← Chapters

#‌ရှေးဦးမူလ၊ ပြောင်းပြန်ဓား!#

Vol. 64 Ch. 905

#‌ရှေးဦးမူလ၊ ပြောင်းပြန်ဓား!#

Vol. 64 Ch. 905

အစီအရင်များ၊ အဆောင်များနှင့် ဆေးလုံးများကို ယခုအချိန်အခါအတွက် ပြင်ဆင်ထားခြင်းပင်။

လုချန်ရှန်း အခင်းအကျင်းအဆောင်ကို အသက်သွင်းလိုက်သောအခါ အင်မော်တယ်နယ်မြေ၀င်ပေါက်တစ်ခုလုံးက အဖျက်အော်ရာတစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။

ဒီအော်ရာက နတ်ဆိုးချီကိုပင် ဖိနှိပ်ပစ်သည်။

ဒါကိုမြင်သောအခါ နတ်ဆိုးနက်နဂါး ထိတ်လန့်သွားပြီး သေခြင်းတရားအား ကြောက်ရွှံ့မှုက နှလုံးသားအောက်ခြေကနေ ထကြွလာခဲ့သည်။

သူက ယခုပုံရိပ်ယောင်တစ်ခုဖြစ်သည့်တိုင် တူညီသည့်ခံစားချက်ကို မျှဝေနိုင်ပါသည်။

ယခုအချိန်တွင် သူသေခြင်းရှင်ခြင်းအန္တရာယ်တစ်ခုကို ခံစားနေရသည်။

ဒီလိုဆိုပါက တစ်ဘက်လူ၏ အခင်းအကျင်းအဆောင်များက သူ့မူလခန္ဓာကပင် ကြောက်ရသည့် တည်ရှိမှုတစ်ခုဖြစ်ရပေမည်။

"မင်းဘယ်သူလဲ"

နတ်ဆိုးနက်နဂါး၏ ဧရာမမျက်သူငယ်အိမ်နှစ်လုံးက ကျုံ့သွားပြီး ပါးစပ်ကိုဟကာ ကျယ်လောင်စွာမေးသည်။

သို့စေကာမူ သူ့အသံက အနည်းငယ်တုန်ယင်နေတာကို မည်သူမဆို ခပ်ရေးရေးမြင်နိုင်သည်။

လုချန်ရှန်း နတ်ဆိုးနက်နဂါးကို ကြည့်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိနေစရာမလိုဘူး၊ ဒါပေမယ့် မင်းငါ့ကိုတားချင်နေတာဆိုတော့ ငါမင်းကို အသက်ရှင်ခွင့်ပေးလို့မရဘူး"

"ဒါ့အပြင် အခုမင်းငါ့စွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း သိသွားပြီမလား"

ထိုနေရာတွင် လုချန်ရှန်း နဂါးပြန်ဖြေသည်ကိုပင် စောင့်မနေတော့ဘဲ နတ်ဆိုးနက်နဂါးပေါ်သို့ လက်ဖဝါးကို အနည်းငယ်ဖိချလိုက်သည်။

လုချန်ရှန်း၏ အသံကျဆင်းလာသည်နှင့် လျှပ်စီးများလင်း၀င်းသွားပြီး အင်မော်တယ်နယ်မြေ၀င်ပေါက်တစ်ခုလုံး၌ မိုးကြိုးသံများမြည်ဟိန်းလာသည်။

မရေမတွက်နိုင်လောက်သော ယှဉ်၍မရလောက်အောင် ထူထဲသည့် မိုးကြိုးအလင်းတန်းများက လမ်းကြောင်းကို အဆက်မပြတ်ထိုးနှက်ကာ နတ်ဆိုးနက်နဂါးထံ ပြေး၀င်လာကြ၏။

ထိုအချိန်တွင် အင်မော်တယ်နယ်မြေ၀င်ပေါက်တစ်ခုလုံးက အချိန်မရွေး ပြိုကျသွားနိုင်သည့်အလား တုန်ခါနေသည်။

နတ်ဆိုးနက်နဂါးသူ့ရှေ့က မိုးကြိုးစင်းကို ကြည့်ပြီး တိုက်ခိုက်သည်။ အကြောက်တရားကြောင့် သူက ငြိမ်ငြိမ်လေးထိုင်ပြီး သေခြင်းတရားကို စောင့်နေမည်မဟုတ်။

သူသာဘာတစ်ခုမှမလုပ်ပါက သေချာပေါက် အဖျက်ဆီးခံရမည်သာ။

အကယ်၍ သူသာအစွမ်းကုန်ခုခံပါက အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်းတစ်ခုအတွက် တိုက်ခိုက်၍ရလောက်သည်။

ဒီလမ်းကြောင်းက အနည်းငယ်ကျဉ်းမြောင်းကာ ဘယ်သူမှ နေရာမဆံ့လောက်အောင်အထိ သေးကျဉ်းလှသော်လည်း လမ်းကြောင်းတစ်ခုဖြစ်နေဆဲပင်။

နတ်ဆိုးနက်နဂါး ဒေါသတကြီး မျက်လုံးကိုပြူးကျယ်စွာ ဖွင့်ပြီး ပါးစပ်ကိုဟလိုက်သည်။ ၎င်း၏ အသူရာချောက်ပမာပါးစပ်ထဲတွင် အမှောင်ထုမီးတောက်များကနေတဆင့် သိပ်သည်းနေသည့် အလုံးတစ်လုံးရှိသည်။ ထိုအလုံးက သူ့ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး သူ့ရှေ့၌ အလင်းတိုင်ပင်လယ်ဆီသို့ ပြေး၀င်သွားသည်။

မီးတောက်နက်များ၏ အလုံးက အတော်လေးကြီးမားပုံရသော်လည်း မိုးကြိုးသမုဒ္ဒရာထဲက ရေစက်တစ်စက်ပမာသာ။

ထိုအလုံးပြေး၀င်သွားသောအခါ မိုးကြိုးပင်လယ်၏ တိုက်ရိုက်မျိုချခြင်းကို ခံရသည်။

မိုးကြိုးပင်လယ်၌ ကမောက်ကမအနည်းငယ် ဖြစ်လာသော်လည်း အသက်ရှုကြိမ်ရေနှစ်ကြိမ်ခန့်အကြာတွင် နောက်ထပ် ဘာလှုပ်ရှားမှုမှ မရှိတော့ပါ။

အမှောင်ထုမီးတောက်လုံးပေါ်လာသည့် အချိန်မှစ၍ ယခုအထိ မည်သည့်လှိုင်းကိုမှ မဖြစ်စေခဲ့ဘဲ ယခုလို တိတ်ဆိတ်စွာ နစ်မြှုပ်သွားခဲ့ရသည်။

နတ်ဆိုးနက်နဂါး ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေမ်သည်။

ငါ့ပုံရိပ်ယောင်ရဲ့ အားအကောင်းဆုံးတိုက်ခိုက်မှုက ဒါပဲလား!

သူမပြောနိုင်ခင်မှာပင် အလင်းတိုင်နှင့် မိုးကြိုးပင်လယ်တို့က နတ်ဆိုးနက်နဂါးပုံရိပ်ယောင်၏ ကိုယ်အစိတ်အပိုင်းအသီးသီးသို့ ကောင်းကင်ဘုံကိုပင် ဖြိုခွဲနိုင်သည့် လှံများအလား ထိုးဖောက်သွား၏။

တစ်ဘက်ကနေ တခြားတစ်ဘက်သို့ ၎င်းက ဖြတ်သန်းသွားပြီး အလယ်တည့်တည့်တွင် ရပ်နေသည်။

နဂါး၏ပွင့်နေသည့်ပါးစပ်ကလည်း ထိုမိုးကြိုးတိုင်ကြောင့် အတင်းထိုးဖောက်ခံရပြီး ပိတ်သွားရသည်။

လုချန်ရှန်း ဒီမြင်ကွင်းကို အေးစက်စွာကြည့်သည်။

"ငါမင်းကိုအရင်ကမေးဖူးတယ်၊ ဒီတော့ မင်းငါ့ရဲ့လှည့်ကွက်တွေကိုသိမှာပေါ့"

"ဒီလိုဆိုမှတော့ ငါမင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး"

သူစပားပြောပြီးသည်နှင့်တစ်ပြိုင်နက် ခရမ်းရွှေနတ်အလင်းတန်းနှစ်ခုက လုချန်ရှန်း၏ မျက်လုံးကနေပစ်လွှတ်ကာ နတ်ဆိုးနက်နဂါး၏ကိုယ်ကို လွှမ်းခြုံပစ်သည်။

အသိစိတ်တစ်စွန်းတစ်ကျန်သေးသည့် နတ်ဆိုးနက်နဂါးမှာ သူ့ကိုယ်ခန္ဓာတစ်ဝိုက်မှ ခရမ်းရွှေနတ်အလင်းကို ခံစားနေရသည်။

သူနှင့်ပတ်သက်သည့်အရာအားလုံးအပြင် သူ့ပင်မခန္ဓာကိုပါ ထိုးဖောက်မြင်နေရသည့်အလားပင်။

လုချန်ရှန်းလက်ကို ဆန့်ထုတ်ပြီး နတ်ဆိုးနက်နဂါးရှိရာဘက်သို့ ဆုပ်ကိုင်ပစ်သည်။

နတ်ဆိုးနက်နဂါး၏မျက်လုံးများက ရုတ်ချည်းဆိုသလို အကြောက်တရားများဖြင့် ပြည့်နှက်သွားခဲ့သည်။

နတ်ဆိုးနက်နဂါးပုံရိပ်ယောင်မှ အနက်ရောင်ဝိဉာဉ်တစ်ခုက ဖြည်းဖြည်းချင်းဆွဲထုတ်ခံရသည်။

ဝိဉာဉ်ခန္ဓာက ကြောက်လန့်တကြားအော်သံကို ထုတ်လွှတ်သည်။

"မင်းဘာလုပ်နေတာလဲ"

လုချန်ရှန်း နောက်ထပ်ဘာလုပ်တော့မယ်ဆိုတာကို သူသိနေသည့်အသွင်။

ဝိဉာဉ်ခန္ဓာက ဆက်လက်ရုန်းကန်နေပြီး သူ့ကို ချုပ်ဆည်းထားသော မမြင်ရသည့် လက်ကနေ လွတ်မြောက်ရန် ကြိုးစားနေသည်။

ရလဒ်ကတော့ သိသာထင်ရှားပါသည်။

ဘာသက်ရောက်မှုမှမရှိပါ။

ဟွမ်ချင်း၊ လျိုကျိယုနှင့် ရှီရှန်းတို့ပင်လျှင် လုချန်ရှန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိကြ၏။

သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ!

တစ်ဘက်လူက ဝိဉာဉ်အမျှင်တန်းတစ်ခုသာဖြစ်သည်။

ဒါကိုဖျက်ဆီးလိုက်လျှင်ပင် နတ်ဆိုးနက်နဂါးအပေါ် အသေးအနုတ် ထိခိုက်မှုကိုသာ ဖြစ်စေလိမ့်မည်။

နောက်ထပ်ဖြစ်ပျက်လာသည့်အရာက သူတို့ကို အကြောက်တရားနှင့်အတူ သွေးဆုတ် ဖြူလျော်သွားစေသည်။

လုချန်ရှန်း၏ အမူအရာကတည်ငြိမ်နေသည်။ သူတခြားလက်တစ်ဖက်ကို ယမ်းလိုက်စဉ် ပုံရိပ်ယောင်ဓားတစ်လက် ပေါ်လာသည်။

ပုံရိပ်ယောင်ဓားပေါ်လာသည်နှင့် ဟွမ်ချင်းရော လျိုကျိယုပါ အနည်းငယ် အံ့ဩသင့်သွားကြ၏။

ဒါက...ပြန်လည်မွေးဖွားခြင်းတာအိုနိယာမလား....!

မဟုတ်ဘူး၊ ဒါက သာမန်ပြန်လည်မွေးဖွားခြင်း တာအိုနိယာမမဟုတ်ဘူး!

၎င်းက ယင်နှင့်ယန်ကို ပြောင်းပြန်လှန်နိုင်ပြီး ကမ္ဘာကြီးက စည်းမျဉ်းများကို ပြောင်းပစ်နိုင်သည့် စွမ်းအားနှင့် ရောစပ်နေပုံရသည်။

လုချန်ရှန်းဓားကိုကိုင်ပြီး တီးတိုးပြောသည်။

"ဒီလှုပ်ရှားမှုကို ငါပထမဆုံးသုံးတာပဲ၊ ဒီလိုအခြေအနေမျိုးအတွက်လည်းဖြစ်တယ်..."

"ယန်နဲ့ယန်၊ ပြန်လည်မွေးဖွားခြင်း၊ ငါဒါကို ပြောင်းပြန်လှန်နိုင်သရွေ့ အဝေးက ပင်မခန္ဓာနဲ့ ဝိဉာဉ်ကို သတ်ဖို့လုံလောက်မှာပါ"

ထိုနေရာတွင် သူတဖြည်းဖြည်းနှင့် အလွန်အမင်း ကြောက်လန့်စရာအသွင် ပေါ်လာသည့် အနက်ရောက်ဝိဉာဉ်၏ အမူအရာကို မကြည့်ဘဲ လက်ထဲက ဓားရှည်ကို ပစ်လိုက်သည်။

ဓားရှည်က အနက်ရောင်ဝိဉာဉ်ခန္ဓာကို တိုက်ရိုက်ပင် ထိုးဖောက်သွား၏။

ထိုအခိုက်အတန့်၌ အနက်ရောင်ဝိဉာဉ်ကိုယ်ထည်က ယှဉ်၍မရလောက်အောင်၊ ထိတ်လန့်မှု၊ အကြောက်တရားနှင့် သေခြင်းတရား၏ ခံစားချက်ဖြင့် ပြည့်နှက်နေသည့် အော်သံကို ထုတ်လွှတ်သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကမ္ဘာကြီးထဲမှာ ဒီလိုလှုပ်ရှားမှုမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ"

"မင်း....မင်းကဘယ်သူလဲ"

နောက်ဆုံးစကားလုံး ကျဆင်းလာသည့်အချိန်တွင် အနက်ရောင်ဝိဉာဉ်ကိုယ်ထည်က လုံး၀ဖျက်ဆီးခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူသူကင်းမဲ့သည့် သွေးနီရောင်မြေတစ်ခုရှိ ကောင်းကင်နက်ထဲက မိစ္ဆာဆန်သည့်နေရာတစ်နေရာရှိ မြို့တစ်မြို့နှင့်ပင် ယှဉ်၍ရသော ဧရာမနဂါးတစ်ကောင်က နားအူဖွယ်ရာဟိန်းသံတစ်သံကို ထုတ်လွှတ်သည်။

ထို့နောက်သူ့ဝိဉာဉ်က ဖျက်ဆီးခံလိုက်ရသည်။

နတ်ဆိုးနက်နဂါး၏မျက်လုံးများက အသိအာရုံနှင့် တောက်ပမှုကို ဆုံးရှုံးလိုက်ရသည်။

......

ကောင်းကင်အကဲခတ်မျက်လုံးမှတဆင့် နတ်ဆိုးနက်နဂါးသေသွားပြီဆိုတာကို လုချန်ရှန်းသိလိုက်ရသည်။

"အင်း၊ ဒါကအလုပ်ဖြစ်ပုံပဲ"

လုချန်ရှန်း သူ့လက်ကို ကြည့်လိုက်သည်။

"ဒါကို ပြောင်းပြန်ဓားလို့ ခေါ်ကြရအောင်"

ဟွမ်ချင်းနှင့်လျိုကျိယုတို့ ခါးသီးစွာ ပြုံးလိုက်မိကြသည်။

ဒီလိုရယ်စရာကောင်းလောက်အောင် မဖြစ်နိုင်သည့် လှုပ်ရှားမှုကို သူအမှန်တကယ်ပင် အောင်မြင်ခဲ့သည်။

လုချန်ရှန်းက ဒီလှုပ်ရှားမှုကို သုံးနိုင်သည့် တစ်ဦးတည်းသောသူဟု ဆိုနိုင်သည်။

မှန်ပေသည်။

သူ့‌၏ရှေးဦးမူလနှင့်အတူ ကမ္ဘာကြီး၏ နိယာမများကို ထိန်းချုပ်ထားသည့် စွမ်းအားအမျိုးမျိုးကို သူပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းတစ်ဦးတည်းသာလျှင် ဒီရှေးဦးမူလနယ်ပယ်ကို ရောက်ခဲ့သောသူပေတည်း။

......

ထို့နောက် လုချန်ရှန်း ကောင်းကင်ဖိနှိပ်စေတီ၏ ရင်းမြစ်ကို ပြုပြင်လိုက်သည်။

စေတီထဲကနေ အသံတစ်သံထွက်လာသည်။

"ကောင်းပြီ၊ အဲဒီကလေးကို ၀င်ခွင့်ပေးလိုက်၊ ငါတို့သူ့ကို ကောင်းကင်ဖိနှိပ်စေတီနဲ့ ဆက်သွယ်ဖို့အတွက် ကူညီပေးမယ်"

လုချန်ရှန်း ရှီရှန်းကို ကြည့်လိုက်သည်။

ရှီရှန်းနားလည်သည့်အလား ကောင်းကင်ဖိနှိပ်စေတီဆီသို့ မျောလွင့်သွား၏။

သူ့အနီးတွင် အခင်းအကျင်းအစီအရင်များကို အသက်သွင်းရန် လုချန်ရှန်းပြင်နေခိုက် အသံကို ထပ်မံကြားလိုက်ရသည်။

"မင်းဒီလိုမလုပ်တာ အကောင်းဆုံးပဲ၊ ငါတို့မင်းခွန်အားကို မမြင်နိုင်ဘူးဆိုပေမယ့် ကာကွယ်ဖို့အတွက် မင်းနည်းလမ်းတွေကို သုံးမယ်ဆိုရင် ဒါက နှစ်ခုကြားက ဆက်သွယ်မှုကို သက်ရောက်လိမ့်မယ်"

လုချန်ရှန်းမျက်မှောင်ကြုတ်ကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရှီရှန်းရယ်မောသည်။

"ဘာမှမဖြစ်ပါဘူး၊ ဆရာရေ"

"အခွင့်အရေးတွေနဲ့ စွန့်စားမှုအန္တရာယ်တွေဆိုတာ အတူတကွရှိတယ်လေ၊ ဒါက ဆရာ့အတွက် အကူအညီဖြစ်စေနိုင်သလို ကျွန်တော့်ခွန်အားကိုလည်း တိုးလာစေနိုင်တယ်"

"ဒီအတွက် ကျွန်တော်ကြိုးစားကြည့်ရမယ်"

ရှီရှန်းအတွက် လုချန်ရှန်းကို သူ့မိသားစုအဖြစ် ယူဆထားပြီဖြစ်ကာ သူ့မိသားစုအတွက် ဆိုပါက သူအရာရာကို စွန့်လွှတ်နိုင်သည်။

အပိုင်း(906) coming။

All Chapters