← Chapters

#‌ကောင်းကင်အကဲခတ်မျက်လုံး#

Vol. 64 Ch. 900

#‌ကောင်းကင်အကဲခတ်မျက်လုံး#

Vol. 64 Ch. 900

[အထူးတာ၀န်ကို ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ယူပါတယ်]

[ဆုလာဘ် : မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာနည်းစနစ်၊ မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်]

[ပိုင်ရှင်က ကောင်းကင်အကဲခတ်မျက်လုံးကို ရရှိပါတယ်]

ကောင်းကင်အကဲခတ်မျက်လုံး!

စနစ်၏ စကားလုံးများ ဖြည်းဖြည်းချင်း ကျဆင်းလာသောအခါ လုချန်ရှန်း၏ မျက်သူငယ်အိမ်များက ခရမ်းရောင်ပြောင်းသွားသည်။

လုချန်ရှန်း၏မျက်လုံးများ၌ မှိန်ဖျော့သည့် ခရမ်းရွှေရောင်အော်ရာတစ်ခုရှိနေတာကို တွေ့သွားသောအခါ ဖန်ချန်းလည်း အံ့ဩသင့်သွား၏။

လုချန်ရှန်း၏အကြည့်အောက်တွင် သူ့တစ်ကိုယ်လုံး၏ အစိတ်အပိုင်းအားလုံးပင် ထိုးဖောက်မြင်နေရသည့်အလားပင်။

လုချန်ရှန်းကလည်း ကောင်းကင်အကဲခတ်မျက်လုံး၏ လုပ်ဆောင်ချက်ကိုသိပါသည်။

အစီအရင်များဖြစ်စေ၊ အဆောင်များ သို့မဟုတ် လူတစ်ယောက်၏ အားနည်းချက်များဖြစ်စေ အကြည့်တစ်ချက်တည်းနှင့် သူတိုက်ခိုက်မှုအချိန်တာတစ်ခုအတွင်း အရာ၀တ္ထုတစ်ခု၏ သက်ရောက်မှုကို မြင်နိုင်သည့် အတိုင်းအတာထိရှိသည်။

ဒီအရာက အမှန်တကယ်ပင်နည်းနည်း အသုံး၀င်သည်။

လုချန်ရှန်းပြုံးလိုက်ပြီးနောက် အားနည်းနေသေးသည့် ဖန်ချန်းကိုကြည့်လိုက်၏။

သူဖန်ချန်းခေါင်းပေါ် လက်တင်လိုက်သောအခါ ဖန်ချန်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် အဆုံးမဲ့ဆန္ဒက သူ့ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ ဖြည်းဖြည်းချင်း စိမ့်၀င်သွားသည်။

သူ့၏ကျိုးကြေနေသည့်ခန္ဓာနှင့် မရီဒျန်များက ဒီအဆုံးမဲ့ဆန္ဒအောက်တွင် အလျင်အမြန်ပင် သက်သာလာနေတာကို ဖန်ချန်းခံစားနေရသည်။

အသက်ရှူကြိမ်ရေ အနည်းငယ်အတွင်း သူအားအင်ပြည့်၀လာပြီး အရင်ကထက် ပိုအားကောင်းလာသည့်အလား ဖန်ချန်းခံစားလိုက်ရသည်။

သို့စေကာမူ ဒါက ဖန်ချန်း အင်မော်တယ်နန်းတော်က လွင့်မြောမေသည့်လှေကားထစ်များမှ ဖိအားကို ခုခံပြီး သူ့အကန့်အသတ်ကိုပင် ကျော်လွန်သွားသည့် အတွက်ကြောင့်လည်းဖြစ်သည်။ သူ၁၀၄ရက်ထိပင် ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ်နန်းတော်က တပည့်များကလည်း တုံ့ပြန်လာကြပြီး သူတို့ဒီမြင်ကွင်းကိုမြင်သောအခါ နှာခေါင်းရှုံ့လိုက်ကြ၏။

"ဒီလိုပါရမီနဲ့ စွမ်းအားမျိုးရှိနေတာကိုတောင် တပည့်အဖြစ် လက်ခံချင်သေးတာလား"

"ဟားဟား၊ သူကလည်း အဆင့်မရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းကလာတာဖြစ်ရမယ်၊ ဒီလိုဆိုမှ ဒီလိုလူတစ်ယောက်ရဲ့ပါရမီကို သဘောကျနိုင်မှာပေါ့"

"မှန်တယ်၊ ဒီကောင်လေးရဲ့ပါရမီက အင်မော်တယ်နန်းတော်ကို ၀င်ဖို့အတွက် မသင့်တော်ဘူးဆိုပေမယ့် အဲဒီတတိယတန်းစားဂိုဏ်းတွေကို သွားဖို့ဆိုတာကတော့ ပြဿာနာမဟုတ်ပါဘူး"

သို့စေကာမူ အင်မော်တယ်နန်းတော်၌ အမြော်အမြင်ရှိသည့် တပည့်တစ်ချို့လည်းရှိသည်။

"သူ့ပါရမီက ချို့ယွင်းနေပေမယ့် သူ့စိတ်စွမ်းအားနဲ့ တာအိုကတော့ အရမ်းတင်းမာတယ်"

"ငါသာဆိုရင် သူ့လိုအခြေအနေမျိုးမှာ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး"

"ဟူး....ပါရမီကတော့ တကယ်ကို စိတ်မကောင်းစရာပဲ"

"သေချာပေါက်မဟုတ်ဘူးပေါ့၊ ကံကောင်းအားလျော်စွာ တိုက်ဆိုင်မှုတစ်ခုရှိလာရင်ရော"

"မှန်တယ်၊ အခွင့်အရေးတစ်ခုရှိလာခဲ့မယ်ဆ်ုရင် ဒီအခြေအနေကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်မှာပဲ"

သူတို့၏စကားလုံးများကို ကြားသောအခါ လုချန်ရှန်းတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဖန်ချန်း၏ အမူအရာက မပြောင်းလဲဘဲရှိနေသည်။

သူကအတော်လေးကို တည်ငြိမ်သော တပည့်တစ်ယောက်ဖြစ်ပုံရသည်။

လုချန်ရှန်းမေးသည်။

"မင်းဒီစကားပုံကြားဖူးလား"

ဖန်ချန်း "?"

လုချန်ရှန်း "ဘ၀ဆိုတာ အတက်အကျတွေနဲ့ ပြည့်နှက်နေတယ်၊ သူဆင်းရဲတွေကို ဘယ်တော့မှ အထင်မသေးနဲ့တဲ့"

သေစမ်း!မဟုတ်ဘူး!

လုချန်ရှန်း ရုတ်တရက်မျက်နှာကို ဖုံးလိုက်မိသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေသည်။

ငယ်ငယ်တုန်းက ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး သွေးဆူလာစေသဖြင့် သူစမ်းကြည့်ချင်ခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ သူကျယ်လောင်စွာပြောလိုက်စဉ် အမှန်တကယ်မိုက်မဲသူတစ်ဦးပမာ ခံစားနေရသည်။

ဒါကအနည်းငယ်ကိုးရိုစကားယားနိုင်လှသည်။

ဒါကိုကြားသောအခါ ဖန်ချန်းကြက်သေသေသွားပြီးနောက် သူ့မျက်နှာက သွေးနှင့် ပြည့်နှက်သွားသည်။

"ဆရာ၊ ကျွန်တော်ဆရာ့ကို စိတ်မပျက်စေရပါဘူး"

ထိုအချိန်တွင် ရှားရူချန်း ရုတ်တရက် လုချန်ရှန်းဘေးတွင် ပေါ်လာခဲ့သည်။

ပတ်ပတ်လည်က အင်မော်တယ်နန်းတော်တပည့်များ ရှားရူချန်းကို မြင်သောအခါ သူတို့၏ အမူအရာများကို ရုပ်သိမ်းပြီး လေးစားစွာ လက်နှစ်ဖက်ဆုပ်ကြသည်။

"အကြီးအကဲကို နှုတ်ဆက်ပါတယ်"

ရှားရူချန်းအနည်းငယ်ခေါင်းညိတ်ရင်း လက်ဝှေ့ယမ်းသည်။

"လူစုခွဲကြတော့"

ထို့နောက် ထိုတပည့်အားလုံးက ဒီနေရာကနေ ထွက်သွားကြသည်။

တပည့်အားလုံးထွက်သွားပြီးနောက် ရှားရူချန်းနှင့် ရှားဟွာရွှမ်းတို့က လုချန်ရှန်းဘေးက ဖန်ချန်းကို ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်နေကြသည်။

"စီနီယာသူ့ကို တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ပါဘူး"

လုချန်ရှန်းရယ်မောသည်။

"သူကအရမ်းစိတ်ဓာတ်ကြံ့ခိုင်တယ်လေ၊ အနာဂတ်မှာ သေချာပေါက်တစ်ခုခုလုပ်နိုင်မှာပဲ"

လုချန်ရှန်း ဖန်ချန်း၏တကယ့်ပါရမီစစ်စစ်ကို မဖော်ထုတ်ခဲ့ပေ။

သူဒါကိုဖုံးကွယ်ထားရန် လိုအပ်သည်။ တိုက်ဆိုင်စွာပင် ဖန်ချန်းကို တခြားသူများက အင်မတန်အားနည်းသည်ဟု တွေးထက်ကြသည်။ ဒါက မျှော်လင့်မထားသည့် သက်ရောက်မှုတစ်ခုပေတည်း။

ရှားရူချန်းခေါင်းညိတ်ရင်း ဖန်ချန်းကို ကြည့်ပြီးပြုံးသည်။

"စီနီယာလုကအရမ်းအားကောင်းတယ်၊ သူမင်းကို လက်ခံလိုက်ပြီဆိုမှတော့ မင်းသူ့ဆီက သင်ယူပေါ့"

ဖန်ချန်းလေးလံစွာ ခေါင်းညိတ်သည်။

"ကောင်းပြီ၊ ဘာကိစ္စလဲ" လုချန်ရှန်းမေးသည်။

"စီနီယာ၊ ဧကရာဇ်အရှင် ခင်ဗျားကိုရှာနေပါတယ်" ရှားရူချန်းလေးစားစွာပြောသည်။

သူပစ္စည်းအားလုံးကို ရှာတွေ့သွားခြင်းဖြစ်ရပေမည်။

လုချန်ရှန်းခေါင်းည်ိတ်ကာ ဖန်ချန်းကို နန်းတော်ဆီသို့ ခေါ်သွားသည်။

ရှားဟွာရွှမ်း သူတို့နောက်ကျောကို ကြည့်ရင်းမေးသည်။

"ဆရာ၊ စီနီယာလု ဘာလို့ဒီလူကို လက်ခံလိုက်ရတာလဲ၊ သူ့စိတ်စွမ်းအားက အရမ်းအားကောင်းတယ်ဆိုပေမယ့် သူ့ပါရမီနဲ့ ခွန်အားကတော့ အရမ်းသာမန်ဆန်လွန်းတယ်လေ"

"ငါလည်းမသိဘူး" ရှားရူချန်းခေါင်းခါယမ်းကာပြောသည်။

"ဒါပေမယ့် စီနီယာလုရဲ့ခွန်အားအရဆိုရင် ဒီကလေးနဲ့ပတ်သက်တဲ့ ထူးခြားတာတစ်ခုခုကို သူရှာတွေ့သွားတာဖြစ်ရမယ်၊ မဟုတ်ဘူးဆိုရင် သူဒီလောက် တပည့်လွယ်လွယ်ကူကူ လက်ခံမှာမဟုတ်ဘူး"

"အနာဂတ်မှာ ဖန်ချန်းအင်မော်တယ်နယ်မြေမှာ တောက်ပလာပြီး အတော်လေးအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ်လို့ ငါခံစားနေရတယ်"

ရှားဟွာရွှမ်းကြက်သေသေသွားသည်။

ရှားရူချန်း၏အဆင့်တွင် သူအမြင်အာရုံက အတော်လေးတိကျပါသည်။

.....

လုချန်ရှန်း ဖန်ချန်းကို အင်မော်တယ်နန်းတော်သို့ ခေါ်ဆောင်သွား၏။

ဖန်ချန်းပတ်၀န်းကျင်ကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူယနေ့တွင်ကား ဒီဂန္တ၀င်ဆန်သောလူသား၏ နန်းတော်ကို လာနိုင်ခဲ့လေပြီ။

တခြားတစ်ဘက်တွင် လုချန်ရှန်း တံခါးကိုတွန်းဖွင့်ပြီး ဧကရာဇ်နှင့် ဆန့်ကျင်ဘက်ခုံတွင်ဖိုင်ကာ လက်ဖက်ရည်အိုးကို ကောက်ကိုင်ရင်း တစ်ခွက်ထဲသောက်လိုက်သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ဖန်ချန်း ပို၍ပင် လေးစားသဘောကျသွားသည်။

အင်မော်တယ်ဧကရာဇ်ရှေ့မှာတောင် ဒီလောက်ထိ ခပ်ပေါ့ပေါ့နေနိုင်လေရာ သူ့ဆရာက မည်သူပင်ဖြစ်လေသနည်း။

"ခင်ဗျားတွေ့ပြီလား" လုချန်ရှန်းမေးသည်။

အင်မော်တယ်ဧကရာဇ် အပြုံးဖြင့်ခေါင်းညိတ်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို လုချန်ရှန်းအားပေးသည်။

လုချန်ရှန်းတစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်သည်။

"မင်းဘာတစ်ခုမှ မပြောတော့ဘူးလား" လုချန်ရှန်းသိမ်းဆည်းလိုက်တာကို မြင်သောအခါ အင်မော်တယ်ဧကရာဇ် မျက်ခုံးပင့်လိုက်သည်။

"ဒါတွေကိုရှာဖို့ ငါငွေကြေးအများကြီး အကုန်ကျခံထားရတာ"

ဟမ့်!

လုချန်ရှန်း နှလုံးသားထဲကနေ နှာခေါင်းရှုံ့သည်။

လေးရက်အတွင်း ဒီအရာအားလုံးကို ရှာဖွေရန်ဟူသည် သူ့အတွက် အများကြီး ကုန်ကျခဲ့သည်။

"ဒါဆို ခင်ဗျားဘာလို့ နတ်ဆိုးနယ်မြေကို မကိုင်တွယ်ရတာလဲ" လုချန်ရှန်း ဧကရာဇ်ကို စိုက်ကြည့်လိုက်၏။

အင်မော်တယ်ဧကရာဇ် ချက်ချင်းပါးစပ်ပိတ်လိုက်ရသည်။

သူတို့နှစ်ယောက် နတ်ဆိုးနယ်မြေအကြောင်းကို ဆွေးနေကြသည်။

သို့သော် ဖန်ချန်းသူတို့စကားပြောတာတွေကို မကြားရပါ။

ဆွေးနွေးပြီးနောက် အင်မော်တယ်ဧကရာဇ် ဖန်ချန်းအား ကြည့်ပြီး ခေါင်းညိတ်သည်။

"တကယ်တော့ မင်းကို ငါ့တပည့်အဖြစ် ငါတိတ်တဆိတ်လက်ခံချင်ခဲ့တာ"

ဖန်ချန်းကြက်သေသေသွားသည်။

အင်မော်တယ်ဧကရာဇ်က ငါ့ကို သူ့တပည့်အဖြစ် လက်ခံချင်တယ်လို့ ပြောလိုက်တာလား!

လုချန်ရှန်းလက်နှစ်ဖက်ပိုက်ကာ နှာခေါင်းရှုံ့သည်။

အင်မော်တယ်ဧကရာဇ်ရယ်မောသည်။

"မင်းပါရမီက တကယ်အားမနည်းဘူးဆိုတာ ငါမြင်ပါတယ်၊ အဲဒီအကြီးအကဲတွေက မင်းရုပ်ခန္ဓာကို မပြောနိုင်ရုံပါပဲ၊ ဒါ့အပြင် မင်းရဲ့စိတ်စွမ်းအားက အရမ်းခိုင်မာတယ်၊ အနာဂတ်မှာ မင်းက သေချာပေါက် အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်၊ ငါ့ရဲ့အမွေကိုတောင် အမွေဆက်ခံရကောင်း ဆက်ခံရနိုင်တယ်"

အင်မော်တယ်ဧကရာဇ်၏ အမြင်နှင့် စွမ်းအားအရ သူဖန်ချန်း၏ ရုပ်ခန္ဓာကြိ မပြောနိုင်သော်လည်း အနည်းဆုံးတော့ သဲလွန်စတစ်ချို့ကို မြင်နိုင်ပါသည်။

လုချန်ရှန်းအံ့ဩသင့်ခြင်းမရှိပေ။

"ဒီလိုဆိုရင်ရော၊ မင်းငါ့တပည့်ဖြစ်လာချင်လား" ဖန်ချန်းတွေဝေနေတာကို မြင်ပြီးနောက် အင်မော်တယ်ဧကရာဇ်ပြုံးလိုက်သည်။

လုချန်ရှန်းမည်သည့်စကားမှ မဆိုဘဲ လက်ဖက်ရည်ကိုသာ ခပ်ပေါ့ပေါ့သောက်နေသည်။

ဖန်ချန်းတစ်ခဏမျှ ကြက်သေသေသွားသော်လည်း တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ဆုပ်ကာ တိုက်ရိုက်ငြင်းပစ်သည်။

"အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်ဧကရာဇ်အရှင်၊ ဒါပေမယ့် အခုကျွန်တော် သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီဆိုတော့ ဂိုဏ်းပြောင်းလို့မရတော့ပါဘူး"

ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ်ရယ်မောရင်း လုချန်ရှန်းအားကြည့်သည်။

"တွေ့လား၊ သူကတော်တဲ့ကလေးတစ်ယောက်ပဲ၊ ငါမင်းအတွက်ယူလာပေးတာလေ"

လုချန်ရှန်းနှာခေါင်းရှုံ့သည်။

"အရှက်မဲ့လိုက်တာ၊ ဆက်ပြီးဟန်ဆောင်ပါဦး"

အင်မော်တယ်ဧကရာဇ်ရယ်မောသည်။

"ကောင်းပါပြီ၊ ဒါမင်းအတွက်ပါ၊ ငါမင်းကို မထိန်းသိမ်းထားပါဘူး"

ထို့နောက် ကျောက်စိမ်းဆွဲသီးတစ်ခုက ဖန်ချန်းလက်ပေါ်သို့ ဖြည်းဖြည်းချင်းကျလာသည်။

အထဲတွင် စကားလုံးသုံးလုံးရေးထွင်းထားသည်။

အင်မော်တယ်ဧကရာဇ်တုံကင်!

အပိုင်း(901) coming။

All Chapters