← Chapters

သူမတစ်ယောက်တည်းပဲဖြတ်သွားလို့ရတယ်

Vol. 114 Ch. 1588

သူမတစ်ယောက်တည်းပဲဖြတ်သွားလို့ရတယ်

Vol. 114 Ch. 1588

ရှီမာယူယူသည် ဧကရာဇ်ချင်းဒေါင်ကို စိတ်ထဲတွင် တင်းကြပ်စွာစွဲမြဲထား တုန်းပင်။ သူသည် သူမနှင့် အဆက်အသွယ်လုပ်ခဲ့သည့် ပထမဆုံးဧကရာဇ် ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ မဟုတ်လျှင် သူမသည် ကောင်းကင်ဥပဒေကို ပြောင်းလဲနိုင်မည်ဆိုကာ သူမျှော်လင့်သည်ဟု ပြောခဲ့သောကြောင့်ဖြစ်နိုင် သည်။

သူမအား အားအလွန်မကောင်းသေးသဖြင့် ကောင်းကင်ဥပဒေ၏ သက်ရောက်မှုကို ခံစားရန်မဖြစ်နိုင်သေးပေ။ သူမ ထိတွေ့မိသော အကျိုးသက် ရောက်မှုများမှာ မိုးကြိုးဘေးသင့်မှုနှင့် ဖန်မျိုးနွယ်တွင် သဘာဝကိုဖီဆန်ပြီး ပြစ်မှားပြောဆိုလိုက်ခြင်းကြောင့် မိုးကြိုးအပြစ်ပေးမှုကို ခံရခြင်းသာဖြစ်သည်။

သူမသာ ကောင်းကင်ဥပဒေကို ပြောင်းလဲချင်ပါက အိပ်မက်တစ်ခုလိုပင် ခံစားရလေသည်။

သို့သော် အဒေါ်ဖန်သည် ကောင်းကင်ဥပဒေ၏ အသိအမှတ်ပြုခြင်းကို မခံရသည့် ဧကရာဇ်အဆင့်ဖြစ်ပြီး မရေတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ဘုံဥပဒေကြောင့်ပင် ဧကရာဇ်အဆင့်အောက်တွင် ပိတ်မိနေကြ သည်ကို တွေးမိသောအခါ ကောင်းကင်ဘုံဥပဒေသည် အနည်းငယ်မမျှမတဖြစ် သည်ဟု ခံစားမိသည်။

ထားလိုက်ပါတော့… အခု သူမ ဘယ်လောက်သန်မာနိုင်မှာလဲ။ အများ ကြီး စဉ်းစားနေလို့လည်း အကျိုးမရှိပါဘူးလေ။

စဉ်းစားပြီးရင် စဉ်းစားပြီးနောက် သူမသည် ခုန်လိုက်ကာ မြေအောက်မြစ် ကို ဖြတ်ပျံလိုက်ရာ သင်္ချိုင်း၏ နောက်တစ်ဖက်သို့ ကူးနိုင်သွားလေသည်။

သူမသည် ပေါ့ပေါ့ပါးပါးပင် ဖြတ်နိုင်သွားပြီး တိုက်ခိုက်မှုတစ်စုံတစ်ရာ မရှိလိမ့်မည်ဟု ထင်မထားပေ။ အမှန်တကယ်ပင် ဘာမှမဟုတ်ပေ။ သူမသည် ဘေးကင်းကင်းနှင့်ပင် နောက်တစ်ခြမ်းသို့ရောက်သွားလေသည်။

လွယ်လွန်းနေတယ်လေ… ဟုတ်တယ်မလား။

အားလုံးသည် ရှီမာယူယူ၏ မျက်လုံးထဲမှ ရှုပ်ထွေးခြင်းများကိုမြင် သောအခါ သင်္ချိုင်းဂူကို အတူလိုက်လာကြသော စီနီယာသုံးယောက်သည် သူမကိုရယ်မောလေသည်။

“သင်္ချိုင်းဂူတွေအကုန်လုံးက အရင်တွေ့ဖူးသလို အန္တရာယ်များမယ်လို့ ထင်နေတာလား”

ရှီမာယူယူ ရှက်သွားသည်။ အရင်ကလောက် အန္တရာယ်များမည်ဟု ထင် မထားသော်လည်း ဤမျှ လွယ်မည်ဟုလည်း ထင်မထားပေ။

လျင်မြန်စွာပင် တခြားသူများလည်း ပျံလာပြီး သူတို့အဖွဲ့သည် အထဲသို့ ရှေ့ဆက်သွားကြလေသည်။

သင်္ချိုင်းဂူ၏ တစ်ဖက်မှာအရင်နှင့် မတူပေ။ အထဲတွင် ကျိုးတိုးကျဲတဲနှင့် ဘာမှမရှိပေ။ အရင်တစ်ခေါက်က သူနှင့် ယွိခဲ့လော့တို့သည် အပြင်မှ ရတနာ များစွာရခဲ့သည်ဟု ရှီမာလျူရွှမ် ပြောပြလေသည်။ ဝိညာဉ်လေးပင်လျှင် ထို သင်္ချိုင်း၏ တစ်ဖက်မှရခဲ့သည်ဟု ပြောလေသည်။

“ဒီမှာ ထောင်ချောက်တွေ ကျော့ကွင်းတွေဘာမှမရှိဘူး အဲဒါကြောင့် တစ်ခုခုတော့ မဟုတ်သေးသလိုပဲ” ရှီမာရှုံချီ မျက်မှောင်ကြုတ်လေသည်။

အရာအားလုံး ပုံမှန်ဖြစ်နေသည်မှာ ထူးဆန်းသည်။

အားလုံးသည်လည်း ထိုနိယာမကို သဘောတူကြသည်။ ထို့ကြောင့် ကျန် ရှိသောခရီးစဉ်တွင် အားလုံးသည် ပို၍ပင် ဂရုစိုက်ကြလေသည်။ သို့သော် ခရီး စဉ်ဆုံးသည်အထိ မည်သည့်အန္တရာယ်တစ်စုံတစ်ရာ မတွေ့ကြပေ။

“တကယ် ထူးဆန်းလိုက်တာ” ဖန်ကျိရှင်းသည် လမ်းလျှောက်ရာမှ ရပ် လိုက်သည်။ သူသည် အရှေ့မှလျှောက်ခြင်းဖြစ်ရာ သူရပ်သည်နှင့် အားလုံးရပ် လိုက်ကြသည်။

“ဒါတကယ်ပဲ ဧကရာဇ်ရဲ့ သင်္ချိုင်းဂူလား” စူးရှောင်ရှောင်နှင့် တခြားသူ များ နားမလည်နိုင်ဖြစ်သွားသည်။

သူတို့သည် လာသည့်လမ်းတစ်လျှောက်တွင် မည်သည့်ရတနာမှမတွေ့ရ သလို မည်သည့်အန္တရာယ်နှင့်မှလည်း မတွေ့ခဲ့ပေ။ ဧကရာဇ်တစ်ပါးရဲ့ သင်္ချိုင်း ဂူက ဘယ်လိုလုပ် ဘာမှမရှိဘဲဖြစ်နေရတာလဲ။

ရှီမာလျူရွှမ်ပင်လျှင် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ ထိုစဉ်က သူနှင့် ယွိခဲ့လော့တို့သည် အမှန်တကယ်ပင် ရတနာများစွာရခဲ့သည်။ ရှီမာယူယူ အတွက် ချန်ထားပေးခဲ့သော ဝိညာဉ်ကျောက်တုံးပင်လျှင် သာမာန်လူရနိုင် သည့် အရာမဟုတ်ပေ။ ဒါက ဧကရာဇ်၏ သင်္ချိုင်းဂူမဟုတ်ရင် ဘာဖြစ်မလဲ။

ရှီမာယူယူသည် အချိန်ကြာရှည်စွာလမ်းလျှောက်ပြီးနောက်တွင် သဘော ပေါက်လာသည်။ လက်ထဲမှကောင်းကင်လှံတံ လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို ရှီမာယူယူ ကြည့်ပြီး ပြောလိုက်သည် “ဒါက သင်္ချိုင်းဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့ ရှေ့ဆက်လျှောက်မှာပဲ ဧကရာဇ်ပြန်မွေးဖွားလာတာမဟုတ်ရင် သူ ငါတို့ ကိုဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး”

စဉ်းစားကြည့်လျှင် အဓိပ္ပာယ်ရှိသည်။ ရှီမာယူယူသည် လောကအသေး တွင် လူများစွာခေါ်ခဲ့သည်။ အထူးသဖြင့် ဖန်ရှင်းနှင့် တခြားသူများသည် တိုင်းပြည်တစ်ခုလုံးကို စိတ်တိုင်းကျ သွားလာနိုင်လောက်အောင် စွမ်းအား ကောင်းကြသည်။ သည်လိုနှင့် သူတို့အဖွဲ့သည် ရှေ့ဆက်လျှောက်ကြလေ သည်။

သို့သော် သူတို့ ကြာကြာပင်မလျှောက်လိုက်ရ…. ထပ်မံရပ်လိုက်ရပြန် သည်။

“ငါ ဆက်သွားလို့မရတော့ဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “အရှေ့မှာ တစ်ခုခုက ပိတ်ထားနေတယ်”

ရှီမာလျူရွှမ်သည် သူ၏ညာဘက်အနောက်မှဖြစ်သည်။ ဖန်ကျိရှင်း ပြော သည့်စကားကိုကြားသောအခါ လက်ကိုဆန့်ထုတ်ပြီး ရှေ့မှဧရိယာကို ခံစား လိုက်သည်။ သူသည် ခုခံသည့် ဖွဲ့စည်းပုံတစ်ခုနှင့် တွေ့လေသည်။

“ဒါကအတားအဆီးလည်းမဟုတ်ဘူး တည်ဆောက်မှုလည်းမဟုတ်ဘူး” ဖန်ကျိရှင်းသည် အတားအဆီးများကို နားလည်သည်။ ထိုခုခံမှုသည် ဝိညာဉ် စွမ်းအင် အတက်အကျတစ်စုံတစ်ရာမရှိပေ။ ထိုအရာတစ်ခုမှမဟုတ်သည်မှာ သေချာသည်။

“ဒါကအပြင်က တစ်ခုနဲ့အတူတူပဲဖြစ်ရမယ်၊ ဧကရာဇ်ချန်ထားခဲ့တဲ့ ကာကွယ်မှုပဲဖြစ်မယ်” ကျန်းကျူးရှန့် ခန့်မှန်းလိုက်သည်။

“ငါ စမ်းကြည့်မယ်” ရှီမာလျူရွှမ်သည် ပြောပြီးသည်နှင့် ရှေ့မှဧရိယာကို တိုက်ခိုက်လေသည်။

ထိုတိုက်ခိုက်မှုသည် သင်္ချိုင်းကိုပြိုကျစေမည်ကို ရှီမာယူယူ စိုးရိမ်သဖြင့် ရင်များသည် လည်ချောင်းအထိပင် ခုန်တက်လာသည်။ နောက်စက္ကန့်အနည်း ငယ်အထိပင် ဝိညာဉ်စွမ်းအင်သည် သူမမျက်စိရှေ့တွင် အသံပင်မထွက်ဘဲ ပျက်ပြယ်သွားလေသည်။

“တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူးထင်တယ်” ဖန်ကျိရှင်း ပြောလိုက် သည် “ဝိညာဉ်စွမ်းအင်တွေကို ဝါးမျိုထားတာဖြစ်မယ်”

“ငါ စမ်းကြည့်မယ်” ဟွမ်ရင်ရင် ပြောပြီး တိုက်ခိုက်လေသည်။

နောက်ဆုံးတွင် ရလဒ်မှာအတူတူပင်။

“အသုံးမဝင်ဘူး” အားလုံးသည် အတားအဆီးကိုကြည့်ပြီး မည်သည့် တိုက်ခိုက်မှုမှ အသုံးမဝင်နိုင်သည်ကို သိလိုက်ရသည်။

ရှီမာယူယူ၏ လက်ထဲမှ ကောင်းကင်လှံတံသည် မနားတမ်းလှုပ်ရှားကာ ရှေ့သို့ သွားချင်နေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ တည်တံ့စွာပင် ပြော လိုက်သည် “ကောင်းကင်လှံတံရဲ့ နောက်တစ်ဖက်က အထဲမှာရှိတယ်”

“လူအများစုဝင်မရဘူး ဆိုလိုတာက ဒီသင်္ချိုင်းဂူက ဧကရာဇ်ချင်းဒေါင်ရဲ့ သင်္ချိုင်းဂူဆိုတာ တကယ်ပဲပေါ့”

လူတိုင်းဝင်မရကာ ကောင်းကင်လှံတံ၏ နောက်တစ်ခြမ်းမှာ အထဲတွင် ရှိနေသည်။ ထိုအရာသည် သင်္ချိုင်းဂူ၏ပိုင်ရှင်ဘေးတွင် ရှိနေသည်ဟု သက်သေ ပြနေသည်။

“ငါတို့ပါ အတူမဝင်နိုင်တာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် ဒီ နန်းတော်ကြီးရဲ့ ပိုင်ရှင်ကို ငါတို့သိရမှာပဲ” ဟန့်မြောင်ရွှမ်သည် နှမြောတသစွာ ဖြင့် ပြောလေသည်။

ကောင်းကင်လှံတံသည် ရှီမာယူယူ ရပ်နေပြီး လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သည်နှင့် ပြင်းထန်စွာလှုပ်ရှားလေသည်။ ကြီးစွာသော စွမ်းအား သည် သူမကို ရှေ့သို့တိုးရန် ဆွဲခေါ်နေသည်။

“ငါ အထဲကိုဝင်လို့မရဘူး” သူမသည် ကောင်းကင်လှံတံကို မတတ်သာ စွာပြောပြီး သူနားလည်သည် နားမလည်သည်ကို ဂရုမစိုက်နိုင်တော့ပေ။

သို့သော် ကောင်းကင်လှံတံသည် ငြိမ်သွားခြင်းမရှိဘဲ ရှီမာယူယူကို ရှေ့သို့ ဆက်တိုက်ဆွဲခေါ်နေသည်။

ရှီမာယူယူသည် မတတ်သာတော့ဘဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူမသည် ခုခံအလွှာကို ခံစားမိသော်လည်း ထိုအရာကြောင့် ရပ်မသွားပေ။ ထိုအစား သူမသည် အထဲကို ဦးဆောင်ခေါ်သွားခံလိုက်ရတော့သည်။

“ယူယူ… ဝင်သွားတာလား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား တအံ့ တဩကြည့်လေသည်။ သူမ ဘယ်လိုလုပ် ဝင်သွားနိုင်တာလဲ။

တခြားသူများသည် မျက်နှာထားမျိုးစုံဖြစ်နေသည်။ အားလုံးသည် အပြင် တွင်ပိတ်မိနေပြီး သူမသည် ဝင်နိုင်သွားသည်။ စဉ်းစားရုံနှင့်တင် ထူးဆန်းနေ သည်။

ထိုအချိန်က ရှီမာယူယူ အထဲရောက်နေသည်ဟု သူမကိုယ်သူမ သိလိုက် ချိန်တွင် အနည်းငယ်မယုံကြည်နိုင်လောက်အောင် ခံစားရလေသည်။ သူမ သည် လက်ထဲမှ ကောင်းကင်လှံတံကိုကြည့်ပြီး ထိုအရာကြောင့် ဖြစ်နိုင် မဖြစ် နိုင်ဆိုသည်ကို စဉ်းစားနေမိသည်။

အကြောင်းအရင်းကို သူမ မစဉ်းစားနိုင်ခင်ပင် ကောင်းကင်လှံတံသည် ထပ်မံလှုပ်ခတ်လာကာ သူမကိုရှေ့သို့ ဦးဆောင်သွားလေသည်။

“ယူယူ ဝင်မသွားနဲ့” ဖန်ကျိရှင်းသည် အော်လိုက်သည်။

သူတို့မရှိဘဲ သူတစ်ယောက်တည်းသာဆိုလျှင် အန္တရာယ်တစ်စုံတစ်ရာ တွေ့ပါက သူတို့ဘာလုပ်နိုင်မည်နည်း။

“ဆရာ စိတ်ချပါ အထဲမှာဘာအန္တရာယ်မှ ရှိတဲ့ပုံမပေါ်ဘူး” ရှီမာယူယူ လှည့်ပြီး သူတို့ကိုပြုံးပြလိုက်သည် “အဲဒီမှာခဏစောင့်ပေးပါ ကျွန်မ မကြာခင် ပြန်လာမယ်”

ထိုသို့ပြောပြီးနောက် သူမ ပြန်လှည့်ကာ သူတို့အော်သံများကို လျစ်လျူ ရှုကာ ရှေ့သို့ဆက်သွားလေသည်။

“တကယ်ကို သူမက ဘယ်လိုလုပ် ဒီလောက်အလောကြီးရတာလဲ”

“သတိမထားလိုက်တာ သူမ အဲဒီကနေထွက်လာတာနဲ့ ကောင်းကောင်း လေးဆူပေးရမယ်”

ကျန်းကျူးရှန့်သည် လုံးဝစိတ်မပူပေ။ သူတို့ စိုးရိမ်နေကြသည်ကို မြင်‌ သောအခါ သူပြောလိုက်သည် “စိတ်ပူဖို့မလိုပါဘူး ဂျူနီယာညီမလေးက ဘယ် တုန်းကမှ သတ္တိမနည်းဘူး၊ အကုန်လုံး အပြင်မှာရှိမှတော့ အထဲမှာ အဆင်ပြေ မှာပါ၊ သူမ ဝင်နိုင်တယ်ဆိုမှတော့ ဒီနေရာနဲ့ သူမကကံပါတယ်ဆိုတာ ပြနေ တာပဲ”

“ဟူး”

သူဆိုလိုချင်သည်ကို သူတို့ နားမလည်စရာ အကြောင်းမရှိပေ။ သို့သော် သူတို့၏ စိုးရိမ်မှုကို မထိန်းချုပ်နိုင်ပေ။

သို့သော် အခုချိန်မှ ပြောလျှင်လည်း အသုံးမဝင်ပေ။ သူတို့ ဝင်မသွားနိုင် ကာ သူမပျောက်သွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ရုံသာ တတ်နိုင် လေသည်။

ရှီမာယူယူသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ကောင်းကင်လှံ တံသည် များစွာငြိမ်ကျသွားလေသည်။ လမ်းခွများသို့ ရောက်သည်နှင့် ကောင်း ကင်လှံတံသည် လမ်းမှန်ကိုရွေးရန် ကူညီပေးသည်။ သူမသာ ထိုအရာကို သန့်စင်ထားပြီး ကိုယ်တိုင်ယူလာခြင်းကြောင့်သာမဟုတ်လျှင် ဤနေရာတွင် အသက်ရှင်လျက် ကြာကြာနေနိုင်မလားဟုပင် သိချင်မိသည်။

နာရီဝက်မျှလျှောက်ပြီးနောက်တွင် ကောင်းကင်လှံတံသည် သူမကို ကျောက်တံခါးဆီသို့ ခေါ်သွားလေသည်။ မည်သို့ဝင်ရမည်ကို သူမ တွေးတော နေစဉ်မှာပင် တံခါးမှ နူးညံ့သော စွမ်းအားတစ်ခုထွက်လာပြီး သူမနှင့် ကောင်းကင်လှံတံကို ရစ်ပတ်လေသည်။ ထို့နောက်တွင် ဘုန်းခနဲအသံထွက် လာလေသည်။ ကျောက်တံခါးသည် ဘေးသို့လွှဲယမ်းသွားပြီး အထဲတွင် ရှိနေသော အခေါင်းကို ရှီမာယူယူ မြင်လိုက်ရသည်။

***

All Chapters