← Chapters

တို့ဟူးမသေမျိုး

Vol. 12 Ch. 175

တို့ဟူးမသေမျိုး

Vol. 12 Ch. 175

ထာဝရဂိုဏ်း၏ အကြီးအကဲများ လုံးဝထင်မှတ်မထား။ ရှေးဟောင်းစကားလုံးများကို သူတို့ပြိုင်တူရွတ်ဆိုနေကြစဉ် ရုတ်တရက် လူအုပ်ထဲမှ အိတ်ကိုယ်စီကိုင်ထားသည့်လူတစ်စု ခုန်ထွက်လာပြီး သူတို့ခေါင်းပေါ် အုပ်ခံလိုက်ရသည်။

ဘာမှမတုံ့ပြန်နိုင်မီ အိတ်ထဲထည့်၍ တုပ်နှောင်ခံလိုက်ရသည်။ အဖမ်းခံရသည့်အဖြစ်ကို လက်ခံနိုင်ပါသည်။ သို့သော် ဤနည်းလမ်းမျိုးဖြင့် ဘာကြောင့်ဖမ်းဆီးသည်မသိ။

လမ်းမှန်ဂိုဏ်းများ ထိုနည်းလမ်းမျိုး သုံးကြလေသလော။

ထာဝရဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်များ ရှေးဟောင်းဘာသာစကားတစ်ခု ရေရွတ်နေကြသည်။ မသေမျိုးရတနာ အဝါရောင်မြက်ခေါင်းအုံးကို အသက်သွင်းဖို့ဖြစ်သည်။ စကားလုံးများက ခက်ခဲနက်နဲသည်။ သာမန်လူများနားမလည််နိုင်။ ယနေ့ထိလည်း ထိုစကားအဓိပ္ပါယ်ကို တစ်ယောက်မျှ အဓိပ္ပါယ်မဖော်နိုင်သေး။ ထိုစကားသည် မသေမျိုးတစ်ယောက် မှော်ရတနာအသက်သွင်းဖို့သုံးသည့်မန္တာန်ဟု ထာဝရဂိုဏ်းက ယူဆသည်။ မသေမျိုးရတနာများ လှုပ်နှိုးသည့်မန္တာန်ဟုလည်း တစ်ချို့ကပြောကြသည်။

မည်သို့ဆိုစေ ထိုမန္တာန်ရွတ်ဆိုလျှင် အဝါရောင်မြက်ခေါင်းအုံးအာနိသင်က ပြိုင်ဘက်ကင်းသည်မှာသေချာသည်။

ထာဝရအရှင်သည် အိပ်မက်နှင့်သက်ဆိုင်သည့် မှော်ပညာများတွင် အထူးကျွမ်းကျသည်ဟု ထာဝရဂိုဏ်းချုပ် ယူဆသည်။ ရှေးဟောင်းကဗျာစာသားတစ်ချို့တွင် "ခမ်းနားတဲ့အိပ်မက်ဟာ ဆောင်းရာသီထောင်ချီကြာမြင့်တယ်။ ဒီည ဘယ်နှစ်ကိုရောက်နေပြီလဲ"ဟူသည့် ဖော်ပြချက်မျိုးပါသည်။ လေ့လာအဖြေရှာခဲ့သည်။ ချီလင်မသေမျိုးက ထာဝရအရှင်ကို ထာဝအိပ်ပျော်စေလိုသည့် ဆန္ဒကိုထုတ်ပြခဲ့ခြင်းဖြစ်ကြောင်း သိလာရသည်။

"ရှေးမသေမျိုးငငါးယောက်မှာ ဘယ်သူစွမ်းအားအကြီးဆုံးလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် ချီလင်မသေမျိုးက ထာဝရအရှင်ကိုကြောက်လို့ မနိုးထစေချင်ဘူးဆိုတာ ထင်ရှားတယ်"

ထာဝရဂိုဏ်းချုပ် အများသိကြေငြာခဲ့သည်။

ဒုဂိုဏ်းချုပ်လျို ခေါင်းကိုခါရမ်း၍ အတွေးစများကို ထုတ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက သေချာပြင်ဆင်ထားကြောင်း သူနားလည်လာသည်။ သူတို့ထောင်ချောက်မိခြင်းဖြစ်သည်။

သစ္စာဖောက်ဘယ်သူလဲ။

ထိုစဉ် လုယန် သူ့ဘေးမှပျောက်သွားသည်ကို သတိထားမိသည်။ စင်မြင့်ဆီ သူလှမ်းကြည့်သည်။ လုယန်က အပိတ်မိန့်ခွန်းပြောနေသည်။

သူ့အကြည်ကို လုယန် သတိထားမိပုံရသည်။ ခပ်အေးအေးလှမ်းပြုံးပြသည်။ ထို့နောက် မိန့်ခွန်းဆက်ပြောသည်။

"မင်းပဲ"

ဂိုဏ်းချုပ်လျိုမျက်လုံးတွင် ‌ဒေါသရိပ်ပြည့်နေသည်။ လုယန်ကို သစ္စာဖောက်ဟု သူထင်မထား။

တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ကို သိမ်းသွင်းလိုက်ခြင်း ဖြစ်လေသလားမသိ။

မဖြစ်နိုင်။ စင်ပေါ်တွင်ရှိနေပုံထောက်လျှင် အစကတည်းက တာအိုလမ်းစဉ်ဂိုဏ်းသားဖြစ်လိမ့်မည်။ ရာထူးမြင့်သည့်လူမျိုးပင် ဖြစ်နိုင်သည်။

"ဟား၊ လုယန်၊ သစ္စာဖောက်ကောင်။ သူနိုင်သွားပြီလို့ ထင်နေတာလား"

ဒုဂိုဏ်းချုပ်လျိုမျက်လုံးတွင် ရူးသွပ်သည့်အရိပ်မျိုး ပေါ်လာသည်။ မသေမျိုးရတနာ အဝါရောင်မြက်ခေါင်းအုံးကို မှော်လက်စွပ်ထဲမှ ထုတ်လိုက်သည်။

"မသေမျိုးရတနာဆိုတာဘာလဲ သူတို့သိသွားစေရမယ်။ ငါတစ်ယောက်တည်းလည်း ဒီရတနာကို အသက်သွင်းနိုင်တယ်ကွ"

သွေးသန္ဓေကို ခေါင်းအုံးပေါ် ထွေးထုတ်လိုက်သည်။ ထူးဆန်းသည့်အစိမ်းရောင်အလင်းတစ်မျိုး ထွက်လာသည်။ ထိုအလင်းက လှိုင်းတွန့်ကဲ့သို့ ပြန့်ကားထွက်သွားသည်။

ထိုအစိမ်းရောင်လှိုင်းထိသည့်လူတိုင်း အိပ်မောကျသွားကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းဝင် ဓာတ်ငါးမျိုးဂိုဏ်းဝင်တို့ ခန္ဓာကိုယ်ယိမ်းယိုင်၍ လဲကျသွားပြီး သိပ်မကြာမီ ဟောက်သံများပေါ်လာသည်။

သိုင်းပြိုင်ကွင်းတစ်ခုလုံး ဟောက်သံများ ဆူညံ့စွာ ထွက်ပေါ်နေသည်။ ခြောက်ခြားစရာကောင်းလှသည်။ စင်မြင့်အောက်မှ ဂိုဏ်းတပည့်များပင် ခေါင်းအုံး၏စွမ်းအားကို သည်းမခံနိုင်ဘဲ အိပ်မက်ထဲသို့ ဆွဲယူခံကြရသည်။

ဒုဂိုဏ်းချုပ်လျို အော်ဟစ်ရယ်မောနေသည်။

"ဟားဟားဟား ဘာတာလိုလမ်းစဉ်ဂိုဏ်းလဲ။ ဘာဓာတ်ငါးမျိုးဂိုဏ်းလဲ။ ငါတို့ထာဝရဂိုဏ်းကို အထင်သေးကြဦးလေ"

သူ့မျက်လုံးတွင် လူသတ်ရိပ်များပြည့်နေသည်။ ဤအခွင့်အရေးကိုအသုံးချ၍ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို သတ်ချင်နေသည်။

"မြန်မြန်လုပ်မှဖြစ်မယ်။ တာအိုလမ်းစဉ်ဂိုဏ်းက ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်တွေ ဒီနေရာမှာ မူမမှန်တာကို အာရုံခံမိသွားရင် သေချာပေါက်ရောက်လာကြမှာပဲ။ မသေမျိုးရတနာကို သွေးစတေးရင်တောင် ကူးဖြတ်ခြင်းအဆင့်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး"

ဒုဂိုဏ်းချုပ်လျို သူ့ဘာသာရေရွတ်နေသည်။

ကူးဖြတ်ခြင်းအဆင့်များက ဂိုဏ်း၏ အတွင်းအကျဆုံးအပိုင်းတွင် ခိုအောင်းနေသည်။ လျှို့ဝှက်နယ်မြေများစောင့်ကြပ်ရင်း မသေမျိုးဖြစ်အောင် ကျင့်ကြံနေသည်။ သာမန်သေမျိုးလောကကို ခပ်ခွာခွာနေသည်။ လှုပ်ရှားခဲသည်။

သူသိသလောက် မသေမျိုးငါးဂိုဏ်းနောက်မျိုးဆက်ထဲ၌ ကူးဖြတ်ခြင်းအဆင့်သို့ ရောက်နေသူဟူ၍ စွန်စီးဘုံကျောင်း၏ ကျောင်းထိုင်သာ ရှိသည်။

ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထွက်ပေါ်လာလျှင်လည်း လက်ထဲတွင်မသေမျိုးရတနာခေါင်းအုံး ရှိနေသည်ဖြစ်၍ ဆိုးဆိုးဝါးဝါးတော့ ဖြစ်မည်မထင်။

"ငါ့ရှေ့မှာမင်းက လူသတ်ဖို့ကြိုးစားရဲတယ်ပေါ့"

လှောင်ရိပ်ပါသည့် အေးစက်စက်စကားသံတစ်ခုက သူ့စိတ်ကူးယယ်အိပ်မက်များကု ဖျက်ဆီးလိုက်သည်။

ထိုစကားသံကို သူမကြားဖူး။ ဘေးပတ်လည်ကို လှည့်ကြည့်သည်။ ခုနကအိပ်ပျော်နေသူများ တစ်ယောက်မှမရှိ။

"မဖြစ်နိုင်ဘူး"

လုယန်အိပ်မပျော်ခြင်းသည် ကူးဖြတ်ခြင်းအဆင့်စွမ်းအား အနည်းငယ်ရထားသည့်သဘောသာဖြစ်သည်။

ယခု အားလုံးအဓိပ္ပါယ်ရှိလာသည်။ အခြေတည်အဆင့်ဟုထင်ရသည့်လုယန်က တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာတွင် အဘယ်ကြောင့် ထိုင်နေနိုင်သနည်း။

လုယန်၏ကျင့်စဉ်စွမ်းအားက သူ့ထက်ပိုသာ၍သာဖြစ်မည်။

"မင်းဘယ်သူလဲကွ"

ဒုဂိုဏ်းချုပ်လျို အော်ဟစ်မေးမြန်းလိုက်သည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်မျာသည် နာမည်ကျော်ကြသည်။ သို့သော် လုယန်ဟူသည့်နာမည်နှင့် ကူးဖြတ်ခြင်းအဆင့်နာမည်ကို သူမကြားဖူး။

လုယန် စင်အောက်တွင် လက်နှစ်ဘက်နောက်ပစ်၍ မတ်တပ်ရပ်နေသည်။ အဖြူရောင်ဝတ်စုံက လေထဲတွင်လူးလွန့်နေသည်။ မသေမျိုးတစ်ယောက်၏ ဟန်ပန်မျိုးရှိသည်။

ခြေတစ်လှမ်းတိုး၍ လေထဲသို့ ခုန်တက်လိုက်သည်။

"ငါက တို့ဟူးမသေမျိုးပဲ"

ညပိုင်းအချိန် လရောင်အောက်တွင် သူ့အသွင်ကို ထူးထူးခြားခြားမြင်နေရသည်။ လူသားများစွာ မော့ကြည့်ရသည့် ကောင်းကင်သားတော်၏ ဟန်ပန်မျိုးဖြစ်သည်။

စုစည်းခြင်းအဆင့်စွမ်းအင်ဖိအားကို သူထုတ်လွှတ်လိုက်သည်။ ဒုဂိုဏ်းချုပ်လျို လုံးဝမခုခံနိုင်ဲ ခေါင်းငုံ့ဦးညွှတ်လိုက်ရသည်။

"ကံကြမ္မာဓားစက် ဆင်းမယ်"

ဓားရောင်တစ်ခု တိမ်းမည်းများကြား ထိုးခွဲထွက်လာသည်။ အစိမ်းရောင်မသေမျိုးဓားတစ်လက်ဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်နှင့်တူသည်။ မကောင်းမှုအားလုံးကို ပြစ်ဒဏ်စီရင်မည့် နတ်ဘုရားများမသေမျိုးများ၏ဒေါသနှင့်တူသည်။

အတုမဲ့ဓားချက်ကို ဒုဂိုဏ်းချုပ်လျလို လုံးဝမခုခံနိုင်။ တစ်ကိုယ်လုံး တောင့်တင်း၍ မလှုပ်မယှက်ဖြစ်နေသည်။

ဆင်းလာသည့်ဓားကို ခေါင်းမော့၍ မျက်လုံးပြူးကြည့်နေရုံသာတတ်နိုင်သည်။

မသေမျိုးဓားက သူ့ဦးခေါင်းခွံကို ထိုးဖြတ်သါားသည်.

"ဓားတစ်လက်ဟာ ကံကြမ္မာကောင်းတွေကို ဖျက်ဆီးတဲ့အရာပဲ။ ငါမသတ်ချင်ဘူး"

တို့ဟူးမသေမျိုးမျက်နှာတွင် ခံစားချက်အရိပ်မရှိ။ သူလှည့်ထွက်သွားသည်။ နောက်ဘက်တွင် အရိပ်ခွဲများဖြစ်ပေါ်နေသည်။

တကယ့်အပြင်လောကတွင် လူအားလုံးက မြေပေါ်တွင်အိပ်ပျော်နေသည့် ဒုဂိဏ်းချုပ်လျိုကို ဝိုင်းကြည့်နေကြသည်။ ခန္ဓာကိုယ်က မကြာခဏ ဖျတ်ခနဲဖျတ်ခနဲ လှုပ်နေသည်။ လုယန်က ဒုဂိုဏ်းချုပ်လျိုအတွက် ဘယ်လိုအိပ်မက်မျိုး ထည့်ထားသည်မသိ။

အမှန်တော့ လုယန်သည် ဒုဂိုဏ်းချုပ်လျို၏ဘေးတင် တစ်ချိန်လုံးရှိနေခဲ့သည်။ ခုနက စင်မြင့်အောက််တွင် မိန်းခွန်းပြောသည်ကလည်း ဂိုဏ်းအကိုတစ်ယောက်ဖြစ်သည်။

လူများဘေးတွင်ရှိနေသည်ဟု ထင်နေချိန်တွင် ဒုဂိုဏ်းချုပ်လျိုကို အိပ်မက်ထဲသို့ ဆွဲခေါ်လိုက်ခြင်းဖြစ်သည်။

အဝါရောငမြက်ခေါင်းဦးသည်ပျ က်စီးနေသည့် မသေမျိုးရတနာဖြစ်သည်။ ထိုခေါင်းအုံးအသုံးပြုပုံကို ယွမ်ကျိ ကြိုသိထားသည်။ ဒုဂိုဏ်းချုပ်လျို၏ မှော်လက်စွမ်းထဲတွင် ရှိနေချိန်ကတည်းက သူအသက်သွင်းပြီး အိပ်ပျော်အောင်လုပ်ခဲ့သည်။

ဒုဂိုဏ်းချုပ်အပါအတွင် သူ့လူများအားလုံး အိတ်ထဲတွင် ထည့်ချည်ခံရသည်။

"ဒါက ငါ့ခေါင်းအုံးပဲ။ ငါသုံးကြည့်ချင်တယ်"

ထာဝရနတ်မယ် ခန္ဓာကိုယ်ကို လွှဲယူရန်ပြင်သည်။ သို့သော် လုယန်က တားသည်။

"ခင်ဗျားအတွက် ကျုပ်စွန့်စားပေးပါ့မယ်။ ဒီရတနာက နှစ်သုံးသိန်းကျော်တောင် ကြာခဲ့ပြီ။ အခုချိန်ဆို ပျက်စီးနေလောက်ရောပေါ့"

လုယန် အိပ်မက်စွမ်းအားသုံးခွင့်ကို ထိန်းချုပ်လိုက်သည်။

"ဒါနဲ့လေ...ဒီခေါင်းအုံးသုံးတဲ့အချိန်မှာ သီချင်းဆိုဖို့လိုလို့လား"

ထာဝရဂိုဏ်းအကြီးအကဲများ ရှေးဟောင်းစာသားတစ်ချို့ ရွတ်ဆိုခဲ့သည်ကို လုယန်မှတ်မိသည်။ သေးငယ်သည့်ဖြစ်တည်မှုတစ်ခုကို တစ်စုံတစ်ရာပေးနေသည့်ပုံမျိုးဖြစ်သည်။

"ဒီလူတွေရွတ်ဆိုခဲ့တာက ဘာလဲ"

ထာဝရနတ်မယ် ခဏစဉ်းစားပြီးနောက် မှတ်မိလာဟန်ရှိသည်။

"ငါအိပ်တဲ့အချိန် မှော်စွမ်းအင်အသံနဲ့ဖွင့်တဲ့ ကလေးချော့တေးပ။ စာသားအဓိပ္ပါယ်က 'ကလေးလေးရယ် အိပ်ပါတော့။ အိပ်ပါတော့ကွယ်...'ဆိုတာမျိုးပါ"

ထာဝရဂိုဏ်းသားတို့က ထိုရှေးဟောင်းသားချော့တေးကို အားမာန်အပြည့်ဖြင့် ဆိုကြသည်။ သားချော့တေး၏ အနှစ်သာရမျိုး လုံးဝမရှိတော့။ ထာဝရနတ်မယ် သေချာပြန်စဉ်စားမှ သူတို့ဆိုနေသည့်စာသားအဓိပ္ပါဘ်ကို နားလည်ခဲ့ခြင်းဖြစ်သည်။

*******************************

All Chapters