ပိုဇယားကိုက်သည်
Vol. 12 Ch. 173
ညရောက်လာသည်။ ဂိုဏ်းဝင်များ အစားအသောက်ကောင်းကို စတင်တောင့်တလာသည်။
သိုင်းပြိုင်ကွင်းနှင့်သိပ်မဝေးသည့်နေရာတွင် မထင်မရှားဆိုင်ငယ်လေးရှိသည်။ ဘာမှအစီအစဉ်ချမထားပဲ ရနံ့ဆွဲဆောင်မှုကြောင့် လူများက ထိုနေရာကိုသာ အလိုလိုရွေးချယ်မိကြသည်။
နောက်တစ်ခေါက်အသားကင်ဆိုင်
ဆိုင်နာမည်အတိုင်းပင်။ စားမိသည့် ဖောက်သည်များ အမြဲဆာလောင်နေသည့် သူတို့ဝမ်းဗိုက်ကိုဖြည့်ရန် နောက်တစ်ခေါက်လာချင်ကြသည်။
အသားကင်လာစားသူအတော်များများက အရိုင်းမျိုးနွယ်၏ အထူးလက်ရာ သိုးသားကင်ကို ကြိုက်ကြသည်။ ရှေးခေတ်မှ ယနေ့ခေတ်ထိ နှစ်သိန်းချီဆင်းသက်လာသည် အရိုင်းမျိုးနွယ်အသားကင်နည်းသည် အမြဲတမ်း လူကြိုက်များနေဆဲဖြစ်သည်။
အသားကင်ဖို့ တစ်နေ့တည်း ပြင်ဆင်ရသည်။ အရိုင်းဘိုးဘေးတို့က အမဲသားနှင့်သိုးသားကင်ရာတွင် ရောထည့်ရသည့် ဟင်းခတ်ပစ္စည်းများအကြောင်း ကောင်းကောင်းနားလည်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင်းမှ အသားကင်ဆိုင်ဆယ်ခုကျော်ထက် အရသာပိုထူးကဲနေသည့်အချက်မှာ ထိုဟင်းခတ်ပစ္စည်းများပေါ် မူတည်နေသည်။
ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်သခင်လျို၏အမြင်က ထိုသို့မဟုတ်။ အကောင်းဆုံးဟင်းချက်ပစ္စည်းများသည် အရိုးရှင်းဆုံးဟင်းချက်နည်းသာလိုသည်။ အသားကင်များအတွက် အရေးကြီးဆုံးအချက်က မီးအပူနှင့်စိတ်အာရုံစူးစိုက်မှုဖြစ်သည်။
အသားတစ်စင်ကင်တိုင်း တိုက်ပွဲတစ်ပွဲလို သူသဘောထားသည်။ စတ်အာရုံအပြည့်ထည့်ထားသည်။ အော်ဒါများ တောင်လိုပုံနေချိန်မှာပင် အပူရှိန်ကို စိတ်ငြိမ်ငြိမ်ဖြင့် သေချာအာရုံစိုက်၍ ထိန်းချုပ်သည်။ သူ့ကမ္ဘာငယ်လေးတွင် ဈာန်ဝင်စားနေသည်။
စားသောက်ခြင်းသည် စစ်ပွဲထွက်ရသည်နှင့်တူသည်။ ဘယ်အချိန်ဖြစ်ဖြစ် ထိုစကားမှန်သည်။ အသားကင်ဆိုင်တစ်ခု ကောင်းစွာလည်ပတ်နိုင်ဖို့ ဆိုင်အလုပ်သမားများ၏ အချက်ညီညီပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သည်။
ဤဆိုင်မှ ယာယီအလုပ်သမားများသည် ထိုကိစ္စမျိုး တစ်ခါမှမလုပ်ဖူး။ သို့သော် ပင်ကိုယ်သဘာဝကိုက ထိုအလုပ်နှင့် သဟဇာတဖြစ်ပုံရသည်။ ဖောက်သည်များကို ဝန်ဆောင်မှုပေးရာတွင် အချင်းချင်းနားလည်မှုရှိသည်။ တစ်ယောက်က ငွေကိုင်၊ တစ်ယောက်က စားပွဲထိုး၊ တစ်ယောက်က ခွက်ဆေးပန်ကန်ဆေး စသဖြင့် ညီအကိုရင်းများပမာ စည်းချက်ညီနေသည်။
သို့သော် ဘယ်ဆိုင်မှ ပြည့်စုံသည်မရှိ။ သူတို့ဘယ်လောက်ကောင်းအောင် ပူးပေါင်းဆောင်ရွက်နေသည်ဖြစ်စေ စိတ်နှင့်လူမကပ်သည့်လူမျိုးက ရှိစမြဲဖြစ်သည်။
"မင်းဘာဖြစ်နေတာလဲရှောင်လု။ အလုပ်ကို အာရုံစိုက်စမ်းပါကွ"
သခင်ကောင်းက ဟိုငေးဒီငေးဖြစ်နေသည့်လုယန်ကို အော်ငေါက်သည်။
လုယန် -"..."
'ထာဝရဂိုဏ်းချုပ်ဖြစ်ဖို့ ငါအလျင်လိုလွန်းနေပြီလား။ ဒီဂိုဏ်းက အနာဂတ်အလားအလာ သိပ်မရှိလောက်ဘူး။ ရိုးရိုးသားသားနဲ့ တာအိုလမ်းစဉ်ဂိုဏ်းသားပဲလုပ်မှထင်တယ်'
"နင်က ဂိုဏ်းကနေထွက်ချင်တယ်ပေါ့"
ထာဝရနတ်မယ် လုယန်ကို မကျေမနပ်စိုက်ကြည့်သည်။ အရှင်သခင်ရှေ့တွင် ထိုစကားမျိုးပြောရဲသည်။
"နယ်မယ်၊ ခင်ဗျားတစ်ခြားတစ်ခုခု လုပ်စရာမရှိဘူးလား။ မရှိရင်လည်း ပြန်အိပ်လိုက်ပါတော့"
"ရှိတာပေါ့။ ရှောင်ကောင်းကို သူအသားကင်တဲ့နည်း မှားနေတယ်လို့ သွားပြောလိုက်။ အသားကင်တွေက ပျော့လွန်းနေတယ်။ မီးအရှိန်ကိုမြှင့်ရမယ်။ မီးကင်နံ့လေးပြင်းနေဖို့လိုတယ်။..မြန်မြန်သွားပြောလေ။ ဒါမသေမျိုးနယ်မယ်အမိန်နော်"
ထာဝရနတ်မယ် တိုက်တွန်းသည်။
ရှေးခေတ်က သူဘာပြောပြော လူတိုင်းက အလေးအနက်ထားကြသည်။ နတ်ဘုရားလမ်းညွှန်ဟု ယူဆသည်။ သူ့စကားကို ရှုထောင့်စုံမှ ဆင်ခြင်သုံးသပ်ကြသည်။
သို့သော်ယခု ထိုသို့အလေးထားမခံရ။ လုယန်က မကြားချင်ယောင်ဆောင်နေသည်။
လုယန်မျက်နှာက စိုးရိမ်ပူပန်ရိပ်သန်းနေသဖြင့် အရိုးရိုင်းက သစိတ်အာရုံမှလမ်းမေးသည်။
"အကိုလု၊ ဒီအတိုင်းဆက်သွားလို့မရဘူးနော်"
လုယန် ကျေနပ်သွားသည်။ နောက်ဆုံးတော့ လွဲချော်နေသည့်အခြေအနေရိပ်စားမိသူတစ်ယောက် ရှိလာသည်။
"ကျုပ်တို့ပြင်ထားတဲ့ အသားကင်တွေက သိပ်မများဘူး။ ဒီနှုန်းအတိုင်းဆိုရင် မကြာခင် အားလုံးရောင်းလို့ကုန်တော့မှာ"
"..."
လုယန် ပြန်စဉ်းစားသည်။ လွဲချော်နေသည်က အရိုးရိုင်းအတွေးလား သူ့အတွေးလား မသိတော့။
"ဘာ၊ အသားကင်ေတွကုန်တော့မယ်ပေါ့"
ထာဝရဂိုဏ်း အကြီးအကဲတစ်ယောက် မျက်နှာပျက်သွားသည်။ ထိုကိစ္စက ပေါ့သေးသေးမဟုတ်။ ကျန်းယိထန်ဟူသည့် ထိုအကြီးအကဲက ငွေသိမ်းတာဝန်ယူထားသူဖြစ်သည်။
"ဒါဆိုလည်း အပြင်သွားပြီး မြန်မြန်ဝယ်လိုက်လေ"
အရိုးရိုင်း ခေါင်းခါသည်။
"အကင်တွေကို ကြိုတင်ပြီး အဆာပလာတွေနဲ့နှပ်ပြီးစိမ်ထားရတာ။ အခုချက်ချင်းသွားဝယ်ရင် အသားကလည်း အရည်အသွေးမီမမီမသေချာဘူး။ ပြီးတော့ အဆာပလာစိမ်ဖို့လည်း မချိန်မရတော့ဘူး'
အရိုင်းမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် အရိုင်းအသားကင်၏နာမည်ဂုဏ်သတင်းကို သူအပျက်ခံမည်မဟုတ်။
"အတော်စည်းကမ်းရှိတာပဲ"
ထာဝရနတ်မယ် ချီးကျူးသည်။ ရှေးခေတ်က အရိုင်းမျိုးနွယ်အသားကင်ကို သူလည်းမြည်းကြည့်ဖူးသည်။ တကယ်ထူးခြားသည်။ သို့သော် ထိုအသားကင်များက အဟာရမျှတမှုကို အလေးမထား။
ထာဝရနတ်မယ်သည် အစးအသောက်ပြင်ဆင်ရာတွင် အဟာရမျှတမှုကို အမြဲအလေးပေးသည်။ အရိုင်းမျိုးနွယ်ကိုလည်း တိုးတက်စေလိုသဖြင့် အကြံပေးညွှန်ပြခဲ့သည်။ သို့သော် စကားနားမထောင်ဘဲ သူတို့နည်းလမ်းအတိုင်းသာ အခိုင်အမာရပ်တည်ကြသည်။
သိုင်းပြိုင်ကွင်းမှ နတ်ဝိညာဉ်အဆင့်နောက်ဆုံးပြိုင်ပွဲသို့ ရောက်ချိန်တွင် အသားကင်အားလုံး ရောင်းကုန်သွားသည်။
ယနေ့ရောင်းရသည့်ငွေကို အားလုံးစာရင်းချုပ်ကြသည်။
"သောက်လခွမ်း၊ ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းကို ဒုက္ခပေးဖို့လာတာမဟုတ်လား။ မင်းတို့တွဘာလုပ်နေတာလဲ။ ကိုယ့်အိမ်ကိုယ့်ယာလို့ ထင်နေကြတာလား"
ဒုဂိုဏ်းချုပ်လျို အရင်ဦးအောင်မာန်မဲလိုက်သည်။ အစောပိုင်းက အသားကင်သည့်အလုပ်တွင် ဈန်ဝင်နေပြီး မစ်ရှင်ကိုမေ့နေခဲ့မှန်း သတိရလာသောကြောင့်ဖြစ်သည်။ သို့သော် သူ့အမှားကို အများရှေ့တွင် ဝန်မခံနိုင်။
နတ်ဆိုးဂိုဏ်း၏ ဒုဂိုဏ်းချုပ်ပီပီ အမှားလုပ်ပြီး ကိုယ့်ဆီမြားဦးမလှည့်မီ တစ်ခြားလူကို အရင်ဦးအောင်အပြစ်တင်ရာတွင် ကျွမ်းကျင်သည်။
သခင်ကောင်းကလည်း အားလုံးကို မာန်မဲလိုက်သည်။
"မင်းတို့ရဲ့ ယုံကြည်ချက်တွေ ဘယ်ရောက်ကုန်တာလဲ။ တာဝန်ကိုပေါ့ပေါ့ဆဆလုပ်နေတဲ့ကောင်တွေ။ ထာဝရအရှင်ရဲ့ချီးမြှောက်မှုနှင့် မင်းတို့ထိုက်တန်လား"
ခုနက ဈာန်အဝင်ဆုံးသည် သူတို့နှစ်ယောက်ဖြစ်ကြောင်း အားလုံးသိကြသည်။
ငွေသိမ်း ကျန်းယိထန်က ခဏစဉ်းစားပြီး အလေးအနက်ပြောသည်။
"အခုချိန် ကျုပ်တို့ အသားကင်ဆိုင်ဖွင့်ထဲ့အလုပ် ပြောင်းလုပ်လို့ ရနိင်လောက်သေးလား"
နောက်အကြီးအကဲတစ်ယောက်က မျက်ခုံးနှစ်ဘက်မြင့်တက်သါာားသည်။
"အသားကင်ဆိုင်ဖွင့်မယ်ဆိုတာ ဘာကိုပြောတာလဲ။
"ဒါပေမယ့် တကယ်ပါ၊ ဒီမှာအသားကင်ဆိုင်ဖွင့်တာက ငွေတွေအများကြီးရတယ်"
အကြီးအကဲတစ်ယောက်က အထင်မကြီးဟန်ဖြင့်
"ဘယ်လောက်ရလို့လဲ"
"ကျုပ်တို့ရတဲ့ တစ်လစာဝင်ငွေအားလုံးပေါင်းနဲ့ ညီမျှတယ်"
"ထာဝရအရှင်ရုပ်ထုကို တစ်ဘက်မှာထားပြီး နောက်တစ်ဘက်မှာ အသားကင်ဆိုင်ဖွင့်ရင် ထာဝရအရှင်ရဲ့ဓမ္မနဲ့ မဆန့်ကျင်လောက်ဘူးထင်တယ်"
ယုံကြည်ချက်မခိုင်မာသည့် အကြီးအကဲကို ဒုဂိုဏ်းချုပ်လျို မာန်မဲသည်။
"ပေါက်တတ်ကရတွေပြောမနေနဲ့။ ထာဝရအရှင်ကို ကိုးကွယ်သူတွေက ဒီလိုအတွေးမျိုး..."
"ကျုပ်တို့အားလုံးပေါင်းပြီးရတဲ့ တစ်လစာဝင်ငွေပါ။ ဒီစိတ်ကူးဟာ ထာဝရဂိုဏ်းအတွက် ချမ်းသာမယ့်လမ်းကြောင်းပဲ"
ဒုဂိုဏ်းချုပ်လျို လေသံပြောင်းသွားသည်။ အနာဂတ်အတွက် စစဉ်းစားသည်။
"ငါတို့ တိုက်နယ်တစ်ခုလုံးမှာ ဆိုင်ခွဲတွေဖွင့်လို့ရတယ်။ ဂိုဏ်းဝင်တွေအတွက် အလုပ်ရှားပါးတဲ့ပြဿနာလည်း ဖြေရှင်းနိုင်မယ်။ ဝင်ငွေလည်းတိုးလာမယ်။ အဲဒီ့အချိန်ကျရင် ငါတို့က ရှားနိုင်ငံရဲ့ အဓိကလုပ်ငန်းရှင်တွေဖြစ်လာမယ်"
ဒုဂိုဏ်းချုပ်ကောင်းက ဒေါသထွက်သွားသည်။
"တစ်ခြားနေရာတွေမှာ ရောင်းဈေးက တာအိုလမ်းစဉ်ဂိုဏ်းမှာလောက် မြင့်နိုင်မမြင့်နိုင်ဆိုတာရော မင်းစဉ်းစားဖူးလား။ ပွဲလမ်းရှိလို့ ရောင်းရတဲ့ရောင်းအားက သာမန်နေ့တွေနဲ့ တူပါ့မလားကွ။ မင်းက လတ်တလောအကျိုးကိုပဲ ကြည့်နေတာ။ ရေရှည်ကိုမစဉ်စားဘူး။ ဒီ့ထက်အရေးကြီးတာက ငါတို့သာဆိုင်ခွဲတွေဖွင့်ရင် ဂိုဏ်းဝင်အားလုံးရဲ့ အသားကင်စွမ်းရည်က ငါတို့နဲ့တန်းတူရှိပါမယ်လို့ ဘယ်သူအာမခံနိုင်လဲ။
သိုင်းပြိုင်ကွင်းကို သွားဖို့ပြင်ကြတော့"
လုယန် ကျိတ်၍သက်ပြင်းချလိုက်သည်။ အစက ဖောက်သည်များကိုအသုံးချ၍ သူတို့ကိုထိန်းထားချင်ခဲ့သည်။ အခွင့်အရေးတစ်ခုပေးချင်သည်။ သို့သော် ကံမကောင်း။ အသားကင်များက အမြန်ရောင်းကုန်သွားသည်။ ပြိုင်ပွဲဆုံးသည်ထိ မခံတော့။
"အဝါရောင်မြက်ခေါင်းအုံးရဲ့အာနိသင် အမြင့်ဆုံးဖြစ်ဖို့အတွက် နေရာတွေအတိအကျရွေးဖို့လိုတယ်။ ရှောင်လု၊ မင်းတို့သုံးယောက် ငါတို့ကို သိုင်းပြိုင်ကွင်းဆီ ခေါ်သွားပေး။ အချိန်ကျတာနဲ့ မသေမျိုးရတနာကို ချက်ချင်းအသက်သွင်းမယ်။ အဲဒီ့အချိန်ကျရင် မင်းတို့ဟာ ဂိုဏ်းအတွက် ကြီးမားတဲ့ စွမ်းဆောင်သူတွေဖြစ်သွားပြီ"
လုယန်မျက်နှာတည်သွားသည်။ မြင့်မြတ်စွာအနစ်နာခံတော့မည့်ဟန်မျိုးဖြစ်သည်။
"ကျုပ်တို့က အကျိုးအမြတ်မလိုချင်ပါဘူး။ ထာဝရဂိုဏ်းအတွက် စိတ်နှစ်ကိုယ်နှစ်အကျိုးဆောင်ဖို့က ကျုပ်တို့တာဝန်ပါ"
"ကောင်းတယ်၊ မင်းကိုငါ လူကဲခတ်မမှားခဲ့ဘူးပဲ"
ဒုဂိုဏ်းချုပ် လုယန်ကို အတော်သဘောကျသွားသည်။ ဂိုဏ်းချုပ်ကြီး အထူးအလေးပေးခံရသူပီသသည်။ ချီးကျူးထိုက်သည့်အရည်အချင်းများ တကယ်ရှိသည်။
ထာဝရဂိုဏ်း'ဘိုးဘေး'၏ ဦးဆောင်မှုဖြင့် သူ့လက်အောက်ခံများ သိုင်းပြိုင်ကွင်းသို့ ရောက်လာသည်။ နေရာကိုယ်စီ ယူလိုက်ကြသည်။
သိုင်းပြိုင်ကွင်းပေါ်မှ တိုက်ပွဲများကိုကြည့်၍ ဒုဂိုဏ်းချုပ်လု ခေါင်းတစ်ချက်ငြိမ့်သည်။ မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်း၏တပည့်များ ပီသသည်။ ကျင့်စဉ်အဆင့်သိပ်မမြင့်သော်လည်း တိုက်ခိုက်သည့်နည်းလမ်းများက ချီးကျူးထိုက်သည်။ ဟာကွက်လုံးဝမရှိ။
'မဟာဘိုးဘေး'ကို သူပြောသည်။
"ရှောင်လု၊ ဒီတိုက်ပွဲတွေ သေချာကြည့်ထား။ မင်းအတွက် အတော်အကျိုးရှိလာလိမ့်မယ်"
****************************************