← Chapters

နတ်ဝိညာဉ်ဆွဲဆောင်ခြင်း

Vol. 015 Ch. 1443

နတ်ဝိညာဉ်ဆွဲဆောင်ခြင်း

Vol. 015 Ch. 1443

ဟောက်ထျန်းမြို့၏ ထိပ်သီးပုဂ္ဂိုလ်သုံးဦးမှာ ရီဖူရှင်းကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသည့် အကြည့်များ ပေါ်ပေါက်လာသည်။

ထူးခြားလမ်းစဉ်က သူ့ကို ရွေးချယ်ခဲ့သည်လား။

ထူးခြားလမ်းစဉ်၏ မူလဇာစ်မြစ်ကို ကပ်သီးကပ်သတ် လိုက်ပြောပါက ကောင်းကင်နတ်တံခါးဂိုဏ်း ဟွားချင်းယွင်နှင့်  ဝမ်ကလန် ဝမ်ယန်ပင်းတို့ကသာ ကောင်းကင်နတ်တံခါးဂိုဏ်း မျိုးဆက်အစစ်အမှန် ဖြစ်သည်။ ထူးခြားလမ်းစဉ်က သခင်ရွေးချယ်မည် ဆိုပါက သူတို့နှစ်ဦးသည်သာ သင့်တော်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

သို့သော် အခြား မည်သို့မှ မသက်ဆိုင်သည့် သူတစ်ယောက်အား ရွေးချယ်ခဲ့ပေသည်။

ကျန်းကလန်ခေါင်းဆောင်၏ အကြည်များက မတူကွဲပြားသွားသည်။ ယခင်က ထိုသူက မူလတောင်တန်းတွင် ရှိစဉ် သူသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ရရှိခဲ့ပြီး ဖြစ်သည်။ ကောင်းကင်မြေခွေးနန်းတော်၏ အပြောအရ မည်သူကမှ နတ်ဆိုးအင်ပါယာ၏ အရိုးကို သတိမပြုမိခဲ့ကြပေ။ ကျူးယန့်နတ်ဆိုးအင်ပါယာပင်လျှင် ယင်းကို သတိမပြုမိခဲ့ပေ။ သို့သော် အရိုးက ရီဖူရှင်း၏ လက်ထဲ ရောက်ပြီးသည့်အခါ၌ ၎င်းတို့သည် ချက်ချင်းပင် သူ၏ သန့်စင်ခြင်းကို ခံခဲ့ရ၏။

သူက နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ကိုပင် သင်ယူကာ နောက်ပိုင်း၌ နတ်ဆင်ကလန်သို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် သူကြားသည်က ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာ ကျိုးယွမ်ကို ရှုံးနိမ့်စေခဲ့သည်ဟူ၍ ဖြစ်သည်။ ကောလာဟလများက ပြောကြသည်မှာ သူသည် နတ်ဆင်အင်ပါယာ၏ အကောင်းဆုံး နည်းစနစ်များကို ရရှိခဲ့သည်ဟူ၍ ဖြစ်သည်။

ယနေ့ ဤနေရာတွင် ရောက်ရှိနေသည့် မည်သူကမှ သူတို့လေးယောက်ထဲတွင် ထူးခြားလမ်းစဉ်က သူ့အား ရွေးချယ်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။

ဂူတုံးလျှို၏ ဂျူနီယာလေးက မည်မျှ ထူးခြားဆန်းကြယ်နေသနည်း။

တစ်ကြိမ်က တိုက်ဆိုင်မှုသာဆိုလျှင် ဤတစ်ကြိမ်ကရော မတော်တဆပေလား။

ဤလူက ထူးခြားဆန်းကြယ်သည့် စွမ်းရည်ရှိသည်။

ဂူတုံးလျှို နိုးထလာပါက သူတို့က သူ့ကို မေးမြန်းနိုင်ပေသည်။

ဝမ်ကလန်ခေါင်းဆောင်၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းလာသည်။ ထူးခြားလမ်းစဉ်သည် နောင်ဆုံး၌ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း ရရှိခဲ့သူမှာ ကောင်းကင်နတ်တံခါးဂိုဏ်းမှ မဟုတ်ပေ။

ဤတစ်ကြိမ်၌ ထူးခြားလမ်းစဉ်ကို ရရှိသူမှာ ဝမ်ယန်ပင်းသာ ဖြစ်ပါက သူတို့သည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ပြန်ရန် အာမခံချက် ရှိလိမ့်မည်ဖြစ်သည်။ ထူးခြားလမ်းစဉ် နှစ်ခုကိုသာ လက်ထဲ ကိုင်ထားပါက ကောင်းကင်နတ်တံခါးကိုပင် သူတို့အတွက် ဖွင့်ပေးကြပေလိမ့်မည်။

“ကျုပ်တို့က ထူးခြားလမ်းစဉ်ကို အပြင်လူလက်ထဲ ပေးလိုက်တော့မှာလား” ဝမ်ကလန်ခေါင်းဆောင်က ကျန်းကလန်နှင့် ဟွားကလန်တို့အား ကြည့်ကာ မေးလိုက်သည်။

ကျန်းကလန်ခေါင်းဆောင်က သူ့ကို ကြည့်ကာ ပြောလိုက်၏။ “ထူးခြားလမ်းစဉ်က ကောင်းကင်ဆန္ဒနဲ့ သခင်ကို ရွေးချယ်သွားပြီ။ ခင်ဗျားက အတင်းအကျပ် ဖိအားပေးချင်လို့လား။ ကျုပ်တို့ ပြောနိုင်တာတစ်ခုက ဒီလူ့မှာ ကောင်းကင်နတ်တံခါးဂိုဏ်းနဲ့ ရေစက်ရှိတယ်ဆိုတာကိုပဲ”

“ကျုပ် ကြားတာတော့ သူက ဂူတုံးလျှိုရဲ့ ဂျူနီယာဆို” ဝမ်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။

ယခု ကျန်းကလန်သည် ဂူထျန်းရှင်း၏ မျိုးဆက်နှင့် ပတ်သက်ပြီး အမှန်တကယ် ဝင်ရောက်ပတ်သက်ရန် ဆုံးဖြတ်ထားလေသည်။ သူက ရီဖူရှင်းအား ထူးခြားလမ်းစဉ် ယှဉ်ပြိုင်မှု၌ ပါဝင်ရန် ခွင့်ပြုခဲ့ခြင်းမှာလည်း ထို့အတွက်ပင် ဖြစ်သည်။ သူက ဝမ်ယန်ပင်းထက် ရီဖူရှင်းကို ရွေးချယ်လိမ့်မည် ဖြစ်သည်။

“ဘာပြဿနာရှိလို့လဲ” ကျန်းကလန်ခေါင်းဆောင်က အခြားသူများကို ကြည့်ကာ မေးလိုက်သည်။ ဝမ်ကလန်ခေါင်းဆောင်က မည်သည့်စကားမှ မပြောခဲ့ပေ။ သူက အောက်ဘက်ရှိ ဝမ်ယန်ပင်းအား ကြည့်ရင်း ကျန်းခေါင်းဆောင်အား ပြောလိုက်သည်။ “ပြန်မယ်။ နောက်ရက် အနည်းငယ်ကြာရင် ကောင်းကင်နတ်တံခါးမှာ တွေ့မယ်”

သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားကာ ကောင်းကင်နှင့် မြေကြီးအကြား ပျောက်ကွယ်သွားသည်။ ဝမ်ကလန်မှ အားလုံးသော တန်ခိုးရှင်များက လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခြေလှမ်းလိုက်ကာ ဝမ်ယန်ပင်းသည်လည်း သူတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ကောင်းကင်နတ်တံခါးဂိုဏ်းက ရီဖူရှင်းအား ထူးခြားလမ်းစဉ် ဆက်ခံရန် ခွင့်ပြုခဲ့ပါက သူတို့သည် ဖိအားပေး လုယူ၍ မရနိုင်ပေ။

ထူးခြားလမ်းစဉ်၏ အလင်းက ရီဖူရှင်း၏ ကိုယ်ပေါ်သို့ ဆက်လက်ကျရောက်နေဆဲ ဖြစ်သည်။ အတော်လေး ကြာပြီးနောက် အလင်းများက စတင်မှေးမှိန်လာသည်။ လေထဲတွင် မျောလွင့်နေသည့်  ရှေးဟောင်းစာအုပ်က မှေးမှိန်လာကာ သာမန်ကဲ့သို့ ဖြစ်လာခဲ့သည်။

ယင်းက လေထဲမှာ ကျဆင်းလာပြီး ရီဖူရှင်းက ဖမ်းလိုက်သည်။ ၎င်းတွင် ဗလာဖြစ်နေသည့် စာမျက်နှာများသာ ရှိလေသည်။

ဤစာအုပ်၏ ရည်ရွယ်ချက်မှာ ထူးခြားလမ်းစဉ်ကို ချိပ်ပိတ်ထားရန် သက်သက်သာ ဖြစ်လေသည်။

“ပြီးသွားပြီ” အားလုံးသော မျက်လုံးများက ရီဖူရှင်းပေါ် ကျရောက်လာသည်။ ထူးခြားလမ်းစဉ်သည် သက်ရှည်တောင်ကြား၌ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားခဲ့ရသော်လည်း နောက်ဆုံး၌ သခင် ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

သို့သော် သခင်သည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ မဟုတ်သည်က အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

“ရီဖူရှင်း ထူးခြားလမ်းစဉ်ကို မင်း ရရှိခဲ့တာလား” ကျန်းကလန်ခေါင်းဆောင်က ရီဖူရှင်းအား မေးလိုက်သည်။ ရီဖူရှင်းက ဆက်ခံရရှိခဲ့ပြီး ဖြစ်သော်လည်း သူက အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုချင်နေသည်။

“နတ်ဝိညာဉ်ဆွဲဆောင်ခြင်း” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက မည်သည့်အရာမှ ထိမ်ချန်မထားပေ။ လူတိုင်းသည် ထိုသည်ကို မြင်သည့်အခါ ကျန်းကလန်ခေါင်းဆောင်က သူ့ကို အမွေဆက်ခံခွင့် ပြုလိုက်ရန် ဆန္ဒရှိကြောင်း သိလိုက်ကြသည်။ သူက ရီဖူရှင်းကို ခက်ခဲစေရန် မပြုလုပ်ပေ။

“နတ်ဝိညာဉ်ဆွဲဆောင်ခြင်း” ကျန်းကလန်ခေါင်းဆောင်က ရေရွတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယင်းကို တစ်ဖန်ထပ်ကာ ကြားခဲ့ရပြီ ဖြစ်သည်။

“ကျင့်ကြံခြင်းကို အာရုံစိုက်ပါ” ကျန်းကလန်ခေါင်းဆောင်က ရီဖူရှင်းကို လမ်းညွှန်လိုက်သည်။ နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက ကျင့်ကြံရန် အလွန်ခက်ခဲပေသည်။ ထိုလမ်းစဉ်သည် နှစ်ပေါင်းများစွာတိုင်အောင် ချိပ်ပိတ်ထားခြင်းကို ခံရပေသည်။

ထိုလမ်းစဉ်က ရီဖူရှင်းအား ရွေးချယ်ခဲ့သည့်အတွက်  ယင်းသည် ရီဖူရှင်းအတွက် သင့်တော်သည်ကို ရည်ညွှန်းနေသည်။

“သွားကြစို့” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်ပြီး ချက်ချင်းပင် ကျန်းကလန်၏ တန်ခိုးရှင်များနှင့်အတူ ထွက်ခွာသွားသည်။

ဟွားကလန်မှ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွား၏။

“ပြန်ကြရအောင်” ချင်းဟယ်က ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ရုတ်တရက် လူစုထံ ပြန်လာကာ ထွက်ခွာသွားတော့သည်။

သက်ရှည်တောင်ကြားတွင် များပြားလှသည့် မျက်လုံးများက ရီဖူရှင်း ထွက်သွားသည်အထိ စောင့်ကြည့်နေကြပြီး သူတို့၏ နှလုံးသားထဲ၌ အနည်းငယ် ရှုပ်ထွေးနေသည်။

အခုမှစကာ ဟောက်ထျန်းမြို့တွင် သက်ရှည်တောင်ကြား ရှိတော့မည်မဟုတ်ပေ။

နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သည့်ဒဏ္ဍာရီက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ယင်းကို ကြားပြီးနောက် များပြားလှသည့် လူများက သက်ရှည်တောင်ကြားသည် ပါရမီရှင်များကို မွေးထုတ်ပေးခဲ့သည့် ယခင်ကနှင့် တူတော့မည်မဟုတ်ဟု ခံစားမိလိုက်ကြသည်။ စိတ်ဝိညာဉ်လေးခု တစ်ခုစီတွင် ကိုယ်ပိုင်ကံစွမ်းအား ရှိသည်။ ယခု စိတ်ဝိညာဉ်လေးခုက နတ်ဝင်္ကပါအဖြစ် ပေါင်းစပ်သွားသည်ဖြစ်ရာ ယင်းတို့က ရုပ်တုသက်သက် ဖြစ်သွားပေတော့မည်။

ရီဖူရှင်းနှင့် သူ့လူများသည် လေကို ဖြတ်ကာ ခရီးသွားလာကြသည်။

သူ့ဘေးမှ ချင်းဟယ်က စူးစမ်းလိုစိတ်ပြင်းစွာဖြင့် ရီဖူရှင်းအား လှပသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမက မနေနိုင်တော့ဘဲ မေးလိုက်သည်။ “ရှင် ဘယ်လို လုပ်ခဲ့တာလဲ”

လိပ်နက်ကို နိုးထစေခြင်းမှစကာ စိတ်ဝိညာဉ်လေးခုက တစ်ပြိုင်တည်း နိုးထလာပြီး ထူးခြားလမ်းစဉ်က ကိုယ်ပိုင်သခင် ရွေးချယ်သည်အထိ သူမသည် နားလည်နိုင်ခြင်း မရှိခဲ့ပေ။

အားလုံးထဲတွင် ထူးခြားလမ်းစဉ်က သူ့အတွက် ပြင်ဆင်ပေးထားသကဲ့သို့ပင် ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

“ကျုပ် ဘယ်နှခါတောင် ပြောပြီးပြီလဲ။ ကျုပ်က ကောင်းကင်လမ်းစဉ် နတ်ခန္ဓာပိုင်ရှင်ပဲလေ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“အလုပ်မဟုတ်တာတွေ” ချင်းဟယ်က မကျေမနပ် ရေရွတ်လိုက်သည်။ ဤအကောင်က ထိုဆင်ခြေကို ထပ်သုံးပြန်ပြီ ဖြစ်သည်။

သူမသည် ရီဖူရှင်းထံမှ မည်သည့်အရာမှ ထွက်လာအောင် မလုပ်နိုင်မည်ကို သိရှိပေသည်။

“ကျုပ်နဲ့ လိပ်နက် ပြောခဲ့တဲ့ စကားတွေက အလိမ်အညာလို့ ထင်လား” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“အဲဒါက အမှန်လို့ ရှင် ပြောနေတာလား” ချင်းဟယ်က မခံမရပ်နိုင်နှင့် ပြောလိုက်သည်။ သူက အမှန်တကယ်ကို စိတ်ဝိညာဉ်လေးခုနှင့် စကားပြောဆိုခဲ့သည်လား။

“ဟုတ်တယ် ... အမှန်ပဲ။ အဲဒီ လိပ်နက်ကလည်း ကျုပ်ကို ပြန်တုံ့ပြန်ခဲ့တယ်” ရီဖူရှင်းက ပြုံးလိုက်ပြီး ချင်းဟယ်က သူ့အား ထူးဆန်းစွာ ကြည့်လိုက်သည်။ ယခင်က ရီဖူရှင်း၏ ရှင်းပြမရနိုင်သော စကားများက တောင်ကြားရှိ လူများကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။ လူအများက သူ့အား အရူးဟု တွေးတောခဲ့ကြသည်။

ယခု ရီဖူရှင်းက ထိုအရာကို အမှန်ဟု ဆိုနေသည်။

“အဲဒီရဲ့တည်ရှိမှုကို ရှင် သိခဲ့တာလား” ချင်းဟယ်က မေးလိုက်သည်။

“ကျုပ် မြင်နိုင်တယ်” ရီဖူရှင်းက ထပ်ပြောလိုက်သည်။ ချင်းဟယ်သည် ရီဖူရှင်း၏ ချောမောသော ရုပ်ရည်ကို ကြည့်နေရင်း ခပ်ရေးရေး ယုံကြည်လာမိသည်။

ဖြစ်နိုင်သည်က သူ့တွင် အမှန်တကယ်ပင် အခြားသူများ မပိုင်ဆိုင်နိုင်သည့် စွမ်းရည် ရှိနေပုံရတာကြောင့် ထူးခြားလမ်းစဉ်က သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေမည်။

“ဒါဆို ထူးခြားလမ်းစဉ်ကရော။ ဘာလို့ ရှင့်ကို ရွေးချယ်ခဲ့တာလဲ” ချင်းဟယ်က ဆက်ပြောလိုက်သည်။

“ရှင့်စပ်စုချင်စိတ်က အဆုံးကို မရှိတော့ဘူး” အသံတစ်ခု ကြားလိုက်ရပြီး ချင်းဟယ်က လှည့်ကြည့်လိုက်လျှင် ရီဖူရှင်း၏ ဘေးမှ ရှားရှင်းယွန်ကို မြင်သည်။ သူမက ပြုံးကာ ပြောလိုက်သည်။ “အဲဒါက ဆိုးဝါးလို့လား”

“မကောင်းတာတော့ အမှန်ပဲ။ တစ်ခုခု ဖြစ်လိမ့်မယ်”

ရှားရှင်းယွန်က ပြန်ဖြေပြီးနောက် ရှေ့သို့ အရှိန်တင်လိုက်သည်။

“ဘာဖြစ်မှာပါလိမ့်” ချင်းဟယ်၏ အကြည့်က ထူးဆန်းသွားသည်။ ရီဖူရှင်းသည်လည်း ဇဝေဇဝါ ဖြစ်နေပုံရသည်။

ဟူး …

မည်သည်တို့ ဖြစ်လိမ့်မည်နည်း။

နန်းတော်သို့ ပြန်ရောက်သည့်အခါ ရီဖူရှင်းသည် ထူးခြားလမ်းစဉ်ကို စတင်ကျင့်ကြံလေသည်။ သူက တင်ပျဉ်ခွေထိုင်ကာ သူ၏ အသက်ဓာတ်က စီးဆင်းနေပြီး သူ့လက်များက သင်္ကေတအချို့ သဏ္ဌာန်ပုံဖော်ထားသည်။ ရုတ်တရက် သူ့ခန္ဓာအတွင်း စီးဆင်းနေသည့် အသက်ဓာတ်က ကောင်းကင်ကို ရွေ့လျားလာသည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တောက်ပသည့်အလင်းတို့နှင့် လင်းလက်နေသည်။

သူ့ခန္ဓာကိုယ်က ရုတ်တရက် မဟာလမ်းစဉ် လေပွေကဲ့သို့ ပြောင်းလဲသွားပြီး သူ့အနီးရှိ စွမ်းအားများစွာက ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နေပြီး သူ့ခန္ဓာကိုယ်နှင့် တသားတည်း ဖြစ်သွားသည်။

ထူးခြားလမ်းစဉ် ကျင့်ကြံခြင်းနှင့် အခြားကျင့်စဉ်များသည် ကွာခြားမှုအချို့ ရှိနေပေသည်။ ထူးခြားလမ်းစဉ်ကို ကျင့်ကြံနေသည့်အခါ အခြားသော အခြေအနေသို့ ဝင်ရောက်သွားသည်။

ပထမဆုံး သူလုပ်ရန် လိုသည့်အရာမှာ ထိုအခြေအနေကို ရှာဖွေရန် ဖြစ်သည်။

သူ့ခန္ဓာထက်တွင် မဟာလမ်းစဉ် နတ်အလင်းတို့က တောက်ပသည်ထက် တောက်ပလာကာ စီးဆင်းနေသည်။ နတ်အလင်းတို့က ပျဆင်းလာနေသကဲ့သို့ ဖြစ်၏။ သူ၏ အတွေးက အနန္တလောကကို ဖုံးလွှမ်းထားကာ မရေတွက်နိုင်သည့် နတ်စွမ်းအားများက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား စွမ်းအားများကို ဆွဲယူလိုက်သည်။

နတ်အလင်းက တောက်ပကာ လင်းလက်နေသည်။ သူ့ ခန္ဓာအတွင်း အသက်ဓာတ်က စီးဆင်းနေသည်။ ရုတ်တရက် သူ့ ဝိညာဉ်သည် ခန္ဓာကိုယ်အပြင်သို့ ရောက်ရှိလာကာ ကောင်းကင်နှင့် မြေကြီး၏ အစိတ်အပိုင်း ဖြစ်လာသည်ကို ခံစားမိလိုက်သည်။

ထိုအချိန်တွင် သူက နန်းတော်အတွင်း ချင်းဟယ် ကု့ချင်း တီးခတ်နေသည်ကို မြင်နိုင်သည်။ သူက ယူချင်း ထိုင်ကာ ကျင့်ကြံနေသည်ကိုလည်း မြင်နိုင်သည်။ သူက ရှားရှင်းယွန် ခြံဝင်းအတွင်း မှုန်သုန်ကာ ထိုင်နေသည်ကိုလည်း မြင်နိုင်၏။

လောကရှိ အရာအားလုံးသည် ရှင်းလင်း ပြတ်သားလာသည်။ ဤခံစားချက်က သူ၏ လွတ်လပ်ခြင်းကျင့်စဉ်နှင့် တူညီသည်ဟု ထင်မှတ်ရသော်လည်း ထပ်တူတော့ မကျပေ။

“နတ်ဝိညာဉ်ဆွဲဆောင်ခြင်း”

ရီဖူရှင်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဤသည်က နတ်ဝိညာဉ် အခြေအနေလား။

ထိုအချိန်တွင် သူသည် ချင်းဟယ်၏ စိတ်ဝိညာဉ်ကိုပင် ခံစားနိုင်သည်။ ကြည့်ရသည်မှာ သူ၏ အတွေးတစ်ချက်နှင့်ပင် တိုက်ခိုက်မှုကို တိုက်ရိုက်ဖော်ထုတ်နိုင်တော့မလို ထင်မှတ်ရသည်။

သို့သော် ရီဖူရှင်းသည် ထိုသို့ မလုပ်ပေ။ နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက ကောင်းကင်နှင့် မြေကြီးအကြား မဟာလမ်းစဉ် စွမ်းအားများကို ပိုမို ဆွဲဆောင်နိုင်ပြီး ဝိညာဉ်အတွင်း ပေါင်းစပ်ကာ အသက်ဓာတ်ကို ပို၍ သန်မာအားကောင်းလာအောင် ပြုလုပ်ပေးနိုင်သည်။ ယင်းတို့သည် သန့်စင်သည့် စိတ်အခြေအနေသို့ ဝင်ရောက်သွားသည့်အခါ တိုက်ခိုက်မှုစွမ်းအားကို ပို၍ ပြင်းထန်စွာ ဖော်ထုတ်လာနိုင်မည် ဖြစ်သည်။

ယင်းသည် တိုက်ရိုက်ခြင်း ပညာရပ်မဟုတ်သော်လည်း ကိုယ်ပိုင်တိုက်ခိုက်မှုကို ပို၍ အစွမ်းထက် အားကောင်းလာအောင် လုပ်ပေးနိုင်သည်။

ယင်းလမ်းစဉ်ကို အသုံးပြု၍ တိုက်ခိုက်မှုကို ဖော်ထုတ်ပါက စွမ်းအားသည် တစ်ဖန် တိုးတက်ပြောင်းလဲသွားမည် ဖြစ်သည်။

သူက ထိုစမ်းသပ်မှု၏ အဓိပ္ပာယ်ကို ခပ်ရေးရေးနားလည်လာသည်။ အကယ်၍ သူ့အတွက်ပင် ကျင့်ကြံရန် မဖြစ်နိုင်ပါက အခြားလူများသည်လည်း အလွယ်တူ အောင်မြင်နိုင်ရန် အကြောင်းမရှိပေ။

***

All Chapters