#၀င်ခွင့်နေရာတစ်ခုအတွက် တိုက်ခိုက်ခြင်း#
Vol. 64 Ch. 910
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို သုံးရက်အကြာတွင် ဖွင့်လှစ်မည်ဖြစ်သည်။
မရေမတွက်နိုင်လောက်သည့် အင်မော်တယ်ကျင့်ကြံသူများက ရူးသွပ်သွားကြ၏။
၀င်ခွင့်နေရာမရခဲ့ကြသည့်သူများက ရူးသွပ်လာကြပြီး နေရာပိုင်ဆိုင်ထားသည့် သူများအား စိန်ခေါ်ကြသည်။
ကံကောင်းမှုကိုတိုးစေသည့် ဒီစိတ်ကူးယဉ်ဆန်ပုံရသည့်အရာက မရေမတွက်နိုင်လောက်သည့်လူများ အသက်စွန့်ပြီး လိုက်စားကြမည့်အရာတစ်ခုပင်။
ဒီကာလအတောအတွင်း ၀င်ခွင့်ရှိသည့်သူများကို အမည်မသိအထူးလမ်းကြောင်းကနေတဆင့် တခြားသူများသိသွားကြသည်။
ဖင်းယန်ချိုင့်ဝှမ်းအပြင်ဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား လာရောက်စိန်ခေါ်ကြသည့် ကျင့်ကြံသူများစွာရှိသည်။
ဒီအကြောင်းရင်းကြောင့်ပင် ဖင်းယန်ချိုင့်ဝှမ်းသခင်လည်း ထွက်လာရတော့သည်။
"အပြင်မှာ စိန်ခေါ်သူတွေအများကြီးရှိတယ်၊ မင်းတို့ဘယ်လိုထင်လဲ" ချိုင့်ဝှမ်းသခင်ပြုံးသည်။
"မင်းတို့လက်မခံချင်ဘူးဆိုရင် ဖင်းယန်ချိုင့်ဝှမ်းနာမည်နဲ့ ဒါကိုငြင်းပယ်ဖို့အတွက် ငါကူညီပေးမယ်၊ သူတို့ ဖင်းယန်ချိုင့်ဝှမ်းကို မျက်နှာသာတစ်ချို့ပေးမယ်ဆိုတာ ငါယုံကြည်တယ်"
ယဲ့ချိူးပိုင်နှင့် ကျန်သောသူများက နယ်ပယ်တူတွင် ငြင်း၍မရသော်လည်း ဖင်းယန်ချိုင့်ဝှမ်းသာ ပေါ်ပေါက်လာပါက တခြားဂိုဏ်းများတွင် သူတို့ကို မျက်နှာသာပေးရုံကလွဲပြီး တခြားရွေးချယ်စရာမရှိပါ။
မည်သို့ပင်ဆိုစေကာမူ ဒီလူများ၏နောက်ကွယ်က ဂိုဏ်းများက ဖင်းယန်ချိုင့်ဝှမ်းနှင့် သေချာပေါက် ရန်သူမဖြစ်ချင်ကြပေ။
ယဲ့ချိုးပိုင်ပြုံးရင်း ဟုန်ရင်ကို လှမ်းကြည့်သည်။
ဟုန်ရင်ကလည်း ပခုံးတွန့်ပြသည်။
ရှီရှန်း ခပ်ပေါ့ပေါ့ပြုံးသည်။
နင်းချန်ရှင်း၊ မု၀မ်အာ၊ ကျောက်တုံးလေးနှင့် ရှောင်ဟိုင်တို့ကလည်း ဂရုမစိုက်သည့်အသွင် ပခုံးတွန့်ပြကြသည်။
မုဖူရှန်းသာလျှင် အကူအညီမဲ့နေသလို ခံစားနေရသည်။
ကြည့်ရတာ သူတို့ကစိန်ခေါ်မှုကို လက်ခံချင်ကြပုံပဲ!
ဒီလိုဆိုမှတော့ သူလည်း ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
ဒါကိုမြင်သောအခါ ချိုင့်ဝှမ်းသခင်ရယ်မောသည်။
"စီနီယာလုရဲ့တပည့်တွေဆိုတဲ့အတိုင်းပါပဲ၊ ကောင်းပြီ၊ သူတို့ကို ဖင်းယန်စင်မြင့်ပေါ်မှာ စိန်ခေါ်လိုက်ကြတာပေါ့"
ထို့နောက် ချိုင့်ဝှမ်းသခင် သူ့လက်အောက်ငယ်သားများအား စိန်ခေါ်သူများကို ခေါ်လာရန်နှင့် သူတို့နယ်ပယ်များကို ကန့်သတ်ထားရန် ညွှန်ကြားလိုက်၏။
ယဲ့ချိုးပိုင်တို့နှင့် နယ်ပယ်တူကလူများသာလျှင် သူတို့ကို စိန်ခေါ်နိုင်သည်။
မကြာမီ ဖင်းယန်စင်မြင့်က လူအုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
ဖင်းယန်ချိုင့်ဝှမ်း၏ တပည့်များသားရှိသော်လည်း တစ်ချိန်တည်းမှာပင် စိန်ခေါ်သူများကလည်း ပိုများခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ စိန်ခေါ်မှုကို လက်ခံတယ်ဆိုသောသတင်းက ဖင်းယန်ချိုင့်ဝှမ်းတစ်ခုလုံးအတွင်း အလျင်အမြန်ပင် ပျံ့သွားခဲ့သည်။
သို့စေကာမူ ဖင်းယန်ချိုင့်ဝှမ်းကလူများ လုံး၀စိုးရိမ်ခြင်းမရှိကြပါ။ သူတို့ တခြားဂိုဏ်းများမှ ကျင့်ကြံသူများအား ကြည့်သောအခါ မျက်လုံးများက သနားစာနာမှုဖြင့် ပြည့်နှက်နေကြ၏။
"နယ်ပယ်တူလား....ငါတို့တောင် အခုသူတို့ပြိုင်ဘက်မဟုတ်တော့ဘူး၊ ဒီလူတွေက ဘယ်လိုလုပ် ဒီမွန်းစတားတွေရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာတဲ့လဲ"
"ဟီးဟီး၊ နောက်ဆုံးတော့ ငါတို့အနားယူလို့ရပြီ"
"အရင်က ငါတို့က ရယ်မောလှောင်ပြောင်ခံနေရသူတွေပဲ၊ အခုဒီမှာရပ်ပြီး တခြားသူတွေ ငါတို့အတွက် ပျော်စရာဖန်တီးပေးတာကို ကြည့်ရတာကလည်း မဆိုးပါဘူး"
သူတို့ကိုစိန်ခေါ်ချင်သည့်သူများ၏ မျက်လုံးများကမူ ယုံကြည်မှုနှင့် ပြည့်နှက်နေကြသည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများက အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် မရှိလေရာ ကျော်ကြားတယ်ဆိုတာက ပြောစရာပင်မလိုတော့။
သူတို့ခွန်အားက သာမန်မျှသာဖြစ်ပေလိမ့်မည်။
လေးနက်သည့်အမူအရာများနှင့် သူတစ်ချို့လည်းရျှသည်။ သူတို့စိတ်က ပိုရှင်းပါသည်။
၀င်ခွင့်နေရာတစ်နေရာကို ရနိုင်သောသူများက ဘယ်လိုလုပ် သာမန်လူဖြစ်နိုင်မည်နည်း။
သူတို့ကံစမ်းရန်အတွက် ဒီကိုလာခဲ့ကြခြင်းပင်။
ထိုအချိန်တွင် ယဲ့ချိုးပိုင် သူ့ဂျုနီယာညီငယ်၊ ညီမငယ်များအား ကြည့်ပြီး အပြုံးဖြင့် မေးသည်။
"ဘယ်သူအရင်ဆုံးသွားချင်လဲ"
ဟုန်ရင်ပြုံးကာ လက်ဝှေ့ယမ်းသည်။
"ရှင့်က အစ်ကိုကြီးပဲ၊ သွားကြည့်လိုက်ပါ"
"ဘယ်လိုလုပ် ဒီလောက်လွယ်ရတာတုန်း " ယဲ့ချိုးပိုင် ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
သို့စေကာမူ သူဖင်းယန်စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သေးသည်။
ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက သူ့လက်ဖဝါးပေါ်သို့ လျှော့ကျလာခဲ့သည်။
"ဘယ်သူအရင်လာမလဲ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စိန်ခေါ်သူများက ကြက်သေသေသွားကြ၏။
ဒီကောင်က နည်းနည်းမောက်မာပုံပဲ....!
ယဲ့ချိုးပိုင်၏ မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ခံစားမိသည့်အပေါ် လူအုပ်စုထဲက တစ်ယောက်ခုန်တက်လာပြီး ယဲ့ချိုးပိုင်ရှေ့ကို ရောက်လာသည်။
သူတို့နှစ်ယောက်စလုံးက မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
ဒီလူစင်ပေါ်တက်သွားပြီးနောက် လူတိုင်း၏ မျက်သူငယ်အိမ်များက ကျဉ်းမြောင်းသွားကြ၏။
"ကျိချန်ဖန်း၊ အဲဒီဆန်းကြယ်နယ်မြေကနေ ထွက်လာခဲ့တဲ့သူဖြစ်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
"ကျိချန်ဖန်းကဘယ်သူလဲ"
"သူကကျိမိသားစုရဲ့ သားစဉ်မြေးဆက်ပဲ၊ အစောပိုင်းနှစ်တွေမှာ မိသားစုက သူ့ကို နှိပ်စက်ခဲ့တယ်၊ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာ သူတစ်ယောက်တည်း ကျင့်ကြံခဲ့ပြီး အခွင့်အလမ်းများစွာကို တွေ့ကြုံခဲ့ရတယ်၊ အခုသူ့ကို ရွယ်တူတွေကြား ပြိုင်ဘက်ကင်းလို့ ပြောလို့ရတယ်"
"မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်က လူအနည်းငယ်ကပဲ သူနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ငါကြားခဲ့တယ်၊ သူ့ကို တပည့်အဖြစ် လက်ခံချင်ကြတဲ့ ဂိုဏ်းကြီးတွေအများကြီးပဲ"
"သူဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို မ၀င်တာနှမျောစရာပဲ၊ မဟုတ်ဘူးဆိုရင် အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ကို ၀င်နိုင်မယ့်နေရာ၀င်ခွင့်က သူ့ဆီကို သေချာပေါက် ကျရောက်လာလိမ့်မယ်"
"ဒါဆို ဒီလူမှာ အခွင့်အရေးမရှိလောက်ဘူး"
သူတို့ပတ်လည်က ဖင်းယန်ချိုင့်ဝှမ်း တပည့်များ ဒါကိုကြားသောအခါ မျက်လုံးလိမ့်လိုက်မိကြသည်။
မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်!
ယဲ့ချိုးပိုင်လို မွန်းစတားနဲ့ နယ်ပယ်တူလား!
သူ့ထက်နယ်ပယ်မြင့်မားတဲ့ သူမဟုတ်ဘူးဆိုရင်တော့ ဟီးဟီး၊ သူအရမ်းဆိုးဆိုးရွားရွား မရှုံးဖို့ပဲ ငါမျှော်လင့်ပါတယ်!
ယဲ့ချိုးပိုင်ကလည်း အောက်ကဆွေးနွေးမှုကိုကြားသော်လည်း သူ့မျက်လုံးများ၌ နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပါ။ ယင်းအစား သူ့တိုက်ခိုက်ရေးစိတ်ဓာတ်များက တဖြည်းဖြည်းမြှင့်တက်လာပုံရသည်။
ကျိချန်ဖန်း အေးစက်သည့်အမူအရာဖြင့် ပြောသည်။
"ငါမင်းကိုအရှုံးပေးဖို့အတွက် ပြောမှမဟုတ်ဘူး၊ ဒါပေမယ့် မင်းအရှုံးကို မြန်မြန်ဆန်ဆန် ၀န်ခံနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ မဟုတ်ဘူးဆိုရင် ငါ့လက်ထဲကလှံက သနားညှာတာမှုကို ပြသမှာမဟုတ်ဘူး"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးသည်။
"မင်းအရင်စပါ"
ကျိချန်ဖန်းခေါင်းညိတ်ပြီး ညာခြေနှင့်အတူ ရှေ့သို့ တက်လှမ်းလိုက်သည်။
ရုတ်ချည်းဆိုသလို ယှဉ်၍မရနိုင်သည့် ထက်ရှသောဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး တိမ်များအား ထိုးဖောက်သွား၏။
မတိုက်ခိုက်ရသေးခင်မှာပင် ယဲ့ချိုးပိုင်၏ အ၀တ်အစွန်းအစများက ဒီထက်ရှသည့် လှံဆန္ဒကြောင့် ထိုးဖောက်ခံရသည်။
တကယ်တမ်းတွင် အင်မော်တယ်နယ်မြေက ပါရမီရှင်များက မရိုးရှင်းပေ။
သူတို့က သေမျိုးနယ်မြေထက် အများကြီး ပိုအားကောင်းသည်။
သို့သော် ယဲ့ချိုးပိုင်၏ ပါးစပ်ထောင့်စွန်းက ကွေးသွားခဲ့သည်။
သူလက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အနည်းငယ်မြှောက်လိုက်၏။
ဓားပိုင်နက်ရှင်ခြင်း!
အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံထားသည့် အင်မော်တယ်ဓားဓားဆန္ဒက ဒီတင်္ဂမှာပင် ထိုးတက်လာခဲ့ပြီး ကျိချန်ဖန်း၏ လှံဆန္ဒကို ဆူနာမီတစ်စင်းပမာ တိုက်ခိုက်ကာ သူ့ကို အနည်းငယ်မျှပင် ဖိနှိပ်ပစ်ခဲ့သည်။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။
ဒီနယ်ပယ်နှင့် သူကအင်မော်တယ်ဓားနယ်ပယ်ကိုပင် ရောက်နေလေပြီ။ သူ့ကို ဓားတာအို၌ ထိပ်တန်းပါရမီရှင်တစ်ဦးဟု သတ်မှတ်၍ရသော်လည်း ဒါက သူတို့ကို အံ့ဩသင့်စေရန်အတွက် မလုံလောက်ပါ။
သို့စေကာမူ ယဲ့ချိုးပိုင်၏ အင်မော်တယ်ဓားနယ်ပယ်က သာမန်အင်မော်တယ်ဓား ဓားဆန္ဒများ ယှဉ်နိုင်သည့် အရာတစ်ခုမဟုတ်ဘူးဆိုတာ ရှင်းနေသည်။
ထက်မြက်မှုအဆင့်၊ ဓားဆန္ဒသိပ်သည်းမှုနှင့် လွှမ်းမိုးနိုင်သည့်အော်ရာက သာမန်အင်မော်တယ်ဓားများ ယှဉ်၍မရနိုင်သည့် အရာတစ်ခုပေတည်း။
ဖင်းယန်စင်မြင့်အောက်တွင် ဟုန်ရင်ပြုံးသည်။
"အစ်ကိုကြီးရဲ့ဓားတာအိုက ထပ်ပြီးတိုးတက်လာပြန်ပြီ"
မုဖူရှန်း လက်အစုံကို ဆန့်လိုက်သည်။
"သူကဒီရက်တွေမှာ ဓားတာအိုကို ထက်မြက်အောင် လုပ်နေခဲ့တာလေ၊ ဓားတာအိုအပေါ် အစ်ကိုကြီးရဲ့ ပါရမီနဲ့ဆိုရင် ဒီလောက်အထိ တိုးတက်လာတာက အံ့ဩသင့်စရာမရှိပါဘူး"
မု၀မ်အာ ခုန်ပေါက်ကာအော်ဟစ်သည်။
"အစ်ကိုကြီး၊ သူ့ကိုရိုက်ပစ်၊ ငါတို့အပေါ် တခြားသူတွေကို အထင်သေးခွင့်မပေးနဲ့"
ရှောင်ဟိုင်နှုတ်ခမ်းရှုံ့လိုက်သည်။
"ကျွန်တော် စီနီယာအစ်ကိုကြီးကို အရမ်းလူသိရှင်ကြားမဖြစ်စေချင်ဘူး၊ အနာဂတ်မှာ လူတွေက ကျွန်တော့်ကို လာပြီးစိန်မခေါ်ရဲကြတော့ဘူးဆိုရင် အရမ်းပျင်းစရာကောင်းသွားမှာ"
ဖင်းယန်နှင့် အဆက်မပြတ်ယှဉ်ပြိုင်ပြီးနောက် ရှောင်ဟိုင်၏ရုပ်ခန္ဓာက ထပ်မံတိုးတက်လာခဲ့သည်။ ယခုတွင်မူ ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးကို သတ်ဖြတ်ခြင်းက သူ့အတွက် ပြဿာနာတစ်ခုမဟုတ်တော့သည်မှာ ရှင်းနေသည်။
ထိုအချိန်တွင် လုချန်ရှန်းကလည်း ထပ်ခိုးကိုရောက်လာခဲ့သည်။ ဒီမြင်ကွင်းကိုမြင်ပြီးနောက် သူအကူအညီမဲ့စွာပြောသည်။
"ဒီကလေး ထပ်ပြီး လူသိရှင်ကြားဖြစ်အောင် မလုပ်ဖို့ပဲ ငါမျှော်လင့်မိတယ်၊ အမြဲလိုလို သူကအရာတွေကို ပိုကြီးအောင် လုပ်တာဆိုတော့ အချိန်ကျလာတဲ့အခါကျရင် ၀င်ခွင့်ပိုင်ဆိုင်ထားတာကိုသာ လူတွေသိသွားကြရင် ပြဿာနာတွေထပ်ရောက်လာလိမ့်မယ်"
စင်မြင့်ပေါ်၌ ကျိချန်ဖန်း၏ အမူအရာက လေးနက်နေပြီး အေးဆေးနေသည့် အမူအရာကို ဖယ်ရှားကာ ပြောသည်။
"ငါ့ရဲ့လှံဆန္ဒက မင်းဓားတာအိုရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုရင် ငါဒီလောက်လွယ်လွယ် ရှုံးမှာမဟုတ်ဘူးဆိုတာ ယုံကြည်တယ်"
ထိုနေရာတွင် ကျိချန်ဖန်း လက်နှစ်ဖက်စလုံးနှင့် လှံကိုကိုင်ပြီးအော်ဟစ်ကာ ယဲ့ချိုးပိုင်ထံ ပစ်ပေါက်လိုက်၏။
အပိုင်း(911) coming။