ဈေးကြီးသောသတင်း
Vol. 114 Ch. 1595
လှေသမားထွတ်သည် ထပ်ပြောလေသည် “ဒီစာစောင်ကို ယူသွားလို့မရ ဘူး လှေပေါ်မှာပဲဖတ်လို့ရမယ်၊ မင်းလှေပေါ်ကဆင်းတာနဲ့ ပြန်ပေးရမယ် ဘယ်နခါဖတ်မယ်ဆိုတာကတော့ မင်းစိတ်ကြိုက်ပဲ”
တစ်ဖက်ကပြောလျှင် သူသည် စာပေးဖတ်ရုံတင်ကို ထိပ်တန်းကျောင် တစ်သောင်းတောင်းသည်။
ရှီမာယူယူ၏ လက်သီးဆုပ်သည် တင်းသွားလိုက် ပြေလျော့သွားလိုက် ဖြစ်ပြီး စိတ်ထဲမှဒေါသကို ချုပ်တည်းထားရသည်။
မိန်းမကောင်းတစ်ဘောက်က ဒီလိုလူယုတ်မာတွေနဲ့ ရန်မဖြစ်ဘူး။ နှစ်ကြိမ်မျှ တိတ်ဆိတ်စွာဖတ်ပြီးနောက် သူမ တဖြည်းဖြည်းစိတ်ငြိမ်သွားတော့ သည်။ သူမသည် ပြုံးပြီးနောက် မေးလိုက်သည် “ဦးလေးထွတ် ဦးလေးကတော့ ချမ်းသာမှာပဲ ဟုတ်တယ်မလား”
“ငါက လူဆင်းရဲပါ” လှေသမားထွတ်သည် သူမ၏ ပါးနပ်သောအကြည့် ကို မြင်သောအခါ ငြင်းဆန်လေသည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်မိသည်။ ဘယ်သူက ရှင့်ကိုယုံမှာလဲဆိုသည့် အကြည့်မှာ ထင်ရှားနေသည်။
“လမ်းမှာက လတစ်ဝက်ကျော်ပဲကြာမှာ မင်းမြန်မြန်ဖတ်တာကောင်း မယ်” လှေသမားထွတ်သည် သတိပေးလေသည်။
ရှီမာယူယူသည် သူ၏ ပြုံးနေသောမျက်လုံးကို မြင်လိုက်ရသည်။ ထို လူကြီးသည် အမြတ်ကြီးစားဖြစ်နေသည်မှာ သေချာသည်။
သို့သော် ယခုအချိန်တွင် သူ့ကိုပြောရန် အချိန်မရှိပေ။ သူမသည် စာစောင် ယူပြီး ဘေးတွင် ထိုင်ပြီးဖတ်လေသည်။
ရှီမာရှုံချီနှင့် တခြားသူများသည် ရက်အများစုတွင် လှေလှော်ရလေသည်။ သူတို့လက်များ သွေးခြေဥလောက်သည့်အချိန် နောက်ဆုံးတွင် တားသောအသံ ကိုကြားလိုက်ရသည်။
“ကောင်းပြီ ခင်ဗျားတို့လှော်ဖို့မလိုတော့ဘူး” လှေသမားထွတ် ကြေညာ လေသည်။
စူးရှောင်ရှောင်နှင့်တခြားသူများအတွက် ထိုအသံသည် သဘာဝကျကျပင် ခံစားရသည်။ သူတို့၏ ပင်ပန်းသောခန္ဓာကိုယ်များသည် ကျွန်ဘဝမှ လွတ်မြောက်သည်နှင့် ကုန်းပတ်ပေါ်တွင် လှဲလိုက်ကြတော့သည်။
လှေသမားထွတ်သည် ဆေးတံဖွာနေပြီး ပြာများကို လှေဘေးသို့ ခေါက်ပြီး ဖယ်ထုတ်နေသည်။ သူသည် ကြမ်းပေါ်တွင် အကြောဆန့်နေသော လူများကို ပြောလိုက်သည် “ခင်ဗျားတို့ မရပ်နိုင်ကြတော့ဘူးပဲ”
“လှေသမားထွတ် ဒါကအလုပ်ကြမ်းကြီးလေ” ဖန်ကျိရှင်းသည် သူ့လက် သူပင် မခံစားမိတော့ပေ။
“ခင်ဗျားတို့ ခန္ဓာကိုယ်ပုံစံနဲ့ဆိုရင် ကျွန်းပေါ်ခြေချလိုက်တာနဲ့ ယုန်လေး တွေလို အဖမ်းခံလိုက်ရတော့မှာပဲ” လှေသမားထွတ်သည် သူတို့ကို တန်ဖိုး တွက်ချက်နေသည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည့် လေသည်။
ရှီမာယူယူ မော့လိုက်ရာ သူ့အကြည့်ကို မြင်လိုက်ရသည်။ သူမ စာအုပ် ချပြီး ပြောလိုက်သည် “ဦးလေးထွတ် ဒီလိုလုပ်ရတာ မပျင်းဘူးလား”
“ပုံမှန်တော့မပျင်းပါဘူး ဒါပေမဲ့ သူတို့ရန်စရင်တော့ ကျုပ်မှာ ဖောက်သည်အဟောင်းတွေရှိတယ်” လှေသမားထွတ်သည် ထုတ်ပြောရသည် ကို မရှက်ပေ။ ထိုအစား သူသည် နေရခက်စွာရယ်မောကာ ပို၍ပင်ပေါ့ပါးစွာ ကြည့်လိုက်သည်။
“ဦးလေးထွတ် ဦးလေးကအခု ပြည့်တန်ဆာခေါင်းကြီးနဲ့တူနေတာ သိရဲ့ လား” ရှီမာယူယူသည် အရောင်းခံရမည်ကို မစိုးရိမ်ပေ။ သူ ရောင်းမည်ဆိုပါက ယခုလို ထုတ်ပြမည်မဟုတ်ပေ။
“ကောင်မလေး ပိုကောင်းတဲ့စကားလုံးမရှိတော့ဘူးလား” လှေသမား ထွတ်သည် ထိုပြည့်တန်ဆာခေါင်းဆိုသည့် နာမည်ကိုသဘောမကျပေ။
“နောက်တစ်ခုရှိသေးတယ် ဦးလေးသိမလားမသိဘူး”
“ဘာလဲ”
“-ာခေါင်း”
ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုပြီး သတင်းကိုဆက်ဖတ်နေလိုက်သည်။
စာစောင်မှာ ပါးလျသော်လည်း မည်သည့်နည်းလမ်းကိုအသုံးပြုထား၍ လည်းမသိပေ သတင်းအချက်အလက်များစွာ ပါဝင်လေသည်။ ကံကောင်းစွာ ပင် သူမသည် တစ်ချက်ကြည့်လိုက်သည်နှင့် စာကြောင်းဆယ်ကြောင်းကို ဖတ် နိုင်သည့်စွမ်းရည်ရှိသည်။ မဟုတ်လျှင် လှေပေါ်မှဆင်းသည်အထိ ပြီးလိုက်မည် မဟုတ်ပေ။
ပျောက်ဆုံးနေသောနယ်မြေသည် အမှန်တကယ်ပင် ထာဝရရှင်သန်သူ နယ်မြေဖြစ်သည်။ ထိုနေရာတွင် ထာဝရရှင်သန်သူနယ်မြေရှိ ဝိညာဉ်စွမ်းအင်ရှိ သည်။ သူတို့သာ ထိုနေရာတွင် ကျင့်ကြံပါက သာမာန်မျှအရည်အချင်းရှိသူမှ ကျွမ်းကျင်သူဖြစ်နိုင်သည်။ လမ်းဘေးမှ သူဖုန်းစားပင်လျှင် ဧကရာဇ်ကျွမ်းကျင် သူဖြစ်နိုင်သည်ဟု ပြော၍ရ၏။
ထို့ကြောင့်ပင် အပြင်လူများသည် ထိုနေရာတွင် ကျင့်ကြံရန်လာကြ သည်။ သို့သော် ထိုနေရာမှ ဝိညာဉ်စွမ်းအားသည် ထူးဆန်းသည်။ ကျင့်စဉ် နည်းလမ်းအလိုက် လူတစ်ယောက်၏ အားတိုးရန်မဖြစ်နိုင်ပေ။ အများဆုံးမှာ သူတို့၏ ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်နိုင်ရုံသာရှိသည်။
စဉ်းစားကြည့်ရာ ကျင့်ကြံခြင်းကြောင့် သက်သက်သာမဟုတ်ဘဲ လူများ သည် ကျင့်ကြံခြင်းအရင်းအမြစ်များကို လာယူကြခြင်းဖြစ်သည်။
ထိုနေရာတွင် နတ်ဘုရားမျိုးနွယ်နှင့် ပတ်သတ်သူများလိမ့်မည်ဟု ထင် ထားသည်။ သို့သော် ပျောက်ဆုံးနေသောနယ်မြေတစ်ခုလုံးသည် လူဦးရေများ သော ပထမအဆင့်မြို့ကြီးဖြစ်ပြီး ဆက်ဆံရေးမှာလည်း ရှုပ်ထွေးလိမ့်မည်ဟု သူမ ထင်မထားပေ။ ထိုနေရာတွင် ထူးခြားသော လျှို့ဝှက်ကြံစည်မှုများနှင့် စွန့်စားခန်းများလည်းရှိနေသည်။
နောက်ဆုံးစာမျက်နှာသို့ရောက်သောအခါ သူမ ထိတ်လန့်သွားတော့ သည်။ သူမသည် လှေဦးပိုင်းတွင်ရှိနေသော လှေသမားထွတ်ကို မသိမသာ ကြည့်မိသည်။
“ကောင်မလေး ကျုပ်ကိုအဲလိုမျိုးကြည့်ယ်ဆိုရင် မင်းကျုပ်ကို စိတ်ဝင်စား နေတယ်လို့ထင်မိတော့မယ်” လှေသမားထွတ်သည် လှေနံရံကိုမှီကာ နေပူဆာ လှုံနေသည်။ သူသည် မျက်လုံးမဖွင့်ထားသော်လည်း ရှီမာယူယူကြည့်နေသည် ကို ခံစားမိသည်။
“ဦးလေးထွတ် ဒီမြေပုံကအစစ်လား” ရှီမာယူယူသည် မတတ်သာဘဲ မေး လိုက်ရတော့သည်။
“ဒါတကယ်ပဲလေ” လှေသမားထွတ်သည် မျက်လုံးဖွင့်လာသည်။
ရှီမာယူယူ တံတွေးမျိုချလိုက်သည်။ သူမ၏ သူ့ကိုကြည့်သောအကြည့် များမှာ ပြောင်းလဲသွားသည်။
“ဦးလေးထွတ် ဦးလေးက ဒီမြေပုံကိုအသေးစိတ်ဆွဲထားတာ ဦးလေး အလိုက်ခံရမှာကိုမကြောက်ဘူးလား”
“ငါက ဒီအတိုင်းလှေထိုးသမားပဲ ဘယ်သူကငါ့နောက်ကိုလိုက်ဖို့ အချိန်ရှိ မှာလဲ” လှေသမားထွတ်သည် လက်မခံစွာဖြင့် ပြောလေသည် “ကောင်မလေး ဘယ်လိုလဲ ထိပ်တန်းအဆင့်ကျောက် တစ်သောင်းတန်ရဲ့လား”
“ဟီးဟီး တန်တယ် တန်တာပေါ” ရှီမာယူယူသည် သူမဘာသာ စိတ်ငြိမ် အောင်လုပ်ရသည်။ “ဦးလေးထွတ်က ပွင့်လင်းတာပဲ ယူယူကပဲ ကျေးဇူးတင်ပါ တယ်”
“မင်းအသက်ရှင်လျက်ပြန်လာမှပဲ ထပ်ပြောကြတာပေါ့” လှေသမား ထွတ်သည် ပေါ့ပါးစွာပြောလိုက်သည်။
“ဦးလေးထွတ် စာစောင်တိုင်းမှာ ဒီမြေပုံရှိတာလား”
“ဖြစ်နိုင်မယ်လို့ မင်းထင်လား”
“ဟီးဟီး” ရှီမာယူယူ ရယ်လိုက်သည်။ မဖြစ်နိုင်ပေ။
စာစောင်၏ နောက်ဆုံးမျက်နှာတွင် ကျွန်း၏ မြင်ကွင်းကျယ်ရှိနေသည်။ ကျွန်း၏ အင်အားစုများပါရှိပြီး အင်အားစုတစ်ခုစီ၏ မြေပုံကိုလည်း ချဆွဲထား သည်။
သူမ ခန့်မှန်းမိရာ အနီးကပ်လိုက်သည်နှင့် လိုဏ်ဂူများအားလုံးကိုလည်း တွေ့လိုက်ရသည်။
ဒီလိုမြေပုံကို ကိုင်ထားပြီး မျက်စိစုံမှိတ်ပြီးသွားနေဦးမှာလား။
တစ်ချိန်တည်းမှာပင် လှေသမားထွတ်ကိုကြည့်ရသည်မှာ ပို၍လေးစား လာသည်။ ဒီလိုမြေပုံရှိထားတဲ့လူက သာမာန်ပဲဖြစ်ပါ့မလား။
အဲဒီအင်အားစုများသိရင် သူ့ကိုကမ္ဘာမြေအဆုံးထိ လိုက်မှာမဟုတ်ဘူး လား။ သူဘယ်လိုလုပ် ဒီလိုအေးရာအေးကြောင်းနေနိုင်တာလဲ။
ဒါပေမဲ့….
“ဦးလေးထွတ် ကျွန်မကိုဘာလို့ဒီမြေပုံပေးတာလဲ”
“ငါ့မှာရှိလို့လေ ဘာလို့မေးခွန်းတွေများနေတာလဲ” လှေသမားထွတ်သည် ပျင်းရိစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ရှီမာယူယူ မယုံကြည်သည်ကို မြင်သောအခါ ထပ်ပြောလေသည် “အကြောင်းအရင်းတစ်ခုရှိမယ်ဆိုရင် မင်း ကသဘောကျလောက်ကစရာပဲလို့ ထင်လိုက်တာ မင်းကဆွဲဆောင်မှုရှိတယ် ဆိုပါတော့”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမ ဆွဲဆောင်မှုရှိသည်ဆို သည်ကို သူမမယုံပေ။ ဒီလိုလူအိုကြီးက ကောင်မလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမှာ နစ်မြောသွားမှာတဲ့လား။ ဒီထက်ကြီးတဲ့ လျှို့ဝှက်ချက်ရှိဦးမှာပဲ။
သူ ဘာမှထပ်မပြောမှတော့ သူမထပ်မေးလည်း ရလဒ်ကတော့ အတူတူ ပဲလေ။ ဒါပေမဲ့ သူဘယ်လိုပဲ ရည်ရွယ်ချက်ရှိရှိ မြေပုံက သူမအတွက်တော့ အရမ်းအရေးကြီးနေတယ်။
“နှစ်ရက်လိုသေးတယ် မြန်မြန်ဖတ်လိုက်”
ရှီမာယူယူသည် ချောင်းနှစ်ခါဟန့်ပြီး မြေပုံကိုစတင်ကြည့်တော့သည်။ တောင်များ၊ မြစ်များ၊ လမ်းများနှင့် အိမ်များ၏ ရုပ်ပုံတိုင်းကို သူမ စိတ်ထဲတွင် စွဲမှတ်ထားလိုက်တော့သည်။ သူမသည် နေရာတိုင်းတွင် ဆရာတို့ကို လိုက်ရှာရ မည်။
လှေသမားထွတ်သည် မျက်လုံးပြန်မှိတ်လိုက်သည်။ ထိုပျက်စီးနေသာ လှေပေါ်တွင် သူသည် အေးအေးလူလူဖြစ်နေပုံပင်။
သို့သော် သူ့ကိုဘယ်သူမှ ထပ်မနှောင့်ယှက်တော့ပေ။ သူနှင့် ရှီမာယူယူ တို့ကြားမှ စကားအသွားအလာအရ သူသည် သာမာန်လူမဟုတ်ပေ။ သူတို့သာ သူမကို ပြစ်မှားမိပါက စိတ်ငြိုငြင်မှုနှင့် ပင်လယ်ထဲသို့ ငါးမန်းစာကျွေးလိုက်နိုင် သည်။
သူတို့မှန်းထားသည့် အချက်ထဲမှ အတည်ပြုရန်လိုသည်မှာ ပင်လယ် သားရဲများ၏ တိုက်ခိုက်မှုကို မခံရခြင်းဖြစ်သည်။
***