← Chapters

#‌နှလုံးသားနတ်ဆိုးကို ဖြိုခွဲခြင်း၊ ဖန်ချန်း ဆရာတစ်ဦးကို အသိအမှတ်ပြုခြင်း#

Vol. 64 Ch. 899

#‌နှလုံးသားနတ်ဆိုးကို ဖြိုခွဲခြင်း၊ ဖန်ချန်း ဆရာတစ်ဦးကို အသိအမှတ်ပြုခြင်း#

Vol. 64 Ch. 899

ဘာဖြစ်သွားတာလဲ!

ဘာလို့တပည့်သစ်စုဆောင်းတဲ့ အထူးတာ၀န်တစ်ခု ရုတ်တရက် ပေါ်လာရတာလဲ!

ဒီအသံကိုကြားသည့်အပေါ် လုချန်ရှန်း မပျော်တော့ပါ။

ဒါကနောက်ထပ်ခေါင်းကိုက်မှုတစ်ခု ဖြစ်လာနိုင်သည်။

ဒါ့အပြင် ဒီကောင့်ကို အင်မော်တယ်နန်းတော်က ပယ်ချပစ်ခဲ့တာမလား!

ဘာလို့သူ့ပါရမီက SSSအဆင့်မှာ ရှိနေရတာလဲ!

SSSအဆင့်ကတောင် အင်မော်တယ်နန်းတော်ရဲ့ ပြင်ပဂိုဏ်းတပည့်အကဲဖြတ်မှုကို မကျော်လွှားနိုင်ဘူးဆိုရင် ငါကရော!

အင်မော်တယ်နန်းတော်မှာ SSSအဆင့်ထက် သာလွန်နေတဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်လို့ ဆိုလိုတာမလား၊ ဒါဆိုသူတို့က ပိုကောင်းကြတာမလား!

သို့စေကာမူ လုချန်ရှန်းဒီအတွက် အင်မော်တယ်နန်းတော်က တပည့်သစ်များ စုဆောင်းနေသည့် အကြီးအကဲများကိုသာ အားနည်းနုံချာလွန်းသည့် အရဿာရှိသည့်အပေါ် အပြစ်တင်နိုင်တော့သည်။

သူတို့က ဒီလိုမျိုးစေ့ကောင်းကို မတွေ့ခဲ့ကြပေ။

စနစ်က မှားနေတယ်လို့တော့ ငါမပြောနိုင်ဘူးမလား!

လုချန်ရှန်းရပ်လိုက်သောအခါ ရှားရူချန်းမေးလာသည်။

"စီနီယာလု၊ တစ်ခုခုရှိသေးတယ်ဆိုရင် ကျုပ်ကိုပြောလို့ရပါတယ်၊ ကျုပ်ခင်ဗျားကို ကူညီပေးပါမယ်"

လုချန်ရှန်းချောင်းဟန့်ရင်း ရှားရူချန်းဘေးသို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ပြုံးသည်။

"ဘာပဲဆိုဆို ကျုပ်အခုအားနေတာဆိုတော့ ဒီကလေး ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ကျုပ်နည်းနည်းသိချင်မိတယ်၊ ဒီမှာခဏနေတာပေါ့"

ရှားရူချန်း "???"

ရှားဟွာရွှမ်း "???"

ဒီလိုလည်းလုပ်လို့ရတာလား!

ခင်ဗျားအရမ်းအေးဆေးလွန်းမနေဘူးလား!

"အာ....ဒါဆိုရင် ကျုပ်ခင်ဗျားနဲ့အတူ ဒီမှာ နေခဲ့ရမှာလား"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်သည်။

"ဘာလို့ ကျုပ်နဲ့အတူနေဖို့ ခင်ဗျားလို အဖိုးကြီးတစ်ယောက်ကို လိုနေရမှာလဲ၊ ခင်ဗျားရူးနေတာလား၊ ခင်ဗျားမှာ လုပ်စရာရှိတယ်ဆိုရင် သွားလုပ်တော့၊ ကျုပ်ကို စိတ်ပူနေစရာမလိုဘူး"

ဒါကိုကြားသောအခါ ရှားရူချန်း အလျင်အမြန်ခေါင်းညိတ်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ စီနီယာ၊ ကျုပ်တို့အရင်ထွက်သွားပါမယ်"

"သွားကြတော့" လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

ရှားရူချန်းနှင့် ရှားဟွာရွှမ်းတို့ထွက်သွားကြပြီး လွင့်မြောနေသည့်လှေကားထစ်များပေါ်၌ လုချန်ရှန်းနှင့် ဖန်ချန်းတို့သာ ကျန်နေခဲ့ကြသည်။

အင်မော်တယ်နန်းတော်က လူများတွင်လည်း ပါရမီမရှိသည့် လူတစ်ယောက် အချိန်အတန်ကြာ ဒူးထောက်နေတာကို ကြည့်နေရန် အချိန်မရှိပေ။

ဖန်ချန်းကလည်း လုချန်ရှန်း ကြုံရာကျပန်း လှေကားထစ်တစ်ခုတွင် ထိုင်နေတာကို တွေ့သည်။ သို့သော် သူလျစ်လျုရှုကာ အံကြိတ်ပြီး ရှေ့ဆက်နေသည်။

သူ့အတွက် ယခုအချိန်တွင် တစ်ခုခုပြောချင်းက စိတ်ဓာတ်ကြံ့ခိုင်မှုကို စိတ်စွမ်းအားကို ကျဆင်းစေမည်သာ။

......

တစ်ရက်၊ နှစ်ရက်!

ဖန်ချန်း၏ကိုယ်က တုန်ယင်နေလေပြီ။

သူ့၀န်းကျင်က အင်မော်တယ်အော်ရာက ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ကာ သူအကန့်အသတ်ကို ရောက်နေပြီဆိုတာ သိသာထင်ရှားနေသည်။

သူအချိန်မရွေး လဲကျသွားနိုင်သည်။

သို့စေကာမူ ဖန်ချန်း လဲကျမသွားစေရန်အတွက် ကျောကို ဖြောင့်ထားပြီး အံကြိတ်ထားသည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းမေးသည်။

"ဒီလောက်ဇွဲရှိနေတာက ဘာအကျိုးရှိလို့လဲ၊ မင်းအင်မော်တယ်နန်းတော်ကို ဒီလောက်တောင် ၀င်ချင်တာလား"

ဖန်ချန်း၏ တင်းကျပ်စွာကိုက်ထားသည့် နှုတ်ခမ်းများက ဟလိုက်စဉ် တုန်ယင်သွား၏။ သူ့အသံက နူးညံ့နေသော်လည်း အတော်လေးခိုင်မာသည်။

"အင်မော်တယ်နန်းတော်ကို ၀င်မှသာ ကျွန်တော့်ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်နိုင်ပြီး ပန်းတိုင်ကို အောင်မြင်နိုင်မှာ"

သူ့စွဲလန်းမှုက အတော်လေးနက်ရှိုင်းသည်။

လုချန်ရှန်းလက်အစုံကို ခေါင်းနောက်တွင် ထားပြီး ဖန်ချန်းကို စိုက်ကြည့်သည်။

"သူတို့မင်းကို သဘောမကျရင်ရော"

"ဒါဆိုဆက်လက်ဒူးထောက်တာပေါ့" ဖန်ချန်းအံကြိတ်လိုက်သည်။

လုချန်ရှန်းပြောသည်။

"မင်းကအရမ်းပါရမီမရှိဘူးဆိုတာ မင်းသိသင့်တယ်"

"ဒီတော့ဘာဖြစ်လဲ"

"မင်းဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ သူတို့တင်မက မင်းပါမသိတာရော ဖြစ်နိုင်ချေရှိလား"

ဒါကိုကြားသောအခါ ဖန်ချန်းအနည်းငယ် ကြက်သေသေသွားသည်။

သူလုချန်ရှန်းကို မော့ကြည့်ချင်သော်လည်း သူ့တွင် ကြည့်ရန်အတွက် ခွန်အားမရှိပါ။

တစ်ခဏကြာရုန်းကန်ပြီးနောက် သူလက်လျှော့လိုက်ရုံသာ ရှိပေသည်။

လုချန်ရှန်းတစ်ခြားဘာမှမပြောတော့ပါ။

စတုတ္ထမြောက်နေ့တွင် အင်မော်တယ်နန်းတော်၏ တပည့်များက လွင့်မြောနေသည့် လှေကားထစ်များဆီသို့ ရောက်လာကြသည်။

"ဒူးထောက်နေတုန်းလား"

"အင်း၊ ၁၀၄ရက်တောင်ရှိပြီဆိုတော့ မင်းစိတ်စွမ်းအားက အတော်လေးအားကောင်းသားပဲ"

"အားကောင်းတဲ့ စိတ်စွမ်းအားရှိတော့ရော ဘာအသုံး၀င်လို့လဲ၊ မင်းမှာခွန်အားလည်း မရှိသလို ပါရမီလည်းမရှိတာမို့ ငါတို့ အင်မော်တယ်နန်းတော်ကို မ၀င်နိုင်ဘူး၊ ဒူးထောက်ရုံမျှနဲ့ အင်မော်တယ်နန်းတော်ကို ဝင်နိုင်မယ်ဆိုရင် ငါတို့အင်မော်တယ်နန်းတော်ကို ဘယ်လိုလုပ် အင်မော်တယ်နယ်မြေရဲ့ နံပါတ်တစ်အင်အားစုလို့ ခေါ်ထိုက်တော့မှာလဲ"

အင်မော်တယ်နန်းတော်၏ တပည့်များတဖြစ်လဲ သူတို့က အတော်လေးမောက်မာကြသည်။

"ဒါပေမယ့် သူအကြာကြီး ခံနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်"

"အင်း၊ သူ့ခန္ဓာက စတင်အက်ကွဲလာနေပြီလေ"

.....

ထိုအချိန်မှာပင် လုချန်ရှန်းထပ်ပြောသည်။

"သူတို့မင်းကို ဘယ်လိုဆက်ဆံသလဲဆိုတာ မင်းတွေ့ပြီလား"

ဖန်ချန်းနောက်ထပ်စကားမပြောနိုင်တော့သော်လည်း သူ့၀န်းကျင်က လှောင်ပြောင်သည့်အသံများကို ကြားနေရဆဲပင်။

သူနှလုံးသားထဲကနေ ခါးသီးစွာပြုံးမိသည်။

ပါရမီမရှိပါက အမှန်တကယ်လှုပ်ရှားရန် ခက်ခဲသလားဆိုတာကို သူတွေးနေမိသည်။

ငါတို့မိသားစုတွေကြားက အမုန်းတရားကို ဖြေရှင်းဖို့ တကယ်ပဲ နည်းလမ်းမရှိဘူးလား!

အားကောင်းသည့်စိတ်စွမ်းအားရှိသည့် ဖန်ချန်းပင်လျှင် ရက်တစ်ရာကျော် ဇွဲထုတ်ခဲ့သည့်တိုင် သူ့အမြင်အရ အတော်လေး အစွမ်းထက်သည့် အင်မော်တယ်နန်းတော်က သူ့ကို လှောင်ပြောင်ပြီးနောက်တွင် သူ့နှလုံးသားက စတင်တုန်ခါလာသည်။

ဒါကိုမြင်သောအခါ လုချန်ရှန်း တခြားဘာတစ်ခုမှ မပြောပေ။

ဖန်ချန်းက ယခုအချိန်တွင် အန္တရာယ်အရှိဆုံးအခြေအနေ၌ရှိပြီး သူ့တာအိုနှလုံးသားက တုန်ယင်နေသည်။ ဒါကကျင့်ကြံခြင်း၌ တားမြစ်ချက်တစ်ခုဖြစ်သည်။

ဖန်ချန်း သူ့မိသားစု၊ ဆွေမျိုးများနှင့် လမ်းတစ်လျှောက်လုံးက အတွေ့အကြုံများအပြင် မြို့တော်၀န်စံအိမ်ကိုပါ သတိရသွားမိသည်။

လက်စားချေဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား!

မေးခွန်းများက တစ်ခုပြီးတစ်ခု နတ်ဆိုးပမာ ထပ်လာစဉ် ဖန်ချန်း၏ ပွင့်နေသည့် ပါးစပ်က တုန်ယင်နေသည်။

"အရှုံးပေးလိုက်တော့"

"ဒီလိုပါရမီနဲ့ မင်းဘယ်လိုလုပ် လက်စားချေနိုင်မှာလဲ"

"မင်းလေးစားပြီး အရမ်းမြင့်မြတ်အစွမ်းထက်တယ်လို့ မှတ်ယူထားတဲ့ ဒီအင်မော်တယ်နန်းတော်က လူတွေ မင်းကို အထင်အမြင်သေးနေတာကို မမြင်ဘူးလား"

"မင်းကိုယ်မင်းအတွက် လက်စားမချေနိုင်ရုံတင်မက မင်းက တခြားသူတွေရဲ့ အထင်အမြင်သေးခြင်းကိုလည်း ခံနေရတယ်၊ ဒါတောင်မှ မင်းဒီမှာ အကြာကြီး ဒူးထောက်နေတယ်၊ မင်းမရှက်ဘူးလား"

သူ့နှလုံးသားအနက်ပိုင်းက ငြင်းပယ်မှုတိုင်းက စပျစ်နက်ပင်များပမာ အရာတိုင်းကို တိုက်စားပြီး ဖန်ချန်း၏ တာအိုနှလုံးသားဆီသို့ဖြည်းဖြည်းချက်တက်လာနေသည်။

၎င်းက အပြည့်အ၀ဖုံးလွှမ်းသွားစဉ် တစ်စစီ စတင်တိုက်စားသည်။

လှေကားထစ်များပေါ်၌ ဖန်ချန်း၏မူလက ဖြောင့်တန်းနေသည့်ကျောက စတင်ဖြည်းညင်းစွာ ကွေ့လာခဲ့သည်။

လုချန်ရှန်းမျက်မှောင်ကြုတ်သည်။

ဒီလိုလူမျိုးတွင် ယခုလိုနက်ရှိုင်းသည့် စွဲလမ်းမှုတစ်ခုရှိသည်။

အလားတူပင် ဒီစွဲလမ်းမှုကြောင့်ပင် ဒါက ကြောက်မက်ဖွယ်ရာစိတ်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယခုလိုလူမျိုးကသာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်နေသရွေ့ အနာဂတ်တွင် ဘယ်အရာကမှ သူ့တာအိုနှလုံးသားကို လှုပ်ယမ်းနိုင်မည်မဟုတ်။

အင်မော်တယ်နန်းတော်က တပည့်များ ဒီမြင်က္င်းကိုမြင်သောအခါ အများစုက ထေ့ငေါ့စွာပြုံးကြသည်။

တစ်ချို့ကမူ မနှစ်မြို့စရာစကားလုံးများကိုပင် ပြောကြသည်။

"ဒါပဲလေ"

"အင်မော်တယ်နန်းတော်က ဒီလိုလူမျိုးကို မလိုအပ်ဘူး"

"တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းကို ၀င်တာကမှ ဖြစ်နိုင်ဦးမယ်"

အားအကောင်းဆုံးဂိုဏ်းများတွင်ပင် သူတို့ကိုယ်သူတို့ အရမ်းမြင့်မြင့်တွေးကြသည့် တပည့်များက အမြဲရှိသည်။

ဒီစကားလုံးများက ဖန်ချန်း၏ နားတစ်ဝိုက်တွင် ဆက်တိုက်လည်ပတ်နေသည်။

ငါတကယ်ပဲ ဒီလမ်းကြောင်းအတွက် မသင့်တော်ဘူးလား!

ထိုအချိန်မှာပင် ဖန်ချန်းအသိစိတ်ရှေ့တွင် မြင်ကွင်းတစ်ုပေါ်လာခဲ့သည်။

ဒီမြင်ကွင်းက သူ့မိသားစုက မြို့တော်၀န်စံအိမ်ကြောင့် အသတ်ခံရပြီး သူ့အမေက သူ့ကို လျှို့ဝှက်စွာ ပို့ပစ်ခဲ့သည့် မြင်ကွင်းဖြစ်သည်။

ထိုအချိန်က သူနေရာတစ်နေရာ၌ တွေဝေစွာထိုင်ရင်း သူ့အမေ သူ့ကိုပွေ့ဖက်ထားပြီး မိသားစုဆီသို့ ပြန်ပြေးသွားသည်ကို ကြည့်နေသည်။

ဒီမြင်ကွင်းက ဆူးတစ်ချောင်းပမာ သူ့နှလုံးသား၌ အမြစ်တွယ်နေခဲ့သည်။

ဒါကိုတွေးမိသောအခါ ဖန်ချန်း ရုတ်တရက် ဒေါသတကြီးအော်ဟစ်သည်။

ထိုအချိန်မှာပင် သူ့နှလုံးသားထဲက အတွင်းနတ်ဆိုးကလည်း လုံး၀ပျောက်ကွယ်သွားခဲ့ပြီး သူ့၏အနည်းငယ်ကွေးနေသည့်ကျောက ထပ်မံဖြောင့်တန်းသွားသည်။

အင်မော်တယ်နန်းတော်က တပည့်များ ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်နေကြ၏။

လုချန်ရှန်း ထရပ်ကာပြုံးသည်။

"အင်မော်တယ်နန်းတော်က မင်းကို လက်မခံဘူးဆိုတော့ မင်းဆရာအဖြစ် ငါ့ကို အသိအမှတ်ပြုမလား"

ဖန်ချန်းခေါင်းမော့ကာ လုချန်ရှန်းကို ကြည့်လိုက်သည်။

အင်မော်တယ်အစီအရင်သခင် အကြီးအကဲက ဒီလူရှေ့တွင် ဘယ်လောက်ထိ ရိုသေလေးစားခဲ့သလဲဆိုတာ သူသတိရသွားသည်။

ဖန်ချန်းလှေကားထစ်များကနေ မတ်တပ်ရပ်ရန်အတွက် သူ့ကိုယ်သူအားတင်းလိုက်၏။

အင်မော်တယ်နန်းတော်က တပည့်များ၏ ထိတ်လန့်နေသည့် အကြည့်များနှင့် လုချန်ရှန်း၏ ခပ်ပြုံးပြုံးအကြည့်အောက်တွင် ဆယ်မိနစ်အကြာတွင် သူလုချန်ရှန်းရှေ့တွင် ထရပ်ပြီး မြေပေါ်ဒူးထောက်ကာ အော်ဟစ်လိုက်သည်။

"တပည့်ဖန်ချန်း ဆရာကိုနှုတ်ဆက်ပါတယ်"

အပိုင်း(900) coming။

All Chapters