← Chapters

#‌နတ်ဆိုးနက်နဂါး#

Vol. 64 Ch. 904

#‌နတ်ဆိုးနက်နဂါး#

Vol. 64 Ch. 904

ကောင်းကင်အကဲခတ်မျက်လုံးအောက်တွင် ၎င်းက အရာတိုင်း၏အနှစ်သာရကိုပင် မြင်နိုင်သည့်အသွင်။

လုချန်ရှန်း၏မျက်လုံးအစုံ၌ ခရမ်းရွှေရောင်အလင်းတစ်ခု လှည့်ပတ်နေသည်။ ထို့နောက် ခရမ်းရွှေရောင်နတ်အလင်းက လေဟာနယ်ကို ထိုးဖောက်ပြီး အသူရာချောက်ထဲက စေတီလေးအပေါ်သို့ ကျသွားသည်။

ကောင်းကင်ဖိနှိပ်စေတီ၏ အခြေအနေ၊ ထိခိုက်မှုအတိုင်းအတာ၊ မူလရင်းမြစ်ကို ဘယ်လိုပြန်ပြင်ရမလဲဆိုတာနှင့် ပြိုကွဲနေသည့်ဝိဉာဉ်အနည်းငယ်၊ အစရှိသည့် ဖြေရှင်းနည်းအားလုံးကို လုချန်ရှန်းမြင်ခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ပြိုကွဲနေသည့် ဝိဉာဉ်အနည်းငယ်က သတင်းစကားတစ်ခုပို့လာပြီး ခရမ်းရွှေရောင်နတ်အလင်းပေါ်၌ ကျဆင်းလာခဲ့သည်။

လုချန်ရှန်းအနည်းငယ် ကြက်သေသေသွား၏။

ဒီလူအိုကြီးတွေမှာ ဘယ်လိုလုပ် စကားပြောဖို့အတွက် ခွန်အားရှိနေရသေးတာလဲ!

"မင်းငါတို့ဝိဉာဉ်ကို ပြုပြင်ပေးနေတာလား"

"မင်းဒါကို နတ်ဆိုးနယ်မြေကို နောက်ထပ်အချိန်ခဏတာလောက် ဖိနှိပ်ထားဖို့အတွက် အသုံးပြုချင်တာလား"

"ဟူး၊ ငါတို့က မင်းတို့အတွက် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ကြရတာလေ၊ ဒါတောင်မှ မင်းတို့က ဒါကိုမလုပ်နိုင်ကြသေးဘူး၊ မင်းတို့အားပိုစိုက်ထုတ်ပြီး သူတို့ကို ဖျက်ဆီးပစ်လို့မရဘူးလား"

ဒီမြင်ကွင်းကိုမြင်ပြီးနောက် လုချန်ရှန်း၏ မျက်ခုံးများက ရှုံ့တွသွားခဲ့သည်။

ဒီလူသားဘိုးဘေးများက အမှန်တကယ်ပင် အရှက်မဲ့လှသည်။

"ဒါဆို ခင်ဗျားတို့ဘာလို့ သူတို့ကို မသတ်နိုင်ရတာလဲ" လုချန်ရှန်းဒေါသတကြီးပြောသည်။

"လုပ်ရတာထက် ပြောရတာက ပိုလွယ်တယ်"

"တော်ကြတော့" အနည်းငယ် လေးနက်နေသည့် အသံတစ်သံကပြောသည်။

"ရင်းမြစ်အစိတ်အပိုင်းတစ်ခုကို သိုလှောင်နိုင်ခဲ့မယ်ဆိုရင်တောင် နတ်ဆိုးနယ်မြေက တဖြည်းဖြည်းနဲ့ ချိပ်စည်းကနေ ချိုးဖျက်ထွက်လာကြဦးမှာပဲ၊ အဲဒီအချိန်ကျရင် မင်းတို့ပြင်ဆင်ထားရမယ်၊ တန်ပြန်တိုက်ခိုက်မှုမျိုးမရှိဘူးဆိုရင် နယ်မြေခြောက်ခုက တကယ်ပဲ ပြီးဆုံးသွားရလိမ့်မယ်"

"ကြယ်ဝိဉာဉ်အနှစ်သာရနဲ့ ကြယ်စွမ်းအားရှိတဲ့ အဲဒီမိတ်ဆွေလေးအတွက်တော့ သူက ကောင်းကင်ဖိနှိပ်စေတီနဲ့ အတော်လေး လိုက်ဖက်တယ်"

"ဘာပဲဆိုဆို ကောင်းကင်ဖိနှိပ်စေတီကို ထွင်းထုခဲ့တဲ့လူက ကြယ်စွမ်းအားကို အဓိကထား အသုံးပြုခဲ့တာပဲလေ"

"ငါတို့ရင်းမြစ်တစ်ချို့ကို မင်းကုသအားဖြည့်ပြီးတဲ့အခါကျရင် ငါတို့အတူတကွတိုက်ခိုက်ပြီး ကောင်းကင်ဖိနှိပ်စေတီရဲ့ အသိစတစ်ခုကို အဲဒီမိတ်ဆွေလေးနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ဖွင့်လှစ်ပေးမယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

သူရင်းမြစ်ကို စတင်ပြုပြင်သည်။

သို့စေကာမူ ပစ္စည်းတစ်ခုစီက စွမ်းအားအသီးသီးကို ထုတ်လွှတ်သောအခါ နတ်ဆိုးနယ်မြေက တစ်ခုခုကို ခံစားမိသည့်အလား နဂါးဟိန်းသံကိုပင် ကြားနိုင်သည်။

ဂရား......!

‌ဟိန်းသံက မိုးနှင့်မြေကို တုန်ခါသွားစေသည်။

ဒီအချိန်မှာပင် အင်မော်တယ်နယ်မြေ ၀င်ပေါက်တစ်ခုလုံးက တုန်ခါနေသည့်အသွင်။

"ဘယ်သူနတ်ဆိုးနယ်မြေကို တားဆီးရဲတာလဲ"

တစ်ခဏအကြာတွင် နတ်ဆိုးအော်ရာက ကောင်းကင်သို့ ထိုးတက်လာပြီး လုချန်ရှန်းနှင့် ကျန်သောသူများထံ ၀င်ရောက်လာ၏။

ဟွမ်ချင်းနှင့် လျိုကျိယုတို့၏ အမူအရာများက အေးခဲသွားကြသည်။

"ကြည့်ရတာ ချိပ်စည်းက ဖျက်ဆီးခံရတော့မယ့်ပုံပဲ.." လျိုကျိယုမျက်မှောင်ကြုတ်ရင်း ပြောသည်။

ဟွမ်ချင်းအနည်းငယ် မျက်မှောင်ကြုတ်ကာ မေးသည်။

"နဂါးမျိုးနွယ်လား"

သူမ၏အမြင်အရ နဂါးကလန်က ရှေးခေတ်ကတည်းက သူမတို့၏ ဖီးနစ်ကလန်နှင့် စစ်ပွဲတွင် ဖျက်ဆီးခံရသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ရှင်ကျန်သူတွေမရှိသင့်ပါ။

သို့စေကာမူ ဒီနဂါးဟိန်းသံက နတ်ဆိုးချီနှင့် ပြည့်နှက်နေသည့်တိုင် နဂါးမျိုးနွယ်၏ ထူထဲသော သွေးချီနှင့် ‌ပြိုင်ဘက်ကင်း သွေးကြောစွမ်းအားကို ဒီနတ်ဆိုးချီက ဖုံးကွယ်ထား၍မရပေ။

လုချန်ရှန်းကလည်း ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်ရင်း လက်ချောင်းထိပ်များကို လှုပ်ရှားသည်။

ရုတ်ချည်းဆိုသလို ထိုးထွက်လာသည့် နတ်ဆိုးအော်ရာရှေ့တွင် အဆောင်များပေါ်ပေါက်လာခဲ့သည်။

"အသက်၀င်စမ်း"

သူပြောပြီးသည်နှင့်တစ်ပြိုင်နက် အဆောင်များက မိုးကြိုးအလင်းများနှင့်အတူ ပေါက်ကွဲကာ မိုးနှင့်မြေကို ထိုးဖောက်သွားသည့်အလား နတ်ဆိုးအော်ရာကို ဆုတ်ဖြဲပစ်သည်။

သို့သော် နတ်ဆိုးအော်ရာ ဆုတ်ဖြဲခံရသည့် အခိုက်အတန့်၌ ဧရာမပုံရိပ်တစ်ခုက ကောင်းကင်က ကျွန်းလေးတစ်ခုပမာ လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။

ဟွမ်ချင်း၏ မျက်သူငယ်အိမ်များ ကျုံ့သွားသည်။

ဒီဧရာမပုံရိပ်က အမှန်တကယ်ပင် ဧရာမနဂါးနက်တစ်ကောင်ဖြစ်နေသည်။

နဂါးနက်ကိုယ်မှ နဂါးအကြေးခွံတိုင်းက အသက်ရှုနေသည့်အလား ဖြည်းဖြည်းချင်း ပိတ်လိုက်ပွင့်လိုက်ဖြစ်နေကြသည်။

ပိတ်လိုက်ပွင့်လိုက်ဖြစ်နေစဉ် မီးတောက်ကဲ့သို့ နီရဲကာစေးကပ်သော ကျော်ရည်ပူများပမာ အရည်များက ပေါ်လာတတ်သည်။

နဂါးစွမ်းအားက အင်မော်တယ်နယ်ပယ်‌၀င်ပေါက်တစ်ခုလုံးကို ဖိနှိပ်ကာ လုချန်ရှန်းနှင့် ကျန်သောသူများ၏ တည်နေရာဆီသို့ ဦးတည်နေသည်။

ဒါကတကယ်ပဲ နဂါးကလန်လား!

လျိုကျိယု စံအိမ်တော်တွင် အကြာကြီးနေခဲ့ပြီး အမှောင်နယ်မြေ၏ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ဦးဖြစ်သည်။ နဂါးကလန်က ဖျက်ဆီးခံခဲ့ရတာကို သူလည်းသိသည်။

ဟွမ်ချင်းက နတ်ဖီးနစ်တစ်ကောင် ဖြစ်နေတာကို သူသိသောအခါ အတော်လေး အံ့ဩသင့်သွားခဲ့ရသည်။

ယခုတွင်မူ နဂါးကလန်၏ အကြွင်းအကျန်ရှိနေလေပြီ။

နဂါးစွမ်းအား ထိုးတက်လာသည်နှင့် ဟွမ်ချင်းကိုယ်ထဲက သွေးကလည်း စတင် ထိုးတက်လာသည်။

ဒါက နတ်ဖီးနစ်သွေးကြော၏ ဒေါသကြောင့်တင်မက သည်းခြေငါးချောင်းရွှေနဂါးသွေးကြော၏ အသံလည်းပါ၀င်သည်။

ရုတ်ချည်းဆိုသလို နတ်ဖီးနစ်မီးတောက်များက ဟွမ်ချင်းကိုယ်ကို၀န်းရံပြီး နောက်ဆုံးတွင် သူမကျောနောက်၌ သိပ်သည်းသွားကာ ကောင်းကင်ကိုပင် တောက်ပစေသည့် နတ်ဖီးနစ်အတောင်ပံနှစ်ခုဖြစ်တည်လာခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ်နယ်မြေ၀င်ပေါက်၌ တစ်ဘက်ခြမ်းက မှောင်နေပြီး ကျန်တစ်ဘက်က ရဲရဲနီနေသည်။

ဒါက လုံး၀ကို အစွန်းရောက်ကွဲပြားနေသည့် ဘက်နှစ်ခြမ်းပင်။

"နဂါးမျိုးနွယ်လား"

ဟွမ်ချင်းမျက်မှောင်ကြုတ်ကာ မေးသည်။

"ရှင့်ဘယ်လိုအသက်ရှင်ကျန်နိုင်ခဲ့တာလဲ"

"အိုး" နတ်ဆိုးနက်နဂါး၏ပုံရိပ်က ဟွမ်ချင်းအား ကြည့်စဉ် သူမအား လှောင်ပြောက်နေသည့်အလား ပါးစပ်ကြီးကိုဟကာ ပူပြင်းလှသည့်အော်ရာကို ထုတ်လွှတ်နေသည်။

"ဖီးနစ်ကလန်လား၊ ဖီးနစ်ကလန်ရဲ့ သားစဉ်မြေးဆက်တစ်ယောက်က တကယ်ရှိနေသေးတယ်ပေါ့"

"ငါဘယ်လိုအသက်ရှင်ကျန်ခဲ့ရသလဲဆိုတာကိုတော့ မင်းသိဖို့မထိုက်တန်ဘူး"

ဟွမ်ချင်းနှာခေါင်းရှုံ့သည်။

"မကြာခင်သိရမှာပဲလေ"

ထို့နောက် ဟွမ်ချင်း နတ်ဆိုးနက်နဂါးထံ ပြေး၀င်သွားသည်။

နတ်ဖီးနစ်မီးတောက်များ၏ ကြီးမားသော ထုတ်လွှတ်မှုအောက်တွင် နတ်သခင်နယ်ပယ်အထွတ်အထိပ်အဆင့် ခွန်အားကို သံသယမရှိ ပြသလာသည်။

နဂါးနက်နတ်ဆိုးနှာခေါင်းရှုံ့သည်။

"နတ်ဖီးနစ်သွေးကြောကို နိုးထပြီးတာတောင် မင်းကိုယ်ထဲမှာ အဲဒီလူရဲ့ သွေးကြောအော်ရာရှိပုံပဲ၊ မင်းဘယ်လိုလုပ်ခဲ့သလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့်...."

ထိုနေရာတွင် နတ်ဆိုးနက်နဂါးက အဆုံးမဲ့အသူရာချောက်ပမာ ပါးစပ်ကို ဟလိုက်သည်။ မီးတောက်နက်များစွာက မီးမုန်တိုင်းအဖြစ် ပြောင်းလဲသွားကြပြီး ဟွမ်ချင်းထံသို့ ဦးတည်သွားကြ၏။

ဟွမ်ချင်း ရုတ်တရက် အတောင်ပံများကို ယပ်ခတ်လိုက်သည်။

နတ်ဖီးနစ်မီးတောက်များက မီးတောက်ဥက္ကာခဲများအဖြစ် ပြောင်းလဲသွားပြီး မီးမုန်တိုင်းအား ၀င်တိုက်သည်။

၎င်းတို့က ယှဉ်၍မရနိုင်လောက်အောင် ထူထဲသည်။

ဒါက မုန်တိုင်းတစ်စင်းပမာ။

သို့စေကာမူ ဒီမြင်ကွင်းကိုကြည့်ရင်း နတ်ဆိုးနက်နဂါး၏ မျက်လုံးများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

"ကြည့်ရတာ မင်းလက်ထဲမှာ ဖီးနစ်ကလန်ကို ရှင်ကျန်ရစ်အောင် လုပ်လို့မရတော့ပုံပဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မီးလျှံဥက္ကာခဲက မီးမုန်တိုင်းနက်ဆီသို့ ကျရောက်သွားလေပြီ။

သို့သော် ဟွမ်ချင်းကို အံ့ဩသင့်စေတာက မီးလျှံဥက္ကာခဲ မုန်တိုင်းအပေါ် ကျရောက်သွားသောအခါ ချက်ချင်းမြိုချခံရပြီး မည်သည့်လှိုင်းများကိုပင် မဖြစ်စေခဲ့။

တကယ်တမ်းတွင် မုန်တိုင်း၏ အမြန်နှုန်းကပင် လုံး၀သက်ရောက်ခြင်းမခံရဘဲ ဟွမ်ချင်းထံ တည့်တည့်ဦးတည်လာနေသည်။

လျိုကျိယုနှင့် ရှီရှန်းတို့ထိတ်လန့်သွားကြ၏။

အင်မော်တယ်နယ်မြေက အင်မော်တယ်ချီကို အပြည့်အ၀ပြောင်းပစ်ခဲ့ပြီး နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ဟွမ်ချင်းကတောင် ဒီနတ်ဆိုးနက်နဂါးရဲ့ ပြိုင်ဘက်မဟုတ်ဘူးလား!

ဒါ့အပြင် ဒီနတ်ဆိုးနက်နဂါးက ပုံရိပ်ယောင်တစ်ခုပဲလေ!

ထိုအချိန်တွင် လုချန်ရှန်းတည်ငြိမ်စွာပြောသည်။

"အတားအဆီးထဲကို ၀င်လာခဲ့"

ဟွမ်ချင်းဆန္ဒမရှိသော်လည်း သူမအံကြိတ်ကာ နောက်ဆုတ်ရုံသာ တတ်နိုင်သည်။

လျိုကျိယုကလည်း အလျင်အမြန်လိုက်သွားသည်။

နတ်ဆိုးနက်နဂါးနှာခေါင်းရှုံ့သည်။

"မင်းတို့ လိပ်ခွံထဲမှာ ပုန်းနေရင်ရော အဆင်ပြေနေမယ်ထင်လို့လား"

ထိုအခိုက်အတန့်မှာပင် မီးတောက်နက်မုန်တိုင်းက အတားအဆီးကို ရုတ်ချည်း၀င်တိုက်သည်။

ဂျုန်း.......!

မီးတောက်နက်များက အတားအဆီးကို ဖုံးလွှမ်းသွား၏။

အတားအဆီးထဲက လုချန်ရှန်းနှင့်ကျန်သောသူများက သူတို့ရှေ့က အတားအဆီးက မီးတောက်နက်များနှင့် လုံး၀ဖုံးလွှမ်းသွားတာကို မြင်နေရသည်။

သို့စေကာမူ ဒါက အတားအဆီးကို အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ပါ။

ပထမအဆင့်အလွှာမှာပင် မည်သည့်အက်ကြောင်းမှ မရှိခဲ့။

ထို့နောက် လုချန်ရှန်းတီးတိုးပြောသည်။

"မင်းလုပ်ဆောင်ချက်တွေကို ငါဒီအတိုင်း ကြည့်မနေနိုင်ဘူး...."

၎င်းနောက်တွင် သူလက်ချောင်းများကို အနည်းငယ်ကွေ့လိုက်သည်။

အတားအဆီးရှိ အဆောင်များနှင့် အစီအရင်များက တစ်ချိန်တည်းတွင် ဟိန်းသံတစ်ချက်နှင့်အတူ လင်း၀င်းသွားခဲ့ပြီး အဖျက်အော်ရာတစ်ခုက ထိုနေရာတွင်ပင် ဖိသိပ်ကျဆင်းလာသည်။

အပိုင်း(905) coming။

All Chapters