← Chapters

အဲတော့တကယ်ပဲ လှေသမားအတုပဲ

Vol. 114 Ch. 1596

အဲတော့တကယ်ပဲ လှေသမားအတုပဲ

Vol. 114 Ch. 1596

သူသည် အားကောင်းသည့်သူမဟုတ်လျှင် အဆင့်အတန်းမြင့်သူဖြစ် မည်။ ပြောရလျှင် သူသည် ပင်လယ်နယ်နိမိတ်မှ ဝိညာဉ်သားရဲများအားလုံးကို နောက်ဆုတ်သွားစေသည်။

လှေသမားထွတ်သည် အချိန်ခန့်မှန်းရာတွင် အလွန်တိကျသည်။ သူ တစ် ရက်နှစ်ရက်နေလျှင်ရောက်မည်ဟုပြောပြီး နှစ်ရက်မြောက်နေ့တွင် ပျောက်ဆုံး နေသောနယ်မြေအားရောက်လေသည်။ ထိုနေရာသည် ကျွန်းတစ်ကျွန်းဖြစ် ကာ ကမ္ဘာဦးနယ်မြေနှင့်နှိုင်းယှဉ်၍ရလေသည်။

“ရောက်ပြီ ငါ့ကိုစာစောင်ပေးတော့” လှေသမားထွတ်သည် ရှီမာယူယူ ရှေ့သို့လက်ဆန့်ထုတ်လေသည်။

ရှီမာယူယူသည် မြေပုံတစ်ခုလုံးကို မှတ်သားပြီးဖြစ်သဖြင့် တောင်းသည် ကို မြင်သည်နှင့် စာစောင်ကိုပြန်ပေးလိုက်သည်။ သူမသည် ဝိုင်ကရားများပင် လက်ဆောင်ပေးလိုက်သေးသည်။

“လှေသမားထွတ်က သောက်တတ်တယ်လို့ ကြားထားတယ် ဒါတွေကို ကျွန်မကိုယ်တိုင်စပ်ထားတာ ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လို့သဘော ထားလိုက်ပေါ့”

လှေသမားထွတ်သည် ကရားတစ်လုံးယူကာ အဖုံးဖွင့်ပြီးသည်နှင့် သောက်လိုက်သည်။ ဝိုင်အနံ့သည် အမြန်ပင် ပျံ့နှံ့သွားလေသည်။ သူ တရစက် သောက်လိုက်ခြင်းကြောင့် လန်းဆန်းမှုအာရုံငါးပါးသည် တစ်ကိုယ်လုံးကို စီးဆင်းသွားလေသည်။

“ဒီဝိုင်ကမဆိုးဘူးပဲ ပြင်းသားပဲ” လှေသမားထွတ်သည် ဝိုင်ကရားများကို မှော်ဝင်လက်စွပ်အတွင်းထည့်ကာ ရှီမာယူယူကို ပြောလိုက်သည် “ကောင်မလေး ကျုပ်မည်း မင်းကို အခွင့်ကောင်းမယူချင်ပါဘူး ယုန်နားရွက် တောင်မှာ မိစ္ဆာအိုကြီးရှိတယ်၊ အဲဒီကိုသွားရင်တော့ မင်းသတိထားရလိမ့်မယ် မင်း မကိုင်တွယ်နိုင်တော့ရင်တော့ ကျုပ်နာမည်လှေသမားထွတ်ကိုပြောလိုက်”

သူတို့လှေပေါ်တွင်ရှိစဉ်က ယုန်နားရွက်တောင်ဟု ပြောခဲ့ကြသဖြင့် သူတို့ သွားမည့်နေရာကို သူ သိနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ရှီမာယူယူသည် ပြုံးလိုက်သည် “ဦးလေးထွတ် တကယ်ပဲပွင့်လင်းတာပဲ နောက်ကျ ကျွန်မအန္တရာယ်ကျရင် ဦးလေးနာမည်ပြောလိုက်ပါမယ်”

“ငါတို့ပြန်တွေ့တဲ့အချိန်ကျရင် ဝိုင်လေးပိုပြင်ဆင်ပေးပါဦး” လှေသမား ထွတ် တောင်းဆိုလေသည်။

“ပြဿနာမရှိဘူး” ဝိညာဉ်စေတီထဲတွင် အများအပြားရှိ‌သေးသည်။ သို့သော် တစ်ခါတည်းထုတ်လိုက်လျှင် ဆွဲဆောင်နိုင်တော့မည်မဟုတ်ပေ။ နောက်တစ်ခေါက်တွေ့မှပင် သူ့ကိုပေးရမည်။

သူမခေါင်းထဲတွင် မြေပုံရှိနေသဖြင့် သူတို့သည် ယုန်နားရွက်တောင်သို့ ချက်ချင်းမသွားကြပေ။ ထိုအစား သူတို့သည် အနီးဆုံးဖြတ်လမ်းတည်ဆောက် မှုရှိရာသို့သွားပြီး အနီးဆုံးမြို့ကိုသွားကာ တည်းခိုရန်တည်းခိုဆောင်ရှာလိုက် သည်။

ရှီမာယူယူမသိလိုက်သည်မှာ သူတို့ထွက်သွားသည့်နောက်တွင် လူတစ်စု သည် ကမ်းသို့ရောက်လာပြီး လှေသမားထွတ်ကို လှေသမားကဲ့သို့ဝတ်စားထား သည်ကို မြင်သောအခါ မျက်လုံးများလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သူတို့ သည် သူ့ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

“သခင် ပြန်လာပြီပဲ”

“ဘာလို့လဲ မင်းတို့က ငါခရီးလေးတစ်ခေါက်သွားတာကို လွမ်းနေတာ လား” လှေသမားထွတ်သည် ရောင်ဝါကို လှေသမားအဖြစ်မှ ချမ်းသာသော သခင်လေးအဖြစ် ပြောင်းလိုက်လေသည်။

“သခင် မိသားစုခေါင်းဆောင်တွေက သခင့်ကိုလာရှာတာခဏခဏရှိပြီ သခင်လေးပေါ်မလာရင် သူတို့ကပြဿနာရှာနိုင်တယ်” ခေါင်းဆောင်ရှင်းပြ လေသည်။

“အဲအဘိုးကြီးတွေက လုပ်စရာမရှိဘူးထင်တယ် တစ်နေ့မှ သူတို့ကို လှေသားလုပ်ပစ်ဦးမယ်” လှေသမားထွတ် ပြောလေသည်။

ဒူးထောက်နေသောလူတစ်စုသည် ခေါင်းငုံ့ကာ သူတို့ကိုလှေသားလုပ် မပစ်ရန်အတွက် မျှော်လင့်နေကြသည်။ အဲဒါက…. အရမ်းကို အောက်ကျ နောက်ကျနိုင်လွန်းတယ်လေ။

“သခင် သူတို့က သံသယဝင်စရာကောင်းလား”

“သူတို့ရှိနေရင် ပျောက်ဆုံးနေတဲ့နယ်မြေတော့ အသက်ဝင်နေမယ်လို့ ခံစားရတယ် ဒီလောက်ကောင်းတဲ့ပွဲကို ငါကဘာလို့ အလွတ်ခံရမှာလဲ” လှေသမားထွတ်သည် ပြောပြီးသည်နှင့် ပြုံးကာ ထွက်သွားလေသည်။

သူ၏ ခန့်မှန်းချက်များသည် အမှန်တကယ်ပင် တိကျပါက ထို မိန်းကလေးသည် သူ့ကို အံ့ဩစရာများပေးလိမ့်မည်။

“သခင် ဒီလှေက လှေသမားမရှိတော့ရင် လူခေါ်ဖို့က ဘယ်သူသွားမှာလဲ တုနန်မျိုးနွယ်၊ တုန်လိုင်မျိုးနွယ်နဲ့ အို့ရန်မျိုးနွယ်တွေက ဒီကိုလာနေပြီလို့ ကြား ထားတယ်”

“ဘာတွေလောနေတာလဲ အဲဒီအဘိုးကြီးက ငါ့ရဲ့နှစ်တစ်ထောင်အရက် ကိုသောက်ထားတာ အိပ်မောကျနေလောက်ပြီ သူနိုးလာရင် လှေလာယူလိမ့် မယ်”

“အဲဒီလျှို့ဝှက်မျိုးနွယ်တွေက…”

“စောင့်လိုက်”

“….”

သခင်… ခေါင်းမမာလို့မရဘူးလား။

သို့သော် မည်သူမှ ထိုစကားကိုမပြောရဲကြပေ။ သူတို့သခင်မှ မည်သည့် နည်းဖြင့် အပြစ်ပေးလာမည်ကို မည်သူသိနိုင်မည်နည်း။

ထိုအဖွဲ့သည် လှေသမားထွတ်နှင့် ကမ်းမှထွက်သွားကြသည်။ သူ ရွေးထားသောလူများသည် အဖွဲ့မှခွဲထွက်ကာ ရှီမာယူယူတို့ထွက်သွားသော ဦးတည်ဘက်သို့ လိုက်သွားကြလေသည်။

ရှီမာယူယူသည် တည်းခိုဆောင်သို့သွားကာ အိပ်ရာပေါ်တွင်လှဲပြီး ရလာ သော သတင်းများကို ပြန်တွေးနေလိုက်သည်။

ပျောက်ဆုံးနေသောနေရာတွင် မြို့ရာချီရှိပြီး အဓိကမြို့ကြီးလေးမြို့ဖြင့် ဝန်းရံထားသည် - ဇာမဏီမြို့တော်၊ ကျားဖြူမြို့တော်၊ အဇူရာနဂါးမြို့တော်နှင့် လိပ်နက်မြို့တော်တို့ဖြစ်ကြသည်။ ထိုမြို့ကြီးလေးမြို့သည် အလယ်တွင်ရှိ သော ပျက်ပြယ်မြို့တော်ကို ဝန်းရံထားကြသည်။

ပျက်ပြယ်မြို့တော်သည် နာမည်အတိုင်းပင်ဖြစ်သည်။ မြို့တံတိုင်းမရှိ၊ ကာကွယ်ရေးအတားအဆီးကဲ့သို့ မည်သည့်အကာအကွယ်မှလည်းရှိမနေပေ။ သို့သော် ပျောက်ဆုံးနေတဲ့နယ်မြေသခင်အိမ်တော်သည် ထိုမြို့တွင်ရှိသဖြင့် မည်သူမှ ပြဿနာမရှာရဲပေ။

ထိုနေရာတွင် ရှုပ်ရှုပ်ယှက်ယှက်သွားလုပ်ရဲသူ၏ အကျိုးဆက်မှာ ပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။

သူတို့သည် နှင်ထုတ်ခံရခြင်းသို့မဟုတ် အသတ်ခံလိုက်ရသည်။ ထိုလူမှာ ပြဿနာရှာပြီးနောက် ကျွန်းပေါ်တွင်ဘယ်တော့မှ ပြန်မပေါ်လာနိုင်တော့ပေ။

ကျွန်းသခင်မှာ အံ့ဖွယ်မျိုးနွယ်မှဖြစ်ပြီး အဆင့်အတန်းမြင့်ကာ ကျွန်းတွင် လုပ်ပိုင်ခွင့်များစွာရှိသည်ဟု ဆိုကြသည်။

ဖန်မျိုးနွယ်ကလွဲ၍ တခြားအံ့ဖွယ်မျိုးနွယ်ရှိနိုင်သလားဆိုသည်ကိုတော့ ရှီမာယူယူ မသေချာပေ။ သို့သော် ကျွန်းသခင်တွင် လုပ်ပိုင်ခွင့်နှင့် အင်အားရှိ သည်မှာတော့ အမှန်ပင်ဖြစ်သည်။

အံ့ဖွယ်မျိုးနွယ်နှင့်ပတ်သက်သည်ဟု ကြေညာထားသူများသည် မြို့ကြီး လေးမြို့တွင်နေထိုင်ကြကာ ကျွမ်းကျင်မှုမရှိ မျိုးနွယ်မရှိသူများသည် မြို့သေး များနှင့်ရွာများတွင် နေထိုင်ကြလေသည်။

သူမသည် နောက်မှပင် ဖန်ရှင်းကိုမေးရမည်။

သူမသည် ခေါင်းထဲတွင် မြေပုံကို ချဲ့လိုက်ကာ ယုန်နားရွက်တောင်၏ တည်နေရာကိုရှာကြည့်လိုက်သည်။ ကံကောင်းစွာပင် သူမ၏ စိတ်စွမ်းအင် သည် ယုန်နားရွက်တောင်ကို ရှာရန်အတွက်လုံလောက်သည်။ တောင်မှာ ကျောက်ဆောင်များထူထပ်လျက်ရှိသည်။ သို့သော် အကွာအဝေးကိုမြင်ပြီး နောက် ဆွံ့အမိသည်။

ကျွန်းရောက်သည်နှင့် ယုန်းနားရွက်တောင်သို့ သွားရန် ရင်လင်းပြော ထားသဖြင့် မဝေးနိုင်ဟု သူမထင်ထားခဲ့သည်။ ကီလိုမီတာသောင်းချီဝေးလိမ့် မည်ဟု မည်သူထင်ထားမည်နည်း။

သူမသည် သက်ပြင်းချပြီး မျက်လုံးမှိတ်ပြီးနားနေလိုက်သည်။ သူမသည် ကောင်းကောင်းနားပြီးမှပင် ယုန်နားရွက်တောင်သို့သွားကာ ရှာရမည်။

ထိုအခွင့်အရေးသည် မည်သို့ဖြစ်မည်ကို သူမ မသိပေ။ ယခုအချိန်တွင် အံ့ဖွယ်တုတ်ကိုကိုင်ထားပြီး ကောင်းကင်လျှို့ဝှက်ချက် ပေါ်သွားရန်မဖြစ်ဟု ဆိုသူများသည် ရယ်ဖွယ်ရာဖြစ်နေသည်။ ထိုအရာကို ခေတ္တရပ်ဆိုင်းရသည်ကို စိတ်မကောင်းဖြစ်မိသည်။

မြို့ငယ်လေးတွင် နှစ်ရက်ကြာအောင်နားပြီးနောက်တွင် ယုန်နားရွက် တောင်ဆီသို့ ခရီးဆက်ခဲ့ကြသည်။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှု အကြိမ်အနည်းငယ်ပြောင်းသုံးပြီး ရက်အနည်းငယ်ကြာအောင် သားရဲပျံနှင့် ပျံ လာခဲ့ကြပြီး ဖြတ်လည်းတည်ဆောက်မှုတဖန်ပြန်သုံးပြီးမှပင် ယုန်နားရွက် တောင်သို့ ရောက်လေသည်။

“ဘိုးဘိုး ဘွားဘွား ယုန်နားရွက်တောင်က အန္တရာယ်များတယ်လို့ ကြား တယ် ဒီနေ့လည်းကုန်သွားပြီဆိုတော့ နားပြီး မနက်ဖြန်မှပဲ တောင်ကိုသွားကြ တာပေါ့”

“ဟုတ်ပြီလေ”

ရက်များစွာ ခရီးနှင်လာရသဖြင့် အားလုံးသည် ပင်ပန်းနေကြသည်။ သူမ သည် စိတ်စွမ်းအင်အသန်မာဆုံးဖြစ်သဖြင့် အားလုံးထဲတွင် အားအပြည့်ဆုံးဖြစ် နေသည်။

အားလုံးနားနေချိန်တွင် သူမသည် အပြင်ကို လမ်းလျှောက်ထွက်ကြည့်ရာ ကျွန်းပေါ်မှလူများသည် မောက်မာကြသည်ကို သိလိုက်ရသည်။ သူတို့သည် ပြင်ပမှလာသူများကို အထင်သေးကြသည်။ သို့သော် ပြင်ပမှလာသူသည် သူမ တစ်ယောက်တည်းမဟုတ်သဖြင့် သူမ မတုံ့ပြန်နေတော့ပေ။

ထို့အပြင် ကျွန်းပေါ်တွင် တစ်စုံတစ်ရာဖြစ်သဖြင့် ပြင်ပမှလူများ လာကြ သည်ဟု သူမ ကြားခဲ့ရသည်။

ဘာဖြစ်သလဲဆိုသည်ကိုတော့ သူမ မသေချာပေ။ ထိုကျွန်းဆီသို့လာသူ များသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်တောက်သွားလေသည်။

သူမ လှည့်ပတ်ကြည့်ပြီးနောက် ယုန်နားရွက်တောင်နှင့် ပတ်သက်သည့် အကြောင်းစုံစမ်းသည်။ သို့သော် သူမသည် အပြင်လူဖြစ်နေသဖြင့် မည်သူမှ ဂရုမစိုက်ကြပေ။ သူတို့သည် ပိုက်ဆံကြောင့်သာ ပြောရသော်လည်း အရေးမပါ သောသတင်းများပေးကြသည်။ မည်သည့်နေရာမှာ ပိုအန္တရာယ်များသည် မည်သည့်နေရာတွင် ဆေးပစ္စည်းများရနိုင်သည်… ထိုကဲ့သို့သတင်းများသာ ရ လာလေသည်။

***

All Chapters