← Chapters

ကံကြမ္မာကိုလိုက်လျောခြင်း

Vol. 114 Ch. 1593

ကံကြမ္မာကိုလိုက်လျောခြင်း

Vol. 114 Ch. 1593

ရှီမာယူယူ၏ စကားများသည် အားလုံး၏ စိုးရိမ်မှုကိုဖော်ပြနေသည်။

“ကျုပ်တို့က သူနဲ့ရေစက်မပါဘူး ကျုပ်တို့ဝင်သွားလည်း ဘာမှမရတဲ့ အပြင် ယဇ်ပူဇော်ခံရသလိုပဲဖြစ်သွားမှာပဲ” ရင်လင်းသည် သင်္ချိုင်းဂူအကြောင်း သိထားသည်။

“သခင်ကြီးသာ အဲလိုစကားတွေကို ဘာမှမဖြစ်သလိုပြောနိုင်တာ” ရှီမာရှုံချီသည် ဂမ္ဘီရပညာရှင်များကို အလွန်လေးစားသမှုရှိသည်။

ဧကရာဇ်တစ်ပါး၏ သင်္ချိုင်းဂူရှိသည်ဟု သိသူသည် အရင်ကတည်းကပင် ရတနာများသွားယူ ကြမည်မဟုတ်ပါလား။ ပြီးခဲ့သည့်တစ်ခေါက် ချီဝိညာဉ်များ တစ်ခုခုလွဲမှားနေသည်ကို သိခဲ့စဉ်ကလည်း  လူအများသည် ထိုနေရာတွင် အသက်ပေးခဲ့ကြရသည်။

သူတို့သည် လောဘနှင့် ဆန္ဒကိုယ်ထိန်းချုပ်နိုင်ခြင်းမရှိကြပေ။

“ဒါဆိုရင် သခင်ကြီးက ကံကြမ္မာပါတဲ့လူဆိုတာကို ယုံလား” ရှီမာယူယူ မေးလိုက်သည်။

“ယုံလည်းယုံတယ် မယုံလည်းမယုံဘူး” ရင်လင်းသည် မျက်လုံးမမြင်ရ သော်လည်း သူ့မျက်လုံးမှာ ပေါ့တန်ခြင်းမရှိပေ။ သူပြုံးပြီး ရှီမာယူယူနှင့် မျက်နှာချင်းဆိုင်လိုက်သည် “အကုန်လုံးမှာတော့ ကောင်းကင်ဘုံ သတ်မှတ်တဲ့ ကံကြမ္မာဆိုတာရှိကြတယ်၊ လူတော်တော်များများက ကံကြမ္မာကို ဆန့်ကျင်နိုင် တယ်လို့ သူတို့ကိုယ်သူတို့ ခံစားကြပေမဲ့ တကယ်တော့ အဲဒါတွေအကုန်လုံးကို ကောင်းကင်ဘုံကပဲ ကြိုတင်စီစဉ်ထားတာပဲ၊ အားလုံးမှာ ကိုယ်တိုင်လုပ်ရမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေရှိကြတယ်၊ ကံကြမ္မာကသတ်မှတ်တဲ့လူကတော့ သူများတွေနဲ့မတူတာကို လုပ်ရလိမ့်မယ်”

“ဒါပေမဲ့ ကံကြမ္မာကသတ်မှတ်ပေးတဲ့လူက တက်ကြွမှုမရှိဘူးဆိုရင်ရော” ဥပမာဆိုရလျှင် သူမသည် ကောင်းကင်ကို ဆန့်ကျင်လိုသူမဟုတ်ပေ။

“မင်းမလုပ်ချင်ရင်တောင် အဲလမ်းမှာပဲ အဆုံးသတ်သွားမှာပဲ” ရင်လင်း သည် ရှီမာယူယူ၏ အတွေးကိုနားလည်သည် “မင်းက ကံကြမ္မာကသတ်မှတ် ထားတဲ့လူဆိုမှတော့ ရှောင်လွှဲလို့မရဘူး”

ရှီမာယူယူ နှုတ်ဆိတ်သွားသည်။ တကယ်ပဲ အဲလိုလား။

“သခင်ကြီးရင်လင်း ယူယူက ဘေးဒုက္ခကြီးတွေ့ဖို့ ရှိဦးမှာလား” ရှီမာလျူရွှမ် မေးလိုက်သည်။

“မပေးဆပ်ဘဲ ဘာမှရလာမှာမဟုတ်ဘူး ဒါပေမဲ့ တစ်ခါတလေမှာ သေဆုံးခြင်းက အဆုံးသတ်မဟုတ်ဘူး၊ ဒါပေမဲ့ အသစ်စတင်ခြင်း အခြေအနေကို ချိုးဖျက်ဖို့ အခွင့်အရေးပဲ” ရင်လင်းသည် တိုက်ရိုက် အဖြေမပေး ဘဲ ထိုစကားလုံးများကိုသာ ပြောလေသည်။

သူမ ဘဝတွင် သေဆုံးမှုကံတရားရှိသည်ဟု အားလုံးကြားလိုက်ရသည်။ သို့သော် ထိုအရာသည် မကောင်းသောရလဒ်မဟုတ်ဘဲ အသစ်စတင်ခြင်းသာ ဖြစ်သည်။

ရှီမာယူယူသည် ထိုအကြောင်းကို များများစားစားမတွေးသော်လည်း တခြားသူများသည် ကြောက်လန့်နေပြီဖြစ်သည်။ သူတို့သည် ဖြေရှင်းရမည့် နည်းလမ်းကို အမြန်မေးကြလေသည်။

“ဒါက ကံကြမ္မာစက်ဝိုင်းပဲ ပြောင်းလဲလို့မရဘူး၊ နောက်ဆုံးရလဒ်ကတော့ သူမရဲ့ ကံကောင်းမှုပေါ်မှာပဲမူတည်တော့မယ်” ရင်လင်း ဆိုလိုက်သည်။

“ပြောချင်တာက သူမ မသေတာလည်းဖြစ်နိုင်တယ်ပေါ့” ဖန်ကျိရှင်း မေး လိုက်သည်။

“ဒါက… ဒါတော့ ပြောလို့မရဘူး” ရင်လင်းသည် သူတို့မေးခွန်းများကို အဆုံးသတ်ဖြေကြားလေသည်။

ရှီမာယူယူသည် တိတ်တဆိတ် မျက်လုံးလှိမ့်မိသည်။ ထိုကဲ့သို့ မရေမရာ စကားလုံးများသည် ဂမ္ဘီရပညာရှင်များ၏ အကြိုက်စကားလုံးများဖြစ်ကြသည်။

“သခင်ကြီးရင်လင်း ကျွန်တော်တို့က ပျောက်ဆုံးနေတဲ့နယ်မြေမှာ ဆရာ့ ကိုသွားရှာချင်ပါတယ် နည်းနည်းလောက်များ ထောက်ပြလို့ရမလားခင်ဗျာ” ကျန်းကျူးရှန့် မေးလိုက်သည်။

“ရှုဂျင်းလား” ရင်လင်းသည် ခေတ္တမျှ မျက်လုံးမှိတ်လိုက်သည်။ သူ တရားထိုင်နေစဉ်တွင် မျက်ခုံးများ လှုပ်ခတ်သွားသည်ကို ရှီမာယူယူ သတိထား မိလို်ကသည်။

ခဏအကြာတွင် သူ မျက်လုံးများပွင့်လာသည် “အခုသွားရင် အချိန်ကိုက် ပဲ”

သူ့စကားများသည် ရှီမာယူယူတို့အဖွဲ့ကို အားပေးလိုက်သလိုပင်ဖြစ် သည်။

အချိန်ကိုက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ စောသွားလျှင်ဖြစ်ဖြစ် နောက်ကျလျှင်ဖြစ်ဖြစ် သူတို့သည် သူ့ကိုရှာနိုင်မည်မှာမသေချာပေ။

“အခုဆရာက ဘယ်မှာလဲ ဆရာ့ကိုဘယ်လိုရှာလို့ရမလဲ” ဟန့်မြောင်ရွှမ် စကားစလာသည်။

“မင်းတို့ ယုန်းနားရွက်တောင်ကို သွားလိုက်ရင် အဖြေကိုတွေ့လိမ့်မယ်” ရင်လင်းသည် သူတို့ထပ်မေးနေချင်သေးသည်ကို တွေ့သောအခါ ထပ်ပြော ပေါင်းလိုက်သည် “ကျုပ်ထပ်ပြောလိုက်ရင် မင်းတို့အတွက် မကောင်းနိုင်ဘူး အန္တရာယ်ရှိလာနိုင်တယ်”

“…”

သူထိုသို့ပြောလိုက်သဖြင့် မည်သူမှထပ်မမေးရဲတော့ပေ။

သူတို့သည် တခြားအကြောင်းအရာတချို့ကိုပါ ဆက်ပြောကြလေသည်။ ဂမ္ဘီရပညာရှင်များသည် နှစ်လိုဖွယ်ကောင်းကြောင်းများ၊ သူတို့သည် အရာခပ် သိမ်းသိမြင်ကြကာ ထိုလျှို့ဝှက်ချက်နှင့်ပတ်သတ်သည့် အကြောင်းအရာများ အစရှိသည်များကို ရှာကြံပြောကြသည်။

အချိန်တစ်ခုကြာအောင် ပြောပြီးနောက်တွင် သခင်ကြီးရင်လင်းသည် အေးစက်ခြင်းမရှိဘဲ ကြင်နာတတ်သည်ဟု အားလုံးခံစားရသည်။

ပြန်လာသောလမ်းတွင် ဟန့်မြောင်ရွှမ်သည် ရင်လင်းနှင့်ပတ်သတ်ပြီး သူမ အမြင်ကို ပြောပြလေသည်။ သို့သော် ရှီမာယူယူသည် စိတ်ထဲမှ အပြစ်တင် မိသည်။ သူတော်စင်တစ်ယောက်က စီနီယာ့ကို အရူးလုပ်ဖို့ လွယ်လွန်းနေတာ မဟုတ်ဘူးလား။

“အစ်မယူယူ ဒီမှာနောက်ထပ် နှစ်ရက်လောက် မနေတော့ဘူးလား ဆရာ ကလောဖို့မလိုဘူးလို့ပြောတယ် ဆိုလိုတာက နှစ်ရက်လောက်က သက်ရောက် မှုမဖြစ်နိုင်ပါဘူး” လက်ထောက်လေး ပြောလိုက်သည်။

“ဟုတ်ပါပြီ” ရှီမာယူယူသည် သဘောတူလိုက်သည်။ သူတော်စင်ဂိုဏ်း ၏ ဧည့်သည်ဖြစ်ရခြင်းသည် အားကျလောက်စရာဂုဏ်တစ်ခုပင်ဖြစ်သည်။

သူမ သဘောတူလိုက်သည်နှင့် လက်ထောက်လေးသည် ချက်ချင်းပင် သူတို့နေရန်အတွက် ပြင်ဆင်ပေးလေသည်။ သူသည် ဧည့်သည်များအတွက် အခန်းဆီသို့ ခေါ်မသွားဘဲ သူနေရာအနီးရှိ ခြံဝန်းကို ရှင်းလင်းခိုင်းလိုက်သည်။ သူသည် နောက်နှစ်ရက်အတွင်းတွင် ဂိုဏ်းအတွင်းတွင် အလည်အပတ်ပို့လေ သည်။

အလည်သွားရာတွင် တစ်နေ့အတွင်း ပြီးလေသည်။ အကြောင်းမှာ သူတော်စင်ဂိုဏ်းသည် သေးလွန်းသောကြောင့်ဖြစ်သည်။

နှစ်ရက်ကြာနေပြီးနောက်တွင် ရှီမာယူယူနှင့် အဖွဲ့သည် ရင်လင်းကို နှုတ်ဆက်စကားပြောကြသည်။ ရင်လင်းသည် ခေါင်းညိတ်ရုံညိတ်သည် “လူ တစ်ယောက်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ထားတာ ကောင်းပါတယ် အရည်အချင်းရှိရင်လည်း သူများတွေက သဘောမကျသလိုကြည့်ကြမှာပဲ”

လက်ထောက်လေးသည် ရှီမာယူယူတို့အဖွဲ့ကို ထောင်ထိပ်သို့လိုက်ပို့ သည်။ သူသည် သူမ ထွက်သွားသည်ကို မှိုင်တွေစွာဖြင့်ကြည့်ပြီး သူတို့ ပြန်တွေ့ နိုင်ပါ့မလားဟု တွေးနေမိသည်။

ရင်လင်းသည် တောင်ထိပ်တွင် ရပ်ပြီး စိတ်ဓာတ်ကျနေ‌သော လက်ထောက်လေးကို ကြည့်နေသည်။ သူ၏ ဆံပင်ကိုလေဝေ့သွားသည်နှင့် အတူ နှလုံးသားမှာလည်းရှုပ်ထွေးနေသည်။

သူသည် မတင်မကျဖြစ်နေသည်။ တစ်ဖက်တွင် လက်ထောက်လေးကို ရှီမာယူယူနှင့်အတူ သွားစေချင်သည်။ ထိုအရာသည် သူ၏ ကံတရားဖြစ်ကာ မပြောင်းလဲ၍မရနိုင်ပေ။ သို့သော် တစ်ဖက်တွင်တော့ သူ၏ တစ်ကိုယ်ကောင်း ဆန်မှုပင်ဖြစ်သည်။ သူသည် ထိုဘေးဒုက္ခကြီးမှ လက်ထောက်လေးကို ရှောင် စေချင်သည်။ သို့သော် သူ သူတို့ကိုအရင်ကပြောဖူးသလိုပင် ရှောင်ချင်လျှင် တောင် ရှောင်၍ရနိုင်ပါ့မလား။

ကံကြမ္မာသည် သတ်မှတ်ပြီးသားဖြစ်ရာ ရှောင်လွှဲ၍မရပေ။

ထိုကံတရားသည် စတင်နေလေပြီ။ သူသည် ထပ်မံပြောင်းလဲမရတော့ ပေ။ သူအကောင်းဆုံးလုပ်နိုင်သည်မှာ ထိုအရာကြောင့် သူအသက်ဆုံးရှုံးနိုင် လျှင်တောင် အဆုံးသတ်တွင် ဖြေဆေးပေးရုံသာရှိမည်။

လက်ထောက်လေးသည် ရှီမာယူယူတို့ကို ပို့ပြီးနောက်လှည့်လိုက်ရာ တောင်ထိပ်တွင် ဆရာ၏ အထီးကျန်သောပုံရိပ်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် သူ၏ မှတ်ဉာဏ်ထဲတွင် သေဆုံးသည်အထိ လတ်ဆတ်စွာ ကျန်နေတော့မည်ဖြစ်သည်။

သို့သော် ဤတစ်ချိန်တွင် ဆရာ၏ ထိုပုံစံကို သူနားမလည်ပေ။ ဘာလို့ များ စွန့်ပစ်လိုက်သလို အကြည့်ဖြစ်နေတာလဲ။

….

ရှီမာယူယူနှင့် အဖွဲ့သည် ဟာစွန်အားစီးကာ မုံ့ဆန်းချွမ်ပြောသော နေရာ သို့ ဦးတည်သွားလိုက်သည်။

သူတို့ ထိုနေရာသို့ရောက်သောအခါ ထိုနေရာသည် သမုဒ္ဒရာကျယ်ကြီး ဖြစ်နေသည်ဟု တွေ့လိုက်ရသည်။

“မုံ့ဆန်းချွမ်ပြောတဲ့ နေရာကမှန်ရဲ့လား” ဖန်ကျိရှင်းသည် ပင်လယ်ရေကို ကြည့်ရင်းနှင့် မူးဝေလာသည်။

“ဟုတ်ပါတယ် ကျူတောနဲ့မြစ်ကိုဖြတ်၊ ပြီးရင် ပင်လယ်ဖြတ်ပြီးတာနဲ့ ထာဝရရှင်သန်သူတွေ နေတဲ့နေရာ၊ အနာဂတ်သူတော်စင်ကို ရောက်မယ်လို့ ဒါရိုက်တာမုံ့ပြောလိက်တယ် အဲဒါကြောင့် ဒီသမုဒ္ဒရာကိုဖြတ်ရမယ်” စူးရှောင်ရှောင် ရှင်းပြလိုက်သည်။

“ဒါပေမဲ့ ဒီမှာသင်္ဘောမရှိဘူးလေ”

“နေဦး” ရှီမာလျူရွှမ် ပြောလိုက်သည် “အဖေ အရင်ကဒီကိုလာဖူးတယ် မလား ဒီကိုဖြတ်ဖူးလား”

ရှီမာရှုံ့ချီ ခေါင်းခါလိုက်သည် “အဲတုန်းက ငါတို့က သူများတွေနောက် လိုက်ခဲ့ကြတာ သူတို့ဖြတ်လမ်းတည်ဆောက်မှုကိုသုံးပြီး ပျောက်ဆုံးနေတဲ့ နယ်မြေကိုရောက်သွားတာပဲ အခုပြောမှပဲ အဲဒါကအရမ်းကြီးလွန်းလို့ ကျွန်းဆို တာတောင် မသိခဲ့ဘူး”

“ဒီနေရာပဲလို့ ဒါရိုက်တာမုံ့ပြောလိုက်တာဆိုမှတော့ သင်္ဘောတော့ရှိမှာပဲ စောင့်ကြည့်ကြတာပေါ့ မရှိရင်တော့ တိုက်ရိုက်သွားလို့ရမယ့် နည်းလမ်းရှာကြ တာပေါ့”

“ဟုတ်ပါပြီ”

သူတို့သည် ဆယ်ရက်ကြာအောင် စောင့်သည်။ သင်္ဘောမဆိုထားနှင့် ဝိညာဉ်သားရဲတစ်ကောင်ပင် ပေါ်မလာပေ။ အားလုံးမျှော်လင့်ချက်ပျောက် တော့မည်ဆဲဆဲတွင် ရေကိုဖြတ်လာသည့် လှိုင်းသံများသည် မြူခိုးများအတွင်းမှ ထွက်ပေါ်လာသည်။

***

All Chapters