← Chapters

သူတော်စင်ဂိုဏ်းတွင် အခြေချခြင်း

Vol. 114 Ch. 1592

သူတော်စင်ဂိုဏ်းတွင် အခြေချခြင်း

Vol. 114 Ch. 1592

သူတို့ရဲ့ ကျေးဇူးရှင် ဟုတ်လား…

သူရည်ညွှန်းသည့်လူကို ရှီမာယူယူသည် ရုတ်တရက် သတိရသွားသည်။ ကလေးဘဝကတည်းက သူမကို ကယ်ခဲ့သူမှာ ရင်လင်းအပြင် တခြားမည်သူရှိ နိုင်ဦးမည်နည်း။

“သူတော်စင်ဂိုဏ်းက ဒီနားမှာလား” သူမသည် သူတော်စင်ဂိုဏ်း၏ တည်နေရာကို အမှန်တကယ်မသိပေ။

“အရမ်းတော့မနီးဘူး ရက်နည်းနည်းတော့ ကြာလိမ့်မယ်” ရှီမာလျူရွှမ် ပြောလိုက်သည်။

ထိုကျယ်ပြန့်လှသော တိုက်ကြီးတွင် ရက်အနည်းငယ်သွားရသော ခရီး ဆိုသည်မှာ ဝေးကွာလှသည်မဟုတ်ပေ။

“ဒီနေရာက သူတော်စင်ဂိုဏ်းနဲ့အရမ်းနီးတယ်၊ အဲဒါကို ဒီမှာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းရှိနေတာကို သူတို့ဘာလို့မသိကြတာလြ” ရှီမာယူယူသည် သိချင်စိတ် ဖြင့် မေးလိုက်သည်။

“သူ့ကို ဒီအကြောင်းမေးလိုက်ပေါ့” ရှီမာလျူရွှမ် ပခုံးတွန့်လေသည်။

ဤနေရာတွင် ဧကရာဇ်၏ဂူသင်္ချိုင်းရှိမည်ကို သူတော်စင်ဂိုဏ်းမှ သိလိမ့် မည်ဟု သူလည်းစဉ်းစားမိသည်။ သို့သော် အဘယ့်ကြောင့် မစစ်ဆေးကြ သနည်း။ ထိုအကြောင်းကို မေးမှပင်သိလိမ့်မည်။

“အဲလိုဆိုရင်တော့ သူတော်စင်ဂိုဏ်းကိုသွားကြတာပေါ့ သမီးလည်း လက်ထောက်လေးကို လွမ်းနေပြီ အဖေ့ကိုကယ်တုန်းက သူကကူညီပေးခဲ့တာ လေ” ရှီမာယူယူသည် လက်ထောက်လေး မည်သို့ရှိနေမည်ကို သိချင်နေသည်။

“သူတော်စင်ဂိုဏ်းဟုတ်လား ဒါဆိုရင် သခင်ကြီဂရင်လင်းကိုရှာပြီး ပျောက်ဆုံးနေတဲ့နယ်မြေမှာ ဆရာ့ကိုတွေ့နိုင်မလားဆိုတာကို ဟောကိန်းပြော ခိုင်းရမယ်”

“သူကူညီချင်တယ်ဆိုရင်တော့ ရှောင်စရာရှိတာ ရှောင်နိုင်တာပေါ့” ကျန်းကျူးရှန့်သည်လည်း ခရီးစဉ်ကိုထောက်ခံလေသည်။

ထို့ကြောင့်ပင် ရှီမာယူယူသည် ဟာစွန်ကိုဆင့်ခေါ်ပြီး သူတော်စင်ဂိုဏ်း ဆီသို့ ညလုံးပေါက် အလောတကြီးသွားကြလေသည်။

မထင်ရှားသော တောင်တစ်တောင်ထိပ်တွင် သေးငယ်သောခြံဝန်းများ တည်ရှိကြသည်။ အရှည်ဆုံးခြံဝန်းတွင်တော့ ရင်လင်းသည် ဂိုဏ်းအဖွဲ့ဝင်များ နှင့် စကားပြောနေသည်။

“လက်ထောက်လေး” ရင်လင်းသည် တိုးညင်းစွာခေါ်လိုက်သည်။

လက်ထောက်လေးသည် အပြင်မှဝင်လာပြီး အရိုအသေပေးလေသည် “ဆရာ”

“အဖိုးတန် ဧည့်သည်တွေလာနေပြီ တောာင်အောက်ဆင်းပြီး ကြိုလိုက်ပါ ဦး” ရင်လင်း အမိန့်ပေးလေသည််။

“ဟုတ်ကဲ့ပါ” လက်ထောက်လေးသည် အမိန့်ရပြီးနောက် ထွက်သွားလေ သည်။ သူသည် ပျော်ရွှင်စွာဖြင့် တောင်အောက်သို့ဆင်းသွားလေသည်။

အဖိုးတန်ဧည့်သည်ဆိုပါက သူ့ရာထူးနှင့် ကြိုဆိုရမည်မဟုတ်ပေ။ သို့သော် ဆရာမှ သွားရန်စေခိုင်းသည်မှာ သူနှင့်ပတ်သတ်သည့်သူဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

စဉ်းစားကြည့််ပြီး သူအလွန်သိချင်မိသည်။

မကြာခင်မှာပင် သူသည် တောင်ခြေသို့‌ရောက်ချိန်၌ ဟာစွန်အပေါ်မှ ရင်းနှီးကာ သူအလွန်လွမ်းဆွတ်နေသော ပုံရိပ်ကိုမြင်လိုက်ရသည်။

ရှီမာယူယူနှင့် တခြားသူများသည် ဟာစွန်ပေါ်မှဆင်းလိုက်ကြသည်။ လက်ထောက်လေးသည် သူတို့ဆီသို့ရောက်လာပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက် လေသည် “အစ်မယူယူ အဖိုးတန်ဧည့်သည်တွေလို့ ဆရာပြောတာ တကယ် ဟုတ်နေတာပဲ”

ရှီမာယူယူသည် လက်ထောက်လေးကို အကဲခတ်ကြည့်လိုက်သည်။ ၁၀ နှစ်ကြာသွားသော်လည်း သူသည် အရင်အတိုင်းပင်… ဆယ်နှစ်တာအချိန်သည် သူ့အပေါ် သက်ရောက်မှုမရှိသည့်ပုံပင်။

“သခင်ကြီးရင်လင်းက ငါတို့ရောက်မယ်ဆိုတာကို ကြိုမြင်ပြီးသားထင် တယ်” ရှီမာယူယူ ရယ်မောလိုက်သည် “အဲလိုဆိုမှတော့ သူ့ဆီကိုသွားလည်ကြ တာပေါ့ အခုဆို အဆင်သင့်ပြီထင်ပါတယ်”

သူမ စကားကြားလိုက်ရချိန်တွင် အားလုံးကြည့်လိုက်ကြသည်။ ဂိုဏ်းကို ဝင်ပြီး ရင်လင်းကိုကိုယ်တိုင်တွေ့ရသည်ကပင် ကောင်းလွန်းနေပြီဖြစ်သည်။

“ဆရာက ဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ကိစ္စလေးတွေ ဆွေးနွေးနေတာပါ ဒါပေမဲ့ ကျွန်တော်တို့ ရောက်ရင်တော့ ပြီးလောက်ပါပြီ” လက်ထောက်လေးသည် လက်ယက်ခေါ်ကာ တောင်ပေါ်သို့ ဦးဆောင်သွားလေသည်။

အစောင့်သည် သူတို့ကို မတားပေ။ လက်ထောက်လေးသည် သူတို့ကို ဦးဆောင်ပြီးဝင်သွားလိုက်သည်။

ရှီမာယူယူသည် တောင်ကိုကြည့်လိုက်သည်။ တောင်ထိပ်သည် တိမ်များ မြူများဖြင့် ပြည့်နေသည်။ တောင်သည် သစ်ပင်စိမ်းများဖြင့် စိမ်းလန်းစိုပြေနေ ကာ ရေများမှာလည်း တပွက်ပွက်ညံနေသည်။ ကျီကျီကျာကျာ ငှက်သံများမှာ လည်း တောင်စမ်းချောင်းမှ တစ်ခါတစ်ခါ ပဲ့တင်ထွက်နေသည်။ ပတ်ဝန်းကျင် မှာ အလွန်ပင် သဟဇာတဖြစ်နေသည်။

လမ်းကြောင်းမှာ ကွေ့ပတ်သွားရသည်။ လက်ထောက်လေးသည် မည်သည့်အချိန်တွင် ဆောက်ခဲ့ကြောင်း ကန်ထဲမှရှားပါးသော ငါးများ အကြောင်းအစရှိသဖြင့် မိတ်ဆက်လာခဲ့သည်။ ကြည့်လိုက်သည်နှင့်ပင် သူ ပျော်နေသည်ကို မြင်နိုင်သည်။

ဖြတ်သွားသော တပည့်များသည် လက်ထောက်လေးကို အံ့ဩကြသည်။ သူတို့၏ ဂျူနီယာညီလေးသည် ပုံမှန်ဆိုလျှင် တည်ငြိမ်တတ်သူဖြစ်သည်။ ဘယ်သူကများ သူ့ကို ဒီလောက် ပျော်စေတာလဲ။

လက်ထောက်လေးသည် သူတို့၏ အံ့ဩနေသော မျက်လုံးများကို လျစ်လျူရှုပြီး လှေကားများမှတဆင့် အမြင့်ဆုံး ခြံဝန်းဆီသို့ ခေါ်သွားလေ သည်။

“ဒါက ဆရာ့ရဲ့ခြံဝန်းပါ၊ ဟိုလူတွေ မပြန်ကြသေးဘူးပဲ အဲတော့ သူတို့ ဆွေးနွေးတာမပြီးသေးဘူးထင်တယ် ဒီမှာပဲစောင့်ကြာတာပေါ့” လက်ထောက် လးသည် ခြံအပြင်မှ ကွက်လပ်တစ်ခုဆီသို့ သူတို့ကို ခေါ်သွားလေသည်။

ရှီမာယူယူသည် ပတ်ပတ်လည်မှ ရှုခင်းကို ကြည့်လိုက်သည်။ ထိုခြံဝန်း များမှလွဲပြီး တခြားတောင်များတွင် အဆောက်အဦးတည်ဆောက်ထားခြင်းမရှိ ပေ။ ဒီသူတော်စင်ဂိုဏ်းက တကယ်ပဲ တစ်ခုခုပဲ။

ဟန့်မြောင်ရွှမ်လည်း ထိုသို့ ခံစားရသဖြင့် လက်ထော်ကလေးကို မေး လိုက်သည် “မင်းတို့ သူတော်စင်ဂိုဏ်းက တိုင်းပြည်မှာ ပြိုင်ဘက်ကင်းတဲ့ နေရာတစ်ခုမှာ နေနေကြတာ အဆောက်အဦးတွေဘာလို့မဆောက်တာလဲ”

လက်ထောက်လေးသည် ပြုံးပြီးရှင်းပြလေသည် “ကျွန်တော်တို့က ကောင်းကင်ဘုံရဲ့ ဂရုဏာကိုရထားကြလို့ အပြင်ပိုင်းပစ္စည်းတွေအပေါ်မှာ မသာယာသင့်ဘူးလို့ ဆရာပြောပါတယ်၊ ခန်းမကြီးဖြစ်ဖြစ် တဲပုပ်ဖြစ်ဖြစ် အဲဒါ တွေအကုန်လုံးက ပစ္စည်းအဆောင်အယောင်တွေပဲလေ အဲဒါတွေကို ဂရုမစိုက် ကြဘူး၊ အဲဒီအစား ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်လိုက်ရင် ကောင်းကင် ဘုံရဲ့ လက်ဆောင်ကိုပါရနိုင်တယ်လေ”

“ဒါပေမဲ့ ခြိုးခြံတဲ့ဘုန်းတော်ကြီးတွေလို လုပ်ဖို့မလိုဘူးလား” ဟန့်မြောင် ရွှမ်သည် သူတို့ဘဝမှာ ခက်ခဲလှသည်ဟု ခံစားရသည်။

“ဒီလိုကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ အကောင်းဆုံးပဲလို့ ဆရာပြောထား တယ်” လက်ထောက်လေး ပြန်ဖြေလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ဂမ္ဘီရပညာရှင်များသည် အနာဂတ်ကို ဟောကိန်းထုတ်နိုင်ပြီး တခြားသူများ မသိသည့်အရာများကိုလည်း သိကြကာ ကမ္ဘာကြီး၏ ကံအတက်အကျ၊ ဂုဏ်ကျက်သရေနှင့် အထမြောက်ခြင်းများကို သိနိုင်သူများဖြစ်ကြသည်။ သူတို့သာ သူတို့၏မူလသမာဓိကို မထိန်းသိမ်းဘဲ လောဘပင်လယ်တွင် နစ်မြှုပ်နေပါက သူတို့လုပ်သမျှသည် တခြားသူများကို အန္တရာယ်ဖြစ်စေပြီး ကမ္ဘာကြီးကို ပြောင်းလဲစေမည်။

ဂမ္ဘီရပညာရှင်များ၏ သက်တမ်းသည် သာမာန် ဝိညာဉ်သခင်များထက် တိုတောင်းသည်။ နာမည်ဂုဏ်တွေ ချမ်းသာကြွယ်ဝမှုတွေက ဘာအသုံးဝင်မှာ လဲ။

ထိုအချိန်တွင် လူများစွာ ထွက်လာကြသည်။ လက်ထောက်လေးသည် သူတို့ကို အရိုအသေပေးကာ လိုက်ပို့ပေးလိုက်သည်။

“အဖိုးတန်ဧည့်သည်တွေ ရောက်လာပြီပဲ အမှားပါရင် သဘောထားကြီး ပေးကြပါဦး ဝင်လာကြပါ” ရင်လင်း၏ အသံထွက်ပေါ်လာသည်။

လက်ထောက်လေးသည် သူတို့ကိုခေါ်သွားလိုက်သည်။ ရှီမာယူယူ အကဲ ခတ်ကြည့်ရာ အိမ်ထဲတွင် စားပွဲနှင့်ခုံများမရှိဘဲ အခင်းတစ်ခုသာရှိနေသည်။

ရှီမာယူယူသည် ထိုင်လိုက်သည်နှင့် တစ်ခုခုလွဲနေသည်ကို သိလိုက်ရ သည်။ အခင်းသည် ကျောက်တုံးသဖွယ် မာတောင့်နေသော်လည်း အပူရှိန်ရှိ နေသည်။

“ကျုပ်က သူတို့ကို စာသင်ပေးလို့လေ အဲဒါကြောင့် နွေးတဲ့ ကျောက်စိမ်း ကိုသုံးတာ တခြားနေရာတွေမှာတော့ စားပွဲတွေခုံတွေရှိပါတယ်” ရင်လင်း ရှင်း ပြလေသည်။

“ဒီကျောက်စိမ်းပူက ရှားတယ်၊ ဒါကိုအခင်းအဖြစ်သုံးပြီး ထိုင်မယ်လို့ ထင် မထားဘူး သခင်ကြီးရဲ့ဘဝကကြမ်းတယ်လို့ထင်ထားတာ အခုတော့ မသိမသာ ဇိမ်ခံတတ်တာပဲ” ရှီမာယူယူသည် ရယ်သွမ်းလိုက်သည်။

“ဟားဟား” ရင်လင်းသည် ပေါ့ပါးစွာရယ်မောလိုက်ပြီး စိတ်ထဲတွင် မှတ်ယူခြင်းမရှိပေ။ သူတို့သည် ဂိုဏ်းအတွင်းတွင်သာရှိနေရာ မကောင်းသည့် အရာများမဖြစ်လာနိုင်ပေ။

သူတော်စင်ဂိုဏ်းသည် ဇိမ်ကျကျနေထိုင်ခြင်းကို မထောက်ခံသော်လည်း ဂုဏ်တော့ရှိသေးသည်။

“ကျုပ် မင်းကိုဂုဏ်မပြုရသေးဘူး ဂူသင်္ချိုင်းကို သိမ်းကြုံးယူလိုက်တာ ကောင်းရဲ့လား”

“ကျွန်မက သိနေတယ် သခင်ကြီးက သင်္ချိုင်းဂူအကြောင်းကို သိနေမှာပဲ လို့” ရှီမာယူယူ မအံ့ဩတော့ပေ “ဒီခရီးကတော့ မဆိုးပါဘူး ပစ္စည်းတချို့တော့ ရခဲ့တယ် ဒါပေမဲ့ သံသယတချို့တော့ကျန်နေတာပဲ အဲဒါတွေကို ရှင်းပေးနိုင် မလားလို့ သခင်ကြီးကိုမေးချင်တာပါ”

“သံသယရှိရင်တော့ ဖြေရှင်းနိုင်မှာပဲ၊ မင်း ရှုပ်ထွေးနေတယ်ဆိုတာကိုက အမှန်ကိုနားလည်မယ့် နေ့မရောက်သေးဘူးလို့ ဆိုလိုတာပဲ” ရင်လင်း ပြုံးလိုက် သည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်ဆိုတဲ့ စကားလုံးက ဘာများကွာသွားလို့လဲ။

“အဲဒီမှာ ဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်းရှိတာကို သိမှတော့ ဘာလို့သွားပြီး မစစ်ကြည့်ရမှာလဲ”

***

All Chapters