ရှန်ကွမ်ယု
Vol. 12 Ch. 176
"ဒါဆို မင်းဖမ်းခဲ့တာက ထာဝရဂိုဏ်းရဲ့ ထိပ်တန်းဂိုဏ်းဝင်တွေပေါ့"
ရုတ်တရက် စကားသံတစ်ခု နောက်ဘက်မှပေါ်လာသဖြင့် လုယန် လန့်ဖျတ်သွားသည်။ လှည့်ကြည့်လိုက်သည်။ ရှန်ကွမ်ယုဖြစ်သည်။
"ဘာလို့ ဒီလောက်ကောင်းတဲ့အသားကင်ဆိုင်ကို စွန့်လွှတ်ပြီး နတ်ဆိုးဂိုဏ်းထဲဝင်ကြတာများလဲ"
ရှန်ကွမ်ယု ခေါင်းခါနေသည်။ အသားကင်အရသာအကြောင်း ပြန်စဉ်းစားရင် ထိုလူများကို သနားနေသည်။
"ဘာပဲပြောပြော ဒီတစ်ခါ နင်တို့တာအိုလမ်းစဉ်ဂိုဏ်းက ငါးကြီးကြီးမိလိုက်တာပဲ။ သူတို့ဆီကနေ အသုံးဝင်မယ့်သတင်းတစ်ချို့ ရအောင်နှိုက်ထုတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်"
ရှန်ကွမ်ယုကပြုံး၍ လုယန်၏ပုခုံးကို ပုတ်လိုက်သည်။
"မင်းက တာအိုလမ်းစဉ်ဂိုဏ်းသားဖြစ်ဖို့ ကံဇာတာာပါလာတာပဲ။ ဆက်ကြိုးစားပါ။ မင်းကိုငါ အများကြီးမျှော်လင့်ထားတယ်။ တစ်နေ့ကျရင် မင်းက တာအိုရှင်ဝစီပိတ်ထက်တောင် သာသွားနိုင်တယ်"
ယွမ်ကျိက ဘေးမှဖြည့်ပြောသည်။
"သူက ဆရာ့ထက် သေချာပေါက်သာမှာပါ"
ရှန်ကွမ်ယု ခေါင်းကုတ်သည်။ လုယန်၏ ဉာဏ်နီဉာဏ်နက်က တာအိုဝစီပိတ်ထက်သာနိုင်သည်ဟု သူပြောလိုခြင်းဖြစ်သည်။ ရှောင်ယွမ်က သူ့စကားကို နားလည်မှုလွဲသွားဟန်တူသည်။
သို့သော် သူရှင်းပြမနေတော့ပါ။
လုယန် ဆက်စကားပြောရန်ပြင်နေစဉ် ရှန်ကွမ်ယု နေရာမှပျောက်သွားသည်။ ဘယ်လိုနည်းလမ်းသုံးလိုက်သည်မသိရ။
....
စင်မြင့်ထက်မှ မဟာအကြီးအကဲက အခြေအနေကို တည်ငြိမ်စွာ ကြေငြာနေသည်။
"အားလုံးပဲ၊ မလန့်ကြပါနဲ့ဗျာ။ စုစည်းခြင်းအဆင့်သုံးလေးယောက်က မသေမျိုးရတနာတစ်ခုသုံးပြီး ကျုပ်တို့ကိုအလစ်တိုက်ခိုက်ဖို့ ကြိုးစားတာလေးပါ။ ဘာမှရေးကြီးခွင့်ကျယ်မဟုတ်ပါဘူး"
သူ့လေသံက 'ဒါမျိုး တာအိုလမ်းစဉ်ဂိုဏ်းမှာဖြစ်နေကျပါ။ မင်းတို့ဓာတ်ငါးမျိုးဂိုဏ်း ဒါမျိုးမကြုံဖူးဘူးမဟုတ်လား။ ဒီကောင်တွေ ဒီမှာဘာမှမလုပ်နိုင်ပါဘူး'ဟူသည့် အထာမျိုးဖြစ်သည်။
ချိုးကျင်အန်းစိတ်ထဲ သိနေသည်။ ထိုလူကြွားလုံးထုတ်နေခြင်းဖြစ်သည်။
စုစည်းခြင်းအဆင့်တစ်ယောက် မသေမျိုးရတနာတစ်ခုဖြင့် အလစ်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုကိစ္စသာ ဓာတ်ငါးမျိုးဂိုဏ်းတွင် ဖြစ်ခဲ့လျှင် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားမည်။ ဤတာအိုလမ်းစဉ်ဂိုဏ်းက စိတ်အေးလက်အေးကစားသည်။
အတော်အသည်းကောင်းသူများဖြစ်သည်။
"ထာဝရဂိုဏ်းလား"
ချိုးကျင်အန်း မှတ်မိသည်။ ထာဝရဂိုဏ်းနှင့်ပတ်သက်၍ လျှို့ဝှက်ချက်တစ်ချို့ ယွမ်ကျိသိထားသည်။ သဲလွန်စတစ်ခုခု ရထား၍ဖြစ်မည်။
စုစည်းခြင်းအဆင့်ဆိုလျှင် ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်ရာထူးမျိုးဖြစ်သည်။ ဤတစ်ကြိမ် တာအိုလမ်းစဉ်ဂိုဏ်း ငါးကြီးကြီးမိခြင်းဖြစ်သည်။
သူ့စိတ်ထဲ မနာလိုဖြစ်မိသည်။ ထိုထာဝရဂိုဏ်းသားများကို စစ်ဆေးမေးမြန်းနိုင်လျှင် တန်ဖိုးရှိသည့်အရာများစွာ ဖော်ထုတ်နိုင်ပေလိမ့်မည်။
ဘာကြောင့် တာအိုလမ်းစဉ်ဂိုဏ်း ထိုမျှကံကောင်းနေသည်မသိ။
"ဟုတ်ပါတယ်"
မဟာအကြီးအကဲ ခပ်အေးအေးလေသံဖြင့်ပြန်ပြောသည်။
ချိုးကျင်အန်း မဟာအကြီးအကဲကို ရိုက်ပစ်ချင်စိတ်ပေါက်သည်။ သို့သော် သူကြိုးစားညှိနှိုင်းသည်။
"မသေမျိုးငါးဂိုဏ်းဟာ မဟာမိတ်ဆွေပါပဲ။ သတင်းတစ်ခုခုရထားရင် ကျုပ်တို့ကိုလည်း ပြောသင့်တယ်မဟုတ်လား"
မဟာအကြီးအကဲက မျက်နှာမပျက်။
"ပြောပြလို့ရပါတယ်။ မင်းတို့ဓာတ်ငါးမျိုးဂိုဏ်းဟာ ငါတို့ဂိုဏ်းထက်ညံ့ပါတယ်လို့ ဝန်ခံလိုက်ရင် မင်းတို့က ငါတို့ရဲ့ညီလေးဖြစ်လာမယ်။ ဒီလိုဆိုရင် အကိုကြီးဖြစ်တဲ့ငါတို့က မင်းတို့နဲ့ သတင်းအချက်အလက် မျှဝေရမှာပေါ့"
"ချင်ကျွေ့နန်။ မင်းတရားလွန်မလာနဲ့ကွ။ တာအိုရှင်ဝစီပိတ်ကလွဲရင် မင်းတို့ကိုးယောက်ထဲက ဘယ်သူနဲ့ဖြစ်ဖြစ် ငါယှဉ်ရဲတယ်"
ချိုးကျင်အန်း စားပွဲကိုဝုန်းခနဲရိုက်ပြီး ထရပ်၍အော်သည်။
မဟာအကြီးအကဲ လှောင်ပြုံးပြုံး၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ဒုအကြီးအကဲမှ အဋ္ဌမအကြီးအကဲအထိ လူခုနစ်ယောက် သူ့နောက်ဘက်တွင်ပေါ်လာသည်။ ဘေးနှစ်ဘက်တွင်ဖြန့်၍ရပ်သည်။
ပြင်းထန်သည့်စွမ်းအင်ဖိအားတစ်ခုကို ချိုးကျင်အန်းခံစားရသည်။ ဆဋ္ဌမအကြီးအကဲ ရောက်လာသောကြောင့်ဖြစ်သည်။
မဟာအကြီးအကဲ မခိုးမခန့်ပြော၍ လှောင်ပြောင်စကားပြောရန် ပါးစပ်ဟသည်။ သို့သော် စကားသံလုံးဝထွက်မလာ။
စိတ်ပျက်လက်ပျက် သိစိတ်အာရုံမှ မက်ဆေ့လှန်းပို့လိုက်သည်။
"ညီမခြောက်၊ မင်းရဲ့မသေမျိုးခန္ဓာကို ဘယ်တော့မှထိန်းချုပ်နိုင်မှာလဲကွာ"
ဆဋ္ဌမအကြီးအကဲ မျက်စောင့်ထိုးသည်။
"အဲလောက်ထိန်းချုပ်နိုင်တာကိုပဲ ကျေးဇူးတင်ဦး။ သမိုင်းတလျှောက် ငှက်မသေမျိုးခန္ဓာပိုင်ရှင်တွေထဲမှာ ကျွန်မထိန်းချုပ်နိုင်စွမ်းက အကောင်းဆုံးပဲ။ နောက်ဆုံးငှက်မသေမျိုးခန္ဓာပိုင်ရှင် ချီချန်ချန််ရဲ့မှတ်တမ်းမှာ စုစည်းခြင်းအဆင့်ရောက်တဲ့အခါ ဘေးပတ်လည်က ဝိညာဉ်စွမ်းအင်တွေကို အလိုလိုတွန်းထုတ်လို့ ကျင့်ကြံမှုကို စွန့်လွှတ်လိုက်ရတယ်တဲ့"
မသေမျိုးခန္ဓာများ ချိုယွင်းချက်ရှိနေပုံရသည်။
ညီမခြောက်ကြောင့် မဟာအကြီးအကဲ ချိုးကျင်အန်းကို လှောင်ပြောင်ချင်စိတ်ပျောက်သွားသည်။
ဆဋ္ဌမအကြီးအကဲ အားလုံးကိုနေရာပေးလိုသဖြင့် ထွက်သွားသည်။ သိုင်းပြိုင်ပွဲက အပြီးမသတ်သေး။ သူရှိနေလျှင် မဟာအကြီးအကဲနှင့် ချိုးကျင်အန်းတို့ အပိတ်မိန့်ခွန်းပြောနိုင်ကြမည်မဟုတ်။
ဓာတ်ငါးမျိုးဂိုဏ်းနှင့်တာအိုလမ်းစဉ်ဂိုဏ်းပြိုင်ပွဲတွင် ဓာတ်ငါးမျိုးဂိုဏ်း အကြီးအကျယ် ရှုံးသည်။ နိုင်ပွဲဟူ၍ မရှိသလောက်ရှားသည်။
သူတို့ဂိုဏ်းတပည့်များလည်း မညံ့ဖျင်းကြပါ။ နတ်ဆိုးများသတ်ဖြတ်ဖူးသည်။ မစ်ရှင်များထွက်ဖူးသည်။ တိုက်ပွဲအတွေ့အကြုံ လောကအသိ ကြွယ်ဝကြပါသည်။
သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသားများ၏ သမရိုးကျမဟုတ်သည့် နည်းလမ်းများကို သူတို့မမြင်ဖူး။ ထို့ကြောင့် သူတို့အတွေ့အကြုံများ အလုပ်မဖြစ်။
တာအိုလမ်းစဉ်ဂိုဏ်းဘက်မှ ရှုံးသည့်ပွဲများမှာ ယှဉ်ပြိုင်သည့်ဂိုဏ်းတပည့်များ အထိန်းအကွပ်မဲ့သွားသောကြောင့်ဖြစ်သည်။
ဥပမာ ရွှေသန္ဓေအဆင့်ပွဲတစ်ပွဲ၌ တာအိုလမ်းစဉ်ဂိုဏ်းတပည့်က ပွဲစစချင်း အတင်းဖိ၍တိုက်ခိုက်သည်။ သူ့သာမန်ပုံစံနှင့် လုံးဝကွဲပြားနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းတပည့် ရှုံးတော့မည့်အချိန်တွင် သူအားအင်ကုန်ခမ်း၍ ပုံလဲသွားသည်။
သေလုမျောပါးဖြစ်နေချိန်တွင် ဒိုင်လူကြီးကို သူပြောသည်။
"ဒါက အသေအရှင်တိုက်ပွဲပါ...ပွဲမစခင်က အဆိပ်ဆေးတစ်လုံး ကျုပ်သောက်ခဲ့တယ်...ငါးမိနစ်ကြာပြီးရင် အဆိပ်က အာနိသင်ပေါ်လာမှာ...စင်ပေါ်ကဆင်းပြီးမှ ဖြေဆေးသောက်ဖို့ ကျုပ်စီစဉ်ထားတာ... ငါးမိနစ်အတွင်း ကျုပ်သူ့ကိုအနိုင်မယူနိုင်ရင် ကျုပ်သေမှာ...ကျုပ် ကျုပ် ဝမ်းမနည်းပါဘူး...တိုက်ပွဲတစ်ပွဲလောက် အနိုင်ရဖူးချင်လို့ပါ..."
သူသေတော့မည်ကို သိနေသဖြင့် ဒိုင်လူကြီးက အမျိုးအစားတူ အဆိပ်ဆေးနှစ်လုံးထုတ်ပြီး အသက်ကို ဆယ်မိနစ်ဆွဲဆန့်ပေးသည်။ ထို့နောက် သူ့ကိုကယ်ဖို့ ဖြေဆေးသွားရှာသည်။
မခွဲမခွာချင်ဟန်ဖြင့် အပိတ်မိန့်ခွန်းပြောပြီးနောက် အချင်းချင်းနှုတ်ဆက်ကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို တစ်ခြားမသေမျိုးလေးဂိုဏ်းက ရှောင်ကြသည်ဟူသည့်ကောလဟာလနှင့် လုံးဝမတူ။ နှစ်ဦးနှစ်ဘက် နက်ရှိုင်းစွာချစ်ကြည်ရင်းနှီးကြပုံမျိုး ရှိနေသည်။
"ဟားဟား၊ ဂိုဏ်းချုပ်ချိုး၊ နောက်လည်း ကျုပ်တို့ဂိုဏ်းကို မကြာမကြာလာလည်ပါဗျာ"
"လာပါ့မယ်ဗျာ၊ လာပါ့မယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို နောက်တကြိမ်လာပြီး အတွေ့အကြုံယူရမှာပေါ့"
သို့သော် နှစ်ယောက်လုံး စိတ်ထဲတွင် ကျိတ်ဆဲနေကြသည်။
'နောက်ဆုံးတော့လည်း ရွံစရာကောင်းတဲ့ ဒီအရူးရဲ့မျက်နှာကို မမြင်ရတော့ဘူးပေါ့"
ဒုအကြီးအကဲက ရှန်ကွမ်ယုကို အရိုးခံစေတနာဖြင့်ပြောသည်။
"ဓာတ်ငါးမျိုးဂိုဏ်းမှာ မင်းအနိုင်ကျင့်ခံရရင် ငါ့ဆီကိုလာခဲ့ပါ။ ချွေ့ကျင်အန်းက ငါ့မျက်စိအောက်မှာတင်ကြီးလာတာပါ။ အပေါ်ယံမှာ ဖြောင့်မတ်တဲ့ပုံပေါ်ပေမယ့် အတော်ဉာဏ်များတယ်။ သူလှည့်စားတာ မခံရစေနဲ့"
ရှန်ကွမ်ယုက ရယ်နေသည်။ ချိုးကျင်အန်း သူ့ကိုမလှည့်စားရဲကြောင်းပြောသည်။
ဒုအကြီးအကဲ ရင်ကျိုးရသည်။ ရှန်ကွမ်ယု ရိုးအလွန်း၍ ချိုးကျင်အန်း လှည့်စားနေခြင်းဖြစ်ကြောင်း ပြောသည်။
ချိုးကျင်အန်း သူတို့ကြားထဲတွင် ဝင်ရပ်သည်။ မျက်နှာက တင်းမာနေသည်။
"လောင်ပါး။ သူနဲ့ဝေးဝေးနေပါလို့ ကျုပ်ပြောထားပြီးသားနော်"
လောင်ပါးက အရေးမစိုက်။
"ငါ့ကိုလာမခြောက်နဲ့။ ရှန်ကွမ်ယုဟာ မင်းနဲ့ အဖေတူအမေကွဲတွေဆိုတာ အားလုံးသိတယ်။ ငါစုံစမ်းကြည့်ပြီးပြီ။ မင်းအဖေမှာ သားဆိုလို့ မင်းတစ်ယောက်ပဲရှိတယ်။ သမီးမရှိဘူး။ အားလုံးက အတူကြီးလာကြတာပဲ။ တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားပါ။ မင်းမှာ စေ့စပ်ထားတာမရှိဘူး။ ရှန်ကွမ်ယုက မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းငါ့ကို တားပိုင်ခွင့်မရှိဘူး"
ချိုးကျင်အန်း ဒေါသအိုးပေါက်ကွဲသွားသည်။
"သူက ငါ့အမေကွ"
"မင်းအမေဆိုရင်တောင်...ဟမ်...မင်းဘာပြောတယ်"
လောင်ပါး စကားမဆုံးဘဲ မျက်လုံးပြူးသွားသည်။
ရည်စားဟုထင်ထားရာမှ အမေအဖြစ်ပြောင်းသွားသည်။
မဟာအကြီးအကဲနှင့် တစ်ခြားလူများ နောက်သို့အသာဆုတ်သွားသည်။ ကလေးဘဝက အကြိမ်ကြိမ် အရိုက်ခံရဖူးသောကြောင့်ဖြစ်မည်။ သက်ကြီးပိုင်းမျိုးဆက်များကို အလိုလိုကြောက်လန့်ပြီး ဝေးဝေးရှောင်ကြသည်။
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များက ပို၍ပင် အံ့ဩကြသေးသည်။ ဓာတ်ငါးမျိုးဂိုဏ်း၏ ပဟေဠိငါးခုထဲမှ တစ်ခုရှင်းလင်းသွားသည်။
"ကျင့်ကြံသူလောကမှာ ရုပ်ကိုကြည့်ပြီး အသက်အရွယ်ကိုဆုံးဖြတ်လို့မရဘူးဆိုတဲ့စကားတကယ်မှန်နေတာပဲ"
"လူတစ်ယောက် ရှန်ကွမ်ယုကို လက်ထပ်ဖို့လာတောင်းရမ်းတာ ငါမှတ်မိနေတယ်။ ဂိုဏ်းချုပ်က အဲဒီ့လူကို ဒေါသတကြီးကန်ထုတ်ပစ်တယ်။ သူ့ညီမကို အလွန်အကျွံကာကွယ်နေတယ်လို့ ငါထင်ခဲ့တာ။ အခု အကြောင်းရင်းက ဒီလိုဖြစ်နေတာကိုး"
အဖြစ်အပျက်ကိုကြည့်၍ ပြုံးရယ်နေသည့် ရှန်ကွမ်ယုကို ချိုးကျင်အန်း လှည်ကြည့်၍ စိတ်ပျက်သည့်လေသံဖြင့်ပြောသည်။
"အမေ၊ အမေလည်း ကိုယ့်သရုပ်မှန်ကိုဖုံးကွယ်ပြီး ငယ်ချင်ယောင်မဆောင်ပါနဲ့တော့။ ဒီကိစ္စကြောင့် နားလည်မှုလွဲတာတွေ ဘယ်လောက်ကြုံရလဲသိရဲ့လား"
အတော်မလိမ်မာသည့်သားဟု ရှန်ကွမ်ယုခံစားရသည်.
"ငါကဘယ်လိုငယ်ချင်ယောင်ဆောင်ရမှာလဲ။ ငါ့အသက်က ဆယ့်ရှစ်နှစ်ပဲရှိသေးတာလေ။ ပြီးတော့ နင့်ညီမအဖြစ်ဟန်ဆောင်တာကရော ဘာမှားနေလို့လဲ။ နင့်အဖေလည်း သဘောတူတယ်လေ"
"အဖေ့အုတ်ဂူမှာ မြက်ပင်တွေက ကျုပ်အရပ်ထက်တောင် ရှည်နေပြီ။ သူက အိပ်မက်ထဲကနေ အမေ့ကိုလာပြောတာလား"
******************************