← Chapters

ပဲဝါကို စစ်သည်အသွင်ပြောင်း

Vol. 12 Ch. 179

ပဲဝါကို စစ်သည်အသွင်ပြောင်း

Vol. 12 Ch. 179

ကျင့်ကြံမှုစနစ်၏ ထိပ်ဆုံးဖြ်စသည့် မသေမျိုးများကို 'ပြိုင်ဘက်ကင်း' 'အတုမဲ့'ဟူသည့် စကားလုံးများဖြင့် တွဲဖက်‌ပြောလေ့ရှိသည်။

မသေမျိုးများ၏ အမွေအနှစ်ကို အလယ်ပိုင်းတိုက်နယ်တွင် ရတနာဟု သတ်မှတ်သည်။ မသေမျိုးများ၏ခြေရာကို ရှာဖွေကြသည်။ သတင်းရယူရန်ကြိုးစားသည်။

မသေမျိုးတစ်ယောက်၏ အမွေအနှစ်ရဖို့ မလွယလှ။ အခက်အခဲများစွာကြုံရမည်။ ခွန်အားကြီးသူများနှင့် ရင်ဆိုင်ဖို့ သန်မာနေရမည်။ တိုက်ပွဲအရှိန်ရလာသည်နှင့် ပို၍ရဲဝံ့စွာ တိုက်ခိုက်ရမည်။ အနည်းဆုံး ကျင့်စဉ်အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းဖြစ်ရမည်။

ထို့ပြင် မသေမျိုးများ၏ စမ်းသပ်ချက်များကိုလည်း ကျော်ဖြတ်နိုင်ရမည်။ သူတို့လိုချင်သည့် စံရည်စံသွေးမျိုး မီရမည်။

သိုင်းပြိုင်ကွင်းတွင် လုယန်ကို သူ့ဂိုဏ်းတူအကိုအမများက တစ်ယောက်တစ်လှည့် တိုက်ခိုက်ကြသည်။ သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်ကို လုယန်လိုက်ဖမ်းနေသည်။

"ပဲဝါ၊ ရပ်လိုက်စမ်း။ သူတို့လာရှာတာ ခင်ဗျားပဲ။ ကျုပ်ကဘာလို့ အရိုက်ခံရမှာလဲ"

"ဒါက မသေမျိုးတစ်ယောက်ရဲ့စမ်းသပ်ချက်လို့ ငါပြောပြီးပြီလေ။ ငါကတိပေးတယ်။ ဒီညကို နင်အသက်ရှင်လျက် ကျော်ဖြတ်နိုင်ရင် နင့်ကို နတ်စွမ်းအားကျင့်စဉ်တစ်ခု လွှဲပေးမယ်"

"ခင်ဗျားဆီကသင်တာ အမယွမ်ဆီကသင်တာလောက် မကောင်းနိုင်ဘူး။ ရပ်စမ်း၊ သေမျိုးတစ်ယောက်ရဲ့စမ်းသပ်ချက်က ဘာလဲဆိုတာ ခင်ဗျားသိအောင်ပြမယ်"

"ဒါက မသေမျိုးတစ်ယောက်ကို မလေးမစားလုပ်တာပြ"

ထာဝရနတ်မယ် ပြေးနိုင်သလောက် အမြန်ဆုံးပြေးသည်။ လုယန် သူ့ကိုဖမ်းမိသွား၍မဖြစ်။

အပြင်လောကတွင် စွမ်းအားရှင်များစွာ လုယန်ကို အထူးအာရုံစိုက်နေကြသည်။ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူများကို စိန်ခေါ်နိုင်သည့် ပါရမီရှင်ကို လေးစားကြသည်။ တိုက်ပွဲများ တစ်ပွဲပြီးတစ်ပွဲတိုက်ခိုက်သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ဖိနှိပ်ကြိတ်ချေရန် ပြင်ဆင်နေသည်။

လုယန် တည်ငြိမ်စွာရှင်းပြသည်။

"အကိုအမတို့။ ကျုပ်တို့ကြားမှာ နားလည်မှုလွဲနေတာတစ်ခု ရှိပါလိမ့်မယ်။ အမှန်တော့ ကျုပ်ကိုယ်ထဲမှာ နောက်ထပ်အင်အားကြီးဝိညာဉ်တစ်ခု ရှိပါတယ်။ ယာယီဂိုဏ်းချုပ်လုပ်တဲ့ သုံးရက်အတွင်း လုပ်ခဲ့သမျှအားလုံးက ကျုပ်ခန္ဓာကိုယ်ကို သူထိန်းချုပ်ပြီး လုပ်ခဲ့တာတွေပါ"

အကိုအမများ လှောင်ပြုံးပြုံးသည်။ လုယန်၏ ပေါက်တတ်ကရစကားများကို မယုံကြည်ကြ။ စရိုက်ကွဲသူအဖြစ် ယခုမှ ဟန်ဆောင်နေလည်း မရတော့။ နောက်ကျသွားပြီ။

အကိုအမများက လက်စားချေရန်လာကြသော်လည်း တစ်ပြိုင်တည်းဝိုင်းမတိုက်ကြ။ သူတို့သည် လူယဉ်ကျေးများဖြစ်သည်။ စုပြုံဝိုင်းဝန်းတိုက်ခိုက်သည်က လူရိုင်းများ၏စရိုက်ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းတန်းစီသည်။

ပြိုင်ပွဲစင်အောက်ဘက်မှ လူတန်းက အဆုံးမမြင်နိုင်လောက်အောင် ရှည်လျားလှသည်။

"ရှေ့ကလူတွေ၊ မြန်မြန်လှုပ်ရှားကြနော်။ နောက်မှာစောင့်နေတဲ့လူတွေ အများကြီးကျန်သေးတယ်ကွ"

မသေမျိုးငါးဂိုဏ်းတွင် အင်အားအကြီးဆုံးဖြစ်သည့် တာအိုလမ်းစဉ်ဂိုဏ်း၏အင်အားက သံသယဖြစ်စရာမလို။ တပည့်အားလုံးက ပါရမီရှင်များဖြစ်သည်။ အနည်းဆုံး ရွှေသန္ဓေအဆင့်ရှိကြသည်။ တိုက်ခိုက်နည်း၊ စွမ်းအင်လည်ပတ်မှု၊ ကျင့်စဉ်ပညာအသုံးချမှုများနှင့်ပတ်သက်၍ ထူးခြားသည့်အတွေးအမြင်များရှိသည်။

ထိုလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် တိုက်ပွဲအတွေ့အကြုံမြန်မြန်တိုးတက်စေသည်။ နောက်တစ်ချိန် ဘယ်လိုရန်သူမျိုးကြုံရသည်ဖြစ်စေ အေးအေးလူလူရင်ဆိုင်နိုင်မည်.

ထိုအချက်ကို ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အတည်ပြုနိုင်သည်။ နှီးနှောဖလှယ်ပွဲတွင် တာအိုလးမ်းစဉ်ဂိုဏ်းတပည့်များနှင့်ရင်ဆိုင်ခဲ့သူများ များစွာတိုးတက်မှုရကြသည်.

ယခု လုယန်ကြုံနေရသည့် အတွေ့အကြုံမျိုးကို မနာလိုအားကျသူများ အပြင်လောကတွင် များစွာရျိသည်.

သို့သော် တစ်ခြားလူများ အားကျရသည့်လူမျိုး လုယန်လုံးဝမဖြစ်ချင်ပါ။

တိုက်ပွဲပိုပြင်းထန်လာသည်။ စင်အောက်မှကြည့်နေသည့်မုန်ကျင်းကျိုး လက်ခုပ်လက်ဝါးတီး၍ အားပေးနေသည်။

သို့သော် ထိုအကိုအမများနှင့် တိုက်ခိုက်ရသည်မှာ များစွာအတွေ့အကြုံရကြောင်း လုယန် ဝန်ခံရမည်။

ထပ်ခါတလဲလဲ အနိုင်ယူခံရသည်။ ရွှေသန္ဓေဆေး၊ အားဖြည့်ဆေးလို အဖိုးတန်ဆေးလုံးများစွာ အတင်းတိုက်ကျွေးခံရသည်။ အခမဲ့ကျွေးခြင်းဖြစ်သည်။

ထိုဆေးများကြောင့် သူ့ဒဏ်ရာာမျး အမြန်ပြန်ကောင်းလာသည်။ ကျင့်စဉ်အခြေခံခိုင်မာလာသည်။ သူပျော်သင့်သည်။

အခြေတည်အလတ်တန်းဆင့်ရောက်ဖို့ သူ့ဆန္ဒတစ်ခုသာလိုတော့သည်။

ထို့အပြင် တိုက်ခိုက်ရင်းမှ သူ့အမှားများ ဟာကွက်များကို ဆင်ခြင်သုံးသပ်နိုင်လာသည်။ မြေအောင်းပညာ၊ ကိုယ်ချုံ့ပညာ၊ သစ်ပင်စိုက်ပညာ အသုံးချမှု ပိုကျွမ်းကျင်လာသည်။

သေရေးရှင်ရေးကြားမှ အခွင့်ထူးရခြင်းမျိုးဖြစ်မည်။ သူ့စွမ်းရည် အဆုံးစွန်ထိ ညှစ်ထုတ်မြှင့်တင်ခံရသည်။

ဥပမာ ရသာသုံးမျိုးမီးတောက်ကို မှုတ်ထုတ်ရာတွင် ပြိုင်ဘက်၏ ခန္ဓာကိုယ်အပြင်ပိုင်းကို မထိခိုက်စေဘဲ အတွင်းထဲထိ ထိုးဖောက်နိုင်အောင် လုပ်နိုင်လာသည်။ မီးထိန်းချုပ်မှု ပိုကျွမ်းကျင်လာသည်။

စပ်သည့်အရသာကိုလည်း အဆင့်အမျိုးမျိုး ချိန်ညှိနိုင်လာသည်။

ငန်သည့်အရသာကိုလည်း ချိန်ညှိနိုင်လာသည်။ အငန်ပေါ့၊ ပုံမှန်အငန်၊ အငန်လေး၊ အငန်ပြင်း စသဖြင့်လုပ်နိုင်သည်။ သို့သော် ထာဝရနတ်မယ်ချက်သည့်ဟင်း၏ အငန်နှုန်းကိုမီဖို့တော့ များစွာလိုသေးသည်။

ဥပမာ တိုက်ခိုက်ရင်းမှ မြေအောင်းပညာနှင့် သစ်ပင်စိုက်ပညာကို ပေါင်းစပ်နိုင်လာသည်။ ပထမဆုံး မြေထဲသို့အောင်းသည်။ ကိုယ်ကိုချုံ့သည်။ သစ်ပင်စိုက်ပညာသုံးသည်။ သစ်ပင်ပေါ်တွင် လုယန်သုံးယောက် ပေါ်လာသည်။

သို့သော် သူ့လက်ရှိဝိညာဉ်စွမ်းအင်က အားနည်းသေးသည်။ ခန္ဓာသုံးခုကို သူတစ်ပြိုင်တည်းမထိန်ချုပ်နိုင်။

"အဲ..ဂျင်ဆင်းသီးလား"

လုယန်နှင့် တိုက်ခိုက်နေသည့် အမယိကျင်း သစ်ပင်ပေါ်မှ ခေါင်းတုံးလုယန်ကိုကြည့်၍ အံ့အားသင့်သွားသည်။ ချစ်စရာကောင်းသည်ဟု သူမြင်သည်။

"ဒဏ္ဍာရီထဲက ဂျင်ဆင်းသစ်သီးဟာ ဒီလိုပေါ်လာတာများလား"

အကိုတစ်ယောက်က ခပ်တိုးတိုးပြောသည်။ ဂျင်ဆင်းသစ်သီးကိစ္စသည် အမြဲတမ်း ဒဏ္ဍာရီဖြစ်ခဲ့သည်။ တစ်ခါမှ အပြင်တွင်မမြင်ဖူး။

"ကျင့်စဉ်တစ်ခုဟာ ညီလေးလုလို အတိုင်းအတာထိသာ ကျင့်ကြံနိုင်တယ်ဆိုရင် ခေတ်အဆက်ဆက်ထင်ရှားနေမှာပေါ့။ ဂျင်ဆင်းသစ်သီး ရှားတယ်ဆိုပေမယ့် ညီလေးလုလောက် ရှားမယ်မထင်ဘူး"

နောက်တစ်ယောက်က ပြောသည်။

"ဂျင်ဆင်းသီးတွေ ဒီလိုနည်းနဲ့ပေါ်လာတာလို့ ငါလည်းမထင်ဘူး။ ဂျင်ဆင်းသီးရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်လို့ အရိုင်းမြေသမိုင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ‌ရှေးခေတ်တုန်းက ဂျင်ဆင်းဟာ ရှားတယ်တဲ့။ ဂျင်ဆင်းရှိတယ်လို့ပြောတဲ့ လူလိမ်တစ်ယောက်လည်းရှိတယ်။ အဲဒီ့ဂျင်ဆင်း ဘယ်မှာတွေ့တာလဲလို့ လူတွေကမေးတော့ သစ်ပင်ပေါ်မှာတွေ့တာလို့ သူပြန်ပြောတယ်။ အဲဒါကြောင့် ဂျင်ဆင်းသီးဆိုတဲ့နာမည် ပေါ်လာတာပဲ"

"မင်းရဲ့အရိုင်းမြေသမိုင်းက တကယ်ရူးချင်စရာပါလား"

"အဲဒီ့လူလိမ် ဘယ်သူဆိုတာရော စာအုပ်ထဲမှာ ပြောထားလား"

"ယင်ထန်မသေမျိုးတဲ့"

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ် အမြန်ပြေးနေသည်။ လုယန်ထက် အမြဲတမ်းခြေလှမ်းသာသည်။ သို့သော် နောက်ဆုံးတွင် လုယန်က သူ့ခါးကိုဖမ်းမိသွားသည်။

"မိပြီကွ"

လုယန် ပြုံးလိုက်သည်။ သူ့အပြုံးက အကျင့်ပျက်သခင်လေးတစ်ယောက်၏ အပြုံးမျိုးဖြစ်သည်။

တကယ့်အပြင်လက်တွေ့တွင် တိုက်ခိုက်ရန်ပြင်နေသည့် ဝိညာဉ်ပြောင်းအဆင့် အကိုတစ်ယောက်ကို လုယန် အော်ဟစ်တားဆီးသည်။

"နေဦး"

ထိုအကို မတိုက်ခိုက်သေးဘဲ လုယန်ဘာလုပ်မည်ကို စောင်ကြည့်နေသည်။ ထာဝရနတ်မယ်စိန်းခေါ်တိုက်ခိုက်ခဲ့သူများထဲတွင် ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည့် ဤအကိုဝူလည်းပါသည်။ လက်စားချေရန် ရောက်လာခြင်းဖြစ်သည်။ အချိန်အတော်ကြား တန်းစီစောင့်ခဲ့ပြီးမှ သူ့အလှည့်ကျလာသည်။

လုယန် ပင့်သက်တစ်ချက်ရှိုက်၍ ဖြေးညှင်းစွာပြောသည်။

"အကိုဝူ၊ လူတွေကို အတင်းဖိအားမပေးဖို့ ကျုပ်အကြံပြုချင်တယ်။ တကယ်ဖိအားများလာရင် ကျုပ်ဘာမဆိုလုပ်မိနိုင်တယ်နော်"

အကိုဝူက လုံးဝကြောက်လန့်ဟန်မရှိဘဲ ပြုံး၍မေးသည်။

"မင်းငါ့ကို ဘယ်လိုအနိုင်ကျင့်မှာလဲ။ မင်းဆီမှာ လေးခုမြောက် ဂိုဏ်းချုပ်လုပ်ခွင့်ကူပွန် ရှိနေလို့လား"

အကိုဝူက သူ့စကားကို လုံးဝအယုံအကြည်မရှိ။ လုယန်ထံတွင် ဝှက်ဖဲတစ်ခုခုရှိလျှင် အစောကြီးကတည်းက သုံးပြီးဖြစ်မည်။ ယခုအချိန်ထိ စောင့်နေမည်မဟုတ်။

"ဂိုဏ်းချုပ်လုပ်ခွင့်ကူပွန် မရှိပါဘူး။ ဒါပေမယ့် ရန်သူအားလုံးကိုသတ်နိုင်တဲ့ နတ်စွမ်းအားကျင့်စဉ်တစ်ခုရှိတယ်။ ဂိုဏ်းတူအချင်းချင်းတွေမို့ ဒီဂိုဏ်းထဲမှာ အစုလိုက်အပြုံလိုက် လူသတ်တာမျိုး ကျုပ်မလုပ်ချင်ဘူး"

အကိုဝူ သူ့စကားကိုမယုံ။ ထိုနတ်စွမ်းအားမျိုးရှိလျှင် လေရှည်နေမည်မဟုတ်။ ချက်ချင်းတိုက်ခိုက်ပေလိမ့်မည်။

တစ်ဘက်က အယုံအကြည်မရှိသဖြင့် လုယန် မတတ်သာတော့ဘဲ အသစ်လေ့လာထားသည့် နည်းလမ်းကို ထုတ်သုံးလိုက်ရသည်။

"ကျုပ်ရဲ့နတ်စွမ်းအားကိုကြည့်ထား။ ပဲစေ့ကို စစ်သည်အသွင်ပြောင်းမယ်"

သိစိတ်နယ်မြေတွင် လုယန်က ပဲဝါကို ခန္ဓာကိုယ်အတင်းလွှဲပေးလိုက်သည်။

ပဲစေ့ကို စစ်သည်အသွင်ပြောင်းခြင်းသည် ထာဝရနတ်မယ်ကို သူ့ကိုယ်စား တိုက်ပွဲဝင်ခိုင်းခြင်းဖြစ်သည်။

ဤနည်းလမ်းက အံ့ဩစရာကောင်းသည်။ မသေမျိုးတစ်ယောက် ဝင်ရောက်ပူးကပ်ခြင်းဖြစ်သည်။ လုံးဝပြိုင်ဘက်ကင်းသည်။ ရှေးဟောင်းခေတ်မျာပင် ထိုနည်လမ်းသည် တားမြစ်ပညာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အကိုဝူ၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသဖြင့် ထာဝရနတ်မယ် စိတ်ပျက်သွားသည်။ ဝိညာဉ်ပြောင်းအဆင့်ကို သူဘယ်လိုတိုက်ခိုက်နိုင်မည်နည်း။

"လုယန်၊ နင်က မသေမျိုးတွေကို လေးစားမှုလုံးဝမရှိတဲ့လူပဲ"

လုယန် လှောင်ပြုံးပြုံးလိုက်သည်။

လေးစားမှုတဲ့လား။ ယနေ့ည အသက်ရှင်လျက်ဖြတ်ကျော်နိုင်မှ လေးစားမှုအကြောင်း သူစဉ်းစားမည်။

************************************

All Chapters