← Chapters

ယူယူ့ရဲ့သံသယ

Vol. 114 Ch. 1587

ယူယူ့ရဲ့သံသယ

Vol. 114 Ch. 1587

ရှီမာယူယူ တောင်အလယ်သို့ လျှောက်သွားသောပြီး ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်သည်။ ကွဲသွားသောတောင်များ ရုတ်တရက် ဖိအား ဖြင့် ပြန်ဆက်လျှင် မည်သို့ဖြစ်မည်ကို သူမ သိချင်မိသည်။

ထို့နောက် သူမ အတွေးများသည် အနည်းငယ်ရယ်ရသည်ဟု ခံစားမိလေ သည်။ ဘယ်လိုလုပ် အဲလောက်လွယ်လွယ်နဲ့ပြန်ဆက်မှာလဲ။ အဲလိုဆိုရင် သင်္ချိုင်းကလည်း ရှိနေနိုင်မှာမဟုတ်ဘူးလေ။

သို့သော် သင်္ချိုင်းဂူအပေါ်သို့ တောင်များကိုရွှေ့ထားသည်မှာ အလွန် ရှားပါးသော ကိစ္စပင်ဖြစ်သည်။ ထိုအရာမှ ကြီးကျယ်လှသော ကိစ္စဖြစ်သည်ကို ပြောရန်ပင်မလိုပေ။

သူတို့အားလုံးဝင်သွားပြီးသည်နှင့် ရှီမာလျူရွှမ်သည် အထဲမှ ယန္တရားကို အသက်သွင်းလိုက်ရာ ကွဲနေသော တောင်များသည် ပြန်ဆက်သွားလေသည်။

သူတို့ မသိလိုက်သည်မှာ သူတို့ဝင်သွားပြီးမကြာမီတွင် လူတချို့ ထိုနေရာ သို့ပင် ရောက်လာပြီး  တောင်များဆီသို့လာကာ ယန္တရားများကို ကြည့်နေကြ လေသည်။

“သူတို့ ငါတို့ထက်ခြေတစ်လှမ်းစောသွားတယ်ထင်တယ် ငါတို့ဝင်ကြ မလား” လူတစ်ယောက်သည် အသံအက်အက်ဖြင့် ပြောလေသည်။

“ဘယ်လိုဝင်မှာလဲ ငါတို့ထဲက ဘယ်သူက ရှီမာယူယူရဲ့ ပြိုင်ဘက်ဖြစ်နိုင် လို့လဲ” နောက်တစ်ယောက်မှ စောဒကတက်လေသည်။

“ဒီမှာသူမနဲ့လာတွေ့တာ ငါတို့တော့ တကယ်ကံဆိုးတာပဲ”

“အစ်ကိုကြီး အဲဒီရှီမာယူယူက အဲလောက်တောင် အားကောင်းတာလား၊ ငါတို့မှာ လူဒီလောက်များတာ သူတို့လူနည်းနည်းလေးကို ကြောက်နေရမှာ လား”

“မင်းသိရဲ့သားနဲ့ ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်” သူ အစ်ကိုကြီးဟု ခေါ်လိုက်သည့်သူသည် လက်မောင်းကိုရိုက်လိုက်ရာ ညီဖြစ်သူသည် နာကျင် သွားမိသည်။

သူမသည် ကလေးသာသာဖြစ်သည်။ ဘာတွေများကြောက်ဖို့ကောင်းနေ လို့လဲ။

“အစ်ကိုကြီး ဘယ်လိုလုပ်ကြမလဲ”

“ဘာလုပ်နိုင်ဦးမှာလဲ ငါတို့မြန်မြန်ထွက်သွားရမှာပေါ့” အစ်ကိုကြီးဆိုသူ သည် ဒေါသတကြီးဖြင့် ပြောလေသည်။

“ဒါပေမဲ့ ဒါကဧကရာဇ်ရဲ့ သင်္ချိုင်းဂူနော် ဒီလိုမျိုးလက်လျော့လိုက်မှာလား”

“ငါ မင်းတို့ရဲ့အစ်ကိုကြီးနော် သိလား မသေချင်ရင် သွားမယ်”

အစ်ကိုကြီးဖြစ်သူသည် စိတ်မရှည်စွာဖြင့် အနောက်မှလူများကို လက်ဝှေ့ ယမ်းပြလိုက်သည်။ သူ သူတို့ကိုကြည့်လိုက်ရာတွင် ပို၍ပင် စိတ်ထိခိုက်ရ သည်။

သူသည် မြေပုံတစ်ခုရကာ ရေးထားသည့်အတိုင်း ခြေရာခံခဲ့ရာ နေရာကို လည်းတွေ့ပြီးဖြစ်သည်။ သူ မဝင်ခင်တွင် ရှီမာယူယူနှင့်တွေ့ရလိမ့်မည်ဟု ထင် ပင်မထင်ထားပေ။

သူသည် အရှေ့မျှတမှုမြို့တော်တွင် နေခဲ့ဖူးရာ တစ္ဆေမျိုးနွယ်နှင့် တိုက်ပွဲ ကို ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထိုစဉ်က ရှီမာယူယူ၏ လုပ်ဆောင်မှုကိုလည်း သူ မြင်ခဲ့သည်။ မိုးကြိုးဘေးသင့်မှုမှာ တစ္ဆေမျိုးနွယ်ဝင်များကို ပစ်ခတ်ပြီး သူ့ ရင်ဘတ်ကိုလည်း ထိမှန်ခဲ့သည်။

ထိုအချိန်မှစပြီး သူ အကြောက်ဆုံးလူဟု ပြောပါဆိုလျှင် မလွဲမသွေ ရှီမာယူယူဟု ပြောမည်ဖြစ်သည်။ သူ ကြောက်သည်မှာ သူမနှင့် တိုက်ပွဲဖြစ် လျှင် သူမသည် သူ့ကိုမိုးကြိုးဘေးသင့်မှုနှင့် ပစ်ခတ်မည်ကိုပင်ဖြစ်သည်။

ထိုသင်္ချိုင်းဂူမှာ သူခက်ခက်ခဲခဲဖြင့် ရှာထားရခြင်းဖြစ်ပြီး ဆုလဒ်အများ အပြားရမည်မျာ အသေအချာပင်… သူတို့အခုပြန်ရတော့မည်ဆိုပါက… တွေး လိုက်သည်နှင့်ပင် ရင်ဘတ်မှသွေးစီးကျစေသည်။

သို့သော် ရှီမာယူယူလက်ထဲမှ လုယူရမည်ဆိုပါကလည်း… သူ တကယ် ပင် မလုပ်ရဲပေ။

ထို့ကြောင့် ထပ်ခါထပ်ခါစဉ်းစားပြီးနောက်တွင် သူသည် သူ့လူများကို ကြည့်ပြီး ထွက်သွားခဲ့သည်။ သူသည် ရှီမာယူယူနှင့် တခြားသူများ ထွက်လာ သည်အထိစောင့်ပြီး အကြွင်းအကျန်များရနိုင်မလားဆိုသည်ကို စောင့်ကြည့်ရုံ သာရှိသည်။

သင်္ချိုင်းဂူအတွင်းမှ ရှီမာယူယူသည် နီရဲပျားများမှ ပို့လိုက်သော သတင်း ရရှိလေသည်။ သူမသည် မဲ့ပြုံးပြုံးလိုက်သည်။

ဟန့်မြောင်ရွှမ်သည် သူမအပြုံးကိုမြင်သောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည် “ဂျူနီယာညီမလေး ဘာတွေရယ်ရလို့လဲ”

“ညီမတို့ကို ခြေရာခံနေတဲ့ ကြွက်တွေသွားလိုက်ပြီလေ” ရှီမာယူယူ ပြုံး လိုက်သည်။

“ကြွက်တွေဟုတ်လား”

ရှီမာရှုံချီနှင့် တခြားသူများသည် နောက်မှလိုက်လာသည့်သူ ရှိသည်ကို သိကြသည်။ ရှီမာယူယူ ပြောလိုက်သည့်စကားကို ကြားသောအခါ သူတို့ နားမလည်နိုင်ဖြစ်မိသည်။

“ဒီမှာသင်္ချိုင်းဂူရှိတာကို အဲလူတွေသိကြတာကို ဒီအတိုင်းထွက်သွားကြ တာလား”

ဒါက ပုံမှန်တော့မဟုတ်ဘူးလေ။

“သမီးလည်းမသိဘူး သမီးဝင်သွားတာမြင်လို့ အဲလူကထွက်သွားတာလို့ ပြောတယ်၊ သူ့ကြည့်ရတာ ကြောက်နေပုံပဲ သမီးကအဲလောက် ကြောက်ဖို့ ကောင်းလို့လား” ရှီမာယူယူသည် မျက်နှာကိုထိတွေ့လိုက်သည်။ သူမက ဒီလောက်ကြည့်ကောင်းတာ ဘယ်အပိုင်းကကြောက်ဖို့ကောင်းလို့လဲ။

“….”

သူမ၏ ရိုးသားသော မျက်နှာထားကိုမြင်သောအခါ သက်ပြင်းများချမိကြ သည်။ သူမ တခြားသူတွေ ကြောက်အောင် ဘယ်လိုတွေလုပ်နေလဲဆိုတာ အခုထိမသိသေးဘူးထင်တယ်။

ရှီမာယူယူသည် ထိုကိစ္စလေးကို စိတ်ထဲမထားတော့ပေ။ သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်လာပြီဖြစ်သဖြင့် အာရုံအပြည့်အဝစိုက်ထားရမည်။ သည် တစ်ကြိမ်တွင် မည်သည့်အရာမှအဖြစ်မခံပေ။

သူတို့ဝင်လာသည့်နေရာမှာ ရှီမာလျူရွှမ် အရင်ကလာဖူးသည့်နေရာဖြစ် နေ၍တော်သေးသည်။ လျှို့ဝှက်ယန္တရားများရှိလျှင် စုံတွဲလိုက် ဖြေရှင်းခဲ့ပြီးသား ဖြစ်သည်။ သူတို့လမ်းတစ်ဝက်ရောက်သညအထိ လျှောက်ပြီးချိန်အထိ ဘေးကင်းပြီး ဘာပြဿနာမှမဖြစ်ပေ။

သူတို့သည် ရှီမာလျူရွှမ်ပြောသော မြေအောက်မြစ်ဆီသို့ လာလိုက်ကြ သည် “အဲတုန်းက ခဲ့လော့နဲ့ငါက ဒီနေရာကိုမဖြတ်ခဲ့ကြဘူး”

ရှီမာယူယူသည် ထိုမြစ်ကိုကြည့်ပြီး ရှေးခေတ်ကလူများက မြစ်ဘေးတွင် ကျင့်ကြံရခြင်းကို ကြိုက်ရသည့်အကြောင်းအရင်းကို သိချင်နေမိသည်။ ထိုမြစ် သည် ရှည်လျားသော မြေအောက်မြစ်ဖြစ်ကာ သင်္ချိုင်းဂူထဲသို့ နှစ်ခြမ်းကွဲ စီးဆင်းသွားသည်။

“အဲတုန်းက ဘာလို့မဖြတ်တာလဲ”

“အကြောင်းအရင်းတစ်ခုက အဲတုန်းက ခဲ့လောက ကိုယ်ဝန်ရှိနေပြီး အဲဒီ ကိုသွားရင် အန္တရာယ်ရှိမယ်လို့ ခံစားမိလို့၊ ငါတို့ရဲ့မမွေးရသေးတဲ့ကလေးက အန္တရာယ်ဖြစ်သွားရင် မတန်ဘူးလို့ခံ့စားမိလို့၊ နောက်အကြောင်းအရင်းတစ်ခု က ရတနာတချို့ရပြီးသားဖြစ်နေလို့ ထပ်မလိုတော့လို့” သူ ခဲ့လော့အကြောင်း ပြောချိန်တွင် ရှီမာလျူရွှမ်၏ မျက်လုံးမျာ ပျော်ရွှင်မှုအရိပ်အယောင်ထင်ဟပ်နေ ပြီး ဖန်ကျိရှင်းမှာတော့ အေးစက်နေသည်။

သူက အခွင့်အရေးကို အမိအရယူပြီး သူတို့အချစ်ကိုလာပြနေသေးတယ်။ သူ တကယ်ပဲ အရိုက်ခံရသင့်တယ် ဟင်း…

သူလုပ်သည်မှာ ကောင်းသည်ဟု ဟွမ်ရင်ရင်တို့လည်း ခံစားမိသည် “အထဲမှာ မသိနိုင်တဲ့ အန္တရာယ်တွေရှိနေမှာပဲ၊ အဲတုန်းကသာ တစ်ခုခုဖြစ်သွား ရင် ဒီလောက်သိတတ်တဲ့ မြေးမလေး ယူယူ့ကိုတောင်ရလိုက်မှာမဟုတ်ဘူး”

“အင်း ဘေးကင်းဖို့က အရေးအကြီးဆုံးပဲ”

“ဝှီး ဝှီး ဝှီး”

အတန်ကြာငြိမ်သက်နေသော ကောင်းကင်လှံတံသည် စတင် လှုပ်ရှား လာပြန်သည်။ လှံတံသည် သူမလက်ထဲတွင် လှုပ်ခတ်နေပြီး သူမ မလှုပ်မယှက် ရှိနေသည်ကို မကျေနပ်နေသည့်ပုံပင်။

“ဒီကောင်က မြစ်ဖြတ်ချင်နေတယ်ထင်တယ်” ရှီမာယူယူသည် မတတ် သာစွာဖြင့် ကြည့်လိုက်သည်။

သွားဖို့ လမ်းတစ်ဝက်ပဲကျန်တော့တာကို ဘာလို့ဒီလောက်တောင် အပြင်းအထန် လှုံ့ဆော်နေတာလဲ။

“ကြည့်ရတာ ကျန်တဲ့လမ်းတစ်ဝက်က အဲဘက်မှာထင်တယ်” ဖန်ကျိရှင်း ပြောလိုက်သည် “အဲဒီကိုဖြတ်သွားချင်လား”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဆရာ့အသံကဘာလို့ စိတ်တိုနေတဲ့ အသံပေါက်တောလဲ။ သူမ ဆရာနှင့် ဖခင်ဖြစ်သူတို့ အတူရှိနေသည်မှာ ကောင်း သည်လား ဆိုးသည်လားကို မပြောတတ်တော့ပေ။

“အဲတုန်းက ဧကရာဇ်ချင်းဒေါင်ရဲ့အံ့ဖွယ်အသိစိတ်နဲ့တွေ့ခဲ့တယ်လို့ ပြော တယ်မလား ဖြစ်နိုင်မယ်ဆိုရင် ကောင်းကင်လှံတံကို တစ်ခုလုံးပြည့်စုံသွား အောင် ပေါင်းစပ်စေချင်တယ်၊ အခု မြစ်ကျော်လိုက်ရင်ရောက်ပြီဆိုတာကို သိမှ တော့ ဘယ်လိုလုပ် မရှာဘဲနေမလဲ၊ ပြီးတော့ သင်္ချိုင်းဂူရဲ့ပိုင်ရှင်က အဲဒီမှာ ရှိ မယ်လို့ထင်တယ် ဒီအထိရောက်လာပြီဆိုမှတော့ သူ့ကို သွားနှုတ်ဆက်ရမှာပေါ့”

တကယ်တော့ သူမသည် သင်္ချိုင်းဂူ၏ ပိုင်ရှင်ကို နှုတ်ဆက်တာမျိုးကို ဂရုမစိုက်တတ်ပေ။ ထိုသင်္ချိုင်းဂူသည် ဧကရာဇ်ချင်းဒေါင်၏ သင်္ချိုင်းဟုတ် မဟုတ်ကို သူမ သိချင်ရုံဖြစ်သည်။

သူမသည် ဧကရာဇ်ချင်းဒေါင်နှင့် ဆက်နွယ်မှုရှိလိမ့်မည်ဟု ခံစားရသည်။ ထိုစဉ်က သူမ ကောင်းကင်အဆောင်တော်တွင် သူနှင့် တွေ့ခဲ့ခြင်း ကောင်းကင် လှံတံရခဲ့ခြင်းနှင့် လေဟာပြင်သင်္ဘောပေါ်တွင် သူ့ကိုခပ်ဝါးဝါးမြင်လိုက်ရခြင်း များကြောင့် သူ့ကိုစိတ်ဝင်တစားရှိနေပြီဟု ခံစားရသည်။

သို့သော် သူမ ရှင်းမပြတတ်ပေ။

ကောင်းကင်လှံတံရဲ့ နောက်တစ်ခြမ်းက ပျောက်နေတာ ကြာပြီလေ။ ဒီမှာဘယ်လိုလုပ် ပေါ်လာမှာလဲ။ တိုက်ဆိုင်တာပဲမဟုတ်ဘူးလား။

မဟုတ်ရင် သူမလိုမျိုး လှံတံနောက်တစ်ခြမ်းရထားတဲ့သူက ဒီကိုရောက် လာလို့ ဒီမှာလာတွေ့မှာလား။

ရှီမာယူယူရပ်နေရင်းနှင့် မျက်နှာထားတစ်မျိုးပြီးတစ်မျိုး ပြောင်းသွား သည်ကို သူတို့ကြည့်နေကြသည်။ သူမ အတွေးကို သူတို့မသိကြတော့ပေ။

“ယူယူ ဘာတွေစိုးရိမ်နေတာလဲ၊ မင်းအဖေနဲ့ ငါအထဲကိုအရင်ဝင်ပြီး ဧရိယာကို စုံစမ်းလိုက်မယ်လေ” ဖန်ကျိရှင်းသည် အခွင့်အရေးရလျှင် ရှီမာလျူရွှမ်ကို ဆွဲခေါ်သွားရန် မမေ့ပေ။

အင်း… အန္တရာယ်ဖြစ်လာရင်တော့ သူတို့ အတူတူရင်ဆိုင်ရုံပေါ့။

ရှီမာလျူရွှမ်သည် သူ့ကို တိတ်တဆိတ် မျက်လုံးလှိမ့်ပြမိသည်။

ရှီမာယူယူသည် ခေါင်းမော့ကာ သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်မှုကို မြင်သောအခါ အစပိုင်းစိုးရိမ်မှုမှာ ပျောက်ကွယ်သွားလေသည်။  သူတို့နှစ် ယောက်လုံးသည် အချစ်လုဖက်များဖြစ်ကြသည်။ သို့သော် ဆက်ဆံရေးမှာ လည်းကောင်းကြသည်။ သူတို့သည် အရင်ကအဖြစ်များကို မေ့ပြီး သဘာဝကျ ကျပင် နေသွားနိုင်ကြသည်။

သူမ ပြုံးပြီးပြောလိုက်သည် “ဆရာ အဲဒီဘက်ဧရိယာက ပင်မသင်္ချိုင်းဖြစ် မယ်လို့ထင်တယ်၊ အခေါင်းကလည်း အဲဘက်မှာပဲရှိမှာပဲ သင်္ချိုင်းဂူရဲ့ပိုင်ရှင် ရှာ တွေ့ရင် ဒီသင်္ချိုင်းဂူက ဧကရာဇ်ချင်းဒေါင်ရဲ့ဟာ ဟုတ် မဟုတ်ကို သိနိုင်မှာပဲ”

***

All Chapters