်။

လီဟော်ရန် မရှောင်နိုင်။ ရေလုံးထိသဖြင့် တစ်ကိုယ်လုံး စိုရွှဲ့သွားသည်။

လီဟော်ရန်ကြောင့် လုန်ရှန်း ဒေါသထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင် လုန်ရှန်း အသာစီးရသည်။ ဘာကြောင့်မှန်းမသိ။ လီဟော်ရန်၏လှုပ်ရှားမှုများ နှေးကွေးလေးလံလာသည်။

မူမမှန်သည့်အဖြစ်ကို သတိထားမိသဖြင့် လီဟော်ရန် မျက်မှောင်ကျုံ့သွားသည်။

လုန်ရှန်း တဟားဟားအော်ရယ်နေသည်။

'အကိုလီက ဉာဏ်ထက်သားပဲ။ ကျုပ်ရဲ့လှည့်ကွက်ကို ရိပ်မိတာ အတော်မြန်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ ရေလုံးထိလို အကိုလီ ရေစိုနေပြီ။ ကျုပ်က ရေဖိအားကို ထိန်းချုပ်နိုင်တယ်။ အခုအကိုလီ ဝန်ထုပ်ဝန်ပိုးတစ်ခုအောက်မှာ တိုက်ခိုက်နေရတာ။ ခုနကလို လွတ်လွတ်လပ်လပ် မလျုပ်ရှားနိုင်တော့ဘူးပေါ့။ အကိုရှုံးသွားပြီ"

သို့သော် ထင်မှတ်မထားဘဲ လီဟော်ရန် တွန့်ပြုံးပြုံးလိုက်သည်။

"အဲလိုလား။ ငါတော့ ဒီလိုမထင်ပါဘူး"

လုန်ရှန်း တိုက်ခိုက်ရန်ကြိုးစားသည်။ သို့သော် သူမလှုပ်နိုင်တော့။

"မင်းဘာလုပ်လိုက်တာလဲ"

လုန်ရှန်း မျက်လုံးပြူးသွားသည်။ ဘယ်လိုဖြစ်သွားသည်ကို သူလုံးဝစဉ်းစားမရ။

လီဟော်ရန်ခန္ဓာကိုယ်မှ မီးတောက်များပေါ်လာသည်။ ရေငွေ့များ အငွေ့ပျံပျောက်ကွယ်သွားသည်။ အေးအေးလူလူ လုန်ရှန်းထံ လျှောက်လာသည်။

"မင်းအင်္ကျီကို ငါသန့်စင်လိုက်တာလေ"

လုန်ရှန်း နားလည်သွားသည်။ လီဟော်ရန်၏ လက်သီးချက်များက သူ့ကိုတိုက်ခိုက်ဖို့ရည်ရွယ်သည်မဟုတ်။ သူ့ဝတ်စုံကိုသန့်စင်၍ သံရေပုံးလိုဖြစ်လာအောင် အသွေင်ပြောင်းခြင်းဖြစ်သည်။ ထိုဝတ်စုံထဲတွင် သူပိတ်မိခဲ့သည်။ လုံးဝမလွတ်မြောက်နိုင်။

တာအိုလမ်းစဉ်ဂိုဏ်း၏ တိုက်ခိုက်နည်းများက ထူးဆန်းလွန်းသည်။

လူသားတစ်ယောက်က ထိုတိုက်ခိုက်နည်းမျိုး ဘယ်လိုစိတ်ကူးမိသည်မသိ။

လီဟော်ရန် ထပ်ရှင်းပြသည်။

"အကိုလုပြောတာ ကြားဖူးတယ်။ တိုက်ခိုက်ရင်းနဲ့ မှော်လက်စွပ်ကိုသုံးပြီး ပြိုင်ဘက်ရဲ့ဝတ်စုံကို ချွတ်ယူလို့ရတယ်တဲ့။ ဒါကြောင့် ငါစဉ်းစားတယ်။ ဝတ်စုံကို‌ယူနိုင်ရင် သန့်စင်လို့ရော မရဘူးလားပေါ့။ အခုကြည့်ရတာ ငါ့စိတ်ကူး မှန်သွားပုံပဲ"

ချိုးကျင်အန်း လုယန်ကို တအံ့တဩလှည့်ကြည့်သည်။ ထိုမျှအောက်တန်းစားဆန်သည့် တိုက်ခိုက်နည်းမျိုးကို ထိုလူငယ် ဘယ်လိုတွေးမိသည်မသိ။

"အင်း...ဒါက တာအိုလမ်းစဉ်ဂိုဏ်းပဲလေ။ မဆန်းလှပါဘူး"

ပြိုင်ပွဲသုံးပွဲအနိုင်ရပြီးဖြစ်၍ အခြေတည်အဆင့်ပွဲစဉ်အတွက် အောင်ပွဲရဖို့က သေချာသလောက်ဖြစ်နေသည်။

သို့သော် ထိုပွဲက နှီးနှောဖလှယ်ပွဲသာဖြစ်သည်။ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်းနိုင်သည်။ ကျန်သည့် ပွဲစဉ်နှစ်ခုဆက်လုပ်ရန်ရှိသေးသည်။

စတုတ္ထမြောက် အခြေတည်အဆင့်ပြိုင်ပွဲအတွက် ထောင်ယော်ယဲ့တက်လာသည်။ ရှားပါးသည့်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။ တစ်ယောက်ချင်းတိုက်ခိုက်လျှင် လီဟော်ရန်ထက်ပင် စွမ်းအားကြီးသည်။

သို့သော် မထင်မှတ်ဘဲ အားလုံးအံ့ဩရသည်။ ထောင်ယော်ယဲ့ ရှုံးသွားသည်။

သူ့ကို အနိုင်ယူသွားသူက ဝတ်ရုံဖြူလူငယ် အခြေတည်အလတ်တန်းဆင့်တစ်ယောက်ဖြစ်သည်။ ထောင်ယော်ယဲ့ထက် အသက်တစ်နှစ်ပိုကြီးသည်။

ထောင်ယော်ယဲ့က အခြေတည်အစောပိုင်းအဆင့်သာရှိသေးသည်။ ဝိညာဉ်ချီစွမ်းအင်နှင့် တိုက်ပွဲအတွေ့အကြုံက ထိုလူငယ်ထက် နည်းနည်းနိမ့်နေသည်။

"နောက်တစ်ယောက်"

ဝတ်ရုံဖြူလူငယ် အေးစက်စက်ပြောလိုက်သည်။ စင်ပေါ်မှဆင်းမသွားသေးဘဲ ဆက်တိုက်ခိုက်ရန် စိန်ခေါ်သည်။

ထိုလူငယ် စွမ်းအားကြီးကြောင်း မြင်နေရသဖြင့် ချိုးကျင်အန်းရွေးထားသည့် ငါးယောက်မြောက်ပြိုင်ပွဲဝင်က ဘာမှမပြောတော့ဘဲ အလိုက်တသိ အလှည့်ပေးလိုက်သည်။

ထောင်ယော်ယဲ့ နည်းနည်းအလိုမကျဖြစ်နေသည်။ သူသည် ငယ်ကတည်းက အတော်ဆုံးဖြစ်ခဲ့သည်။ တစ်ခါမှ မရှုံးခဲ့ဖူး။ ပြိုင်ဘက်၏ တိုက်ကွက်များက ဟာကွက်မရှိ။ သူ့အားသာချက်ဖြစ်သည့် ငှက်မသေမျိုးခန္ဓာစွမ်းအားကိုပင် ထုတ်သုံးခွင့်မရလိုက်ဘဲ ရှုံးနိမ့်သွားသည်။

ထိုစဉ် သူ့ပုခုံးကို လူတစ်ယောက်က လာပုတ်သည်။

ထိုလူကိုမြင်သည်နှင့် သူမျက်ရည်ဝေ့လာသည်။

"အကို၊ ကျွန်မရှုံးသွားသည်။

ထိုလူက သူ့မျက်ရည်များကိုသုတ်ပေး၍ နှစ်သိမ့်သည်။

"မင်းကကျင့်စဉ်စွမ်းအား မလုံလောက်သေးဘူး။ အတွေ့အကြုံလည်း နည်းသေးတယ်။ သူ့ထက်မင်းက တစ်နှစ်ငယ်တယ်။ ပြီးတော့ အမယွမ်က ငါ့ကိုပြောဖူးတယ်။ ငှက်မသေမျိုးခန္ဓာက အစောပိုင်းအဆင့်တွေမှာ သိပ်ပြီးမသိသာဘူးတဲ့။

မင်းကငါ့ကို အကိုလို့ခေါ်တယ်ဆိုတော့ ငါသူ့ကို အနိုင်ယူရမှာပေါ့"

.....

နောက်ဆုံးတွင် အနိုင်ပွဲတစ်ခုရလာသဖြင့် ချိုးကျင်အန်း သွားဖြဲ၍ မိတ်ဆက်ပေးသည်။

"ဒါကျုပ်တပည့် ပိုင်မင်ပါ။ ပြီးတော့ ကျုပ်ဂုဏ်အယူရဆုံး ကျောင်းသားပေါ့။ ဓာတ်ငါးမျိုးကျင့်စဉ်တွေမှာ သုံးမျိုးကျွမ်းကျင်တယ်။ သူ့ရဲ့ မီးဓာတ်ချီတောင် မီးတောက်အစစ်ထုတ်နိုင်ဖို့ နီးစပ်နေပြီ။ ဂိုဏ်းတွင်းပြိုင်ပွဲမှာတုန်းက အခြေတည်အဆင့်တွေကိုဖြတ်ကျော်ပြီး ပထမရခဲ့တာ"

ဓာတ်ငါးမျိုးကျင့်စဉ်ပညာများသည် အလွန်တရာခက်ခဲသည်။ ဓာတ်သဘာဝချင်း ဖောက်ပြန်ဆန့်ကျင်မှုများ ကြုံရနိုင်သည်။ နည်းနည်းပေါ့ဆသည်နှင့် ကျင့်စဉ်အခြေခံ ပျက်စီးသွားနိုင်သည်။ အခြေတည်အဆင့်တွင် ဓာတ်သုံးမျိုးချီကို ကျွမ်းကျင်ထားသည့် ပိုင်မင်လိုလူမျိုးက အတော်ရှားသည်။

ပိုင်မင်၏အသွင်ကြောင့် ချိုးချင်အန်း ယုံကြည်မှုရလာသည်။

"ကြွားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ဘယ်သူနဲ့ယှဉ်ခိုင်းယှဉ်ခိုင်း ကိစ္စမရှိဘူး"

သုံးပွဲရှုံးထားသော်လည်း ပိုင်မင်က အပြတ်အသတ်အနိုင်ယူခဲ့သဖြင့် သူအတော်ကျေနပ်နေသည်။

"နောက်ပွဲစဉ်အတွက် ခင်ဗျားတို့ဂိုဏ်းက ဘယ်သူ့ကိုလွှတ်မှာလဲ'

"ကျုပ်ပါ"

ထာဝရနတ်မယ်က လုယန်ကိုယ်စားပြောပေးသည်။

ပြိုင်ပွဲစင်ပေါ်သို့ လူတစ်ယောက် ဖြေးညှင်းစွာ လျှောက်လှမ်းလာသည်။ ခြေလှမ်းက မနှေးလွန်းမမြန်လွန်း။

လုယန်ဖြစ်သည်။

သို့သော် ဤလုယန်က ခေါင်းတုံးဖြစ်နေသည်။ ကြည်လင်နူးညံ့သည့်မျက်နှာရှိသည်။ လုယန်၏ပုံမှန်အသွင်အပြင်နှင့် ကွဲပြားနေသည်။

ပိုင်မင်၏ ခပ်တင်းတင်းဖြစ်နေသည့်မျက်နှာ ချက်ချင်းအမူအရာပြောင်းသွားသည်။ သရဲတစ်ကောင်တွေ့လိုက်ရသလို မယုံနိုင်အောင်ဖြစ်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်လုပ်နသည့်လုယန်ကို သူမြင်သည်။ စင်မြင့်ထက်တွင်ထိုင်နေသည်။ ယခု သူ့ရှေ့ရောက်လာသူက ဘယ်သူမှန်းမသိ။

"ကိုယ်ပွား"

ချိုးကျင်အန်းက မျက်လုံးစူးရှသူဖြစ်၍ ပြိုင်ပွဲကွင်းမှလုယန်ကို ချက်ချင်းသတိထားမိသည်။

သို့သော် ထိုအဖြစ်က ပို၍မယုံနိုင်စရာကောင်းသည်။ လုယန်သည် အခြေတည်အဆင့်သာရှိသည်။ ကိုယ်ပွားတစ်ခု ဘယ်လိုဖန်တီးနိုင်မည်နည်း။

သူနားလည်သလောက်တော့ ထိုသို့လုပ်နိုင်သည့် ချီစွမ်းအား သို့မဟုတ် ကျင့်စဉ်ပညာဟူ၍ လုံးဝမရှိ။

"အတိအကျပြောရရင် ဗောဓိပင်ရဲ့ကိုယ်ပွားပါ"

ထာဝရနတ်မယ်က ထပ်ဖြည့်ပြောသည်။

လုယန်က သစ်ပင်စိုက်ပညာဖြင့် သူ့ကိုယ်သူစိုက်ပျိုးသည်။ ဗောဓိပင်မှ လူနှစ်ယောက် "သီး"လာသည်။ တစ်ယောက်ကအစစ်။ တစ်ယောက်က ခေါင်းတုံးကိုယ်ပွားဖြစ်သည်။

"အသွင်ပြောင်းပညာခုနစ်ဆယ့်နှစ်မျိုးထဲက ကိုယ်ပွားလား"

ချိုးကျင်အန်း အံ့အားသင့်နေသည်။ ယွမ်ကျိမှလွဲလျှင် အခြေတည်အဆင့်လောက်နှင့် ထိုမှော်ပညာမျိုး ဘယ်သူသင်နိုင်မည်နည်း။

"မဟုတ်ဘူး။ ဒါက သစ်သားဓာတ်ကိုယ်ပွားပဲ"

ချိုးကျင်အန်းဦးနှောက်များ ချာချာလည်သွားသည်။ ထိုမှော်ပညာမျိုး အရင်က လုံးဝမရှိခဲ့။ မှော်ပညာအသစ်ဖန်တီးခြင်းဖြစ်သည်။

ဘယ်သူဖန်တီးခဲ့သနည်း။

ယွမ်ကျိလား။...သို့မဟုတ်...

ချိုးကျင်အန်းအကြည့်က လုယန်ဆီ ပြန်ရောက်လာသည်။ သူမျက်ခုံးနည်းနည်းလှုပ်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှလုယန်သည် ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင်သူများကို အနိုင်ယူခဲ့သည်ဟု သူကြားခဲ့သည်။ နည်းလမ်းတစ်ခုခုသုံး၍ အနိုင်ယူခြင်းဖြစ်မည်ဟုထင်ခဲ့သည်။

ဤမှော်ပညာမျိုးကို ထိုလူငယ်တကယ်ဖန်တီးနိုင်သည်ဆိုလျှင် ကျင့်စဉ်အဆင့်မြင့်သူများကို စိန်ခေါ်တိုက်ခိုက်နိုင်သည်မှာ မဆန်းလှတော့။

*******************************

All Chapters