← Chapters

လောဘကြီးသော လှေသမား

Vol. 114 Ch. 1594

လောဘကြီးသော လှေသမား

Vol. 114 Ch. 1594

အရင်ရက်များက သမုဒ္ဒရာသည် အဆုံးမရှိသောလှိုင်းဂယက်များဖြင့် ငြိမ်သက်နေခဲ့သည်။ မြူခိုး မြူနှင်းများမရှိဘဲ ကြည်လင်နေခဲ့သည်။

သို့သော် လွန်ခဲ့သည့်တစ်ရက်ကစပြီး ထူထဲသော မြူခိုးများသည် သမုဒ္ဒရာကို တဖြည်းဖြည်းဖုံးလွှမ်းလာပြီး ရေပြင်တစ်ခုလုံးကို ဖုံးအုပ်သွားတော့ သည်။ သူတို့၏ အံ့ဖွယ်အာရုံပင်လျှင် မထိုးဖောက်နိုင်ခဲ့ပေ။

ဘာမှမရှိသည့်အချိန်တွင် လှေခတ်သံရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ် သည်။

အကျိုးဆက်အနေနှင့် သင်္ဘောငယ်တစ်စင်း ပေါ်လာသည်။ သင်္ဘော သည် ထူထဲသောမြူနှင်းများအကြားမှ ထွက်လာသည်။ သင်္ဘောမှောင်းနှင်နိုင် ရန် လူအများအပြားသည် လှောက်တက်ခတ်နေကြသည်။

သင်္ဘောငယ်မှာ ကမ်းသို့ကပ်လာသည်နှင့် ကျောက်ဆူးချပြီး လူများဆင်း လာကြသည်။ သူတို့သည် ရှီမာယူယူတို့အဖွဲ့ကို အကဲခတ်ပြီး ဘာမှမပြောဘဲ ထွက်သွားလေသည်။

ကုန်းပတ်ပေါ်မှလူများ ထွက်သွားသည်နှင့် အင်္ကျီလက်ပြတ် ပိတ်ကြမ်း ခါးတိုကုတ်ကိုဝတ်စင်ထားပြီး ရောင်စုံခေါင်းပေါင်းပေါင်းထားသော လူတစ် ယောက်သည် ကုန်းပတ်ပေါ်တွင် ပေါ်လာသည်။

သူသည် ရှီမာယူယူတို့ကို မြင်သောအခါ မျက်မှောင်ကြုတ်လေသည် “ဒီမှာ ဘာလို့လူဒီလောက်များနေတာလဲ ထားလိုက်တော့ ခင်ဗျားတို့က ပင်လယ်ကိုဖြတ်ချင်လို့လား”

“ဒါက ပျောက်ဆုံးနေတဲ့နယ်မြေကို သွားတဲ့သင်္ဘောလား” ဟွမ်ရင်ရင် မေးလိုက်သည်။

ထိုလူသည် ခါးမှဆေးတံကိုထုတ်ပြီး ကုန်းပတ်ကို ခေါက်လိုက်သည်။ သူသည် သူမအား စိတ်မဝင်စားသလိုကြည့်ပြီး အထင်သေးသောလေသံဖြင့် ပြောလေသည် “ဒီမှာ ကျုပ်လှေကိုစောင့်နေကြတာမဟုတ်ဘူးလား ဖြတ်မှာ လားမဖြတ်ဘူးလား မဖြတ်ရင် သွားတော့မယ်”

သူ့စကားများသည် သူတို့ပျောက်ဆုံးနေသည့် နယ်မြေသို့သွားမည်ဟု ရည်ညွှန်းနေသည်။

သူတို့ ဖြတ်သွားတော့မည်အပြုအမူများကို ကြည့်ပြီး ထိုလူထပ်ပြောလေ သည် “ဒနဲ့ လူတစ်ယောက်ကို ထိပ်တန်းအဆင့် ကျောက်တစ်သိန်းပေးရမယ် ဈေးဆစ်လို့မရဘူး”

ထိုစကားကြားလိုက်သည်နှင့် အားလုံးသည် နှုတ်ခမ်းတွန့်မိကြလေသည်။ လှေစီးခ ထိပ်တန်းကျောက်တစ်သိမ်းဆိုသည်မှာ အလွန်ပင်ဈေးကြီးသည်။

ကံကောင်းစွာပင် ရှီမာမိသားစုသည် ငွေကြေးတတ်နိုင်သည်။ အထူးသဖြင့် ရှီမာယူယူပင်ဖြစ်သည်။ သူမ လေလံတင်ခဲ့သော ရှေးဟောင်း သူတော်စင်ဆေးသည် သူမကို ကံကောင်းသွားစေသည်။

သူမ လှေပေါ်သို့တက်လိုက်သည်နှင့် ထိပ်တန်းအဆင့်ကျောက် ရှစ်သိမ်း ပေးချေလိုက်သည်။ ထိုလူ၏ သဘောထားမှာ ပိုအဆင်ချောသွားလေသည်။ သူ သည် ရှီမာယူယူကို ပြုံးပြလိုက်သည် “ကောင်မလေး မင်းက တကယ် ပြောရ ဆိုရလွယ်တာပဲ”

အရင်ကဆိုလျှင် လှေစီးမည့်သူများသည် ဈေးကြီးလှသည်ဟု သူ့ကို စောဒကတက်သည်ဖြစ်စေ၊ မဟုတ်လျှင် ဦးစားပေးဆက်ဆံခြင်းကြောင့် စိတ် အဆင်မပြေသည်များလည်းရှိကြသည်။

“ဦးလေးက ကျွန်မတို့ကို ဘေးကင်းအောင်လို့ ဒီလိုလှေဆောက်ဖို့က လူအင်အား ငွေအင်အားသုံးရတာလည်း နည်းမှာမဟုတ်ဘူးလေ၊ အဲဒါကြောင့် ဒီလိုလှေစီးခကတော့ ကောက်ခံသင့်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ဟားဟား ဒီကောင်မလေးက ထက်မြက်သားပဲ” ထိုလူရယ်မောလေ သည်။

“ဦးလေးကို ဘယ်လိုခေါ်ရမလဲမသိဘူးနော်” သူ စိတ်ခံစားချက် ကောင်း သွားသည်ကို ရှီမာယူယူမြင်သောအခါ အခွင့်အရးယူပြီး ရင်းနှီးအောင် ကြိုးစား လိုက်သည်။

“ငါ့ကိုလှေသမားထွတ်လို့ ခေါ်လို့ရတယ်” လှေသမားထောင်သည် မိန်းမငယ်လေးများကို စကားပြောလိုသော်လည်း သူ့ကိုသဘောကျကြသည်မှာ ရှားပါးသည်။

“ဦးလေးထွတ်လို့ခေါ်လို့ရမလား”

“ခေါ်ချင်သလိုခေါ်ပါ” အမည်နာမည်တစ်ခုသာဖြစ်၍ သူဂရုမစိုက်ပေ။ သူသည် ဖန်ကျိရှင်းတို့ကို လက်ဝေ့ယမ်းပြီး ပြောလိုက်သည် “ယောက်ျားတွေ က လှော်တက်ဆီသွားမယ်”

“ငါတို့လား” ဖန်ကျိရှင်းနှင့် ရှီမာလျူရွှမ်တို့ နားကြားများ မှားသလားဟု အထင်နှင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။

“ဟုတ်တယ် ခင်ဗျားတို့ကိုပြောတာ” သူတို့ မရွေ့သည်ကို မြင်သည်နှင့် လှေသမားထွတ်သည် ဆေးတံဖြင့် လှေဘေးကိုခေါက်လိုက်၏။ “အဲဒီမှာ ဘာ ရပ်လုပ်နေကြတာလဲ လှေမလှော်ရင် လှေကဘယ်လိုလုပ်ရွေ့တော့မှာလဲ ကျုပ်က အလောမကြီးဘူး ခင်ဗျားတို့မလုပ်ချင်ရင် မလုပ်နဲ့ပေါ့”

“ခင်ဗျားမှာ လှေသားမပါဘူးလား”

“ကျုပ်ပဲသူတို့ကို လစာပေးရမှာမလား၊ ပြီးတော့ ကျုပ်ရဲ့လှေသေးသေး လေးကိုလည်းကြည့်ဦး လှေသားဘယ်နယောက်ထိုင်လို့ရမှာမို့လို့လဲ၊ ခင်ဗျားတို့ လှော်မှာမလား မလျှော်ဘူးလား၊ မလှော်ရင်လည်း ဆင်းတော့ ဒါပေမဲ့ ကျုပ်က ပိုက်ဆံပြန်အမ်းမပေးနိုင်ဘူး” လှေသမားထွတ် ခြိမ်းခြောက်လေသည်။

“….”

သူတို့ ဘာပြောနိုင်ဦးမှာလဲ။ တစ်ယောက်ချင်းစီသည် လှော်တက်ကို ကောက်ယူလိုက်ကြသည်။ လှေသည် ကမ်းမှတဖြည်းဖြည်းထွက်ခွာလေသည်။

လှေသမားထွတ်သည် သူတို့လှေလှော်နေသည်ကို မြင်သည်နှင့် လှေဦးမှ ခုံတွင်ထိုင်လေသည်။ သူသည် ဆေးရွက်ထုတ်ပြီး လိပ်ကာ ဆေးတံထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ဝိညာဉ်စွမ်းအင်ဖြင့် မီးညှိပြီး ဆေးတံသောက် တော့သည်။

လှေသမားထွတ်ဘေးတွင် ရှီမာယူယူ ထိုင်ကာမေးလေသည် “ဦးလေး ထွတ် သွားတဲ့အချိန်ကျရင် ဧည့်သည်တွေကို လှေလှော်ခိုင်းတာလား၊ အဖေတို့ က ဘယ်အချိန်ထိ လှော်နေရမှာလဲ”

“စိတ်ပူမနေနဲ့ ဒီရေတိမ်ပြီးသွားရင် လှော်ဖို့မလိုတော့ဘူး အဲဒါကြောင့် အကြာကြီးလှော်ဖို့မလိုဘူး” လှေသမားထွန့် ပြန်ချေပလေသည်။

“ကောင်းတာပေါ့” ရှီမာယူယူသည် သူ၏လေသံကို စိတ်ထဲမထည့်ဘဲ ဆက်မေးလေသည် “ဦးလေးထွတ် ဒါကျွန်မတို့ ပထမဆုံးအကြိမ် ပျောက်ဆုံး နေတဲ့နယ်မြေကိုသွားတာပဲ အဲဒီကအခြေအနေကို ပြောပြလို့ရမလား”

“အဲဒီကိုဘာလုပ်ဖို့သွားမှာလဲ” လှေသမားထွတ် မေးလေသည်။

“ဆရာတို့ကိုသွားရှာမလို့ပါ၊ သူတို့က ကျွန်မအတွက်သွားလိုက်တာ နှစ် ဆယ်ချီနေပြီ ဟိုဘက်တလောကစပြီး သတင်းမရတော့ဘူး သူတို့လုံခြုံရေးကို စိတ်ပူလို့ သွားရှာမလို့ပါ ဒါပေမဲ့ ကျွန်မတို့က ပျောက်ဆုံးနေတဲ့နေရာကို မရင်း နှီးဘူးလေ အဲဒါကြောင့် အဲဒီကအခြေအနေကိုမေးကြည့်တာပါ” ရှီမာယူယူ သည် မဖုံးကွယ်ဘဲပြောလိုက်သည်။

“လူသွားရှာမယ်… မင်းကိုရတနာသွားရှာမယ်ထင်နေတာ” လှေသမား ထွတ် ပြောလေသည် “ပျောက်ဆုံးနေတဲ့နေရာကိုသွားတဲ့သူတွေက ကျွန်းပေါ် က ရတနာတွေသွားရှာကြတာပဲ ရတနာရှိရင်ကို အပြင်လူတွေရောက်လာကြ တာပဲ တချို့က ရူးလွန်းကြတာ”

“တကယ်တော့ အံ့ဩစရာတော့မရှိပါဘူး အပြင်လူတွေရဲ့မျက်လုံးမှာ တော့ ဒီနေရာက နတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့နေရာ ရတနာတွေစုနေတဲ့ နေရာပဲမဟုတ်ဘူးလား၊ ဘယ်ကျင့်ကြံသူမဆို အံ့ဖွယ်လက်နက်တွေ ဝိညာဉ် သိုင်းမဆို သက်တမ်းတော့ရှိတာပဲလေ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက အမြင်ရှိတာပဲ သတင်းအကုန်လုံးကို မစပ်စုဘူးလား”

“စပ်စုတာပေါ့ ကျွန်မလည်း ပုထုစဉ်လူသားပဲ ရတနာတွေကို ချစ်တာပေါ့ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ဆရာတို့က ရတနာတွေထက် အရေးကြီး နေတာလေ”

လှေသမားထွတ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ ထိုအရာများ ကို စိတ်မဝင်စားဟု ပြောပါက သူ သူမကို အာရုံစိုက်တော့မည်မဟုတ်ပေ။ အကြောင်းမှာ ထိုလူများသည် အတုအယောင်များဖြစ်ကြသည်။ သူသည် ကျေနပ်အောင် ပြောသောလူများကို သဘောမကျပေ။

“မင်းဆရာတို့ကိုကယ်ဖို့ သွားတာလို့ပြောတယ်မလား ဘာလို့လဲ”

“တကယ်တော့ ကျွန်မခန္ဓာကိုယ်နေမကောင်းလို့ အဲဒီမှာအဖြေရှိတယ် ဆိုပြီး ဆရာတို့ကြားတာနဲ့ ကျွန်မသတိမေ့နေတုန်းကို သွားလိုက်ကြတာ ကျွန်မ နိုးလာတော့ သူတို့ထွက်သွားလိုက်တာ တော်တော်ကြာသွားခဲ့ပြီလေ” ရှုဂျင်း နှင့် ဟော်လန်တို့၏ သူမအပေါ်ထားရှိသောအချစ်သည် သူမနှလုံးသားကို နွေးထွေးစေသည်။

“ဟင်း မင်းကဆရာကောင်း နှစ်ယောက်ကို တွေ့ခဲ့တာပဲ” လှေသမား ထွတ်သည် လက်ကမ်းစာစောင်ထုတ်ပြီး သူမဆီသို့ ပစ်ပေးလိုက်သည်။ “ဒီထဲမှာ ကျွန်းကတချို့ကိစ္စတွေပါတယ် မင်းဘာသာမင်းကြည့်လိုက်တော့ ပုံမှန်ဆို ငါ ထိပ်တန်းအဆင့်ကျောက်နှစ်သောင်းတောင်းတယ် မင်းကိုတော့ သဘောကျလို့ တစ်ဝက်ပဲပေးတော့ ငါ့ကိုထိပ်တန်းအဆင့်ကျောက်တစ်သောင်း ပဲပေးတော့”

ရှီမာယူယူသည် လက်ကမ်းစာစောင်ယူပြီး သွားဖြဲပြလိုက်သည် “ဦးလေးထွတ် ကျွန်မက လက်ကမ်းစာစောင်ရသွားတော့ ကျောက်မပေးဘဲနေ မှာကို မကြောက်ဘူးလား”

လှေသမားထွတ်သည် သူမကိုကြည့်ပြီး ပြန်မဖြေပေ။ သို့သော် အကြည့် မှာ သိသာသည်။သူမ မပေးဘဲနေရဲပါက သူမကို ရေထဲသို့ပစ်ချမည်ဆိုသည့် အကြည့်ပင်ဖြစ်သည်။

သို့သော် သူ လူတွေကိုကြည့်တတ်နေတုန်းပင်။ သူ့ရှေ့မှ မိန်းကလေး သည် ပိုက်ဆံပေါသော ငတုံးမလေးသာဖြစ်သည်။ လှည့်စားရန် အကောင်းဆုံး ဖြစ်သည်။

ထိုကဲ့သို့လူမျိုးသည် အကျိုးအကြောင်းမသင့်သော အပြုအမူကို မလုပ် ပေ။ တစ်မျိုးပြောရလျှင် သူ့ရှေတွင် ထိုမျှအရှက်မရှိသော အရာကို မည်သူမှ လုပ်ရဲမည်မဟုတ်ပေ။

ရှီမာယူယူသည် သူ၏ အကြည့်တစ်ချက်ကြောင့်ပင် နားလည်သွားပြီး နှုတ်ခမ်းဆူလေသည်။ သူမသည် ထိပ်တန်းအဆင့်ကျောက်တစ်သောင်းထုတ်ပ ပြီးပေးလိုက်ရတော့သည်။

သူမ ကျောက်ကတ်မှ တစ်သောင်းထပ်မံလျော့သွားသည်ကို ကြည့်ပြီး ရင်နာမိလေသည်။ သူမ လှေသမားထွတ်၏ နောက်ပြောလိုက်သည့်စကားကို ကြားပြီးနောက် ရေထဲသို့ကျလုနီးပါးပင်ဖြစ်သွားတော့သည်။

***

All Chapters