#အထွတ်အထိပ်အဆင့်သို့ လမ်းကြောင်း#
Vol. 64 Ch. 907
ရှီရှန်း၏ ဇွဲလုံ့လက လူတိုင်း၏ စိတ်ကူးထင်ပင် သာလွန်နေသည်။
ယနေ့တွင်လည်း ရှီရှန်း၏ နာကျင်တကြီး အော်သံများက ကောင်းကင်ဖိနှိပ်စေတီကနေ ထွက်လာသည်။
သို့သော်ငြားလည်း အကူအညီအတောင်းသံ မရှိသေးပါ။
စေတီထဲက လူသားဘိုးဘေး အကြွင်းအကျန်ဝိဉာဥ်လေးခုပင်လျှင် အတော်လေး အံ့ဩသင့်နေကြသည်။
"ဒီနာကျင်မှုအဆင့်က သူ့ရုပ်ခန္ဓာရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်နေပြီအလား"
"ဟုတ်တယ်၊ သူ့ထက်တောင် ကျော်လွန်နေပြီ"
"ဒါ့အပြင် ဒါကသာမန်ဝေဒနာခံစားရတာမျိုး မဟုတ်ဘူး၊ သူ့ဝိဉာဉ်ကို နတ်ဆိုးချီ သိမ်းပိုက်သွားမယ့် အန္တရာယ်ကိုလည်း သည်းခံဖို့ လိုအပ်တယ်၊ ဒီကလေးက မဆိုးဘူးဘဲ"
လူသားဘိုးဘေးများ၏ ယခုလိုချီးကျူးခြင်းကို ခံခဲ့ရသည့်လူများက ငါးဦးထက်မပိုပါ။
သူတို့အဆင့်နှင့်အတွေ့အကြူံများအရ လူသားသဘာ၀ဖြစ်ရုံမျှနှင့် သူတို့ကို တခြားသူများကို ဟန်ဆောင်ချီးမွမ်းမည်မဟုတ်။ အကြောင်းရင်းက ဒါက မလိုအပ်သောကြောင့်ပင်။
ထိုအချိန်တွင် ရှီရှန်းကိုယ်ထဲ၌ သူ့ခြေလက်အင်္ဂါများနှင့် အရိုးများက နတ်ဆိုးအော်ရာကြောင့် လုံး၀တိုက်စားခံနေရပြီဖြစ်သည်။
နတ်ဆိုးအော်ရာ၏ တိုက်စားမှုအောက်တွင် သူ့တွင် မိစ္ဆာအတွေးများရှိလာသည်။
ငါဘာလို့ကျင့်ကြံခဲ့ရတာလဲ!
ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ!
ရှီရှန်းနှလုံးသားထဲတွင် ဒါက သူ့မိဘများကို ကာကွယ်ရန်ဖြစ်ပြီး သူတို့ကို သာမန်လူများအဖြစ် ထာ၀ရ အသက်ရှင်နေထိုင်နိုင်စေရန်ဖြစ်သည်။
ဒီအတွေးက နတ်ဆိုးအော်ရာကြောင့် တဖြည်းဖြည်းညစ်ထေးလာသည်။
မသေမျိုးဆိုတာဘာလဲ!
ငါဘာလို့ထာ၀ရရှင်သန်ချင်ရတာလဲ!
ငါထာ၀ရရှင်သန်ရင်ရော ပိုကောင်းမှာလား!
ငါ့အသက်ထက် အဆထောင်ချီပိုခက်ခဲတဲ့ ဒီလမ်းကို ငါဘာလို့ လျှောက်ခဲ့ရတာလဲ!
ဒီအော်သံများအကြားတွင် ရှီရှန်း၏ ကြည်လင်နေသည့်မျက်လုံးများက နတ်ဆိုးနက်အော်ရာကြောင့် ဖြည်းဖြည်းချင်း တိုက်စားခံနေရသည်။
လူသားဘိုးဘေးအကြွင်းအကျန်ဝိဉာဉ် လေးခုစလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။
"ကြည့်ရတာ...ဒါလုပ်မဖြစ်သေးပုံပဲ"
"ဘာပဲဆိုဆို နတ်ဆိုးအော်ရာက အရမ်းများလွန်းတယ်လေ၊ ဒီလိုသာဆက်ဖြစ်နေရင် သူ မိစ္ဆာအတွေးတွေကြောင့် ဝါးမြိုခံရပြီး နတ်ဆိုးနယ်မြေက အဖွဲ့၀င်တစ်ယောက် ဖြစ်လာမှာကို ငါကြောက်နေမိတယ်"
"ငါတို့ သူ့ကို အတင်းဆွဲထုတ်သင့်လား"
"အရင်ဆုံးစောင့်ကြည့်ကြရအောင်..."
ကောင်းကင်ဖိနှိပ်စေတီအပြင်ဘက်တွင် လုချန်ရှန်း စေတီထဲက ရှီရှန်းအခြေအနေကို စောင့်ကြည်ရန်အတွက် ကောင်းကင်အကဲခတ်မျက်လုံးကို သုံးထားသည်။
လုချန်ရှန်း ဒီမြင်ကွင်းကိုမြင်သောအခါ သူ့ကို ဆွဲထုတ်ပစ်ချင်သည်။
သို့စေကာမူ ရှီရှန်းမျက်လုံးထဲတွင် နတ်ဆိုးအော်ရာက သူ့မျက်သူငယ်အိမ်တစ်၀က်ခန့်ကို တိုက်စားခဲ့သော်လည်း ထပ်ပြီး တိုက်စားချင်သောအခါ ၎င်းကိုဆန့်ကျင်တိုက်ခိုက်နေသည့် မမြင်ရသည့်အားတစ်ခုရှိနေသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်း နောက်ဆုံးတွင် ရှီရှန်းကို ကယ်တင်ရန်အတွက် တွေးနေတာကို ရပ်လိုက်သည်။
အကယ်၍ ရှီရှန်းသာ ဒါကနေ ကိုယ်တိုင် ရှင်သန်အောင် လုပ်နိုင်ပါက ဒီအဆင့်ကို ဖြတ်ကျော်ပြီးနောက် ရှီရှန်း နောက်ထပ်ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ရပေလိမ့်မည်။
.....
အသက်ရှည်ခြင်းလား!
ဟာသပဲ!
ဒီကျင့်ကြံခြင်းကမ္ဘာ၌ အားကြီးသူက အားနည်းသူကို အမဲလိုက်သည်။ သူ့ကိုယ်သူ အရင်ဆုံးကာကွယ်ရမည်။ အကယ်၍ သူသာ ယခုလိုအဓိပ္ပာယ်မဲ့သည့် အရာများကို စိုးရိမ်နေပါက အမြင့်ဆုံးအဆင့်ကို ရောက်ရန်အတွက် သူဘယ်လိုလုပ် ပြောနိုင်တော့မည်နည်း။
အနက်ရောင်ဓာတ်ငွေ့များနှင့် ညစ်ထေးနေသည့် လူငယ်လေးက ရှီရှန်း၏ အသိစိတ်ထဲတွင် ပြောနေသည်။
ရှီရှန်း ဒီစက်ဆုပ်စရာကောင်းသည့်လူကို ကြည့်ပြီး မည်းမှောင်သည့် အမူအရာဖြင့် ပြောသည်။
"ဒါက ငါ့ကျင့်ကြံခြင်းလမ်းကြောင်းရဲ့ ပန်းတိုင်ပဲ၊ တကယ်လို့ ငါ့ရဲ့မူလရည်ရွယ်ချက်ကို ငါမေ့သွားမယ်ဆိုရင် ကျင့်ကြံခြင်းဆိုတာကို ငါဘယ်လိုလုပ် ပြောနိုင်တော့မှာလဲ"
ညစ်ထေးနေသည့် လူငယ်လေးက နှာခေါင်းရှုံ့သည်။
"အမြင့်ဆုံးအဆင့်မှာ ရပ်နေတဲ့သူတွေကို ကြည့်လိုက်၊ ဥပမာပြောရရင် ဒီလူစားဘိုးဘေးတွေထဲက ဘယ်သူကများ အလောင်းတောင်တွေနဲ့ သွေးပင်လယ်ကို မဖြတ်ဘဲ ကြီးပြင်းလာခဲ့ဖူးတာ ရှိလို့လဲ"
"အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်ရဲ့ မွေးဖွားမှုက အမြဲလိုလို ကံတရားနဲ့ မရေမတွက်နိုင်လောက်တဲ့ လူတွေရဲ့ အသက်တွေကနေ တက်လှမ်းရတယ်"
"သူတို့အဆင့်မှာ ဘာကိုစိုးရိမ်ပူပန်ဖို့ လိုတော့လို့လဲ၊ အပူအပန်မရှိတဲ့ အဆင့်ကို ရောက်တဲ့အခါကြမှ ထိပ်ဆုံးကိုရောက်နိုင်မယ်"
ရှီရှန်း ဝိရောဓိဖြစ်နေပုံရသည်။
ထိုအချိန်မှာပင် နတ်ဆိုးချီက သူ့ကို ထပ်ပြီး စွန်းထင်းအောင် လုပ်သည်။
"ဒါပေမယ့်..... အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အခါ မိသားစု ဒါမှမဟုတ် မိတ်ဆွေကောင်းတွေမရှိဘူးဆိုရင် နည်းနည်းအထီးကျန်ဆန်တယ်မလား"
ညစ်ထေးနေသည့် လူငယ်လေးက မထီမဲ့မြင်ပြုံးသည်။
"အထွတ်အထိပ်အဆင့်သို့လမ်းကြောင်းက အစကတည်းက အထီးကျန်ဆန်တယ်၊ ဒါ့အပြင် မင်းအမြင့်ဆုံးကို တက်လှမ်းနိုင်ရန် ဘာလိုအပ်တော့လို့လဲ"
"လာပါ၊ တုံ့ဆိုင်းမနေပါနဲ့တော့၊ ရိုးရာအယူအဆတွေနဲ့ ချည်နှောင်ထားတဲ့ မင်းဝိဉာဉ်ကို လက်လွှတ်ပြီး ငါတို့နဲ့ ပူးပေါင်းလိုက်ပါ၊ မင်းရဲ့အလားအလာနဲ့ ပါရမီအရဆိုရင် မင်းအမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ပြီး အရာရာတိုင်းကို ပိုင်ဆိုင်နိုင်မှာပါ"
အမြင့်ဆုံးအဆင့်ကို တက်လှမ်းဖို့လား!
အရာရာတိုင်းကို ပိုင်ဆိုင်ဖို့လား!
ရှီရှန်းဒီစကားလုံးများကို ထပ်ခါတလဲလဲ ရေရွတ်နေစဉ် သူ့မျက်လုံးများထဲမှ ရှုပ်ထွေးမှုက ပို၍ပင် ပြင်းထန်လာသည်။
ဒါက ဒီမြင်ကွင်းက ရှီရှန်း၏ စိတ်ထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည့်အလား။
တောင်ထိပ်တွင်ရပ်နေသည့် လူတစ်ယောက်က ပြိုင်ဘက်ကင်းသည်။ ကောင်းကင်ဘုံတာအို၏ ပြန်လည်မွေးဖွားမှုကပင် သူ့အသက်ကို မယူနိုင်ပေ။
ညစ်ထေးသည့်လူငယ်လေးက ဒီမြင်ကွင်းကို မြင်သောအခါ သူ့ပါးစပ်ထောင့်စွန်းက ဆိုးယုတ်သည့် အပြုံးနှင့်အတူ ကွေးညွတ်သွားခဲ့သည်။
"မှန်တယ်၊ ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီနဲ့ ငါတို့အကူအညီနဲ့ဆိုရင် မင်းဘယ်အရာကိုမဆို အလွယ်တကူ ရနိုင်မှာပဲလေ၊ ဘာလို့တခြားသူတွေကို ဂရုစိုက်ဖို့ လိုနေဦးမှာလဲ"
ရှီရှန်း စိတ်ရှုပ်ထွေးစွာ ခေါင်းမော့လိုက်သည်။ လက်ရှိသူက သူ့ကိုယ်ထဲက အဆုံးမဲ့နာကျင်မှုကို မေ့လျော့သွားပုံရပြီး နောက်ထပ် အော်ဟစ်သံမရှိတော့ဘဲ ရှေ့ကိုသာ ငိုက်လျက်သား စိုက်ကြည့်နေသည်။
လူသားဘိုးဘေးလေးဦး ဒါကိုမြင်သောအခါ ဆိုးရွားသည့်ခံစားချက်တစ်ခုကို ရလာကြသည်။
"တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားကြ"
"အင်း၊ ဒီလိုသာဆက်ဖြစ်နေရင် ဒါက တကယ်ပြန်ပြောင်းလို့ မရလောက်တော့ဘူး"
"ဟူး၊ ၀မ်းနည်းစရာပဲ၊ သူသာ ဒါကို ခံနိုင်ရည်ရှိခဲ့မယ်ဆိုရင် ငါတို့ထက်သာလွန်သွားမှာ အသေအချာပဲ"
"အဲဒီအချိန်က ငါတို့တောင်မှ သူ့နယ်ပယ်မှာ ဒီလိုအရာမျိုးကို မလုပ်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ"
သူတို့ဒါကို တွေးနေစဉ်မှာပင် ရှီရှန်း၏ စိတ်ရှုပ်ထွေးနေသည့်မျက်လုံးများက လှုပ်ရှားလာကြပုံရသည်။
သူ့အသိစိတ်ထဲတွင် အမြင့်ဆုံးကိုရောက်ခဲ့သည့်သူက ဘေးပတ်လည်ကို ကြည့်လိုက်၏။
မကြုံစဖူးသော အထီးကျန်ဆန်မှုနှင့် ၀မ်းနည်းမှုခံစားချက်က သူ့အား လွှမ်းမိုးလာသည်။
သူ့မိဘများက အသက်အရွယ်ကြီးရင့်သဖြင့် သေဆုံးသွားကြလေပြီ။
ဆရာနှင့်အတူ စံအိမ်တော်က စီနီယာအစ်ကိုအစ်မများနှင့် ဂျူနီယာများက သူ့ဘေးတွင် မရှိကြတော့ပါ။
အောက်သို့ ငုံ့ကြည့်လိုက်သောအခါ တောင်ပုံပမာအလောင်းများနှင့် သွေးပင်လယ်များသာရှိသည်။
ဒါကတကယ်ပဲ ငါလိုချင်တဲ့အရာလား!
ရှီရှန်း၏မျက်လုံးများက လှုပ်ရှားသွားပြီး အသက်မဲ့နေသည့်မျက်လုံးများက ယခုအခိုက်အတန့်၌ တောက်ပလာပုံရသည်။
ညစ်ထေးသည့် လူငယ်လေး၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
ရှီရှန်း၏မျက်လုံးများက ပိုပို၍ပင် ကြည်လင်လာသဘ်။
မှန်တယ်၊ ငါ့ရဲ့မူလရည်ရွယ်ချက်က ငါ့မိဘတွေကို ငါ့ဘေးမှာ ကြာကြာနေနိုင်ဖို့အတွက် နည်းလမ်းတစ်ခုရှာဖို့မလား!
ဒါက သူတို့ကို ပြန်လည်မွေးဖွားခြင်းနိယာမရဲ့ သက်ရောက်ခံရခြင်းကနေ ကာကွယ်တားဆီးပေးဖို့ပဲမလား!
ငါသာ မူလရည်ရွယ်ချက်ကို မေ့လျော့ပြီး အမြင့်ဆုံးအဆင့်ကို ရောက်သွားမယ်ဆိုရင် ဒီလိုအထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရတာက ဘာအသုံး၀င်တော့လို့လဲ!
ရှီရှန်း ယခုလိုအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက် မဖြစ်ချင်ပါ။
သူသာ အမြင့်ဆုံးအဆင့်ကို တစ်ယောက်တည်း ရောက်နိုင်ခဲ့ပါက အမြင့်ဆုံးအဆင့်ကို ရောက်တာက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
ထိုကဲ့သို့ အသက်ရှည်မှုက ဘာအကျိုးရှိသနည်း။
တစ်ချိန်တည်းမှာပင် ဒါက သေခြင်းတရားထက် ပိုဆိုးရွားသည် မဟုတ်ပေလော။
ဒါကို တွေးမိသောအခါ ရှီရှန်းနောက်ထပ် စိတ်ရှုပ်ထွေးနေခြင်း မရှိတော့ပါ။ သူ့နှလုံးသားထဲက အမှောင်ထုက ဒီတဒင်္ဂမှာပင် ပျောက်ကွယ်သွားပုံရသည်။
ကြယ်တာယာကောင်းကင်ဒန်တျန်၌ အဆုံးမဲ့ကြယ်ရောင်များက ဘက်ပေါင်းစုံ၌ စတင်ပွင့်လန်းလာခဲ့သည်။
ထို့နောက် တန်ပြန်တိုက်ခိုက်ရန်အတွက် မြည်ဟီးကာ နတ်ဆိုးအော်ရာအားလုံးကို တွန်းထုတ်ပစ်သည်။
လူသားဘိုးဘေး အကြွင်းအကျန်ဝိဉာဉ်လေးဦးက ကြင်နာသည့်အပြုံးများကို ပြသလိုက်ကြ၏။
"ဒီကလေးက အံ့ဩစရာပဲ၊ သူတကယ် အံ့ဩဖို့ကောင်းတယ်"
"သူ့အနာဂတ်အောင်မြင်မှုတွေက သေချာပေါက် ငါတို့လူအိုကြီးတွေထက် သာလွန်သွားလိမ့်မယ်"
"ဟားဟား၊ အနာဂတ်မှာ ဘယ်အရာကမှ သူ့တာအိုနှလုံးသားကို လှုပ်ခတ်နိုင်မှာ မဟုတ်တော့ဘူး"
တာအိုနှလုံးသားက ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အခြေခံအုတ်မြစ်မရှိဘဲ အဆောက်အအုံမြင့်တစ်ခုကို ဘယ်လိုတည်ဆောက်မည်နည်း။
စေတီအပြင်တွင် လုချန်ရှန်း အရာအားလုံးကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောသည်။
"ဒီကောင်စုတ်လေးက....တငယ်ပဲ ငါ့တပည့်ပဲ"
အပိုင်း(908) coming။