← Chapters

#‌နတ်ဆိုးချီကို သည်းခံခြင်း#

Vol. 64 Ch. 906

#‌နတ်ဆိုးချီကို သည်းခံခြင်း#

Vol. 64 Ch. 906

ရှီရှန်း အဆုံးမဲ့အသူရာချောက်ထဲက တောက်ပနေသည့် ကောင်းကင်ဖိနှိပ်စေတီသို့ ဦးတည်သွားနေစဉ် သူ့တွင် မည်သည့် အကာကွယ်မှမရှိပါ။

ဒါကိုမြင်သောအခါ လုချန်ရှန်း အတော်လေး တည်ငြိမ်နေပုံရသော်လည်း သူ့ကြွက်သားများက တင်းမာနေပြီဖြစ်ကာ လက်ဖဝါးထဲတွင် လျှို့ဝှက်စွမ်းအားတစ်ခု လှည့်ပတ်နေသည်။

ရှီရှန်းကသာ သေခြင်းရှင်ခြင်းအကျပ်အတည်ထဲ ကျရောက်သွားပါက ကောင်းကင်ဖိနှိပ်စေတီမရှိတော့ဘူးဆိုလျှင်ပင် လုချန်ရှန်း ရှီရှန်းကိုကယ်တင်ရန်အတွက် ဆုံးဖြတ်ထားသည်။

ထိုအချိန်တွင် ရှီရှန်းရှေ့၌ အဆုံးမဲ့အမှောင်ထုသာရှိသည်။

နတ်ဆိုးအော်ရာက အသူရာချောက်ထဲတွင် လည်ပတ်နေပြီး ရှီရှန်းကိုယ်တစ်ဝိုက်ကို ဆေးကြောရင်း သူ့ဝိဉာဉ်ကို သိမ်းပိုက်ချင်နေသည်။

ရှီရှန်းဒါကိုမြင်သောအခါ လက်ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလို အကန့်အသတ်မဲ့ကြယ်စွမ်းအားများက သူ့ဒန်တျန်ကနေ ထွက်လာခဲ့သည်။

ကြယ်စွမ်းအားက ဒီအဆုံးမဲ့အမှောင်ထု၌ ကြယ်တာယာကောင်းကင်တစ်ခုအဖြစ် အမှန်တကယ် သိပ်သည်းသွားသည်။

ဒီကြယ်တာယာကောင်းကင်က အတော်လေးသေးငယ်ပြီး တောက်ပနေသည့်အလင်းက အမှောင်ထုကို အလင်းပေးရန် မလုံလောက်ပုံရသော်လည်း အမှောင်ထုထဲတွင် အဆက်မပြတ် ရုန်းကန်နေသဖြင့် ၎င်း၏ ဇွဲလုံ့လကို မြင်နိုင်ပါသည်။

ဒါက ရှီရှန်း၏အသိစိတ်နှင့်ဝိဉာဉ်ကို မိစ္ဆာအော်ရာကြောင့် တိုက်စားခံရခြင်းကနေ ကာကွယ်ပေးနေသည်။

နောက်က လျိုကျိယုသက်ပြင်းချသည်။

"ဒီနေရာမှာတောင် ငါ့ရဲ့အသိစိတ်က ဒီနတ်ဆိုးအော်ရာကြောင့် အဆက်မပြတ် တိုက်စားခံနေရတာကို ငါခံစားနေရတယ်၊ ဒါကိုအပြင်မှာ ထုတ်ပစ်ဖို့အတွက် ငါအတင်းတွန်းထုတ်ခုခံနိုင်ရုံပဲ"

"ဒါပေမယ့် ဒီကောင်စုတ်လေးရှီရှန်းကတော့ ဒီလောက်ထိတောင် သွားပြီးပြီ"

ဟွမ်ချင်းအနည်းငယ်ခေါင်းညိတ်ပြီး ဘာမှမပြောပါ။

သို့စေကာမူ သူမမျက်လုံးများမှ လေးစားမှုက ပို၍ပင်ပြင်းထန်လာသည်။

ရှီရှန်း၏ပါရမီက စံအိမ်တော်က တပည့်များအကြား အကောင်းဆုံးမဟုတ်ကောင်း မဟုတ်နိုင်ပေ။

သူက တခြားတပည့်များထက် နောက်ကျပြီးမှ စတင်ခဲ့ခြင်းပင်။

ပါရမီဖြစ်စေ၊ နောက်ခံဖြစ်စေ၊ အများကြီး ပြော၍မရသော်လည်း သူက ဇွဲနဘဲအရှိဆုံးသူဖြစ်သည်။

မှန်ပေသည်။ ဒီအချက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အနည်းငယ်ပိုနိမ့်ကျလောက်သည်။

ဒါက သူ့တာအိုနှလုံးသား၏ စင်ကြယ်မှုကြောင့်ဖြစ်သလို နှလုံးသား၏ လိုက်စားမှုကြောင့်လည်းဖြစ်သည်။

ထို့ကြောင့်လည်း ရှီရှန်းတွင် ယခုလို ထိတ်လန့်စရာကောင်းသည့် ကြံ့ခိုင်သော စိတ်တစ်ခုရှိနေခြင်းပင်။

ရှီရှန်းကလည်း နားလည်ပါသည်။

အစပိုင်းတွင် မလုံလောက်ခဲ့သည့် သူ့ပါရမီက သူ့ဆရာ၏အကူအညီကြောင့် တိုးတက်လာခဲ့သည်။

သို့သော်ငြားလည်း သူ့ပါရမီတိုးတက်လာလျှင်ပင် ရှီရှန်းကျင့်ကြံရန်အတွက် ပို၍ပင် ကြိုးစားရမည်သာ။ ထို့နောက်မှသာ သူ့ဆရာ၏ အကူအညီက အလဟာသမဖြစ်သွားတာကို သူသက်သေပြနိုင်ပေလိမ့်မည်။

ရှီရှန်းနှုန်းက အရမ်းမမြန်ပါ။

တစ်ရက်ကြာပြီးနောက် သူကောင်းကင်ဖိနှိပ်စေတီအနီးသို့ ရောက်လာခဲ့သည်။

"ကလေး၊ အထဲကို၀င်လာခဲ့"

ရှီရှန်းခေါင်းညိတ်ပြီး ၀င်သွားသည်။

စေတီမျှော်စင်အထဲတွင် မြင်ရသည့်အရာအားလုံးက ပျက်စီးနေခဲ့သည်။

သို့စေကာမူ ရှီရှန်း ပတ်၀န်းကျင်ကို မစူးစမ်းနိုင်ခင်မှာပင် ခုခံ၍မရနိုင်လောက်သည့် အားတစ်ခုက သူ့ကိုထောက်ပံ့ပေးပြီး မျှော်စင်ထိပ်သို့ တည့်တည့်ခေါ်ဆောင်သွားခဲ့သည်။

ကောင်းကင်ဖိနှိပ်စေတီထဲတွင် အထပ်ကိုးထပ်ရှိပြီး အထပ်တိုင်းတွင် ပျက်စီးနေသည့် မြင်ကွင်းတစ်ခုစီရှိသည်။

နတ်ဆိုးနက်ချီက ထက်ရှသည့်အသံများကို ထုတ်လွှတ်ရင်း ကိုးထပ်မြောက်အထိ အဆက်မပြတ် ဟစ်ကြွေးနေသည်။

ကိုးထပ်ကိုရောက်သောအခါမှသာ နတ်ဆိုးအော်ရာက ပျောက်ကွယ်သွားလေတော့သည်။

ကောင်းကင်ဖိနှိပ်စေတီက ဒီနတ်ဆိုးအော်ရာကြောင့် လုံး၀တိုက်စားခံရလုနီးပါး ဖြစ်နေပြီဆိုတာ သိသာထင်ရှားနေသည်။

နတ်ဆိုးအော်ရာကသာ ကိုးထပ်မြောက်ကို လုံး၀တိုက်စားဝါးမြိုပစ်မည့်အချိန်က နတ်ဆိုးနယ်မြေအတွက် ချိပ်စည်းကနေ လွတ်မြောက်လာတော့မည့် အချိန်ပေတည်း။

ယခုအခိုက်အတန့်၌ ရှီရှန်းရှေ့တွင် အကြွင်းအကျန်ဝိဉာဉ်လေးခုရှိသည်။

အကြွင်းအကျန်ဝိဉာဉ်တိုင်းက အတော်လေးပုံရိပ်ယောင်ဖြစ်နေသော်လည်း သူတို့၏ကိုယ်၌ ရှေးဟောင်းအော်ရာတစ်ခုစီ ရှိနေပြသည်။

သူတို့ထဲက တစ်ယောက်စီက ရှီရှန်းကို ကြယ်ပင်လယ်ကို ကြည့်ရှုနေသည့်အလား ခံစားရစေသည်။

"ကြယ်စွမ်းအားကိုကျင့်ကြံတယ်....ကြည့်ရတာ အဲဒီလူက နောက်ဆုံးတော့ ဆက်ခံသူတစ်ယောက်ရသွားပုံပဲ"

"ဟီးဟီး၊ အဲဒီခေတ်ကသာဆိုရင် ငါဒီလူငယ်လေးကို ငါ့တပည့်အဖြစ် အတင်းသိမ်းယူပစ်မှာ"

"ဒီအကြောင်းကို အခုမပြောကြရအောင်၊ ငါတို့မှာ အချိန်အများကြီးမကျန်ဘူး"

အကြီးအကဲတစ်ယောက်က ရှီရှန်းအားကြည့်ပြီး ‌ကြင်နာစွာပြုံးပြသည်။

"ငါပြောမယ့်ဟာကို ဂရုတစိုက်နားထောင်ပါ"

ရှီရှန်းလေးနက်စွာခေါင်းညိတ်သည်။

"မင်းကောင်းကင်ဖိနှိပ်စေတီကို အမွေရချင်တယ်ဆိုရင် ဒါက မင်းပခုံးပေါ်မှာ ကြီးမားတဲ့ တာ၀န်တစ်ခုရှိနေပြီလို့ ဆိုလိုနေတာပဲ"

"နတ်ဆိုးနယ်မြေကိစ္စက မင်းနဲ့ နီးကပ်စွာ ဆက်နွှယ်သွားလိမ့်မယ်"

"မင်းဒါကိုခံနိုင်ရည်ရှိမယ်လို့ ယုံကြည်ချက်ရှိလား"

ရှီရှန်းကြက်သေသေသွားသည်။

သူ တွေးနေမိသည်။ သူ့ဆရာက နတ်ဆိုးနယ်မြေကို အတော်လေးစိတ်ပူနေသဖြင့် သူကလည်း ဒီကိစ္စကို ဂရုစိုက်ရမည်သာ။

ဒါကိုတွေးမိသောအခါ ရှီရှန်းခေါင်းညိတ်သည်။

"အရမ်းကောင်းတယ်" အဖိုးအိုပြောသည်။

"ဒါကပထမအဆင့်ပဲ၊ မင်းဒီစေတီကို အမွေရချင်ရင် မင်းထိခိုက်ခံစားဖို့လိုအပ်တဲ့ နာကျင်မှုက နည်းနည်းလေးပဲမဟုတ်ဘူး၊ မင်းဒါကို ခံနိုင်ရည်မရှိဘူးဆိုရင် အောက်က နတ်ဆိုးချီက မင်းကို အပြည့်အ၀ ဝါးမြိုသွားလိမ့်မယ်၊ ဒါကိုရော သေချာစဉ်းစားပြီးပြီလား"

ရှီရှန်းဒါကို ထပ်တွေးပြီးနောက် ထပ်ပြီး ခေါင်းညိတ်ပြန်သည်။

သူဒီနေရာတွင်ရှိနေပြီဖြစ်သဖြင့် သဘာ၀အတိုင်းပင် ပြင်ဆင်ထားသည်။

ထိုနေရာ၌ အကြီးအကဲလေးဦးက တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် တခြားဘာမှ ထပ်မပြောတော့ဘဲ ရှီရှန်းအား တစ်ချိန်တည်းတွင် လက်ညိုးထိုးလိုက်ကြ၏။

ရုတ်ချည်းဆိုသလို ရှီရှန်း၏ ကြယ်တာယာကောင်းကင်ဒန်တျန်၌ အမှတ်အသားတစ်ခု တိုက်ရိုက်ပေါ်လာခဲ့သည်။

ဒီအမှတ်အသားက ကောင်းကင်ဖိနှိပ်စေတီကို ကျုံ့ထားသည့်ပုံပေါက်သည်။

ဒီအမှတ်အသားပေါ်ပေါက်လာသောအခါ ရှီရှန်းအနီးကပ် မကြည့်နိုင်ခင်မှာပင် တခြားအထပ်ရှစ်ထပ်က နတ်ဆိုးချီများက ကိုးထပ်အောက်၌ အရူးအမူးစတင်ဟိန်းလာကြပြီး ရှီရှန်းကိုယ်ထဲ လှိမ့်၀င်သွားကြ၏။

ရှီရှန်း ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

ရှောင်တိမ်းရန်အတွက် အချိန်မရှိပါ။ သူချက်ချင်းပင် ခေးအောစ့်ကြယ်မှတ်တမ်းကို လှည့်ပတ်လိုက်သည်။ သူ့ကြယ်တာယာဒန်တျန်က ကြယ်ရောင်က ဒီတင်္ဂမှာပင် လုံး၀ပွင့်လန်းလာခဲ့သည်။

ကြယ်ရောင်အလင်းတန်းများက ရှီရှန်းကို လွှမ်းခြုံပြီး ကာကွယ်ပေးနေသည်။

သို့စေကာမူ ကြယ်ရောင်က နတ်ဆိုးချီကို ခုခံနိုင်စွမ်းမရှိပုံရသည်။ ၎င်းက ရှီရှန်းကိုယ်ထဲသို့ နတ်ဆိုးချီများ ပြေး၀င်လာတာကို ကြည့်နေရုံသာ တတ်နိုင်သည်။

ထို့နောက် နတ်ဆိုးချီက ရှီရှန်းအသိစိတ်နှင့် ဝိဉာဉ်ကို လွှမ်းမိုးပစ်သည်။

ထိုစဉ် ရှီရှန်း၏ စိတ်နှင့်ဝိဉာဉ်က အထိန်းအချုပ်မဲ့ စတင်တုန်ယင်လာသည်။

သူ့ဝိဉာဉ်က ကြီးမားသည့် စုတ်ဖြဲခံနေရသည့် နာကျင်မှုကို ခံစားနေရသည်သာမက တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်လောက်သည့် မိစ္ဆာများက သူ့နှလုံးသား၌ စတင်အမြစ်တွယ်ပြီး ပေါက်ဖွားလာပုံရသည်။

အသိစိတ်ကို တိုက်စားခြင်းနှင့် ဝိဉာဉ်ကို သိမ်းပိုက်ခြင်းက နတ်ဆိုးချီ၏ ကြောက်စရာအကောင်းဆုံးရှုထောင့်များပင်။

အကြီးအကဲလေးဦး ရှီရှန်းတောင့်ခံရန်အတွက် ရုန်းကန်နေတာကို ကြည့်နေကြသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း အသံတစ်သံမှ မထွက်လေရာ သူတို့အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။

အကြီးအကဲတစ်ယောက်ပြောသည်။

"အရင်ကသာဆိုရင် သူဒီလောက်ကြီး ခံစားနေစရာမလိုဘူး"

"ဒါပေမယ့် ကောင်းကင်ဖိနှိပ်စေတီရဲ့ ကိုးဆယ်ရာခိုင်နှုန်းက နတ်ဆိုးချီကြောင့် တိုက်စားခံရပြီးပြီ၊ သူသာ ဒီစေတီကို အမွေဆက်ခံချင်တယ်ဆိုရင် ဒီနတ်ဆိုးအော်ရာကို အရင်ဆုံးခုခံဖို့လိုတယ်...."

"သူဒီအဆင့်ကို ကျော်လွှားနိုင်မလားဆိုတာ ကြည့်ကြတာပေါ့...."

အပြင်ပကမ္ဘာတွင် အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးနေသည်။

ရက်တစ်၀က်ခန့်ကြာပြီးနောက် လုချန်ရှန်းနှင့် ကျန်သောသူများ ကောင်းကင်ဖိနှိပ်စေတီကနေ ရှီရှန်း၏ အလွန်အမင်းနာကျင်နေရသည့် အော်ဟစ်သံတစ်သံ ထွက်လာတာကို ကြားလိုက်ကြရသည်။

"အား.......!"

ဒီနာကျင်မှုကြောင့်အော်ဟစ်သံက သားရဲရိုင်းတစ်ကောင်နှင့်တူသည်။

ဒါက လူသားတစ်ယောက်ဖန်တီးသည့် အော်ဟစ်သံဆိုတာကို ယုံရန်ပင် ခက်ခဲသည်။

လုချန်ရှန်း မျက်မှောင်ကြုတ်ရင်း တိုက်ခိုက်ရန်ပြင်လိုက်စဉ် အသံလွှင်ကျောက်စိမ်းဆွဲသီးမှ အသံတစ်သံထွက်လာခဲ့သည်။

"ဆရာ၊ ကျွန်တော်....ကျွန်တော် ဒါကို ခံနိုင်ရည်ရှိပါသေးတယ်"

ဒါကိုကြားသောအခါ လုချန်ရှန်း မျက်မှောင်ကြုတ်ပြီးနောက် သူ့လက်ထဲက စွမ်းအားက ရုတ်တရက် ပျောက်ကွယ်သွားသည်။

ဟွမ်ချင်း လုချန်ရှန်းပခုံးကို ပုတ်ရင်း နူးညံ့သည့်အသံဖြင့် နှစ်သိမ့်ပေးသည်။

"ရှီရှန်းက ဘယ်လောက်ထိ မာကျောသလဲဆိုတာ ရှင့်မသိလို့လား၊ သူ့ကိုယုံလိုက်ပါ၊ သူသာ တကယ်မလုပ်နိုင်တော့ဘူးဆိုမှ ရှင့်တိုက်ခိုက်လို့ရတာပဲလေ"

သို့သော်တစ်ချိန်တည်းမှာပင် သူမစိတ်ရှုပ်ထွေးနေသည်။ ရှီရှန်းတောင်မှ ဒီနာကျင်မှုကို မခံနိုင်ပေ။

ဒါက ဘယ်အတိုင်းအတာအထိပင် ရောက်နေခဲ့လေသနည်း။

အပိုင်း(907) coming။

All Chapters