#ကောင်းကင်ဖိနှိပ်စေတီကို ပြင်ဆင်ခြင်း#
Vol. 64 Ch. 903
မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်တွင် ၀င်တန်းအဆင့်အပြီး ကိုးဆင့်ရှိသည်။
တစ်ဆင့်စီက ကျင့်ကြံသူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ကိုယ်စားပြုသည်။
၎င်းတို့က ငွေအရေပြား၊ သွေးကြွက်သား၊ ကျောက်စိမ်းအရိုး၊ အင်္ဂါငါးခု၊ ဒွာရခြောက်ခု၊ အပေါက်ခုနှစ်ပေါက်၊ ရိုးတွင်းခြင်ဆီတိုးချဲ့မှု၊ အကျဉ်းထောင်ခန္ဓာနှင့် ကိုယ်ခန္ဓာအစီအရင်တို့ဖြစ်သည်။
အကြည့်တစ်ချက်တည်းနှင့် ဒါက ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံသည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။
သို့စေကာမူ ကိုယ်ထဲတွင် ဝိဉာဉ်အစီအရင်တစ်ခုကို ဖန်တီးရန်အတွက် ဝိဉာဉ်အစီအရင်စွမ်းအားကို ခံနိုင်ရည်ရှိသည့် ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ရပေမည်။
ရုပ်ခန္ဓာကိုကျင့်ကြံရင်း ဒါက ဖန်ချန်း၏ ရုပ်ခန္ဓာကို အစီအရင်ခန္ဓာတစ်ခုအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲမည်။
ဒါက ဖန်ချန်းအား အဆင့်မြင့်ဖျက်ဆီးအစီအရင်များကိုပင် အလွယ်တကူထုတ်လွှတ်အောင် လုပ်ပေးနိုင်သည်။
မည်သည့်အတွက်ကြောင့် ဖန်ချန်းက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အလွန်အမင်း သင့်တော်သည်ဟု ဆိုရသနည်း။
ဒါက အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ တည်ရှိမှုကြောင့်ပင်။
ဒါကပင် ဖန်ချန်းကို မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်နှင့် တိုက်ရိုက်ပူးပေါင်းစေပြီး ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံရန်အတွက် အစီအရင်အခင်းအကျင်းများကို သုံးခွင့်ပေးပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူ့ကျင့်ကြံခြင်းနယ်ပယ်ကို တိုးမြှင့်ရန်အတွက် အစီအရင်ဝိဉာဉ်နှင့် အစီအရင်စွမ်းအားကို စုပ်ယူနိုင်မည်ဖြစ်သည်။
ရိုးရှင်းစွာဆိုရပါက ဖန်ချန်း မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို အခင်းအကျင်းအစီအရင်များနှင့်အတူ ကျင့်ကြံသောအခါ ဒါက မသေမျိုးအတွက် ကျင့်ကြံခြင်း၊ ခန္ဓာပြုပြင်ခြင်းနှင့် အစီအရင်များကို တစ်ချိန်တည်းတွင် ကျင့်ကြံခြင်းနှင့် ညီမျှသည်။
ဒါက ပိုမြန်ဆန်စွာထိရောက်သည့် ကျင့်ကြံခြင်းတစ်ခုပမာ မရိုးရှင်းပါ။
သုံးမျိုးပေါင်းစပ်ခြင်းက ဒီသုံးမျိုးကြားက သဟဇာတဖြစ်မှုကို အတော်လေးမြင့်မားစေနိုင်သည်။ ထို့နောက် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားသောအခါ ပို၍အားကောင်းသည့် စွမ်းအားကို ထုတ်လွှတ်ပေလိမ့်မည်။
ဖန်ချန်းကို ခေါ်လာပြီးနောက် ကျင့်ကြံခြင်းလမ်းစဉ်အား ဖမ်းဆုပ်ခွင့်ပေးပြီးနောက် လုချန်ရှန်း သူ့ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခွင့်ပေးလိုက်သည်။
သို့စေကာမူ ယခုပို၍အရေးပြီးသည့် အရာတစ်ခုရှိနေသည်။
လုချန်ရှန်းတိတ်ဆိတ်နေသည့် အခန်းတစ်ခန်းထဲသို့ ၀င်သွားသည်။
လက်တစ်ချက်ဝှေ့ယမ်းရင်း သူအခန်းပတ်လည်၌ အစီအရင်အလွှာများစွာ ချလိုက်သည်။
ပုံမှန်ထက် ကာကွယ်ရေးအစီအရင်များနှင့် သီးခြားအစီအရင်များက ပိုများနေသောအခါ ဟွမ်ချင်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက် သူမအခန်းအနီးက အမြင့်ဆုံးနေရာတစ်ခုသို့ တိတ်တိတ်လေးသွားပြီး ပတ်၀န်းကျင်ကိုအာရုံခံရန်အတွက် ဝိဉာဉ်အသိကို ထုတ်လွှတ်သည်။
လျိုကျိယုကလည်း ဒီမြင်ကွင်းကို ကြည့်နေသည်။
သူထိုနေရာမှာတင် သဘာ၀ဆန်ဆန် ပျောက်ကွယ်သွား၏။
သို့သော် ပိုမိုအားကောင်းသောသူများသာ ရှိမည်ဆိုပါက အနီးတွင် လှည့်လည်နေပြီး ရှာဖွေစူးစမ်းနေသည့် မှိန်ဖျော့သည့် အော်ရာတစ်ခုကို ရှာတွေ့နိုင်ပေသည်။
ဒီလုပ်ဆောင်ချက်အားလုံးက လျိုကျိယု၏ နှလုံးသားထဲတွင် ရိုက်သွင်းထားသည့်ပမာ။
လျိုကျိယုတုံ့ပြန်လာသောအခါ ခါးသီးစွာ ပြုံးလိုက်မိသည်။
သူကစံအိမ်တော်အဖွဲ့၀င်တစ်ယောက်နှင့် ပိုပို၍ပင် တူလာနေသည်။
အခန်းထဲတွင် လုချန်ရှန်း ဧကရာဇ်ပေးသည့် ပစ္စည်းအားလုံးကို ထုတ်ယူလိုက်၏။
ယခုလုချန်ရှန်းတွင် ကောင်းကင်အကဲခတ်မျက်လုံး ရှိနေပြီဖြစ်လေရာ မိုးမခပင်ကို နောက်ထပ်မေးနေစရာ မလိုတော့ပါ။ ဒီပစ္စည်းများ၏ အသုံး၀င်ပုံနှင့် သက်ရောက်မှုကို သူတစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
ယခုသူလုပ်ရန်လိုအပ်တာက ဒီပစ္စည်းများ၏ အသုံး၀င်ပုံကို စိစစ်ပြီး ဘယ်အချိန်သုံးရမည်၊ ပစ္စည်းများ၏ သက်ရောက်မှုကို အများဆုံးဖြစ်အောင် ဘယ်အချိန် ချိတ်ဆက်ရမလဲဆိုတာ တွေးတောရန်ပင်။
ထို့နောက် အရင်ကလှည့်ကွက်ဟောင်းများသာ။ အစီအရင်များ၊ ဆေးလုံးများ၊ အဆောင်များ၊ အစရှိသည်တို့ဖြစ်သည်။
......
ရက်တစ်၀က်ကြာပြီးနောက် လုချန်ရှန်း အစီအရင်ကို ဖယ်ရှားပြီး အခန်းထဲကနေ လျှောက်လာသည်။
ရှီရှန်းကိုရှာပြီးနောက် သူဟွမ်ချင်းနှင့် လျိုကျိယုတို့ကိုပြောသည်။
"ငါနဲ့အတူ အင်မော်တယ်၀င်ပေါက်ကို လိုက်ခဲ့ကြ"
ဟွမ်ချင်းနှင့် ရှီရှန်းတို့ခေါင်းညိတ်ကြသည်။
လျိုကျိယုမေးသည်။
"ဘာလို့ကျွန်တော်တို့ အဲကိုသွားကြမှာလဲ"
လုချန်ရှန်းဒေါသတကြီးပြောသည်။
"မင်းအရမ်းစကားမများလွန်းမနေဘူးလား၊ ငါတို့အဲကို ရောက်ရင် သိရလိမ့်မယ်"
လျိုကျိယု "....."
....
အင်မော်တယ်နယ်မြေ၀င်ပေါက်၌ လုချန်ရှန်း ထပ်မံရောက်လာစဉ် ၀င်ပေါက်က နတ်ဆိုးချီက ပိုပို၍ပင် ထူထဲသိပ်သည်းလာသည်။ အသူရာချောက်နက်တစ်ခုပမာ ဖြစ်နေသည့် အဆုံးမဲ့အမှောင်ထုမှ ထုတ်လွှတ်သည့် နတ်ဆိုးချီက ပို၍ကျယ်ပြောစွာ ပြန့်နေသည်။
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
ဟွမ်ချင်းပြောသည်။
"ကြည့်ရတာ ချိပ်စည်းကို နောက်ထပ်ဖိနှိပ်ထားလို့ မရတော့ပုံပဲ"
လျိုကျိယုကလည်း နားလည်သဘောပေါက်လာသည်။
"ချိပ်စည်းကို အားဖြည့်မှာလား"
လုချန်ရှန်း ဒါကိုဂရုစိုက်မနေဘဲ ရှီရှန်းအား လှမ်းကြည့်သည်။
"အချိန်ကျလာတဲ့အခါကျရင် ငါကောင်းကင်ဖိနှိပ်စေတီကို ချိပ်ပိတ်မယ်၊ တချိန်တည်းမှာပဲ မင်းကြယ်ဝိဉာဉ်အနှစ်သာရကို ထုတ်ပြီး ကောင်းကင်ဖိနှိပ်စေတီနဲ့ ဆက်နွှယ်မှုတစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားရမယ်၊ နားလည်လား"
ရှီရှန်းခေါင်းညိတ်ရင်းမေးသည်။
"ကောင်းကင်ဖိနှိပ်စေတီက...."
ရှီရှန်း၏မေးခွန်းကို ကြားသောအခါ လုချန်ရှန်း ကောင်းကင်ဖိနှိပ်စေတီအကြောင်း အတိုချုံ့ရှင်းပြလိုက်သည်။
"တိုတိုပြောရရင် ဒီကောင်းကင်ဖိနှိပ်စေတီက ကြယ်ဝိဉာဉ်အနှစ်သာရနဲ့ ဆက်နွှယ်နေပုံပဲ"
"မင်း ကောင်းကင်ဖိနှိပ်စေတီနဲ့ ဆက်နွှယ်မှုတစ်ခု ဖန်တီးနိုင်သရွေ့ မင်းနဲ့ချိပ်စည်းအတွက် အတော်လေးအကျိုးအမြတ်ရှိလိမ့်မယ်"
ရှီရှန်းခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ"
"ကောင်းပြီ၊ ဟွမ်ချင်း၊ လျိုကျိယု၊ နတ်ဆိုးနယ်မြေက အကြွင်းအကျန်တွေထွက်လာပြီး အလစ်သုတ်တိုက်ခိုက်ခြင်းကနေ ကာကွယ်တားဆီးဖို့အတွက် ပတ်၀န်းကျင်ကို စောင့်ကြည့်ထားကြ"
ဒီနေရာတွင် လုချန်ရှန်း အခင်းအကျင်း အစီအရင်ကို အသက်သွင်းပြီး လေးယောက်စလုံးကို ၀န်းရံပစ်စေသည်။
ဒီအစီအရင်၏ အတားအဆီးက စာရွက်ထက်ပင် ပါးလွှာသည်။ ယခုတွင်မူ အတူတကွ ဆင့်ထားလေရာ ဒါက ထူထဲသည့် စာအုပ်သုံးလေးအုပ်ကို အတူတကွ ထပ်ဆင့်ထားသည်နှင့် တူနေသည်။
ဒီမှာ အခင်းအကျင်းအစီအရင် အလွှာဘယ်နှစ်လွှာတောင် အသုံးပြုထားတာလဲ!
ဒါကအဆုံးသတ်မဟုတ်သေး။
သူအခင်းအကျင်းအစီအရင် ပတ်ပတ်လည်၌ အဆောင်များစွာကို ဖြန့်ကြက်ပစ်လိုက်သည်။
အစီအရင်က ပြင်ပရန်သူများကို ကိုင်တွယ်ရန်အတွက် အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် တစ်ချို့အဆောင်များက အရေးပေါ်အခြေအနေများအတွက် အစီအရင်ကို ပြုပြင်အားဖြည့်ရန် အဆုံးမဲ့ဆန္ဒများကို ထုတ်လွှတ်နေကြ၏။
ဟွမ်ချင်း "....."
လျိုကျိယု "....."
ရှီရှန်း "......"
ဒါက...အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲမလား!
လုချန်ရှန်း ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး သူ့ရင်ဘတ်ရှေ့တွင် နေရာချသည်။
သူတော်စင်ချီကိုအသုံးပြုရင်း ပစ္စည်းများကို ရစ်ပတ်စေပြီး အသူရာချောက်ထဲသို့ ဖြည်းဖြည်းချင်း ပို့လွှတ်သည်။ ဒါက လင်းလက်တောက်ပနေသည့် မျှော်စင်လေးတစ်ခုအလား၊ အမှောင်ယံညရှိ အထီးကျန်ဆန်ပြီး အားကိုးရာမဲ့နေသည့် ကြယ်တစ်ပွင့်အလား ထင်ရသည်။
ပစ္စည်းများကို အထဲသို့ပို့လွှတ်ပြီးနောက်တွင် အသူရာချောက်ထဲက ထုတ်လွှတ်သည့် နတ်ဆိုးအော်ရာက ခြိမ်းခြောက်မှုကို အာရုံခံမိပုံပေါ်သည်။
၎င်းက တဝှီးဝှီးမြည်သံများကို ထုတ်လွှတ်ရင်း ကြီးမားသည့် စပျစ်နက်နွယ်ပင်တစ်ခုအဖြစ် သိပ်သည်းကာ ပစ္စည်းများထံ တိုး၀င်လာကြ၏။
ဒါကိုမြင်သောအခါ လုချန်ရှန်း နှာခေါင်းရှုံ့ရင်း အဆောင်များကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်သည်။
ရုတ်ချည်းဆိုသလို ပစ္စည်းများတစ်ဝိုက်တွင် အဆောင်များပေါ်လာသည်။
ဂျုန်း.......!
လုချန်ရှန်း ဂါထာရွတ်ဆိုသည့်အသွင် လုပ်ဆောင်လိုက်စဉ် အဆောင်စွမ်းအားက ပေါက်ကွဲသွား၏။
မိုးကြိုးအမျှင်စများက တောက်ပနေသည့် အလင်းတန်းများအလား ထင်ရသည်။ မိုးကြိုးနတ်ဘုရား ဒေါသထွက်သွားသည့်အလား ၎င်းက ကမ္ဘာဖျက်မိုးကြိုးစင်းများကို ထုတ်လွှတ်ရင်း နတ်ဆိုးအော်ရာကို ပြန့်ကြဲသွားစေသည်။
မိုးကြိုးစွမ်းအားက နတ်ဆိုးနှင့်ဝိဉာဉ်စွမ်းအားများ၏ အကုသိုလ်ဝိပါက်ဖြစ်သည်။
လုချန်ရှန်း ပစ္စည်းများကို သူတော်စင်ချီဖြင့် လွှမ်းခြုံပစ်ရသည့်အကြောင်းရင်းက ဒီအတွက်ကြောင့်ပင်။
ဒီအတွက်ကြောင့်ပင် အဆောင်ထဲက မိုးကြိုးစွမ်းအားက ပစ္စည်းများထဲရှိ ဝိဉာဉ်စွမ်းအားအရင်းအမြစ်ကို မဖယ်ရှားပစ်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ အကြည့်အောက်တွင် ရှီရှန်းခေါင်းညိတ်သည်။
သူလက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်စဉ် ကြယ်စွမ်းအားက ရှီရှန်းကိုယ်ထဲတွင် ပြင်းထန်စွာ ပေါက်ကွဲသွား၏။
ထိုအချိန်တွင် ကြယ်တာယာကောင်းကင်တစ်စင်းက သူ့ဒန်တျန်ထဲတွင် ဖြည်းဖြည်းချင်း ခပ်ရေးရေးပေါ်လာသည်။
ကြယ်တာယာကောင်းကင်၌ တောက်ပနေသည့်ကြယ်ကိုးပွင့်က ဖြည်းညင်းစွာ လွင့်မြောနေကြပြီး ရှီရှန်းလက်ပေါ် ဆင်းသက်လာကြသည်။
ရှီရှန်း ကြယ်ဝိဉာဉ်အနှစ်သာရကို ရပ်ပစ်သောအခါ ထိုအခိုက်အတန့်မှာပင် ကောင်းကင်ဖိနှိပ်စေတီက အမှန်တကယ် စတင်တုန်ခါလာသည်။
တုန်ခါမှုက မသိစလောက်သေးငယ်လှသည်ဟု ဆို၍ရသော်လည်း ဒါက ရှီရှန်းကို စေတီပုံသဏ္ဍာန်ပုံရိပ်ယောင်လေးတစ်ခု သူ့ကြယ်တာယာကောင်းကင် ဒန်တျန်ထဲတွင် တဖြည်းဖြည်းပေါ်လာနေသည်ဟု ခံစားရစေသည်။
သို့စေကာမူ ဒီအရာနှင့် သူဘာဆက်နွှယ်မှုကိုမှ မခံစားရပါ။
ရှီရှန်း ဒီအကြောင်းကို ပြောလိုက်သည်။
လုချန်ရှန်းခေါင်းညိတ်စဉ် သူ့မျက်လုံး၌ ခရမ်းရွှေရောင်နတ်အလင်းတစ်စင်း ရှိနေသည်။
ကောင်းကင်အကဲခတ်မျက်လုံး!
ခရမ်းရွှေရောင်နတ်အလင်းက မိစ္ဆာအငွေ့အသက်များကို ထိုးဖောက်ဖြတ်သန်းသွားပြီး ကောင်းကင်ဖိနှိပ်စေတီအပေါ်သို့ ဆင်းသက်သွားခဲ့သည်။
အပိုင်း(904) coming။