← Chapters

ကံကြမ္မာကသတ်မှတ်ထားတဲ့လူ

Vol. 114 Ch. 1591

ကံကြမ္မာကသတ်မှတ်ထားတဲ့လူ

Vol. 114 Ch. 1591

ရှီမာယူယူသည် ကြီးလာသော မျက်နှာကိုမြင်ရသောအခါ ကြောက်ရွံ့ကာ နောက်ဆုတ်မိလေသည်။

“ဘာ… ဘာလုပ်ချင်လို့လဲ”

ဧကရာဇ်ချင်းဒေါင်သည် သူမကို စူးစူးဝါးဝါးစိုက်ကြည့်လေသည် “မင်းက ဝိညာဉ်လောကကို ဒီအဆင့်ထိနားလည်နေလိမ့်မယ်လို့ ထင်မထားဘူးပဲ မင်းသိ လား ငါတို့အချိန်တုန်းကတောင် ဧကရာဇ်အဆင့်မှာ ဝိညာဉ်လောကကို နားလည်တဲ့လူရှားတယ်”

“ရှားတယ်ဟုတ်လား တခြားသူတွေရှိသေးတာလား” ရှီမာယူယူ မေး လိုက်သည်။

“သူတို့က အရည်အချင်းရှိကြတယ်” ဧကရာဇ်ချင်းဒေါင်သည် စိတ် မဝင်စားသလို အားမကျပေ။ အကြောင်းမှာ သူသည်လည်း သူတို့ထဲမှ တစ် ယောက်ဖြစ်ခြင်းကြောင့်ပင်။

“ဒီတိုက်ကြီးမှာတော့ ဘယ်သူမှထပ်မလုပ်နိုင်တော့ဘူး ကျင့်ကြံရတာက အရင်ကထက်အများကြီးခက်လာပြီ” ရှီမာယူယူသည် စိတ်ခံစားမှုပါ ပါနေ သည်။ လက်ရှိ လူများ၏ ကျင့်စဉ်သည် အမှန်တကယ်ပင် တခြားသူများနှင့် ယှဉ်ရနေသည်။

“အဲတုန်းက လူလည်းအရမ်းနည်းခဲ့တယ်” ဧကရာဇ်ချင်းဒေါင် ပြောလေ သည်  “အဲတုန်းက ကောင်းကင်ပြောင်းလဲတာကို ငါအာရုံခံမိခဲ့တယ် အဲဒါ ကြောင့် မင်းကျင့်ကြံချင်ရင်တော့ ကောင်းကင်ကိုတွန်းလှန်ရမှာပဲ”

သူမ ကောင်းကင်ဘုံအား ဆန့်ကျင်သည့်စကားပြောစဉ်က မိုးကြိုးအပစ် ခံရသည့်အကြောင်းကို တွေးမိပြီး သူ၏ဦးခေါင်းထိပ်ကို မသိမသာကြည့်မိ သည်။

“ဟားဟား မစိုးရိမ်ပါနဲ့ ဒါကငါ့ရဲ့ ထင်ယောင်ထင်မှားတစ်ခုပဲ ကောင်းကင်ရဲ့ နားကဒီအထိရောက်မလာနိုင်ဘူး ငါတို့ဘာတွေပြောနေလဲဆို တာ သူမသိနိုင်ဘူး၊ မင်းစဉ်းစားနေတဲ့ဟာက ဖြစ်လာမှာမဟုတ်ဘူး” ဧကရာဇ် ချင်းဒေါင်သည် သူမအတွေးကိုသိသဖြင့် ရယ်မောလေသည်။

“အဟွတ် အဟွတ်…” ရှီမာယူယူသည် ရှက်ရွံ့သွားသည်။ သူ မိုးကြိုးအပစ်ခံရတော့မည်ဟု သူမ တွေးနေခြင်းဖြစ်သည်။ “အဲတုန်းက အရှင်က ဧကရာဇ်ဖြစ်နေပြီးသားလေ ကောင်းကင်ကိုဘာလို့ဆန့်ကျင်ချင်တာ လဲ”

“ငါ အာရုံခံမိပေမဲ့ စွမ်းရည်မရှိဘူးလေ မင်းတစ်ယောက်တည်းပဲလုပ်နိုင် မယ်” ဧကရာဇ်ချင်းဒေါင်သည် ရှီမာယူယူကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လေသည်။ ရှီမာယူယူသည် သူ၏စိတ်ကို ဖတ်မရပေ။

“ဧကရာဇ် အရှင်နောက်နေတာလား ဧကရာဇ်ဖြစ်တဲ့အရှင်တောင် မလုပ် နိုင်တာ ဧကရာဇ်ပေါက်စလေးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူသည် သူ အတွေးလွန်နေပြီဟု ထင်မိသည်။

“ငါက အဲလူမဟုတ်လို့ မလုပ်နိုင်ဘူး၊ အခု မင်းရဲ့အားက အရမ်းမမြင့်ပေမဲ့ မင်းက ကံတရားကသတ်မှတ်ထားတဲ့လူပဲ”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ သူမသည် ကံတရားကသတ်မှတ် ထားသည်ဆိုသည်ကို ဘယ်သောအခါမှ မယုံခဲ့ပေ။ လတ်တလောဟုဆိုရလျှင် သူမသည် ပညာရှိစံအိမ်တော်ကို ရှောင်ရှားရန် ယောက်ျားလေးအဖြစ် ဟန်ဆောင်ခဲ့သည်သာရှိသည်။

သူတို့ မဟုတ်တရုတ်လုပ်နေသည်ဟု သူမ ခံစားရသည်။ သူမ တစ်ယောက်တည်း ပညာရှိစံအိမ်တော်ကို ဖျက်ဆီးနိုင်မှာမို့လို့လား။ အဲဒါကို ဘယ်သူကယုံမှာလဲ။

သူမ မယုံသည်ကို ဧကရာဇ်ချင်းဒေါင်သိသည်။ သူသည် ထိုအတွက် ငြင်းခုံမနေပေ။ တချို့ကိစ္စများသည် ဖြစ်လာသည်အထိ လက်မခံနိုင်သည့်ကိစ္စ များလည်းရှိသည်။

“ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မင်းကိုကူညီဖို့ ငါကတော့ အကောင်း ဆုံးကြိုးစားမှာပဲ” သူဆက်ပြောလေသည် “တခြားသင်္ချိုင်းမှာ မင်းအတွက် ပစ္စည်းတချို့ချန်ထားပေးခဲ့တယ်၊ မင်းကိုမြေပုံပေးလိုက်မယ် အဲဒါတွေကိုသွား ရှာလိုက်ပါ”

ထို့နောက်တွင် မြေပုံတစ်ခုသည် သူမစိတ်တွင်ပေါ်လာသည်ဟု ရှီမာယူယူခံစားရလေသည်။ သူမသည် အလိုလိုပင် မျက်စိမှိတ်သွားပြီး ပြန်ဖွင့် လိုက်ချိန်တွင် ဧကရာဇ်ချင်းဒေါင်မှာ မရှိတော့ပေ။ နှင်းပြင်အကျယ်ကြီးမှာ လည်း ပျောက်သွားပြီး ကျောက်အခန်းသို့ပြန်ရောက်လာသည်။

သူမ ခေါင်းအနည်းငယ် ကိုက်လာသည်။ သူမ ပွတ်သပ်လိုက်ပြီးနောက် ထင်ယောင်ထင်မှားမရှိတော့သည်ကို တွေ့လိုက်ရသည်။ သူမသည် ခြေထောက်အားလျော့သွားသလိုခံစားရသဖြင့် အခေါင်းထောင့်စွန်းကို လက် နှစ်ဖက်ဖြင့် ကိုင်ကာ ထိုင်လိုက်သည်။

အဖြူရောင်အရိုးစုသည် မြေပြင်ပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ်ပင် လဲကျနေသည်။ အခေါင်းအဖုံးမှာ တခြားတစ်ဖက်တွင် ကျနေသည်။ အခန်း တစ်ခန်းလုံးမှာ တိတ်ဆိတ်နေသည်။ အရာအားလုံးသည် အိပ်မက်တစ်ခုလိုပင်။

သူမ စိတ်ထဲတွင် မြေပုံပေါ်လာခြင်းကြောင့်သာမဟုတ်လျှင် သူမလည်း ထိုသို့တွေးမည်ဖြစ်သည်။

အမှန်တကယ်တော့ သူမသည် သူ့ကိုမေးရန် မေးခွန်းများစွာရှိသည်။ သူက ဘာကြောင့် သူမကိုကူညီချင်တာလဲ… ကောင်းကင်ဘုံပြောင်းလဲသွားရင် တောင် သူ့အတွက် ဘာအကျိုးမှမရှိဘူးလေ။ ပြီးတော့ သူက သူမကိုအကုန်ပေး လိုက်ရင် သူမ တာဝန်ရှောင်သွားမှာကို မကြောက်ဘူးလား။

ကံမကောင်းစွာပင် သူမဖြေနိုင်တော့ပေ။

သက်ပြင်းရှည်ကြီးချပြီး‌နောက် သူမကိုယ်သူမ စမ်းသပ်ရာ သူမကိုယ်တွင် ထားခဲ့သော ဧကရာဇ်ချင်းဒေါင်၏ ရောင်ဝါမှာပို၍ပင် အားကောင်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ချီသည် သူမခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်ကို ပြန်တွေးမိသည်နှင့် သူ၏ ဝိညာဉ်သည်လည်း သူမကိုယ်ထဲဝင်သွားလိုက်သည် လားမသိပေ။

သူမသည် အခေါင်းထဲတွင် ခေတ္တမျှထိုင်လိုက်သည်။ သူမခန္ဓာကိုယ် ပြန် ကောင်းလာပြီး အခေါင်းထဲမှ တွားသွားကာ ထ,ထွက်လိုက်သည်။

သူမသည် မြေပြင်ပေါ်မှ အဖြူရောင်အရိုးစုကို ကြည့်လိုက်သည်။ သူမ သည် ခေတ္တမျှစဉ်းစားလိုက်သည်။ သူမ အရိုးစုကို ဝိညာဉ်စေတီအတွင်းသို့ ပို့ လိုက်ပြီး ဝိညာဉ်လေးကို နေရာရှာပြီး သဂြိုဟ်ခိုင်းလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူသည် နာကျင်စွာဖြင့် သေဆုံးခဲ့ရသည်။

သူမ ခန္ဓာကိုယ် အပြည့်အဝပြန်ကောင်းလာသည်နှင့် ကျောက်တံခါးရှေ့ လာပြီး ဝင်ပေါက်ကို ဧကရာဇ်ချင်းဒေါင်၏ ချီဝိညာဉ်ထည့်လိုက်ရာ ကျောက် တံခါးသည် အစောပိုင်းကလိုပင် ပွင့်သွားလေတော့သည်။

“ယူယူ အဆင်ပြေရဲ့လား”

သူမ ထွက်လာသည်နှင့် တံခါးတွင်စောင့်နေကြသော လူများကို တွေ့ လိုက်ရသေလည်။

“ဘိုးဘိုး ဘွားဘွား အ‌ဖေ ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ”

“ပိတ်ထားတဲ့စွမ်းအား ပျောက်သွားတာကို သိလိုက်လို့ သမီးချန်ထားခဲ့တဲ့ ရောင်ဝါအတိုင်းလိုက်လာတာ ယူယူ အဆင်ပြေရဲ့လား” ဟွမ်ရင်ရင်သည် သူမ ကို အကြိမ်ပေါင်းများစွာ စစ်ဆေးလေသည်။ သူမ ဒဏ်ရာရသွားမည်ကို စိုးရိမ် နေခြင်းဖြစ်သည်။

ထိုစွမ်းအား ပျောက်ကွယ်ရခြင်းအကြောင်းအရင်းကို ရှီမာယူယူ ခန့်မှန်းမိ သည်။ အကြောင်းမှာ ဧကရာဇ်ချင်းဒေါင်၏ ဝိညာဉ်ပျောက်ကွယ်သွားသဖြင့် သူ ချန်ထားခဲ့သော အရာအားလုံးမှာလည်း ပျောက်ကွယ်သွားခြင်းဖြစ်သည်။

“ယူယူ ဘာတွေစဉ်းစားနေတာလဲ” ဟွမ်ရင်ရင်သည် သူမကို ဆွဲလိုက် သည်။ သူမသည် ငေးငိုင်နေတုန်းပင်ဖြစ်သည်။

ရှီမာယူယူသည် သူတို့၏ စိုးရိမ်နေသော အကြည့်များကိုမြင်သောအခါ ပြုံးလိုက်သည် “သမီးအဆင်ပြေပါတယ် ပြီးတော့ ဧကရာဇ်ချင်းဒေါင်ဆီက အမွေရလိုက်တယ်”

“အဲတော့ ဒါကတကယ်ပဲ ဧကရာဇ်ချင်းဒေါင်ရဲ့ ဂူသင်္ချိုင်းပေါ့”

“မဟုတ်ဘူး ဒါကသူချန်ထားခဲ့တဲ့ အတုပါ သူက ဒီနေရာကို စောင့်ရှောက် ဖို့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုချန်သွားတယ်” ထို့နောက် သူမသည် အထဲတွင် ကြုံတွေ့ခဲ့သည်များကို ရှင်းပြလေသည်။

သူမ အထင်တော့ အားလုံးသည် မျက်မှောင်ကြုတ်ပြီး တုံ့ပြန်ကြသည်။ သူတို့သည် သူမ ကံတရားကသတ်မှတ်ပေးသူဖြစ်သည့်အပေါ် ပျော်ရွှင်ခြင်းမရှိ ဘဲ စိုးရိမ်ကြလေသည်။

“ကံတရားကသတ်မှတ်ပေးတဲ့လူဆိုတာ အရမ်းကံကောင်းပြီး အခက်အခဲ တွေအများကြီး ကြုံတွေ့ရမှာ… သမီးရဲ့ကံက တကယ်ပဲ သာမာန်လူတွေထက် ကောင်းတယ် ဆိုလိုတာက နောက်ပိုင်းကျရင် အခက်အခဲတွေများပြီး ပိုကြီး လာမယ်၊ ပိုပြီးဆိုးမှာက သမီးအသက်ကိုပါ ရန်ရှာလာနိုင်တယ်”

“ဘိုးဘိုး စိတ်မပူပါနဲ့ ဧကရာဇ်ချင်းဒေါင်က ဒီအတိုင်း ဧကရာဇ်ပါပဲ အနာဂတ်ဟောတဲ့သူမဟုတ်ပါဘူး၊ သမီးက ကံတရားကသတ်မှတ်ပေးတဲ့သူလို့ သူပြောတယ် ဒါပေမဲ့ သမီးကဟုတ်လို့လား သမီးက ဒီအတိုင်း မိသားစုကို လုံခြုံစေချင်တဲ့ မိန်းကလေး တစ်ယောက်ပါပဲ ဒီအာရုံရနေတဲ့ကိစ္စတွေအကုန် လုံးကို လိုက်ကယ်ဖို့ စွဲလမ်းမှုမရှိပါဘူး” ရှီမာယူယူသည် မယုံပေ။ သူမတွင် စွဲလမ်းမှုမရှိဟုဆိုသော်ငြား မယုံသည်ထက် အခက်အခဲတွေ့နေခြင်းဖြစ်သည်။

သူမအသက်နှင့်ရင်းပြီး ကောင်းကင်ကို ဆန့်ကျင်ချင်ပါက သူမ တောင်းပန်ပါသည်ဟု ပြောရမည်။ ထိုမျှလုပ်ရန် လိုမည်ဟု မထင်ပေ။

“ဒီလိုစဉ်းစားတာကောင်းတယ်” ဟွမ်ရင်ရင်သည် သူမလက်ကို ပုတ် လိုက်သည် “တခြားသူတွေ ဘာလုပ်လုပ်ကိစ္စမရှိဘူး သမီးက ကိုယ့်အလုပ် ကိုယ် လုပ်ရုံပဲ”

“အင်း အဲဒါကြောင့် သမီးကိုစိတ်မပူကြပါနဲ့” ရှီမာယူယူသည် ဟွမ်ရင်ရင် ၏ လက်ကိုယူလိုက်သည် “ဒီမှာဘာမှမရှိဘူး သွားရအောင်”

အကောင်းဆုံးသော အမွေကိုလည်း သူမရသွားပြီဖြစ်သည်။ သူမသည် ကောင်းကင်လှံတံ၏ နောက်တစ်ခြမ်းကိုလည်းရပြီးဖြစ်သည်။ ထိုခရီးသည် အကျိုးအမြတ်တော့ရှိသည်။

သူတို့သည် လာရာလမ်းအတိုင်းပြန်ကြသည်။ သူတို့ လှည့်ပတ်ကြည့် မနေသဖြင့် အမြန်ပင် မြေပြင်ပေါ်သို့ပြန်ရောက်လာသည်။

“ရက်တွေအများကြီးဖင့်သွားပြီး ပျောက်ဆုံးနေတဲ့နယ်မြေကိုသွားကြ တာပေါ့”

သူတို့သည် မြေအောက်တွင် လတစ်ဝက်လောက် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ သူမသည် ပြာလဲ့သောကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များကို လွမ်းနေပြီ ဖြစ်သည်။

“ယူယူ ပျောက်ဆုံးနေတဲ့နယ်မြေကိုမသွားခင် တခြားနေရာကို ထပ်သွား ရအောင်”

“ဘယ်နေရာလဲ”

ရှီမာလျူရွှမ် ပြုံးလိုက်သည် “အဖေတို့ ကျေးဇူးရှင်က ဒီနားလေးမှာပဲ သွားလည်သင့်တယ်မဟုတ်ဘူးလား”

***

All Chapters