ကျောက်အခေါင်း၊ ထင်ယောင်ထင်မှား
Vol. 114 Ch. 1589
ကျောက်တုံးအခန်းမှာကြီးမားသည်။ သို့သော် အထဲတွင် ပစ္စည်းအများ အပြားမရှိပေ။ မဟုတ်လျှင် အထဲ၏အလယ်တွင် ကျောက်အခေါင်းတစ်ခုနှင့်… ထိုအခေါင်းဘေးတွင် အရိုးတစ်စုံ၊ သံမဏိချောင်းတစ်ခုသာရှိသည်ဟု ပြောရ မလားပင်။
သံမဏိချောင်းကိုတော့ ပြောရန်ပင်မလိုပေ။ ထိုသံချောင်းသည် ကောင်းကင်လှံတံ၏ တခြားတစ်ဖက်ဖြစ်တန်ရာသည်။ အကြောင်းမှာ သူမ ဝင်လိုက်သည်နှင့် လှံတံသည် လက်ထဲမှပျံထွက်သွားကာ သံချောင်းဘေးတွင် ချက်ချင်းပင် သွားကျလေသည်။
တစ်ချိန်တည်းမှာပင် ကျောက်တံခါးသည် တဖြည်းဖြည်းပိတ်လေသည်။ ထိုအခါမှပင် ရှီမာယူယူသည် သတိပြန်ဝင်လာကာ ချက်ချင်းပင် ဖြတ်လေ သည်။
အန္တရာယ်… သူမ အပြင်တွင် ပိတ်မိတော့မလိုပင်။
သူမသည် ရင်ဘတ်ကိုပုတ်ပြီး ငြိမ်သက်နေသော ကောင်းကင်လှံတံကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် လှည့်ပြီးတံခါးကိုကြည့်လိုက် သည်။
အစောပိုင်းက သူမကိုရစ်ပတ်သည့် စွမ်းအားနှင့် သူမဝင်လာနိုင်ခြင်းမှာ ကောင်းကင်လှံတံကြောင့်ဖြစ်သည်ကို သူမ အာရုံခံစားမိသည်။
ခုနလေးတင် ကောင်းကင်လှံတံဝင်သွားသည်နှင့် တံခါးမှာချက်ချင်းပိတ် လိုက်ပုံကိုကြည့်လျှင်လည်း ထိုအချက်ကို သက်သေပြနေသည်။
သူမ လျှောက်သွားပြီး အရင်ဆုံးကောင်းကင်လှံတံ၏ တခြားတစ်ဖက်ကို ကြည့်လိုက်သည်။ သာမန် သံမဏိချောင်းလိုပင်ဖြစ်သည်။ သူမသာ ကောင်းကင်လှံတံနှင့် ရင်းနှီးမှုမရှိပါက ထိုပစ္စည်း၏ အရည်အသွေးကိုပြောနိုင် မည်မဟုတ်ပေ။
“ဟုတ်ပြီ မင်းတို့ပြန်တွေ့ကြပြီ ငါ့လက်နက်သန့်စင်တဲ့ အရည်အချင်း ကောင်းလာတာနဲ့ မင်းတို့ပြန်ပေါင်းစပ်ဖို့ ကူညီပေးမယ် အရင်ဆုံးပြန်ပြီးအနား ယူလိုက်ကြဦး”
သူမသည် ကောင်းကင်လှံတံကို ဝိညာဉ်စေတီအတွင်းသို့ ထည့်လိုက် သည်။ တခြားတစ်ဖက်ကို တွေ့ပြီးနောက်တွင် မည်သည့်ဆူညံသံမှမရှိတော့ ပေ။
ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။ ထိုအရာသည် ဧကရာဇ်တစ်ပါး အသုံးပြုခဲ့သည့် အံ့ဖွယ်လက်နက်အမှန်ဖြစ်ကြောင်း တိတ်တိတ်လေးတွေးနေ မိသည်။ အံ့ဖွယ်လက်နက်သည် ဝိညာဉ်စေတီလောက် မကောင်းသော်လည်း ဝိညာဉ်စွမ်းအင် ပြည့်ဝတုန်းပင်ဖြစ်သည်။
သူမ သံချောင်းကိုယူလိုက်ချိန်တွင် မြေပေါ်မှ အရိုးနှင့်ချိတ်မိလေသည်။
ထိုလူသေဆုံးသည်အထိ သံချောင်းကို တင်းကြပ်စွာကိုင်ထားခဲ့သည်…
သူမသည် မြေပေါ်မှအလောင်းကိုကြည့်ပြီး အခေါင်းကိုပြန်ကြည့်လိုက် သည်။ သူမသည် ထိုလူကိုအရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ဒီလူက ဘယ်လိုသေတာလဲ။ မြေပေါ်မှာ သေစေလောက်တဲ့လက်နက်မရှိ ပါဘူး။ အရိုးကိုကြည့်ရသလောက်လည်း ဘာဒဏ်ရာမှမရှိသလို အဆိပ်လည်း မိမထားပါဘူး။ ကြည့်ရတာ ဒီလူက ရုတ်တရက် သေသွားတာဖြစ်မယ်။
သို့သော် သူမလည်း မသေချာပေ။ သူမသည် ရောဂါဗေဒပညာရှင်မဟုတ် သဖြင့် သေဆုံးခြင်းအကြောင်းအရင်းကို အတပ်မပြောရဲပေ။
သို့သော် သူမ သေချာသည်မှာ တစ်ခုရှိသည်။ ထိုလူ၏ သေဆုံးမှုသည် သင်္ချိုင်းဂူ၏ပိုင်ရှင်နှင့် သေချာပေါက် သက်ဆိုင်မှုရှိလိမ့်မည်။
ဒီကျောက်အခန်းက အန္တရာယ်များတယ်။
သူမသည် အံ့ဖွယ်အာရုံနှင့် စစ်ဆေးချင်၍ ထိုလူအား အမှော်ဝင်လက်စွပ် ထဲသို့ ထည့်သိမ်းရန် ကြိုးစားသော်လည်း အပြင်တွင် ပိတ်မိနေသည်ကို သိလိုက်ရသည်။
ထိုလူ သေဆုံးပြီးသည်မှာ နှစ်ပေါင်းများစွာကြာပြီး အရိုးသာကျန်သော် လည်း ထိုလူ၏ အံ့ဖွယ်အသိစိတ်မှာ မပျောက်ကွယ်သေးပေ။ သူမ ထိုအရာကို စဉ်းစားမိသောအခါ ထိတ်လန့်သွားမိသည်။
ထိုလူသည် သေချာပေါက် အလွန်အားကောင်းသည်။ သို့သော် သူသည် အကြောင်းအရင်းမရှိ သေသွားခဲ့ရသည်။ ဆိုလိုသည်မှာ ဤနေရာမှ အန္တရာယ် သည် သူမထင်ထားသည်ထက်ပင် အန္တရာယ်ကြီးနေသည်။
သူမသည် ပတ်ပတ်လည်အား စစ်ဆေးကြည့်လိုက်သည်။ အခန်းတွင် ဘာမှမရှိသည်မှာ သိသာနေသဖြင့် သူမ ထပ်စမ်းစစ်ကြည့်လိုက်သည်။ ဟ,နေ သော နေရာများမရှိသည်မှာ ယန္တရားမရှိသည်ကို ဆိုလိုသည်။
သူမသည် ရှုပ်ထွေးစွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်များသည် တစ်ခုတည်းသော အခေါင်းပေါ်သို့ကျရောက်သွားသည်။
ထိုလူသည် အကြောင်းအရင်းမရှိ သေသွားမည်ဟု သူမ မယုံပေ။ ဤနေရာတွင် ယန္တရားမရှိပါက တစ်ခုတည်းသော အကြောင်းအရင်းမှာ ထို အခေါင်းအတွင်းတွင် ဖုံးကွယ်ထားသော အန္တရာယ်ရှိနိုင်သည်။
ထိုနေရာတွင် ဧကရာဇ်၏ အလောင်းအစစ်ဖြစ်ပါက မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
သူမသည် ရောက်နေသည့်နေရာတွင်ရပ်ကာ တွေဝေနေမိသည်။
မြေပေါ်မှလူသည် အလွန်အားကောင်းသော်လည်း သေဆုံးခြင်းနှင့်သာ အဆုံးသတ်ရသည်။ သူမရော တောင့်ခံနိုင်ပါ့မလား။
စဉ်းစားရန်မလိုအောင်ပင် သူမ အဖြေရသွားသည်။ သေချာပေါက် မရဘူး ပေါ့။
သို့သော် သူမ သည်အထိရောက်လာနေပြီ။ သူမသာ ဧကရာဇ်၏ အသွင် အပြင်ကို မကြည့်ပါက တောင့်ခံစရာမလိုပေ။
ထို့အပြင် သူမ၏ အသိစိတ်သည် အန္တရာယ်မကျနိုင်ဟု ပြောနေသည်။
သူမ ကြည့်သင့်လား။
သူမသည် အတန်ကြာသည်အထိ တုံ့ဆိုင်းနေသော်လည်း ဆုံးဖြတ်ချက် မချနိုင်သေးပေ။ နောက်ဆုံးတွင် သူမသည် မြေပေါ်မှ အရိုးစုကိုကြည့်ပြီး လုပ် ချင်သည့်အရာများ ကျန်နေသေးသည်ကို တွေးမိလိုက်သည်။ သူမသာ ဒီနေရာ မှာသေသွားခဲ့ရင် မတန်ဘူးလေ။ သူမ သိချင်သော်လည်း သူမ၏ အသက် ကလေးကို ကာကွယ်နိုင်ရေးအတွက် မေ့လိုက်သည်က ပိုကောင်းမည်။
မည်သို့ပင်ဖြစ်စေကာမူ ဤနေရာသည် ထွက်ပြေးမည်မဟုတ်ပေ။ သူမ လုပ်ရမည့်အရာများကို ဖြေရှင်းပြီးသည်နှင့် ပိုအားကောင်းလာသည့်အချိန်မှ ပြန်လာလျှင်လည်း နောက်မကျပေ။
သူမ စဉ်းစားပြီးရင်း စဉ်းစားပြီးသည်နှင့် လှည့်ပြီးပြန်ထွက်ရန် ပြင်ဆင် လေသည်။ သို့သော် ရုတ်တရက် အခန်းထဲမှ သက်ပြင်းချသံကို ကြားလိုက်ရ၏။ ထို့နောက်တွင် အခေါင်းအဖုံးသည် ဘေးသို့လွှင့်ပျံသွားပြီး အခေါင်းထဲမှ အလင်း တန်းပျံထွက်လာပြီး သူမကိုတားကာ ပြန်ဆွဲထားလေသည်။
အဖြစ်အပျက်မှာ မြန်ဆန်လွန်းသည်။ အခေါင်းထဲမှ လှုပ်ရှားသံကြား သည်နှင့် သူမ အခေါင်းထဲသို့ ဆွဲခေါ်ခံလိုက်ရသည့် အကြားမှအချိန်သည် အသက်တစ်ရှုစာလောက်သာ ကြာလိုက်သည်။ သူမ၏ခေါင်းသည် အခေါင်း ကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်မိလေသည်။ စွမ်းအင်လှိုင်းတစ်ခုသည် ချက်ချင်း ပင် သူမခန္ဓာကိုယ်ထဲသို့ တဟုန်ထိုးပြေးဝင်လေသည်။
သူမ မေ့မလဲခင်တွင် သူမတွင် အတွေးတစ်ခုသာရှိသည်။ အခေါင်းထဲတွင် ဘာမှမရှိပေ။ အထဲတွင် မည်သူမှရှိမနေပေ။
အချိန်မည်မျှကြာသွားသည်မသိ… သူမသည် တဖြည်းဖြည်းမျက်လုံးဖွင့် ပြီး အခေါင်းကိုတွယ်တက်လိုက်မှပင် အပြင်မှအရိုးစုမရှိတော့သည်ကို တွေ့ လိုက်ရသည်။ ထိုအချိန်တွင် တံခါးပွင့်သွားပြီး ပုံရိပ်တစ်ခုသည် အပြင်မှ လမ်းလျှောက်ဝင်လာသည်။
သူ အားကောင်းသည်မှာ သေချာနေပြီး မျက်နှာအမူအရာမှာလည်း ပျော်ရွှင်နေသည်မှာ သိသာသည်။
သူမ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ထိတ်လန့်မှုပင်ဖြစ်သည်။ ထိုလူဝင် လာနိုင်ပုံကိုတွေးမိသည်နှင့် သူမဖခင်နှင့်တခြားသူများ အန္တရာယ်ကျနေပြီဟု ဆိုလိုနေသည်မဟုတ်ပါလား။ ထို့နောက်တွင် လျင်မြန်စွာပင် ထိုအတွေးမှာ မှားယွင်းနေသည်ဟု သိလိုက်ရသည်။
သူမသည် သူ့ရှေ့တွင် ရပ်နေသော်လည်း သူသည် သူမကိုမြင်ရပုံမပေါ် ပေ။
အရေးအကြီးဆုံးမှာ သူသည် သံချေးတက်နေသော သံချောင်းကိုကိုင် ထားသည်။
“ရှာတွေ့ပြီ ရှာတွေ့ပြီ နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ ငါ မင်းရဲ့ အမွေ ကိုရတာနဲ့ ဧကရာဇ်အဆင့်မတက်ဖို့ကို ဘာကြောက်စရာလိုတော့မှာလဲ အဲအချိန်ကျရင် တိုင်းပြည်ထဲက ဘယ်သူကငါ့ကို ပြိုင်နိုင်ဦးမှာလဲ ဟားဟား”
ထိုလူသည် လှပသောအနာဂတ်ကို မြင်ရသည့်အလား ယုတ်ညံ့စွာဖြင့် ရယ်မောလိုက်သည်။
ထိုအခါမှပင် ရှီမာယူယူသည် ထင်ယောင်ထင်မှားပုံရိပ်ကို ကြည့်နေရ သည်ကို သိလိုက်ရသည်။ ထိုအရာသည် လက်တွေ့လောကမဟုတ်ပေ။
ထိုသည်မှာလည်း မှားနေပြန်သည်။ ထိုမြင်ကွင်းသည် အခန်းထဲတွင် အရင်ကဖြစ်ခဲ့ဖူးသည့် ဖြစ်ရပ်ကိုကြည့်နေရသည်ဟု ခံစားရသည်။ ဖြစ်နိုင်သည် မှာ မြေပြင်မှ အရိုးစုအခန်းထဲသို့ ဝင်လာချိန်ကဖြစ်မည်။
သူမသည် မသိစိတ်မှ အခေါင်းကိုကြည့်မိသည်။ အဖုံးမှာ အခိုင်အမာပင် ဖုံးအုပ်ထားသည်။
ထိုလူသည် အတန်ကြာသည်အထိ ရယ်မောပြီးနောက် အခန်းကို စစ်ဆေးလေသည်။ ထိုနေရာတွင် ယန္တရားမရှိသည်ကို သေချာအောင်လုပ်ပြီး နောက် အခေါင်းကိုခိုးယူရန် အာရုံစိုက်လိုက်သည်။
သူသည် လက်ဆန့်ထုတ်ပြီး အခေါင်းအဖုံးကိုထိကိုင်ပြီး ရေရွတ်လိုက် သည် “မဆိုးဘူး ဧကရာဇ်ချင်းဒေါင် ထာဝရအနားယူနေတဲ့ အခေါင်းက ဒီမှာရှိ တယ်လို့ မြေပုံမှာပြောထားတယ်၊ ဧကရာဇ်ချင်းဒေါင်ရောင်ဝါပါတဲ့ ပစ္စည်း တစ်ခုခုယူလာရင် ဒီအခန်းကိုဝင်နိုင်တယ်လို့ပြောကြတာ တကယ်ပဲအတု မဟုတ်ဘူးပဲ”
ရှီမာယူယူ မှင်တက်မိသွားသည်။ ဒါတကယ်ပဲ ဧကရာဇ်ချင်းဒေါင်ရဲ့ သင်္ချိုင်းဂူလား။
မဟုတ်သေးဘူး။ သူမ မေ့မလဲခင်က အခေါင်းထဲမှာ ဘယ်သူမှမရှိတာကို အသေအချာကြီးမြင်လိုက်ရတာပဲ။ ဒီအတိုင်းဘာမှမရှိတဲ့ အခေါင်းကြီးလေ။ အထဲမှာ ဧကရာဇ်ချင်းဒေါင် မရှိပါဘူး။
ထိုလူပြောသလိုပင် ဧကရာဇ်ချင်းဒေါင်၏ ရောင်ဝါပါရှိသည့်ပစ္စည်းတစ် ခုခုပိုင်ဆိုင်ထားလျှင် ဝင်နိုင်သည်ဆိုသည်မှာ ဤနေရာသည် ဧကရာဇ် ချင်းဒေါင်နှင့် ပတ်သတ်မှုရှိသည်ဟု ဆိုလိုသည်။ မဟုတ်လျှင် သူကိုယ်တိုင် ပြုလုပ်ထားသည့် သင်္ချိုင်းဂူအတုလည်းဖြစ်နိုင်သည်။
သူမ စဉ်းစားနေသည့်အချိန်တွင်ပင် ထိုလူသည် အခေါင်းအဖုံးကို တွန်း ဖွင့်ပြီးလေသည်။ အထဲတွင် ဘာမှရှိမနေသည်ကို ထိုလူမြင်သောအခါ တအံ့တဩ အော်လေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဗလာကျင်းနေသော အခေါင်းကိုမြင်သည်နှင့် အခေါင်းအဖုံးကို လွှင့်ပစ် လိုက်လေသည်။ သူသည် အားများစွာသုံးလိုက်သဖြင့် သာမာန်ကျောက်တုံး သာဆိုပါက ကွဲကြေသွားမည်ဖြစ်သည်။ သို့သော် အခေါင်း၏ကျောက်အဖုံးမှာ လုံးဝဘာမှမဖြစ်ပေ။
“သင်္ချိုင်းအတုကြီး… သင်္ချိုင်းအတုကြီး… ငါ ဒီလောက်အားထုတ်ထား တာတောင် အတုနဲ့လာတွေ့နေတယ်”
သူသည် အခေါင်းကိုဆုပ်ကိုင်ပြီး အဆက်မပြတ် တုန်ယင်လေသည်။ သူ ဒေါသထွက်နေပုံကို ရှီမာယူယူ မြင်သောအခါ စိတ်ပျက်မိလေသည်။
ထိုအချိန်တွင် အခေါင်းထဲမှ ရုတ်တရက် လှုပ်ရှားမှုရှိလာသည်…
***