← Chapters

#‌လုချန်ရှန်း၊ မျိုးမစစ်အင်မော်တယ်ဧကရာဇ်#

Vol. 64 Ch. 897

#‌လုချန်ရှန်း၊ မျိုးမစစ်အင်မော်တယ်ဧကရာဇ်#

Vol. 64 Ch. 897

အင်မော်တယ်နန်းတော်က အင်မော်တယ်နယ်မြေတွင် အားအကောင်းဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

အကြောင်းရင်းက ရိုးရှင်းသည်။ ၎င်းတွင် ယှဉ်၍မရသည့် အခြေခံအုတ်မြစ်ရှိသလို တစ်ချိန်တည်းမှာပင် စောင့်ကြပ်နေသော အင်မော်တယ်ဧကရာဇ်လည်း ရှိပေသည်။

ဒါက ဂိုဏ်းအားလုံးကို အင်မော်တယ်နန်းတော်အား ရန်မရဲသည်အထိ ဖြစ်သွားစေသည်။

ရလဒ်အဖြစ် အင်မော်တယ်နန်းတော်က အင်မော်တယ်နယ်မြေ၌ အရှင်သခင်ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာရသည်။

အင်မော်တယ်ဧကရာဇ်နန်း‌တော်တွင် အလွန်အမင်းငယ်ရွယ်ကာ ချောမော့သည့် လူငယ်တစ်ယောက်က သာမန်သစ်သားကုလားထိုင်တစ်ခုရှေ့တွင် ထိုင်ရင်း ရှေးဟောင်းစာအုပ်များကို လှန်ဖျပ်နေသည်။

ရုတ်တရက် သူ့နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားပြီး ရယ်မောလိုက်၏။

"နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့၊ မင်းငါ့ဆီကနေ တစ်သက်လုံး ပုန်းနေတော့မယ်လို့ ငါထင်နေတာ"

လုချန်ရှန်းပုန်းနေရန် အစီအစဉ်မရှိပါ။ သို့မဟုတ် သူကအင်မော်တယ်ဧကရာဇ်၏ အသိအာရုံကို ရှောင်ရှားရန်အတွက် မတွေးတောထားဟုဆိုပါက ပိုမှန်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နန်းတော်ကို ၀င်လာပြီးနောက် အင်မော်တယ်ဧကရာဇ်ဆီကနေ သူပုန်းနေပါက သူ့ကို ကျူးကျော်သူတစ်ယောက်ဟု သတ်မှတ်ပေလိမ့်မည်။

သူ့ကိုသာရှာတွေ့သွားပါက သတ်ရန်အတွက် သူတို့က ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းအနည်းငယ်အပြင် အဆင့်မြင့်မဟာအကြီးအကဲအနည်းငယ်ကိုလည်း ဆင့်ခေါ်ကာ အစွမ်းကုန်ကြိုးစားပေလိမ့်မည်။

လုချန်ရှန်း တစ်ခြားထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။

အင်မော်တယ်ဧကရာဇ် မျက်ခုံးအနည်းငယ် ပင့်လိုက်မိသော်လည်း ဘာမှမပြောပေ။

မည်သို့ပင်ဆိုစေကာမူ ဒီထိုင်ခုံ၌ ထိုင်နိုင်သောသူဟူ၍ အရမ်းရှားသည်မဟုတ်ပေလော။

"မင်းအင်မော်တယ်နယ်မြေကို လာကတည်းက ငါ့ဆီလာဖို့ ဘယ်တော့မှ မတွေးတောခဲ့ဘူးဆိုတော့ မင်းမှာအခုလုပ်စရာတစ်ခုခုရှိနေတာဖြစ်ရမယ်"

ဧကရာဇ် သူဘယ်မှာလဲဆိုတာကို သိသည့်အပေါ် လုချန်ရှန်းအံ့ဩသင့်ခြင်းမရှိပါ။

သူက အင်မော်တယ်နယ်မြေ၏ အားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။

သူဒါကိုပင်မရှာဖွေနိုင်ပါက အသက်ရှင်နေရခြင်းက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

လုချန်ရှန်းခေါင်းညိတ်သည်။

"ဟုတ်တယ်၊ နတ်ဆိုးနယ်မြေရဲ့ချိပ်စည်းက ပြေလျော့သထက် ပြေလျော့လာနေပြီ၊ ခင်ဗျားလည်း ဒါကိုသိသင့်တယ်မလား"

"သေချာတာပေါ့" အင်မော်တယ်ဧကရာဇ်၏ ပြေလျော့နေသည့် မျက်ခုံးများက ထိုအခိုက်အတန့်၌ တင်းကြပ်သွား၏။

"ဒါပေမယ့် ငါ့မှာရွေးချယ်စရာမရှိဘူး၊ ကောင်းကင်ဖိနှိပ်စေတီရဲ့ ချိပ်စည်းက အားဖြည့်လို့မရတော့ဘူးဆိုတာ မင်းလည်းပြောနိုင်မှာပါ"

ဒီအကြောင်းနှင့်ပတ်သက်၍ အင်မော်တယ်ဧကရာဇ် ဘာမှလုပ်နိုင်စွမ်းမရှိဘူးဆိုတာ သိသာထင်ရှားနေသည်။

"ဒီအတွက်ကြောင့် မင်းဒီကို ရောက်နေတာလား"

လုချန်ရှန်းခေါင်းညိတ်သည်။

"ကျုပ်ပစ္စည်းတစ်ချို့လိုအပ်တယ်"

ထို့နောက် သူစာရင်းကို အင်မော်တယ်ဧကရာဇ်ထံ တိုက်ရိုက်ပင် လက်လွှဲပေးသည်။

အင်မော်တယ်ဧကရာဇ် ကြည့်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ဒါတွေက ဝိဉာဉ်ရင်းမြစ်ကို အားဖြည့်ပေးတဲ့ ပစ္စည်းတွေပဲ၊ ဒီထဲက တစ်ခုချင်းစီက ထိပ်တန်းအဆင့်တွေပဲ၊ အင်မော်တယ်နန်းတော်တောင် ဒါတွေအားလုံးကို မရှာနိုင်ဘူး"

ထိုနေရာတွင် အင်မော်တယ်ဧကရာဇ် လုချန်ရှန်းအားကြည့်ပြီး သိချင်စိတ်ဖြင့်မေးသည်။

"မင်းဒါတွေကို ဘာအတွက်လိုတာလဲ"

"ဝိဉာဉ်ရင်းမြစ်ကို ကုသအားဖြည့်ဖို့ပေါ့"

လုချန်ရှန်း သူ့ကို ကောင်းကင်ဖိနှိပ်စေတီထဲက လူသားဘိုးဘေးများ၏ အကြွင်းအကျန်ဝိဉာဉ်များကို ကုသအားဖြည့်မည့် အစီအစဉ်အကြောင်း ပြောပြလိုက်သည်။

ဒါက အင်မော်တယ်ဧကရာဇ်၏ မျက်လုံးများကို ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားစေသည်။

လုချန်ရှန်းစကားပြောပြီးနောက်တွင်သာ အင်မော်တယ်ဧကရာဇ် အသံမြှင့်လိုက်သည်။

"မင်းလူသားဘိုးဘေးဝိဉာဉ်ရင်းမြစ်ကို ကုသအားဖြည့်နိုင်တာလား"

လုချန်ရှန်း လက်အစုံကိုဖြန့်လိုက်၏။

"ကျုပ်အပြည့်အ၀ အားမဖြည့်ပေးနိုင်ပေမယ့် ကောင်းကင်ဖိနှိပ်စေတီနဲ့ အချိန်ခဏတာလောက်တော့ ဖိနှိပ်ထားနိုင်ဖို့အတွက် အဆင်ပြေမှာပါ"

ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို ဂရုတစိုက် စိုက်ကြည့်သည်။

လူသားဘိုးဘေးဝိဉာဉ်ကို အနည်းငယ်ကုသအားဖြည့်နိုင်မည်ဆိုလျှင်ပင် ဒါကလုပ်ဆောင်ရန် အတော်လေး ခက်ခဲသည်။ သူပင်လျှင် မလုပ်နိုင်ပါ။

သို့သော် သူ့ရှေ့ကလူကမူ သူလုပ်နိုင်သည်ဟု ပြောဆိုနေသည်။

ဒါ့အပြင် သူကအတော်လေး ယုံကြည်ချက်ရှိပုံရသည်။

တစ်ခဏကြာပြီးမှသာ အင်မော်တယ်ဧကရာဇ် နှလုံးသားထဲက ထိတ်လန့်မှုကို ဖိနှိပ်ထားနိုင်ခဲ့သည်။

"ဒါပေမယ့် ဒီလိုဆိုရင်တောင် ငါသိရလောက်ပြောရရင် ဒီပစ္စည်းတွေကို အတူတကွသုံးလို့မရဘူးမလား" အင်မော်တယ်ဧကရာဇ်မေးသည်။

ဒီပစ္စည်းများက ဝိဉာဉ်ကို သိုလှောင်အားဖြည့်ရာ၌ ထိပ်တန်းအဆင့်ပစ္စည်းများဖြစ်ကြသည်။ ထို့ထဲက စွမ်းအားက အတော်လေးအစွမ်းထက်လှသည်။

ရလဒ်အဖြစ် ဒီပစ္စည်းများကို မပေါင်းစပ်နိုင်ပေ။

လုချန်ရှန်း စိတ်မရှည်စွာပြောသည်။

"အိုက်ယား၊ ကျုပ်မှာ နည်းလမ်းတစ်ခုရှိတယ်လို့ ပြောပြီးပြီပဲ၊ ခင်ဗျားဒီပစ္စည်းတွေ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာကိုပဲ ကျုပ်ကိုပြောပါ"

ဘာလို့ဒီလောက်အများကြီးပြောနေရတာလဲ!

အချိန်က အရမ်းတင်းကြပ်နေပြီဆိုတာ ခင်ဗျားမသိတာလား!

အင်မော်တယ်ဧကရာဇ်ပါးစပ်ပိတ်ကာ ချောင်းဟန့်ပြီးနောက် တည်ငြိမ်သွား၏။

"ငါ့ကိုရက်နည်းနည်းပေးပါ"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"ခင်ဗျားအစောကြီးကတည်းက ဘာလို့မပြောတာလဲ"

ထို့နောက် သူထရပ်ကာ ထွက်သွားရန် ပြင်လိုက်စဉ် အင်မော်တယ်ဧကရာဇ် အကူအညီမဲ့စွာပြောသည်။

"ပင်မတံခါးကနေ သွားကြရအောင်၊ မင်းဒီလိုခပ်ပေါ့ပေါ့လေး၀င်လာခဲ့တာဆိုတော့ ဒီအတိုင်းပြန်ထွက်မသွားဘဲ ငါ့ရဲ့အင်မော်တယ်နန်းတော်ကို မျက်နှာသာနည်းနည်းပေးပါဦး"

"အင်မော်တယ်ဧကရာဇ်အနေနဲ့ ခင်ဗျား မျက်နှာသာရတာကို ဂရုစိုက်နေစရာ လိုသေးလို့လား"

ဒါကအမှန်တရားဖြစ်သည့်တိုင် သူမတတ်နိုင်သည့်အမူအရာတစ်ခုကို ပြသနေသည်။

လုချန်ရှန်း အင်မော်တယ်ဧကရာဇ်၏ အမိန့်အတိုင်း လုပ်ဆောင်ရင်း အပြင်သို့ ထွက်သွားကြသည်။

ထို့ကြောင့် သူကလည်း ဒီအင်မော်တယ်နန်းတော်က ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ သိချင်လာသည်။

သို့စေကာမူ လုချန်ရှန်း နန်းတော်ထဲက ထွက်လာပြီး မကြာခင်မှာပင် အဖိုးအိုတစ်ယောက်က သူ့အား၀င်တိုက်သည်။

မည်သည့်အာရုံစိုက်မှုကိုမှ မဆွဲဆောင်မိစေရန်အတွက် လုချန်ရှန်းဘေးတိုးကာ ဆက်သွားရန် ပြင်ဆင်လိုက်၏။

အဖိုးအိုရေရွတ်သည်။

"ဒါကစီနီယာလုမလား"

လုချန်ရှန်းလှည့်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

ဒီအကြီးအကဲက အရင်ကငါ့ကို အင်မော်တယ်နန်းတော်ကို ခေါ်လာတဲ့တစ်ယောက်မလား!

ငါတို့ဘယ်လိုလုပ် ဒီမှာတွေ့နေရတာလဲ!

ရှားရူချန်းအံ့ဩသင့်တကြီးပြောသည်။

"စီနီယာလုဘာလို့ ဒီမှာရှိနေရတာလဲ"

လုချန်ရှန်းရယ်မောသည်။

"အမ်း....ကျုပ်ခင်ဗျားကို ပြောစရာတစ်ခုခုရှိလို့ ဒီကိုရောက်လာတာပါ"

ဒါကိုကြားသောအခါ ရှားရူချန်း စဉ်းစားနေပြီး ဒီကိစ္စကို ဆက်မမေးပါ။

"ဒါဆို စီနီယာလု....." ရှားရူချန်း အနည်းငယ်တုံ့ဆိုင်းနေပုံရသည်။

လုချန်ရှန်း ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခုရလာသည်။

"ခင်ဗျားဘာလို့မပြောရတာလဲ"

ရှားရူချန်းဉာဏ်အလင်းပွင့်သွားသည်။

"ခင်ဗျား ကျုပ်အတွက် အခင်းအကျင်းအစီအရင်ကို ကူကြည့်ပေးလို့ရမလား"

"အဲဒီအချိန်က စီနီယာ အင်မော်တယ်ကြယ်မြို့က ကြယ်အင်မော်တယ်သော့အခင်းအကျင်းကို ချိုးဖျက်ပစ်ခဲ့တယ်လို့ ရှားဟွာရွှမ်းကျုပ်ကိုပြောပြခဲ့တယ်၊ အင်မော်တယ်အစီအရင်သခင်ဖြစ်တဲ့ ကျုပ်တောင် ဒီလိုမလုပ်နိုင်ဘူး"

အိုး၊ မဟုတ်ဘူး၊ သောက်ကျိုးနည်းလိုက်တာ!

လုချန်ရှန်းသူ့ကိုယ်သူပါးရိုက်ချင်မိသည်။

ငါဘာလို့သူ့ကိုမေးလိုက်ရတာလဲ!

လုချန်ရှန်းငြင်းဆန်မှာကို ကြောက်သည့်အလား ရှားရူချန်းဆက်ပြောသည်။

"မစိုးရိမ်ပါနဲ့၊ အနာဂတ်မှာ စီနီယာလု ကျုပ်အကူအညီတစ်ခုခုလိုလာခဲ့ရင် အင်မော်တယ်နန်းတော်ရဲ့ စိတ်၀င်စားမှုကို မဆန့်ကျင်နေသရွေ့ ကျုပ်အကောင်းဆုံး ကူညီပေးမှာပါ"

လုချန်ရှန်းသက်ပြင်းချသည်။

မေ့လိုက်တော့၊ ဘာပဲဆိုဆို အဲဒီမျိုးမစစ် အင်မော်တယ်ဧကရာဇ်က ငါ့အတွက် ပစ္စည်းတွေကို ရှာပေးချင်သေးတာပဲလေ၊ ဒါကို အချိန်သတ်တာကို ကာကွယ်တယ်လို့ပဲ သတ်မှတ်ရတော့မှာပေါ့!

ဒါ့အပြင် ဒါကလူ‌တွေရဲ့နှလုံးသားတွေကို ၀ယ်ယူနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပဲလေ!

"ဒါပေမယ့် ကျုပ်ဒါကိုအရင်ရှင်းရှင်းလင်းလင်း ပြောထားပါရစေ၊ ကျုပ်ခင်ဗျားကို လမ်းညွှန်ကောင်း မညွှန်နိုင်လောက်ဘူး၊ နားလည်လား"

ရှားရူချန်းပြုံးကာ လက်ဝှေ့ယမ်းသည်။

"စီနီယာ၊ ခင်ဗျားက အရမ်းနှိမ့်ချလွန်းတာပဲ"

လုချန်ရှန်း "....."

အရမ်းကောင်းတယ်၊ ခင်ဗျားမှာ ဖော်လံဖားလုပ်ဖို့အတွက် အရည်အချင်းတွေရှိတယ်ဆိုတာ သိသာထင်ရှားနေတာပဲ!

"လမ်းပြပေး...."

"ကောင်းပါပြီ"

.....

သူတို့ ရှားရူချန်းနေအိမ်သို့ ရောက်လာကြသည်။

ရှားရူချန်း၏တပည့် ရှားဟွာရွှမ်း ယခုလေးတင် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး သူ့ဆရာကို နှုတ်ဆက်ရန် ပြင်နေစဉ်မှာပင် လုချန်ရှန်းကို တွေ့လိုက်ရသဖြင့် သူအံ့ဩသင့်သွားရသည်။

"စီနီယာလု"

ရှားရူချန်းချောင်းဟန့်လိုက်သည်။

"အခင်းအကျင်းအစီအရင်ကို လမ်းညွှန်ဖို့အတွက် ကူညီပေးဖို့ စီနီယာလုကို ငါဖိတ်ခေါ်လာတာ၊ မင်းကြည့်လို့ရတယ်၊ ဒါပေမယ့် သူ့ကိုမနှောက်ယှက်ရဘူး၊ နားလည်လား"

ရှားဟွာရွှမ်းခေါင်းညိတ်သည်။

ရှားရူချန်းက အင်မော်တယ်နန်းတော်၏ အင်မော်တယ်အစီအရင်သခင်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဒီဂုဏ်ရာထူးကြောင့်ပင် သူကအတော်လေးမောက်မာသည်။

သို့စေကာမူ အင်မော်တယ်ဧကရာဇ်ကလွဲ၍ တခြားသူများရှေ့၌ သူ့ဆရာဒီလောက်ထိ လေးစားရိုသေနေတာကို သူတခါမှ မမြင်ဖူးပါ။

သုံးယောက်စလုံးက အိမ်၀င်းထဲ လျှောက်သွားစဉ် သူတို့နောက်၌ သစ်ပင်များနှင့် ၀န်းရံထားသည့် နေရာလွတ်တစ်ခုရှိသည်။

ထိုနေရာ၌ ဧရာမအင်မော်တယ်စွမ်းအင် အတက်အကျများရှိသည်။

သို့သော် ဒါကအနည်းငယ် မတည်ငြိမ်ဖြစ်နေပုံရပြီး အစီအရင်အလံများကို နေရာတိုင်းတွင် စိုက်ပျိုးထားသည်။

ရှားရူချန်း လုချန်ရှန်းကိုကြည့်ပြီး လေးနက်စွာပြောသည်။

"ဒါက ကျုပ်ကိုယ်တိုင်ဖန်တီးထားတဲ့ အင်မော်တယ်တိမ်တိုက်အခင်းအကျင်းပါ"

"ကျုပ်အစီအစဉ်ထဲမှာတော့ ဒါကို ဖွင့်ဟလိုက်ချိန်မှာ တိမ်တိုက်နဲ့ မြူတွေကြားသို့ ပြန့်သွားဖို့ပဲ၊ အခင်းအကျင်းထဲမှာ ပိတ်ဆို့နေတဲ့ လူတွေရဲ့အသိအာရုံနဲ့ အမြင်ကို ပယ်ဖျက်ပေးဖို့တင်မက သူတို့ကို သတ်ဖို့အတွက် တိမ်တွေနဲ့မြူကို အခွင့်အရေးတစ်ခုအဖြစ် သုံးချင်ခဲ့တာပါ"

"ဒါပေမယ့် ဒီနှစ်ခုကို ကျုပ်ဘယ်လိုမှ ပေါင်းစပ်လို့ မရနိုင်ဖြစ်နေတာ၊ စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်ကို လမ်းညွှန်ပေးပါဦး"

ဒါကပုံရိပ်ယောင်လှည့်စားခြင်းအစီအရင်နှင့် သတ်ဖြတ်ခြင်းအစီအရင်တို့၏ ပေါင်းစပ်မှုဖြစ်သည်။

ဒါက တစ်နည်းအားဖြင့် ခက်ခဲသည်ဟု ဆို၍ရသော်လည်း လုချန်ရှန်းအတွက်တော့ အရမ်းကြီးမဟုတ်ပါ။

အပိုင်း(898) coming။

All Chapters