#အင်မော်တယ်တွေ့ဆုံမှု#
Vol. 64 Ch. 909
???
ချိုင့်ဝှမ်းသခင် စိတ်ရှုပ်ထွေးသွားသည်။
စိတ်....စိတ်မ၀င်စားဘူးလား!
ဒါ့အပြင် ကြည့်မည်ဆိုပါက သူကလုံး၀တုံ့ဆိုင်းမနေခဲ့ပေ။ ယင်းအစား သူက နားလည်မှုလွဲမှာကို ကြောက်နေသည့်အသွင်။ ထိုသို့ပြောလာသောအခါ သူငြင်းဆန်မည်ကိုပင် စောင့်မနေခဲ့။
ဒါက ခင်ဗျားတပည့်တွေအတွက် မကောင်းဘူးလား၊ ဒါက အတွေ့အကြုံရဖို့အတွက် ကြီးမားသည့် မဟာအခွင့်အရေးကြီးလေ!
ချိုင့်ဝှမ်းသခင် လက်အစုံကိုဖြန့်ပြီးမေးသည်။
"စီနီယာ၊ အဲဒီနေရာမှာ ဝင်ခွင့်အကန့်အသတ်ရှိပါတယ်၊ ကျုပ်တို့ဖင်းယန်ချိုင့်ဝှမ်းမှာတောင် ၀င်ခွင့်နှစ်ခုစာပဲရှိတယ်၊ တခြားတတိယတန်းစားဂိုဏ်းတွေတင်မဟုတ်ဘဲ ဒုတိယတန်းစားဂိုဏ်းတွေတောင် ၀င်ခွင့်ရထားတဲ့သူတွေကို စိန်ခေါ်ပြီး အောင်အောင်မြင်မြင်နဲ့ အစားထိုးဖို့လိုတယ်"
"ဒါပေမယ့် အင်မော်တယ်ဧကရာဇ်အရှင်က စီနီယာတပည့်တွေအားလုံးကို တိုက်ရိုက် နေရာတွေပေးခဲ့ပါတယ်"
ထိုနေရာ၌ ချိုင့်ဝှမ်းသခင် နှလုံးသားထဲကနေ ရယ်မောလိုက်မိသည်။ ဒါက လုချန်ရှန်းကို သွေးဆောင်နေတာမလား!
ယခုလိုအခြေအနေများအောက်တွင် ဒီလို၀င်ခွင့်အမျိုးအစားက ရှားပါးသည်။ ခက်ခဲသည့်အခြေအနေများ၌ နေရာထဲသို့ ၀င်ခြင်းက အဖိုးတန်ဆုံးအရာပင်။
အဲဒီ အင်မော်တယ်ဧကရာဇ်ပဲလား!
ဒါကိုကြားသောအခါ လုချန်ရှန်း မျက်မှောင်ကြုတ်သည်။
ချိုင့်ဝှမ်းသခင်ပြောစကားအရဆိုပါက သူတို့က ကျောတံခါးကို ဖွင့်ထားသည့်အလား လေထဲကနေတဆင့် ၀င်ခွင့်နေရာများစွာ ရထားခြင်းဖြစ်သည်။
ဒါဆိုရင် ငါတို့က မီးစွမ်းအားကို ဆွဲဆောင်နေတဲ့ သက်ရှိပစ်မှတ်တစ်ခုဖြစ်လာမှာလေ၊ သူတို့အား စိန်ခေါ်မည့် မရေမတွက်နိုင်လောက်သော မယုံနိုင်သောသူများ ရှိမယ်ဆိုတာ ပုံဖော်ကြည့်ရန် မခဲယဉ်းပါ။
ထိုအချိန်တွင် ဒါကအတော်လေးဒုက္ခဖြစ်စေလိမ့်မည်။
လုချန်ရှန်း တိုက်ရိုက်မဖြေပေ။
ချိုင့်ဝှမ်းသခင် လုချန်ရှန်းထပ်ငြင်းမှာကို ကြောက်ရွှံ့သည့်အလား ထပ်ရှင်းပြသည်။
"အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ထိပ်ကို ရောက်နိုင်ပြီး အင်မော်တယ်ကံကြမ္မာကောင်းကင်ဘုံရေကန်မှာ ရေချိူးနိုင်သရွေ့ အင်မော်တယ်တွေ့ဆုံမှုကနေတဆင့် ကောင်းချီးပေးခံရလိမ့်မယ်"
"အင်မော်တယ်တွေ့ဆုံမှုရဲ့ ကောင်းချီနဲ့ဆိုရင် အင်မော်တယ်ချီကို စုပ်ယူခြင်းဖြစ်စေ ဒါမှမဟုတ် တာအိုနိယာမကို နားလည်ခြင်းဖြစ်စေ ကြီးမားသည့် တိုးတက်မှုတစ်ခု ရှိစေလိမ့်မယ်၊ ပိုအရေးကြီးတာက အင်မော်တယ်တွေ့ဆုံမှုအမှတ်အသားကို သိပ်သည်းကျစ်လျစ်အောင် လုပ်နိုင်မယ်ဆိုရင် ကံတရားကိုလည်း တိုးအောင် လုပ်လို့ရတယ်၊ ဒါပေမယ့်....."
ဒါပေမယ့်?!
ချိုင့်ဝှမ်းသခင်၏အမူအရာက လေးနက်သွား၏။
"အင်မော်တယ်တွေ့ဆုံမှုအမှတ်အသားကို ရတူဲ့မှာ တခြားပိုအရေးကြီးတဲ့အခန်းကဏ္ဍတစ်ချို့ရှိတယ်လို့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတွေရှိတယ်၊ ဒါပေမယ့် အဲဒီနောက်မှာတော့ ဒါနဲ့ဆက်စပ်နေတဲ့ မှတ်တမ်းအားလုံး ဖျက်ဆီးခံလိုက်ရတယ်၊ အင်မော်တယ်ဧကရာဇ်လို တည်ရှိမှုမျိုးတွေကပဲ နည်းနည်းပါးပါးသိလိမ့်မယ်"
ကောင်းတယ်၊ အရမ်းကောင်းတယ်!
စွမ်းရည်တွေက အများဆုံးစုပြုံနေတာပဲ!
ကံတရားကို တိုးပွားခြင်းမှာ တခြားအရေးကြီးတာ၀န်တွေရှိသလို ဒါနဲ့ဆက်စပ်တဲ့ ရှေးဟောင်းမှတ်တမ်းတွေကလည်း ဖျက်ဆီးခံလိုက်ရပြီ!
ဒါကအဓိကဇာတ်ကောင်ရဲ့ တာ၀န်မဟုတ်ဘူးလား!
လုချန်ရှန်းခေါင်းကုတ်ကာ သက်ပြင်းချသည်။ ဒီလိုသာဆိုပါက သူ သူတို့ကို သွားခွင့်ပေးရပေမည်။
ထိုကံတရားကို တိုးပွားစေရန်ဟူသည် အလွန်အမင်းရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ဒါ့အပြင် အင်မော်တယ်နယ်မြေ၀င်ပေါက်မှ ချိပ်စည်းကလည်း နောက်ထပ်သုံးနှစ်မျှသာ ကြာရှည်ခံမည်။
ဒီကာလအတောအတွင်း သူတို့ကို ပိုမြန်မြန်ကြီးထွားခွင့်ပေးရပေမည်။
အတိတ်ကဆိုပါက လုချန်ရှန်းတွင် ဒီလိုအတွေးမျိုး တစ်ခါမှ ရှိလာမည်မဟုတ်။
သူ့တပည့်များကို အနာဂတ်၌ မသွားရန်အတွက် သူမတားကောင်းမတားနိုင်သော်လည်း ခေါင်းညိတ်ရန်အတွက်တော့ သူလုံး၀သဘောတူမည်မဟုတ်ပါ။
သို့စေကာမူ အရာများကို တွေ့ကြုံခံစားရပြီးနောက်တွင် လုချန်ရှန်း၏ သတိထားတတ်သည့်စရိုက်က တဖြည်းဖြည်းစတင် ပြောင်းလဲလာခဲ့သည်။
သူသတိထားနေတတ်သေးသော်လည်း သူ့ထိန်းချုပ်မှုအောက်တွင် ရှိမရှိဆိုတာကိုလည်း စတင်တွေးတောလာသည်။
လုချန်ရှန်းခေါင်းညိတ်သည်။
"ကျုပ်သူတို့ကို မေးလိုက်မယ်၊ ဒါပေမယ့် သူတို့ငြင်းမယ်လို့ ကျုပ်မထင်ဘူး"
ဖင်းယန်ချိုင့်ဝှမ်းသခင် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
သူအနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
အကယ်၍ ယခုလိုအရာကောင်းတစ်ခုသာ တခြားသူတစ်ယောက်ထံတွင် ဖြစ်ပျက်လာမည်ဆိုပါက သူတို့က အတော်လေးအံ့ဩပျော်ရွှင်သွားပေလိမ့်မည်။
သို့စေကာမူ သူ့ရှေ့က စီနီယာလုက ဒါကို လေးနက်သည်ဟုပင် လုံး၀မမှတ်ယူသလို အစပိုင်းတွင် တိုက်ရိုက်ပင် ငြင်းပယ်ပစ်ခဲ့သည်။
ဒါက သူတို့အား အင်မော်တယ်ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ပေးထားသည့် နေရာဖြစ်သည်။
ဒါကဘာကို ဆိုလိုနေသနည်း။
အင်မော်တယ်ဧကရာဇ်က သူတို့ကို သွားစေချင်သည်ဟု ဆို၍ရသည်။
အင်မော်တယ်ဧကရာဇ်၏ အလိုကိုပင် ဒီလောက်တည်ငြိမ်စွာ တုံ့ပြန်နိုင်သည့် ဒီလူက ဘယ်လိုတည်ရှိမှုမျိုးနည်း။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် အင်မော်တယ်ဧကရာဇ်၏ အလိုကို ခုခံနိုင်သောသူဟူ၍ တစ်ယောက်မျှမရှိပါ။
......
ထို့နောက် လုချန်ရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဒီကိစ္စအား ပြောပြလိုက်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက သွားရန်အတွက် သူတို့၏ဆန္ဒများကို ဖော်ပြကြသည်။
မည်သို့ပင်ဆိုစေကာမူ ဒါကလေ့ကျင့်ရန်အတွက် ရှားပါးသည့်အခွင့်အရေးတစ်ခုပင်။ သူတို့၏ မိုးကုပ်စက်ဝိုင်းကို ချဲ့နိုင်သလို အင်မော်တယ်နယ်မြေက ကျင့်ကြံသူများက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာကိုလည်း သူတို့ကြည့်နိုင်သည်။
ဖန်ချန်းကလည်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ဖန်တီးပြီးကတည်းက သူဘာလုပ်နိုင်မလဲဆိုတာကို ကြိုးစားကြည့်နိုင်သည်။
"ဒါပေမယ့် အတိတ်အရဆိုရင် ဒါကအရမ်းအန္တရာယ်များလွန်းပြီး ကံကြမ္မာတွေ ပါ၀င်နေတယ်ဆိုတဲ့အရာမျိုး ရှင့်ပြောသင့်တာမလား၊ ရှင့်သူတို့ကို သွားခွင့်ပေးဖို့အတွက် ဆန္ဒမရှိသေးဘူးလား" ဟွမ်ချင်းလက်ပိုက်ကာ နံရံကိုမှီရင်းမေးသည်။
ဟွမ်ချင်း၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။
ဖန်ချန်းကမူ ဆွံအနေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဆရာ၏စရိုက်ကို သူနားမလည်သေးပါ။
လုချန်ရှန်းမျက်လုံးလိမ့်လိုက်သည်။
"မင်းတို့ကို ငါမသွားနဲ့ပြောရင်တောင် မင်းတို့မသွားဘဲနေကြမှာမို့လား၊ ဒီလိုအရာမျိုးက မင်းတို့နဲ့ အလိုက်ဖက်ဆုံးပဲ၊ "
"ဒါပေမယ့် သွားတာက ဘာမှမဖြစ်ဘူး၊ ထုံးစံအတိုင်းပဲ ပြဿာနာတွေပတ်မရှာကြနဲ့၊ နားလည်လား"
သူတို့ခေါင်းညိတ်ကြသည်။
......
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို သုံးရက်အကြာတွင် ဖွင့်လှစ်မည်ဖြစ်သည်။
ဒီသုံးရက်အတွင်း ကောင်းကင်ထိုးဖောက်တောင်ကို ၀င်ရန်အတွက် ၀င်ခွင့်နေရာရှိသောသူတိုင်းက အခြေခံအားဖြင့် စိန်ခေါ်ခံနေရသည်။
စိန်ခေါ်မှုအများစုက မအောင်မြင်ခဲ့ကြပါ။
ပထမတန်းစားဂိုဏ်းများတွင်၀င်နိုင်ပြီး ၀င်ခွင့်နေရာများရှိသောသူများက အလွန်အမင်း ပါရမီရှိသည့် အင်မော်တယ်ကျင့်ကြံသူများဖြစ်ကြသည်။
ဒါ့အပြင် အစွမ်းထက်အင်အားစုများ၏ ထောက်ပံ့ကူညီမှုအောက်တွင် တခြားဒုတိယနှင့် တတိယတန်းစားဂိုဏ်းများမှ ပါရမီရှင်များက သူတို့ကို ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ အနိုင်ယူနိုင်မည်နည်း။
သို့သော် မတော်တဆမှုများဆိုတာ အမြဲလိုလိုရှိတတ်သည်။
အမည်မသိကျင့်ကြံသူနှစ်ယောက် ရုတ်တရက်ပေါ်လာပြီး နေရာနှစ်နေရာကို သိမ်းပိုက်ခဲ့ကြသည်။
တစ်ယောက်က ဒုတိယတမ်းစားဂိုဏ်းတစ်ဂိုဏ်းက ပုန်းလျှိုးနေသည့် ပါရမီရှင့် ဝေကျောင်းယွန်ဖြစ်သည်။
ကျန်တစ်ယောက်က မြို့တော်၀န်စံအိမ်သခင်၏သား ဟဲယွမ်ဖြစ်သည်။
ဖန်ချန်း ဒီနာမည်ကို မရည်ရွယ်ဘဲ ကြားမိသောအခါ သူ့မျက်သူငယ်အိမ်များက ကျုံ့သွားကြပြီး သူ့ကိုယ်ထဲက အစီအရင်အော်ရာက အထိန်းအချုပ်မဲ့ ထိုးထွက်လာပြီး သူ့အရေပြားက ငွေရောင်အလင်းနှင့်အတူ တောက်ပလာခဲ့သည်။
ဖန်ချန်း၏ မူမမှန်မှုကို ခံစားမိသဖြင့် ယဲ့ချိုးပိုင်မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ၊ ဂျူနီယာညီလေးဖန်"
"ဟဲ....ယွမ်" ဖန်ချန်းခေါင်းငုံ့ကာ အံကြိတ်သည်။ သူဒီစကားလုံးနှစ်လုံးကို လည်မြိုကနေ အော်လုမတတ်ပင် ဖြစ်သွားခဲ့သည်။
အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒက ဖန်ချန်း၏ မျက်လုံးများကနေ ထွက်လာခဲ့သည်။
"ကျွန်တော်အဆင်ပြေပါတယ်...."
သို့စေကာမူ ယဲ့ချိုးပိုင်၏ စိုးရိမ်နေသည့် အကြည့်အောက်တွင် ဖန်ချန်း ဒီသတ်ဖြတ်ခြင်းဆန္ဒကို အတင်းဖိနှိပ်ကာ ခေါင်းခါယမ်းသည်။
အဘယ်ကြောင့်ဆိုသော် ဒီကိစ္စကို သူကိုယ်တိုင် ဖြေရှင်းရန်အတွက် ဖန်ချန်း စိတ်ပိုင်းဖြတ်ထားသောကြောင့်ပင်။
ယဲ့ချိုးပိုင်ထပ်မမေးတော့ဘဲ ခေါင်းညိတ်သည်။
"ဒီလိုဆိုရင်တော့ ငါထပ်မမေးတော့ပါဘူး"
"ဒါပေမယ့်" ယဲ့ချိုးပိုင် အကြောင်းအရာကို ပြောင်းပစ်ကာ သတိပေးသည်။
"တကယ်လို့ ဖြေရှင်းဖို့ ခက်ခဲတာတစ်ခုခုရှိရင် ငါတို့နဲ့ ဆွေးနွေးဖို့သတိရပါ၊ ဘာပဲဆိုဆို မင်းကလည်း စံအိမ်တော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီပဲ၊ မင်းကိစ္စက ငါတို့ကိစ္စလည်းဖြစ်တယ်"
ဖန်ချန်းကျေးဇူးတင်စွာ ခေါင်းညိတ်သည်။
....
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတွင်လည်း နေရာတစ်ခုစီရှိသည်ဟူသောသတင်းက တဖြည်းဖြည်းပျံ့သွားလေရာ မရေမတွက်နိုင်လောက်သော လူများကို အံ့ဩသင့်သွားစေသညါ။
ဒီလူတွေက တစ်ချိန်တည်းမှာ ဒီလောက်နေရာအများကြီးကို ရခဲ့ကြတာလဲ!
ဒါ့အပြင် အဆင့်သတ်မှတ်ချက်ကိုထားဦး၊ သူတို့က လုံးဝနာမည်ပင်မရှိပါ။
သူတို့၀င်ခွင့်နေရာ ဘယ်လိုရခဲ့ကြတာလဲ!
ဒီအကြောင်းကို အရမ်းကြီးတွေးမနေကြတော့ဘဲ ၀င်ခွင့်နေရာမရှိသည့် ကျင့်ကြံသူအများအပြားက ဖင်းယန်ချိုင့်ဝှမ်းဆီသို့ ဦးတည်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ၀င်ခွင့်ရှိသောသူက စိန်ခေါ်သူတစ်ယောက်နှင့် တွေ့သောအခါ တစ်ဘက်လူ၏ကျင့်ကြံခြင်းအဆင့်က သူ့ထက်မမြင့်နေသရွေ့ ငြင်းဆန်၍မရပေ။
အပိုင်း(910) coming။