ဧကရာဇ်ချင်းဒေါင်အား နောက်တစ်ဖန်ပြန်တွေ့ခြင်း
Vol. 114 Ch. 1590
အခေါင်းထဲမှ အလင်းတန်းများတောက်ပလာသည်ကို ရှီမာယူယူမြင် လိုက်ရပြီး သူမတုန်းကကဲ့သို့ပင် ဆွဲယူခံလိုက်ရသည်။
သို့သော် ဤတစ်ကြိမ် ကွာခြားချက်မှာ သူမသည် အခေါင်းထိဆွဲခေါ်ခံရ ခြင်းဖြစ်ပြီး ထိုလူသည် ရပ်လျက်သားဖြစ်နေသည်။
“အမွေ အမွေ” ထိုလူ၏ စိတ်ပျက်မှုနှင့် ဒေါသသည် ပျော်ရွှင်မှုအဖြစ် ပြောင်းသွားလေသည်။
သူပြောသည့်စကားကို ရှီမာယူယူ ကြားလိုက်သောအခါ နှုတ်ခမ်းတွန့်မိ သည်။
အမွေနှင့်ပတ်သတ်သည့် လောဘသည် သူ့ကို ရူးသွပ်စေသည်။ အဲဒါက အမွေရဲ့အလင်းတန်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သို့သော် ခဏအကြာတွင် သူမျက်မှောင်ကို တင်းကြပ်စွာကြုတ်သည်ကို မြင်လိုက်ရပြီး ခန္ဓာကိုယ်မှာ လည်းလှုပ်ယမ်းသွားသည်။ သူသည် အခေါင်းကိုကိုင်ထားသဖြင့် လုံးဝပြိုလဲ မသွားခြင်းဖြစ်သည်။
“အာ..”
အဖြစ်အပျက်ကို ရှီမာယူယူ နားမလည်ခင်တွင် ထိုလူ၏ခန္ဓာကိုယ်ထဲမှ အလင်းတန်းများစွာထွက်လာသည်။ သူသည် သွေးမထွက်သာ်လည်း ထူးခြား သည့် ခံစားချက်ကို ပေးစွမ်းလေသည်။
ခေတ္တမျှကြာပြီးနောက်တွင် ထိုလူသည် မြေပြင်ပေါ်သို့လဲကျသွားလေ သည်။ သူ့လက်ထဲတွင်တော့ ကောင်းကင်လှံတံနောက်တစ်ဝက်ကို ကိုင်ထား ဆဲပင်ဖြစ်သည်။ သူလဲပြီးခဏကြာအတွင် သူ့ခန္ဓာကိုယ်မှ အလင်းတန်းထွက် လာပြီး အခေါင်းကိုဖုံးအုပ်ပြီး ပျံတက်သွားလေသည်။
“ဘုန်း”
အခေါင်းအဖုံးသည် အခေါင်းပေါ်သို့ ခိုင်မြဲစွာပင် ကျသွားကာ တစ်ခန်းလုံး မှာ တိတ်ဆိတ်သွားလေသည်။ အလောင်းမြေပေါ်သို့ ကျသွားခြင်းကြောင့်သာ မဟုတ်လျှင် တစ်ခုခုဖြစ်သွားသည်ဟူ၍ပင် ထင်စရာမရှိပေ။
သွေးထွက်ခြင်းမရှိ ဒဏ်ရာရခြင်း အလျှင်းမရှိပေ။ ဧကရာဇ်အဆင့်ရောက် အံ့ဆဲဆဲလူတစ်ယောက်သည် ထိုအတိုင်းပင် အသံမထွက်ဘဲ သေဆုံးသွားခဲ့ သည်။
သူမ ရုတ်တရက်တစ်စုံတစ်ခုကို စဉ်းစားမိပြီး ကျိန်ဆဲမိလေသည်။
အစောပိုင်းက အလင်းတန်းဖုံးလွှမ်းသည်ကို သူမ ရှင်းလင်းစွာ ခံစားရ သည်။ သူမ ခန္ဓာကိုယ်လည်း အဲလိုမျိုးဖြစ်သွားမှာတော့ မဟုတ်ဘူးမလား။
တကယ်သာ အဲလိုဆိုရင် သူမ ဘယ်လောက်ပဲ နောင်တရပါစေ အသုံးဝင် တော့မှာမဟုတ်ဘူး။
“ဟား ဟား”
ရုတ်တရက် ရယ်သံထွက်လာရာ ထိုအသံမှာရင်းနှီးသလိုရှိသည်။ သို့သော် ရှီမာယူယူ၏ အံ့ဖွယ်အာရုံကို အရှိန်မြှင့်ပေးလိုက်သလိုပင်။
“ဘယ်သူလဲ” သူမသည် ပတ်ပတ်လည်အား သတိရှိရှိဖြင့် ကြည့်လိုက် သည်။
“ငါဘယ်သူလဲလို့ မေးလိုက်တာလား” တစ်ဖက်လူသည် ပေါ်မလာပေ။
ရှီမာယူယူစဉ်းစားကြည့်ပြီး မျက်လုံးမှာပြူးကျယ်လာသည် “ဧကရာဇ် ချင်းဒေါင်လား”
မျက်စိရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားလေသည်။ အစောပိုင်းက သူမသည် ကျောက်အခန်းအတွင်းရှိသည်။ သို့သော် အခုအချိန်တွင် သူမသည် ရေခဲပြင်ကျယ်တွင် ရောက်နေသည်။
အမည်းရောင်အရိပ်တစ်ခုသည် နှင်းများအကြားတွင် အာရုံကိုဖမ်းစားနေ သည်။
သူမသည် သူ့ကိုနှစ်ကြိမ်မျှသာ မြင်ဖူးသော်လည်း ကြည့်လိုက်သည်နှင့် သူ့ကို မှတ်မိသည်။ ထိုလူသည် ဧကရာဇ်ချင်းဒေါင်ဖြစ်သည်။
သူမလျှောက်သွားပြီး နှစ်ယောက်ကြား ၁၀ မီတာအကွာအရောက်တွင် ရပ်လိုက်သည်။ ထိုလူလှည့်လာချိန်တွင် သူမနှစ်ကြိမ်မျှမြင်ဖူးထားပြီးသော ဧကရာဇ်ချင်းဒေါင်ဖြစ်သည်ကို သူမ မြင်လိုက်ရသည်။
“ဧကရာဇ်တကယ်ပဲ အရှင်လား” သူမသည် အနည်းငယ် ရှုပ်ထွေးနေ တုန်းပင်။ သူကဘယ်လိုလုပ် ဒီကိုရောက်နေတာလား။ သူ အသက်ရှင်သေးတာ လား။
“ငါ ဒီလောက်အကြာကြီး အသက်ရှင်နေနိုင်မယ်လို့ ထင်နေတာလား” ဧကရာဇ်ချင်းဒေါင်သည် သူမအတွေးကို ခန့်မှန်းမိပြီး ရယ်မောလေသည်။
ရှီမာယူယူလည်း ရှက်ရွံ့စွာရယ်မောလိုက်သည် “ဧကရာဇ်တစ်ယောက်ရဲ့ သက်တမ်းက အကန့်အသက်မရှိဘူးလို့ ပြောကြတယ်လေ”
“ဧကရာဇ်ကလည်း တန်ခိုးအနန္တနဲ့ပြည့်စုံနေတာမဟုတ်ဘူးလေ” သူ့အသံသည် တစ်စုံတစ်ခုကိုတွေးနေသလိုပင်။
ဧကရာဇ်များသည် တန်ခိုးအနန္တရှိသူများမဟုတ်သည်ကို ရှီမာယူယူ လည်းသိသည်။ မဟုတ်လျှင် ဖန်ရူယန်အကြာကြီး နေမကောင်းဖြစ်ပြီး ပန်း တစ်ပွင့်ညှိုးနွမ်းသွားသကဲ့သို့ ဖြစ်မည်မဟုတ်ပေ။
“ဧကရာဇ် ဒါကလည်းအရှင့်ရဲ့ အံ့ဖွယ်အသိစိတ်ပဲလား”
ဧကရာဇ်ချင်းဒေါင်သည် အတွေးများနယ်ချဲ့နေသည်ကို ရပ်ပြီး ရှီမာယူယူ ကိုကြည့်ပြီးမေးလိုက်သည် “မင်းအရင်က ငါ့ကိုဘယ်မှာမြင်ဖူးတာလဲ မင်းက ကောင်းကင်လှံတံကို ဘယ်လိုလုပ်ရထားတာလဲ”
သူမ သူ့ကိုအရင်က ဘယ်မှာမြင်ဖူးတာလဲ ဟုတ်လား။ သူ မမှတ်မိဘူး လား။
“ကောင်းကင်လှံတံကို လေလံပွဲတုန်းကရခဲ့တာ၊ ပထမဆုံးတွေ့တာက ကောင်းကင်အဆောင်တော်မှာပဲ၊ အဲဒီမှာ အရှင့်ရဲ့ အံ့ဖွယ်အသိစိတ်ကိုလည်း တွေ့ခဲ့တယ် ဒုတိယတစ်ခေါ်တွေ့တာတော့ တရားထိုင်ရင်း အရှင့်ပုံရိပ်ကိုတွေ့ လိုက်တာ၊ အဲဒါကထင်ယောင်ထင်မှားလည်း ဖြစ်နိုင်တယ်” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။
“မင်းက ကောင်းကင်အဆောင်တော်ကို သွားပြီးပြီဆိုတော့ မင်းမှာ အရည်အချင်းရှိတာကို သက်သေပြနေတာပဲ” ဧကရာဇ်ချင်းဒေါင်သည် နူးညံ့စွာ ပြောလေသည်။ သူသည် သူမကိုချီးကျူးနေခြင်းဖြစ်သော်လည်း ရှီမာယူယူ အတွက်တော့ ထူးဆန်းနေသလိုပင်။
“ကျွန်မတို့အရင်ကတွေ့ဖူးတာကို အရှင်မသိဘူးလား”
ဧကရာဇ်ချင်းဒေါင်သည် ခေါင်းခါလေသည် “မင်းအရင်ကတွေ့ဖူးတာက ငါ့ရဲ့ အံ့ဖွယ်အသိစိတ် အကြွင်းအကျန်လေးပဲ အဲဒါကခန္ဓာကိုယ်ကထွက်သွား ပြီးပြီ ငါအာရုံမခံနိုင်တော့ဘူး”
ထို့ကြောင့်ပင် သူမကို သူစိမ်းသဖွယ် သူကြည့်နေခြင်းဖြစ်သည်။
“ဒါဆိုရင် အခုအရှင်က…”
“ဒါက ငါ့ရဲ့ဝိညာဉ်အကြွင်းအကျန်ပဲ ငါ့သင်္ချိုင်းမှာ ချန်ထားခဲ့တာ” ဧကရာဇ်ချင်းဒေါင်သည် ဝမ်းနည်းတကြီးပြောလေသည် “အခု ငါကဘာမှ မဟုတ်တော့ဘူးလို့ ပြောရမလား”
“အဲဒါဆိုရင် ဒီသင်္ချိုင်းကအရှင့်ဟာလို့ ပြောနေတာလား” ရှီမာယူယူသည် တအံ့တဩမေးလေသည်။
“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ဧကရာဇ်ချင်းဒေါင် သည် သူမ၏ရှုပ်ထွေးနေသော မျက်နှာကိုမြင်သောအခါ ရယ်မောကာ ရှင်းပြ လေသည်။ “အောင်းစရာ တွင်းသုံးတွင်းရှိတဲ့ ယုန်လို့သာမှတ်ယူလိုက်ပါ”
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒါဘာအဓိပ္ပာယ်လဲ။ ကိုယ့်အတွက် သင်္ချိုင်းဂူကို အများကြီးဆောက်နိုင်ဖို့ ဘယ်သူကအချိန်ရှိမှာလဲ။
“အာ…” သူမသည် သူမနဖူးသူမပြန်ရိုက်ပြီး ဧကရာဇ်ချင်းဒေါင်ကိုကြည့် ပြီး မေးလိုက်သည် “ကျွန်မလည်း သေသွားတာလား”
“မင်းမသေပါဘူး ငါဖန်တီးထားတဲ့ ထင်ယောင်ထင်မှားတစ်ခုပါပဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲလူက အလင်းတန်းရစ်ပတ်ပြီးခဏကြာ တာနဲ့ သေသွားတာကို ကျွန်မမြင်လိုက်ုတယ်၊သူက ဧကရာဇ်အဆင့်ရောက် တော့မယ့်လူပဲ ကျွန်မက ဧကရာဇ်အဆင့်သေးသေးလေးပဲရှိတဲ့သူလေ သူတောင် ခံနိုင်ရည်မရှိရင် ကျွန်မက ဘယ်လိုလုပ်ရှိနိုင်မှာလဲ” ရှီမာယူယူသည် သူမ သေသွားပြီဟုပင် ခံစားရလေသည်။
“မင်းက သူနဲ့မတူဘူး” ဧကရာဇ်ချင်းဒေါင် ပြောလေသည် “မင်းက သူ့မှာ မရှိတာရှိတယ်”
“သူ့မှာမရှိတာ ကျွန်မမှာရှိတယ်ဟုတ်လား ဘာလဲ”
“မင်းခန္ဓာကိုယ်မှာ ငါချန်ထားခဲ့တဲ့ ရောင်ဝါရှိနေတယ်” ဧကရာဇ် ချင်းဒေါင်မှရှင်းပြလေသည် “မဟုတ်ရင် ငါချန်ထားခဲ့တဲ့ အမွေက သူ့လိုလူ အတွက် အဆိပ်ပဲ”
ရှီမာယူယူသည် ကောင်းကင်အဆောင်မှ အဖြစ်ကိုပြန်တွေးမိသည်။ ထိုစဉ်က ဧကရာဇ်ချင်းဒေါင်ပျောက်သွားပြီးနာက် ရောင်ဝါအဖြစ်ပြောင်းကာ သူမ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားခဲ့သည်။
အဲဒါက သူမအသက်ကို ကယ်လိုက်တာလား။
ခဏလေး… အမွေဟုတ်လား။ ဒီမှာတကယ်ပဲ အမွေရှိနေတာလား။
“အဲဒီအလင်းတန်းက အမွေလို့ပြောလိုက်တာလား”
“အမှန်ပဲ”
ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ အစောပိုင်းက ထိုလူ အမွေဟုအော် လိုက်သည်ကို သူမ ကြားခဲ့စဉ်က အမွေကိုယုံပြီးရူးသွားသည်ဟုပင် ပြောခဲ့သေး သည်။ ထိုအရာမှာ အမှန်တကယ်ပင် အမွေဖြစ်လိမ့်မည်ဟု သူမ ထင်မထား ပေ။
အဲဒါက သူမအရူးလို့ ဆိုလိုတာမဟုတ်ဘူးလား။
ထို့ကြောင့်ပင် အစောပိုင်းကမြင်ခဲ့သည်ကို အသုံးမဝင်ဟု ဆုံးဖြတ်ကာ စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်သည် “အရှင့်ရဲ့ ဒီအမွေက ဘာအမွေ လဲ၊ အရှင့်ရဲ့ ရောင်ဝါကိုလက်ခံပြီးတော့ မသေတဲ့လူဘာလို့လိုတာလဲ အဲလိုလူ ဘယ်တော့မှ ရောက်မလာရင် ဘယ်လိုလုပ်မှာလဲ၊ အဲဒါက အရှင့်ရဲ့အမွေကို ဘယ်သူမှ မဆက်ခံနိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား”
သူ့ရောင်ဝါမရှိသော လူရောက်လာလျှင်တောင် သူသည် ထိုလူကို မသတ် ပစ်သင့်ပေ။ အနည်းဆုံးတော့ သူသည် လက်ဗလာနှင့် ပြန်လွှတ်သင့်သည်။
“ငါ့မှာ တပည့်ရော မိသားစုရောမရှိခဲ့ဖူးဘူး၊ ငါ့အမွေကိုရမယ့်သူက သေချာပေါက် ငါနဲ့နီးစပ်တဲ့သူဖြစ်ရမယ်၊ အဲလူတွေက ငါ့သင်္ချိုင်းကိုလာပြီး ငါ အနားယူတာကို နှောင့်ယှက်တယ် သေချာပေါက် သူတို့အသက်ကိုယူဖို့ အကြောင်းရှိသွားပြီလေ” ဧကရာဇ်ချင်းဒေါင်သည် သူမှားသည်ဟု မခံစားရပေ။ မဟုတ်လျှင် သူ ထိုအရာအား ဆုံးဖြတ်သည့်အချိန်တွင် မှားသည်ဟုမခံစားရဟု ပြောရမလားပင်။
ရှီမာယူယူသည် နှစ်ပေါင်းသောင်းချီကျော်ကြာအောင် သေဆုံးပြီးဖြစ် သောလူကို စီမံ၍မရပေ။ သူထိုသို့ အခြေအနေချန်ထားခဲ့သည်မှာလည်း အကျိုး ရှိရေးအတွက်ဖြစ်သည်။ သူသာ ထိုစည်းမျဉ်းကိုမချခဲ့ပါက သူမ လွယ်လင့်တကူ ရမည်မဟုတ်ပေ။
“ငါ ဒီမှာချန်ထားခဲ့တဲ့ အမွေကဉာဏ်အလင်းရဖို့နဲ့ဆိုင်တယ် မင်းဒါကိုသာ ဆုပ်ကိုင်နိုင်ရင် မင်းရဲ့ ကောင်းကင်ဉာဏ်အလင်းက ပိုမြန်သွားမယ် မဟုတ်ဘူး လား” ဧကရာဇ်ချင်းဒေါင်သည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား သူ၏ ပုံရိပ်သည် လျှပ်တပြက်ဖြင့် သူမရှေ့သို့ရောက်လာသည်။
***