← Chapters

#‌အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ#

Vol. 64 Ch. 902

#‌အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ#

Vol. 64 Ch. 902

လွန်ခဲ့သောရက်အနည်းငယ်က ဖင်းယန်နှင့် ထိပ်တိုက်ရင်ဆိုင်စဉ် ရှောင်ဟိုင်က အမြဲတမ်း အရိုက်ခံရသူဖြစ်သော်လည်း သူ့ခွန်အားက အလွန်အမင်းမြန်မြန်ဆန်ဆန်ပင် တိုးလာခဲ့သည်။

ရုပ်ခန္ဓာနယ်ပယ်တွင် ရှောင်ဟိုင်က တခြားစီနီယာအစ်ကိုအစ်မများ၊ ဂျူနီယာများထက် လုံး၀သာလွန်နေပြီဟု ဆို၍ရသည်။

သူက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်က စွမ်းအားရှင်တစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်လေပြီ။

ဒီတစ်ကြိမ် ရှောင်ဟိုင်ဒဏ်ရာများကနေ ပြန်လည်သက်သာလာပြီးနောက် သူ့ခွန်အားက ထပ်ပြီး တိုးတက်လာသည်။

ထို့နောက်ရှောင်ဟိုင် လုချန်ရှန်းနှင့်အတူ ထွက်သွားသည်။

နှစ်ယောက်သားထွက်သွားပြီးနောက် ဖင်းယန်ချိုင့်ဝှမ်းသခင် ဖင်းယန်ဘေးတွင် ပေါ်လာကာ မေးသည်။

"ဘယ်လိုလဲ"

ဒါကိုကြားသောအခါ ဖင်းယန် ရှောင်ဟိုင်ထွက်သွားသည့် နေရာဘက်သို့ လေးနက်သည့်အမူအရာဖြင့် ကြည့်လိုက်၏။

"ဒီလူရဲ့စွမ်းရည်က အရမ်းကောင်းကင်ကို ဆန့်ကျင်လွန်းတယ်၊ အချိန်အနည်းငယ်ကြာပြီးရင် သူကျွန်တော့်ကိုတောင် ရင်ဆိုင်နိုင်လိမ့်မယ်"

"အိုး" ချိုင့်ဝှမ်းသခင် အံ့ဩသင့်သွားရသည်။

"အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာထက်တောင် ပိုကြောက်စရာကောင်းတာလား"

"သူက အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာထက်တောင် ပိုကြောက်စရာကောင်းတယ်" ဖင်းယန်‌ခေါင်းညိတ်ရင်း အသေအချာပြောသည်။

အပြုသဘောဆောင်သည့် တုံ့ပြန်မှုတစ်ခုကို ရခဲ့သဖြင့် ချိုင့်ဝှမ်းသခင် အနည်းငယ် သက်ပြင်းချသည်။

"ဒါပေမယ့် ဒါကပုံမှန်ပါပဲ၊ စီနီယာလုက ငါတောင်မြင်နိုင်စွမ်းမရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ၊ သူ့တပည့်ကလည်း သေချာပေါက် ရိုးရှင်းမှာမဟုတ်ဘူး"

ထိုနေရာတွင် ချိုင့်ဝှမ်းသခင် ဖင်းယန်ကို စိုက်ကြည့်သည်။

"ဖင်းယန်၊ စီနီယာလုတပည့်နဲ့ နီးကပ်ဖို့အတွက် မင်းအကောင်းဆုံးကြိုးစားရမယ်၊ နားလည်လား"

ဖင်းယန်ခေါင်းညိတ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်သိပါတယ်"

.....

တခြားတစ်ဘက်တွင် ကျင့်ကြံပြီးနောက် ရှောင်ဟိုင်နှင့် ဖန်ချန်းတို့က အချင်းချင်း သိကျွမ်းလာကြသည်။

သူတို့ထဲကတစ်ချို့က ကြင်နာမှုများကို ဖလှယ်ကြသည်။

သူတို့ကလည်း ဖန်ချန်း၏ အတွေ့အကြုံများကို နားလည်ကြသည်။

ဖန်ချန်းကလည်း သူ့အမုန်းတရားများကို မထုတ်ဖော်ပြခဲ့ပေ။

သူတို့ကအခုမှတွေ့ရုံသာရှိသေးသည်။

သူတို့က ဆရာ၏တပည့်များဆိုလျှင်ပင် ဖန်ချန်းအဖို့ သူတို့ကို ဒီလောက်မြန်မြန် အပြည့်အ၀ယုံကြည်ရန်ဟူသည် မဖြစ်နိုင်ပေ။ ဒါက အဓိပ္ပာယ်မရှိပါ။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ယှဉ်ပြိုင်ကာ သူတို့ခွန်အားကို ထိန်ညှိရန်အတွက် လူများကို ဆက်လက်ရှာဖွေကြသည်။

ဖန်ချန်းကိုမူ လုချန်ရှန်း သူ့ကို နေခဲ့ရန် ပြောခဲ့သည်။

လက်ရှိဖန်ချန်းက သွေးပြောင်းလဲခြင်းနယ်ပယ်တွင်ဖြစ်သည်။

သို့စေကာမူ အင်မော်တယ်နယ်မြေတွင် အင်မော်တယ်တပိုင်းနယ်ပယ်ဟူသော အရာမျိုးမရှိပါ။

အင်မော်တယ်နယ်မြေက အင်မော်တယ်ချီက အတော်လေးသန့်စင်သည်။ အညစ်အကြေးဟူ၍ မရှိသလောက်ကင်းစင်ပြီး အလွန်အမင်းစင်ကြယ်သည်။

ထို့ကြောင့် အဆင့်သာချိုးဖျက်နိုင်ပါက ဖန်ချန်း မြေအင်မော်တယ်နယ်ပယ်ကို တိုက်ရိုက်ချိုးဖျက်နိုင်သည်။

လုချန်ရှန်းပြောသည်။

"မင်းကိုဘာက စိတ်အနှောင့်အယှက်ပေးနေသလဲဆိုတာ ငါမေးမှာမဟုတ်ဘူး၊ မင်းပြောပြချင်တယ်ဆိုရင် ငါ့ကိုကိုယ်တိုင် ပြောယပြလို့ရတယ်"

အင်မော်တယ်နယ်မြေက လွင့်မြောနေသည့် လှေကားထစ်များ၌ ဖန်ချန်းတွင် ယခုလို အားကောင်းသည့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်းက သူ့နှလုံးသားထဲက စွဲလမ်းမှုကြောင့် ဖြစ်ရပေမည်။

ဖန်ချန်း တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။

"ဒါပေမယ့်" လုချန်ရှန်း အကြောင်းအရာကို ပြောင်းပစ်ကာ လေးနက်စွာပြောသည်။

"မင်းလုံလောက်အောင် အားမကောင်းသေးခင်မှာ ပြဿနာကို ဖြေရှင်းဖို့အတွက် ကိုယ့်ကိုကိုယ်တွန်းအားမပေးနဲ့၊ မဟုတ်ဘူးဆိုရင် မင်းဒီပြဿာနာကို မဖြေရှင်းနိုင်ရုံမက တခြားသူတွေကိုပါ ပါ၀င်ပတ်သက်စေလိမ့်မယ်၊ နားလည်လား"

လုချန်ရှန်း၏ အမူအရာကို မြင်ရသောအခါ ဖန်ချန်းခေါင်းညိတ်သည်။

"ကျွန်တော်နားလည်ပါပြီ ဆရာ"

သူ့နှလုံးသားက နွေးထွေးသွားရသည်။ သူ့ဆရာကသူ့ကို ဒီလောက်ထိ ဂရုစိုက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

စိုးရိမ်ပူပန်မှုက စိုးရိမ်ပူပန်မှုသာ။

သို့သော် ပိုအရေးကြီးတာက လုချန်ရှန်းက သူ့ကို သတိထားရန်အတွက် သင်ကြားပေးနေခြင်းပင်။

"ဒါကလုံလောက်ပြီ"

လုချန်ရှန်းဘေးတွင် ထိုင်လိုက်သည်။

"မင်းအစ်ကိုကြီးနဲ့ တခြားသူတွေက ငါ့ကို ဆရာအဖြစ် လက်ခံခဲ့တဲ့အခါ ငါသူတို့ကို ပစ္စည်းတစ်ချို့ပေးခဲ့တယ်၊ မင်းကလည်း အခုငါ့ကို ဆရာအဖြစ် လက်ခံထားပြီဆိုတော့ ငါဘက်လိုက်နေလို့မရတော့ဘူးလေ"

ထို့နောက် လုချန်ရှန်း ဖန်ချန်း၏နဖူးကို ညင်သာစွာပုတ်လိုက်၏။

ဖန်ချန်းအနည်းငယ် ကြက်သေသေသွားသော်လည်း သူမခုခံဘဲ စိတ်ကို ဖြေလျှော့ထားသည်။

ရုတ်ချည်းဆိုသလို သတင်းအချက်အလက်များက သူ့စိတ်ထဲသို့ ဆူနာမီတစ်စင်းပနာ လိမ့်၀င်လာခဲ့သည်။

မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်!

သတင်းအချက်အလက်များလည်း များစွာရှိသည်။

ခန္ဓာကို ပြုပြင်မွမ်းမံရန်အတွက် အစီအရင်များကို အသုံးပြုခြင်း!

ခန္ဓာနဲ့ အစီအရင်!

ရိုးရှင်းစွာဆိုရပါက ဒါက အလွန်အမင်းထူးခြားပြီး ကြောက်စရာကောင်းသည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပေတည်း။

သူဒါကို အောင်မြင်စွာကျင့်ကြံနိုင်သရွေ့ ဖန်ချန်းကိုယ်တိုင်က အစီအရင်တစ်ခုဖြစ်လာမည်ဖြစ်ကာ သူ့ခွန်အားတိုးလာသည်နှင့်အမျှ ဒီအစီအရင်၏စွမ်းအားကလည်း အားကောင်းလာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တခြားအစီအရင်များကို ချမှတ်သောအခါ သူ့တွင် ထူးခြားသည့် အသာစီးရမှုတစ်ခု ရှိပေလိမ့်မည်။

သို့သော် လုချန်ရှန်းကဲ့သို့ လူတစ်ယောက်မဖို့ အစီအရင်များကို အလွယ်တကူမြင်နိုင်ရန်ဟူသည် မဖြစ်နိုင်တာတော့မဟုတ်ပါ။

ထိုအချိန်တွင် လုချန်ရှန်း၏အသံက ဖန်ချန်းအသိစိတ်ထဲ ၀င်လာသည်။

"မင်းပါရမီက အားမနည်းဘူး၊ မင်းခန္ဓာကြောင့်ပဲ သာမန်ကျင့်ကြံခြင်းနည်းစနစ်တွေက မင်းကို သာမန်လူတစ်ယောက်ပဲ ဖြစ်လာစေလိမ့်မယ်"

လုချန်ရှန်းဖြည်းညင်းစွာပြောသည်။

"အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာက အင်မော်တယ်ချီကို စုပ်ယူတဲ့အခါ ကျင့်ကြံခြင်းအတွက် အစီအရင်ဝိဉာဉ်ကို အခြေခံအဖြစ် အသုံးပြုတယ်၊ သူက အစီအရင်ဝိဉာဉ်ကို စုပ်ယူရင်းနဲ့ ခွန်အားကို အဆက်မပြတ် တိုးတက်အောင် လုပ်ပေးနိုင်တယ်"

"တကယ်တမ်းမှာတော့ ဒါက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကိုလည်း ဖြည့်စွက်နိုင်တယ်၊ ဒါက အခင်းအကျင်း အစီအရင်တွေနဲ့အတူ ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ဒါက အစီအရင်ဝိဉာဉ်ကို စုပ်ယူပြီး ကျင့်ကြံခြင်းနယ်ပယ်ကို တိုးမြှင့်ပေးနိုင်တယ်"

ရိုးရှင်းစွာပြောရပါက အစီအရင်၊ ရုပ်ခန္ဓာနှင့် ကျင့်ကြံခြင်းဖြစ်သည်။

ကျင့်ကြံခြင်းသုံးမျိုး!

ဖန်ချန်း အထိတ်တလန့် မျက်လုံးဖွင့်လိုက်မိသည်။

လုချန်ရှန်း၏ စကားလုံးများကနေ သူအတိုချုပ်နားလည်နိုင်သည့် သတင်းအချက်အလက်များစွာရှိသည်။

ဒါက သူ့ရုပ်ခန္ဓာနှင့် ပါရမီအပေါ် နားလည်မှုတင်မက လုချန်ရှန်း သူ့ကိုပေးခဲ့သည့် ကောင်းကင်ကိုပင် ဖီဆန်နေသည့် ကျင့်ကြံခြင်းနည်းစနစ်ကြောင့်ပင်။

မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်!

သူ့ရုပ်ခန္ဓာက အစီအရင်တစ်ခု ဖွဲ့စည်းနိုင်သည်။

ဒီစကားလုံးများကပင် လူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်နေလေပြီ။

တုံ့ပြန်ပြီးနောက်တွင် ဖန်ချန်း၏မျက်နှာက စိုးရိမ်မှုများနှင့် ပြည့်နှက်သွား၏။ သူလုချန်ရှန်းအား ကြည့်ရင်း ခါးသီးစွာပြုံးသည်။

"ဆရာ....ဒါပေမယ့် ကျွန်တော် အခင်းအကျင်းအစီအရင်တွေကို အရင်က တစ်ခါမှ မသင်ဖူးဘူး..."

ဘယ်တော့မှ မသင်ခဲ့ဘူးလား!

လုချန်ရှန်းလက်ဝှေ့ယမ်းကာ ဖန်ချန်းထံသို့ ထူထဲသည့်စာလိပ်တစ်လိပ်ပစ်ပေးသည်။

"မင်းမသင်ယူခဲ့တာ ပိုကောင်းတယ်၊ အနာဂတ်မှာ ဒီထဲကနေလေ့လာပါ၊ ပြဿာနာမရှိရင် အကောင်းဆုံးပဲ၊ မင်းမှာ မေးခွန်းတစ်ခုခုရှိလာခဲ့ရင် ငါ့ကိုလာမမေးနဲ့"

လုချန်ရှန်း၏ စကားလုံးများကြောင့် ဖန်ချန်း စိတ်ရှုပ်ထွေးသွားရသည်။

ထို့နောက် သူလက်ထဲက စာလိပ်ကို ကြည့်လိုက်သည်။ စာလိပ်ထဲတွင် ရွှေရောင်ရှေးဟောင်းစာလုံးလေးလုံး ရေးထွင်းထားသည်။

မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်!

သူပထမစာမျက်နှာကို လှန်ကြည့်သောအခါ အရင်က တခါမှမကြားဖူးသည့် အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်!

ယခုမှစတင်လေ့လာသူများက အခင်းအကျင်းအစီအရင်လမ်းကြောင်းကို စတင်ရန်အတွက် ဒါကိုသုံးနိုင်သည်။

အစီအရင်တိုင်း၌ ကျင့်ကြံသူ၏ အောင်မြင်မှုများနှင့်အတူ ဒီအစီအရင်၏ အဆင့်ကလည်း ဆက်တိုက်တိုးလာပေလိမ့်မည်။

သို့စေကာမူ ဖန်ချန်း စီစဉ်မှု၏ အဆင့်များကိုမြင်သောအခါ အရမ်းရှုပ်ထွေးနေပုံရသော်လည်း ဖန်ချန်း ဒီအရာ၏ အဓိကသော့ချက်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ခဲ့သည်။

ဒါက ငါ့ခန္ဓာနဲ့ သက်ဆိုင်နေတာများလား!

လုချန်ရှန်း ဖန်ချန်း၏ တက်ကြွနေသည့် အမူအရာကို ကြည့်လိုက်သည်။

"ကောင်းပြီ၊ ငါမင်းကို မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို အရင်လေ့ကျင့်ခိုင်းမယ်၊ ဒါကိုကောင်းကောင်းမှတ်မိအောင်လုပ်၊ နားလည်လား"

ဖန်ချန်းခေါင်းညိတ်ပြီး အလျင်အမြန်ပင် တင်ပလ္လင်ခွေထိုင်လိုက်သည်။

လုချန်ရှန်းတွင် ကောင်းကင်အကဲခတ်မျက်လုံးရှိသည်။

ကျင့်ကြံခြင်းနည်းစနစ်တစ်ခု၏ နည်းလမ်းများကို တစ်ချက်ကြည့်ရုံနှင့် သူနားလည်သည်။

ရက်တစ်ရက်ကုန်ဆုံးသွားပြီးနောက် ဖန်ချန်းကို ၀င်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဟုပင် မှတ်ယူ၍ရနေလေပြီ။

တစ်ချိန်တည်းမှာပင် သူ့ကျင့်ကြံခြင်းနယ်ပယ်က မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။

ဘေးက ဟွမ်ချင်းနှင့် လျိုကျိယုတို့ ဒီမြင်ကွင်းကို ကြည့်နေကြသည်။

လျိုကျိယု ခါးသီးစွာပြုံးရင်းမေးသည်။

"တစ်ခါတစ်ရံ ငါ့ကိုယ်ငါ တကယ်သံသယဖြစ်မိတယ်၊ စီနီယာလုရဲ့တပည့်တွေက သူ့လမ်းညွှန်မှုနည်းနည်းရနေသရွေ့ ဘာလို့ အဆင့်ချိုးဖျက်တာက ကစားနေသလိုမျိုး ဒီလောက်လွယ်နေရတာလဲ"

"ငါ့ကိုရိုက်နှက်တုန်းကကျတော့ ဘာလို့ ဒီလောက် မသိသာရတာလဲ"

ဟွမ်ချင်း သနားညှာတာမှုကင်းမဲ့စွာပြောသည်။

"ကိုယ့်ကိုကိုယ်မျက်နှာမူကြည့်၊ နင်သာလုံလောက်အောင် ပါရမီမရှိရင် ဒီလိုဖြစ်နေမှာပဲ၊ ဒီလိုဆင်ခြေမျိုးရှာနေစရာမလိုဘူး"

ဖူး.......!

လျိုကျိယု နှလုံးသားထဲသို့ ထက်ရှသည့် ဓားတစ်စင်း ထိုးဖောက်သွားသည့်ပမာ ခံစားလိုက်ရသည်။

သူ့နှလုံးက နာကျင်မှုကြောင့် တဒိန်းဒိန်းခုန်ပေါက်နေသည်။

"မဖြစ်နိုင်တာ၊ စီနီယာလုက ငါ့ခန္ဓာကို ထိခိုက်အောင်လုပ်တယ်၊ မင်းက ငါ့ဝိဉာဉ်ကို ထိခိုက်အောင်လုပ်နေတာပဲ....."

အပိုင်း(903) coming။

All Chapters