#မလိုပါဘူး၊ သူတို့စိတ်မ၀င်စားကြဘူး#
Vol. 64 Ch. 908
အနက်ရောင်ကောင်းကင်၊ သွေးရောင်မြေကြီးရှိ မကောင်းဆိုးဝါးဝိဉာဉ်များ၏ ပြင်းထန်သည့် ဟစ်ကြွေးသံများနှင့် ပြည့်နှက်နေသော ဆွေ့မြေ့ကာ လူသူကင်းမဲ့နေသည့် နတ်ဆိုးနယ်မြေဒေသ၌ အနက်ရောင်နန်းတော်တစ်ခုကနေ မည်းမှောင်သည့် အသံတစ်ချို့ထွက်လာသည်။
"ကောင်းကင်ဖိနှိပ်စေတီက အမွေဆက်ခဲနေတုန်းလား"
"မှန်ပါတယ်၊ အဲဒီကလေးရဲ့တာအိုနှလုံးသားက အရမ်းခိုင်ခံ့ပါတယ်၊ နတ်ဆိုးချီအများကြီး ရှိနေတာတောင် လုံး၀မလှုပ်ခတ်နိုင်ခဲ့ပါဘူး"
"နတ်ဆိုးနက်နဂါးကလည်း ကျသွားပြီ၊ ဒါပေမယ့် သူ့ရဲ့ရုပ်ပိုင်းခန္ဓာက အသုံး၀င်နေဆဲပဲ၊ ဒါကိုပြန်ယူကြတာပေါ့"
"ငါတို့အရှိန်မြှင့်သင့်တယ်...."
....
နတ်ဆိုးချီက လုံး၀ပြန့်သွားခဲ့သည်။
ထို့နောက်တွင် ရှီရှန်းအဖို့ ကောင်းကင်ဖိနှိပ်စေတီနှင့် ဆက်သွယ်မှုတစ်ခုရယူရန်ဟူသည် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။
လုချန်ရှန်း နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
ဟွမ်ချင်းမေးသည်။
"သူအောင်မြင်သွားပြီလား"
လုချန်ရှန်းအပြုံးဖြင့် ခေါင်းညိတ်သည်။
"အဲဒါက အောင်မြင်မှုတစ်ခုပဲ"
လုချန်ရှန်း၏အတည်ပြုချက်ကို ကြားရသောအခါ လျိုကျယုကလည်း ချီးကျူးသည်။
"ဒီလိုအခြေအနေမျိုးမှာတောင် သူအောင်မြင်နိုင်တယ်၊ ရှီရှန်းက တကယ်ကို ထူးခြားတာပဲ"
သို့စေကာမူ ပြန်စဉ်းစားကြည့်သောအခါတွင်မူ စီနီယာလု၏တပည့်များက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မည်နည်း။
ဒါကိုတွေးမိသောအခါ လျိုကျိယု ဆွံအသွားရသည်။
ဒီတပည့်အားလုံးက အတော်လေးပုံမှန်မဟုတ်ပေ။ အနာဂတ်တွင် တခြားဂိုဏ်းများ ဘယ်လိုကစားနိုင်တော့မည်နည်း။
အမှောင်ပိုင်နက်နှင့် လျိုမိသားစုက သူတို့ကို ရန်မစမိစေရန်အတွက်သာ သူမျှော်လင့်နိုင်တော့သည်။
မဟုတ်ဘူး၊ အချိန်ကျလာတဲ့အခါကျရင် ငါသူတို့ကို သတိပေးရမယ်!
ဒီလိုလူမျိုးများနှင့် သူတို့မိတ်ဆွေသာဖွဲ့၍ ရပြီး ရန်စစော်ကား၍မရပေ။
"ကောင်းပြီ၊ ပတ်၀န်းကျင်ကို အာရုံစိုက်ထားကြ၊ နတ်ဆိုးနယ်မြေရဲ့ အကြွင်းအကျန်တွေကို ဒီအခွင့်အလမ်းကို အသုံးချခွင့်မပေးကြနဲ့"
....
ဒီသုံးရက်အတွင်း နတ်ဆိုးနယ်မြေမှ လူများက သူတို့အားထပ်မံနှောင့်ယှက်ရန် မပေါ်ပေါက်လာခဲ့ကြပါ။
ရှီရှန်းကလည်း ကောင်းကင်ဖိနှိပ်စေတီနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည်။
လူသားဘိုးဘေးလေးဦး၏ အကြွင်းအကျန်ဝိဉာဉ်များက အများကြီးမပြောဘဲ ရှီရှန်းကို စေတီက နတ်ဆိုးနယ်မြေကို ဖိနှိပ်နေသည့်တိုင် ကောင်းကင်ဖိနှိပ်စေတီကို နားလည်အောင် လုပ်ရန်အတွက်သာ ပြောခဲ့သည်။
သို့စေကာမူ ချန်ထားခဲ့သည့် တာအိုအပျက်အစီးများနှင့် ခြေရာများကလည်း သူ့ကို ကူညီနိုင်လောက်သည်။
ရှီရှန်း သူတို့ကို လေးစားစွာဦးညွတ်ပြီးနောက် ကောင်းကင်ဖိနှိပ်စေတီက ထွက်ပြီး လုချန်ရှန်းဘေးကို ရောက်လာသည်။
"ပြီးပြီလား"
ရှီရှန်းပြုံးရင်းခေါင်းညိတ်သည်။
"ကျွန်တော်ဆရာ့ကို စိတ်မပျက်စေခဲ့ပါဘူး"
ဒီတစ်ကြိမ်တွင် လုချန်ရှန်း ချီးမွမ်းရာ၌ ကပ်စေးနှဲမနေတော့ပါ။
"မင်းငါ့ကို အရှက်မရစေခဲ့ဘူးဘဲ"
ထို့နောက် သူအင်မော်တယ်နယ်မြေ၀င်ပေါက်ကို ကြည့်လိုက်သည်။
မူလက နတ်ဆိုးချီ၏ သိမ်းပိုက်ခြင်းကို ခံထားရသည့် ၀င်ပေါက်က ယခုတွင်မူ မူလ အခြေအနေကို ပြန်ရောက်သွားလေပြီ။
နတ်ဆိုးအော်ရာကလည်း အောက်က အဆုံးမဲ့အသူရာချောက်သို့ ပြန်ရောက်သွားသည်။
အပြင်ပန်းအရကြည့်မည်ဆိုပါက သူအချိန်အများကြီး ၀ယ်ယူနိုင်ခဲ့သည်။
သို့စေကာမူ သူပေါ့ဆ၍မရသေးပါ။
လုချန်ရှန်းလှည့်ကာပြောသည်။
"ကောင်းပြီ၊ အဲဒီမျိုးမစစ်လေးတွေ ဘာဖြစ်နေသလဲဆိုတာ သွားကြည့်ကြရအောင်"
ထို့နောက် သူဖင်းယန်ချိုင့်ဝှမ်းရှိရာဘက်သို့ ပြေးလွှားသွားလေတော့သည်။
.....
အင်မော်တယ်ဧကရာဇ်နန်းတော်တွင် အင်မော်တယ်ဧကရာဇ်၏အကြည့်က အင်မော်တယ်နယ်မြေ၀င်ပေါက်သို့ ကျရောက်လာသည်။
ဒီမြင်ကွင်းကိုမြင်ပြီးနောက် သူအပြုံးဖြင့် ခေါင်းခါယမ်းသည်။
"သူဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ ငါတကယ်သိချင်မိတယ်၊ သူတကယ်ပဲ လူသားဘိုးဘေးတွေရဲ့ရင်းမြစ်ကို ပြန်လည်အားဖြည့်နိုင်ခဲ့တယ်"
"ဒါကငါတို့အတွက် သုံးနှစ်လောက် အချိန်ရနိုင်ခဲ့သလို အသက်ရှူဖို့ နေရာတစ်ချို့လည်းပေးခဲ့တယ်"
ထို့နောက် အင်မော်တယ်ဧကရာဇ် အရှေ့ဘက်သို့ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ဒါပေမယ့် အခုအဲဒီနေရာပို ဖွင့်ဖို့အတွက် အချိန်ကျလာပြီ၊ ဟုတ်တယ်မလား"
.....
ဖင်းယန်ချိုင့်ဝှမ်းတွင် လုချန်ရှန်း ရှီရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့နှင့်အတူ ပြန်လာခဲ့သည်။
ဒီကာလအတောအတွင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဖင်းယန်ချိုင့်ဝှမ်းက တပည့်များနှင့် အဆက်မပြတ် ယှဉ်ပြိုင်ရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ကြသည်။
ရှောင်ဟိုင်တစ်ရက်အတွင်း ပြန်သက်သာလာပြီးနောက် နောက်ထပ်ပျင်းရိမနေဘဲ သူ့ကို တဖက်သတ်ထပ်မံနှိပ်စက်စေရန်အတွက် ဖင်းယန်အား သွားရှာသည်။
ဒီရက်များအတွင်း ဖင်းယန်ချိုင့်ဝှမ်း၏ တပည့်များက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်ဟု ဆို၍ရသည်။
သူတို့က အဆင့်တူတွင် လုံး၀အနိုင်မယူနိုင်ကြပါ။
သူတို့ထက် ကျင့်ကြံခြင်းနယ်ပယ်ပိုမြင့်သည့် တပည့်များပင်လျှင် ထိုသို့လုပ်ဆောင်ရန် မတတ်နိုင်ကြပေ။ သူတို့တိုက်ခိုက်ခဲ့လျှင်ပင် သတင်းစကားများထွက်လာပါက အရမ်းကောင်းမည်မဟုတ်။
မင်းတို့က အင်မော်တယ်နယ်မြေက တပည့်တွေလေ၊ မင်းတို့နယ်ပယ်က သူတို့ထက်မြင့်သလို မင်းတို့နောက်ခံကလည်း သူတို့ထက်ပိုအားကောင်းတယ်၊ ဒါတောင်မှ သူတို့ဆီက အရိုက်ခံရတာသာ ထွက်လာခဲ့မယ်ဆိုရင် မင်းတို့က လူရွှင်တော်တွေနဲ့ တူမနေဘူးလား!
ရလဒ်အဖြစ် နယ်ပယ်တူက တပည့်များက ဆိုးရွားစွာ အရိုက်ခံရသည်။
အကြီးအကဲများကို သူတို့အစီရင်ခံတင်ပြသော်လည်း အကြီးအကဲများ၏ တုံ့ပြန်မှုက အတော်လေးမရေရာလှပေ။ သူက တိုက်ရိုက်အဖြေတစ်ခု မပေးခဲ့ပါ။
သူသိသည့် အနည်းငယ်မျှသောအရာက ချိုင့်ဝှမ်းသခင်က သူတို့ကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား စိန်ခေါ်ခြင်းကနေ မတားဆီးရန်အတွက် ပြောဆိုထားခြင်းပင်။
ဒါက ဖင်းယန်ချိုင့်ဝှမ်းတပည့်များအတွက် လေ့ကျင့်ရေးပုံစံတစ်ခုလည်းဖြစ်သည်။
တပည့်များ၏ အခြေအနေရပ်ကို လေ့လာပြီးနောက် လုချန်ရှန်း ဖန်ချန်း၏ခြံ၀င်းထဲသို့ ရောက်လာသည်။
အစက ဖန်ချန်း လုချန်ရှန်း သူ့ထံ လျှောက်လာတာကို သတိမထားမိဘဲ ယင်းအစား မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်ထဲတွင် သူ့ကိုယ်သူနစ်မြှုပ်ထားသည်။
အခင်းအကျင်းအစီအရင်များက ဖန်ချန်း တစ်ခါမှ ခြေမချခဲ့ဖူးသည့် ပိုင်နက်တစ်ခုပင်။
သို့စေကာမူ သူအစီအရင်များကို စတင်လေ့လာသောအခါ ရှင်းပြ၍မရနိုင်သည့် ရင်းနှီးမှုခံစားချက်တစ်ခုကို ခံစားရသည်။
ဖန်ချန်းထရပ်လိုက်စဉ် သူ့ကိုယ်ခန္ဓာ မျက်နှာပြင်၌ ငွေရောင်အလင်းတစ်ခု စတင်လင်း၀င်းလာသည်။
ဂရုတစိုက်အာရုံခံကြည့်မည်ဆိုပါက ငွေအလင်းထဲကနေ အစီအရင်အော်ရာကို ခံစားနိုင်ပေသည်။
အစီအရင်အော်ရာက လူတစ်ယောက်၏ ကိုယ်ထဲတွင် အမှန်တကယ် တည်ရှိနေသည်မှာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
ဒါကလည်း မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာနည်းစနစ်ကို ထူးခြားစေသည်။
ဒါက ဖန်ချန်း မြင့်မြတ်အစီအရင် အကျဉ်းထောင်ခန္ဓာနည်းစနစ်၏ ပထမအဆင့်ဖြစ်သည့် ငွေအရေပြားအဆင့်ကို တက်လှမ်းသွားပြီဟု ဆိုလိုနေခြင်းပင်။
သူဒီလောက်မြန်မြန် အဆင့်ချိုးဖျက်နိုင်သည့်အကြောင်းရင်းက အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်သည်။
ဖန်ချန်း၏ကိုယ်၌ ငွေအလင်းတစ်ခု လင်း၀င်းသွား၏။
တစ်ချိန်တည်းမှာပင် ငွေအလင်း၏ ပုံစံကွက်က မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်မှ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အမှန်တကယ်ဆင်တူသည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အော်ရာတစ်ခုက ဖန်ချန်းကိုယ်ကနေ ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် ဖန်ချန်းရှေ့သို့ ညွှန်ပြလိုင်စဉ် မီးခိုးရောင်အလင်းတန်းတစ်စင်း ပြေးထွက်သွားပြီး သူ့ရှေ့က မီးတောက်နီကျောက်တုံးနံရံကို အပေါက်တစ်ပေါက် ဖောက်ပစ်သည်။
အပေါက်က အက်ကြောင်းတစ်ခုလေးမျှပင် မရှိဘဲ အတော်လေးချောမွေ့နေသည်။
ဒီမီးတောက်နီကျောက်နံရံက သာမန်ပစ္စည်းများနှင့် လုပ်ထားခြင်းမဟုတ်။
ဒီမြင်ကွင်းကိုမြင်သောအခါ ဖန်ချန်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ အံ့ဩသင့်နေသည့်အပြုံးတစ်ပွင့်က သူ့မျက်နှာထက်တွင် ပေါ်လာသော်လည်း ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး လေးနက်သွားသည်။
"ငါနီးတောင်မနီးစပ်သေးဘူး"
ထိုအချိန်တွင် လုချန်ရှန်းပြောသည်။
"တစ်ကြိမ်မှာတစ်ဆင့်ပဲ၊ မင်းအလျင်လိုနေရင် အဝေးကြီးသွားနိုင်မှာမဟုတ်ဘူး"
ကြက်သေသေသွားပြီးနောက် ဖန်ချန်းတစ်ဘက်သို့ လှည့်လိုက်ကာ လုချန်ရှန်းအား ကြည့်ပြီး အလျင်အမြန်လက်ဆုပ်သည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါဆရာ"
လုချန်ရှန်းအကူအညီမဲ့စွာပြောသည်။
"ငါနဲ့ဒီလိုဂိမ်းမျိုးမဆော့နဲ့၊ စိတ်လျှော့ထား"
ဖန်ချန်းခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဒါဆိုမင်းတို့ ငါတို့ဘက်အကြောင်း အရင်ဆုံးပြောပြမယ်"
ဖန်ချန်းအရင်က သူတို့နှင့်အတူ သေမျိုးနယ်မြေကို ပြန်လိုက်မည်ဟု ပြောဖူးသည်။
ထို့ကြောင့် ဖန်ချန်းကို သေမျိုးနယ်မြေနှင့် ပတ်သက်သည့် အရာတစ်ချိုဘကို ပြောပြရန် လိုအပ်သည်ဟု လုချန်ရှန်းခံစားမိသည်။
အဆင့်နိမ့်ကြယ်နယ်မြေ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ အဆင့်မြင့်ကြယ်နယ်မြေ၊ ယခုအချိန်တွင် တစ်ဘက်က ဒုက္ခပေးမှာကို သူကြောက်စရာမလိုသော်လည်း သူတို့ကို ရန်စရန်အတွက် ပဏာမခြေလှမ်းတော့ လှမ်း၍မရပေ။
အပေါ်ယံ၌ သူတိူ့က သူ့လောက် အားမကောင်းတာကို လုချန်ရှန်းသိပါသည်။
သို့စေကာမူ ဘယ်လိုပုန်းကွယ်နေသည့် ကျွမ်းကျင်သူမျိုး ပါ၀င်လာမလဲဆိုတာကို မည်သူသိမည်နည်း။
လုချန်ရှန်း ဖန်ချန်းကို ရှင်းပြနေစဉ်မှာပင် ချိုင့်ဝှမ်းသခင် ရုတ်တရက် လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။
"စီနီယာလု၊ ခင်ဗျား၊ ဒါမှမဟုတ် ခင်ဗျားတပည့်တွေ သေချာပေါက် စိတ်၀င်စားစေမယ့် အရာတစ်ခုပြောစရာရှိပါတယ်"
လှည့်ပင်မကြည့်ဘဲ လုချန်ရှန်း လက်ဝှေ့ယမ်းလိုက်သည်။
"မလိုပါဘူး၊ သူတို့စိတ်မ၀င်စားဘူး"
အပိုင်း(909) coming။