သူကဘယ်သူလဲ
Vol. 115 Ch. 1597
ယုန်နားရွက်တောင်သို့ သူမကဲ့သို့ အလောတကြီးသွားမည့်သူမရှိဟု ရှီမာယူယူ ထင်ထားခဲ့သည်။ သို့သော် မြို့တံခါးသို့ရောက်သည်နှင့် ကျွမ်းကျင် သူအဖွဲ့လိုက်သည် မြို့မှထွက်ခွာနေကြသည်ကို မြင်ရသည်။ ပြီးနောက် အများစုမှာ ယုန်နားရွက်တောင်သို့ ဦးတည်သွားနေခြင်းဖြစ်သည်။
သူတို့သည် ပတ်ဝန်းကျင်နှင့်မရင်းနှီးသောကြောင့် သူတို့သည် ဆွေးနွေး ပြီးနောက် သတင်းရယူရန် အဖြေထွက်လာသည်။
နောက်ဆုံးတွင် ထိုဂုဏ်ယူလောက်စရာတာဝန်သည် ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့အပေါ်ကျရောက်လာသည်။ အကြောင်းမှာ ရှီမာယူယူသည် ဆက်ဆံရေးကောင်းပြီး သူမနှင့် ဟန့်မြောင်ရွှမ်နှစ်ယောက်လုံးသည် ဆက်သွယ်၍လွယ်ကူမည့် အလှလေးနှစ်ယောက်ဖြစ်သည်ဆိုသည့် ဖန်ကျိရှင်း ၏အချက်ကို အားလုံးသဘောတူခြင်းကြောင့်ပင်ဖြစ်သည်။
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ ဘယ်လိုလုပ် ဒီလိုဆုံးဖြတ်နိုင်ရတာ လဲ။
သို့သော် သူတို့နှစ်ယောက်လုံးသည် လက်လျော့ကာ ပစ်မှတ်ကိုရှာဖွေကြ တော့သည်။
တချို့အဖွဲ့မှာမိန်းကလေးများပါနေသဖြင့် သူတို့ကို ပစ်မှတ်မထားချင် သလိုတချို့မှာ ပါးနပ်ပြီး တချို့မှာဉာဏ်ကောင်းလွန်းနေကြသည်။ သူတို့ကို သတင်းမေးနေရင်းနှင့် အလိမ်ခံရပြီး သတင်းပါသွားနိုင်သည်ဟု မည်သူမှ မပြောနိုင်ပေ။
အတန်ကြာရွေးပြီးနောက်တွင် လူဆယ်ယောက်ကျော်သာရှိသော လူ တစ်စု မျက်စိထဲဝင်လာသည်။ သူတို့သည် ရိုးရှင်းစွာပင် ဝတ်ဆင်ထားကြပြီး လှည့်စားရန်လွယ်ကူသည့်ပုံပေါ်သည်။
သူတို့သည် မြို့အပြင်၏ သစ်ပင်ကြီးအောက်တွင် ဆွေးနွေးနေကြပြီး အားလုံးသည် စိတ်ဓာတ်ကျနေပုံပေါ်သည်။
“အစ်ကိုကြီး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်၊ ကျွန်မတို့ ယုန် နားရွက်တောင်ကိုသွားချင်ရင် ဘယ်ဘက်ကနေသွားရမလဲ” ရှီမာယူယူသည် ဟန့်မြောင်ရွှမ်ကို ဆွဲခေါ်သွားကာ ပြုံးပြီးမေးလိုက်သည်။
သူတို့ နှောင့်ယှက်ခံရသည့်အတွက် ဒေါသထွက်ခြင်းအလျင်းမရှိပေ။ သူတို့သည် နှစ်ယောက်လုံးကိုကြည့်ပြီး ယုန်နားရွက်တောင်ဘက်သို့ ညွှန်ပြ လေသည်။
“အရှေ့မြောက်ဘက်ကိုပျံသွားလိုက်ရင် နှစ်ရက်အတွင်းရောက်လိမ့်မယ်” ပြည့်ပြည့်ဖြိုးဖြိုးနှင့်လူသည် သူတို့ကိုအသေးစိတ်ပြောပြလေသည်။
“နှစ်ရက်ဟုတ်လား တစ်ရက်တည်းနဲ့ရောက်မယ်လို့ထင်နေတာ” ရှီမာယူယူသည် မျက်မှောင်ကြုတ်လိုက်သည်။
“တစ်ရက်ပဲကြာမယ်လို့ ဘယ်သူပြောလိုက်တာလဲ”
“ကျွန်မတို့ တည်းခိုဆောင်မှာတည်းတုန်းက ဧည့်သည်တစ်ယောက်ကို မေးလိုက်တာ”
“မင်းတို့တွေ အလိမ်ခံလိုက်ရပြီနဲ့တူတယ်” ထိုပြည့်ဖြိုးသောလူကပင် နှစ်ယောက်လုံးကို အထက်အောက်ကြည့်လိုက်သည် “မင်းတို့က ဒီကျွန်းပေါ်က မဟုတ်ဘူးမလား အဲဒါကြောင့်အလိမ်ခံလိုက်ရတာ အဲလူတွေက လုပ်စရာမရှိ ရင်လူတွေကိုလိမ်နေတာ”
“ဟင်”
“မင်းတို့ တစ်ရက်ပဲသွားမယ်ဆိုရင် မတ်စောက်ကမ်းပါးတောင်ကို ရောက်လိမ့်မယ် အဲဒါယုန်နားရွက်တောင်မဟုတ်ဘူး အဲဒီမှာကဘာမှမရှိဘူး”
ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် မယုံကြည်နိုင်စွာြဖင့် အံ့ဩနေ သည်။ သူတို့ တခြားသူ၏ လိမ်လည်ခြင်းကိုခံလိုက်ရမည်ဟု ထင်မထားပေ။
“အမှန်အတိုင်းပြောရရင် ကျွန်မတို့က ဒီကျွန်းကမဟုတ်ပါဘူး အဲဒီမှာ ကျွန်မတို့လိုချင်နေတဲ့ ဆေးပင်ရှိတယ်ဆိုတာကြားလို့ ယုန်နားရွက်တောင်ကို သွားချင်တာ ဒါပေမဲ့ အလိမ်ခံလိုက်ရမယ်လို့ထင်မထားဘူး” ရှီမာယူယူသည် အမှန်တစ်ဝက် အမှားတစ်ဝက်ထည့်ပြောလိုက်သည်။ တကယ်တော့ ထိုနေရာ သို့သွားရန် တစ်ရက်သာကြာမည်ဟု ကြားခဲ့သည်။ သို့သော် ယုန်းနားရွက် တောင်၏ အကွာအဝေးကို မြေပုံမှတစ်ဆင့် သူမ သိထားသည်။
ထို့ကြောင့် လမ်းညွှန်ပေးသူများသည် လိမ်နေသည်ကို ပြောနိုင်သည်။
“မင်းတို့က အဲဒီကိုကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ တက်ဖို့သွားကြမှာ မလား” ဝဖိုင့်ပြီးပြည့်ဖြိုးသောလူသည် တွေဝေပြီးနောက် ပြောလေသည် “ငါတို့လည်း ယုန်းနားရွက်တောင်ကိုသွားကြမှာပဲ ငါတို့နဲ့အတူလိုက်လို့ရတယ် ဒါပေမဲ့ မင်းတို့ကိုတောင်ရှေ့ထိပဲ ခေါ်သွားလို့ရမယ် တောင်ပေါ်ကိုတော့ ခေါ် သွားမပေးနိုင်ဘူး”
“ဦးလေး” တခြားသူများသည် စိုးရိမ်စွာဖြင့် အော်ကြလေသည်။
“ဦးလေး ကျွန်တော်တို့မှာ တခြားလုပ်စရာတွေရှိသေးတယ် တကယ် လို့…”
“ငါတို့က လမ်းပဲပြပေးမှာလေ ဘာဖြစ်နေလို့လဲ” ဝဖိုင့်သောလူ ပြော လိုက်ရာ သူသဘောတူနေသဖြင့် မည်သူမှထပ်မပြောရဲကြတော့ပေ။
“ကောင်းပြီ ဒီနေ့က အောင်မြင်မလား ကျရှုံးမလားပဲ ကောင်းကင်က တကယ်ပဲ ဂေါင်မျိုးနွယ်ကို အဆုံးသတ်ချင်နေတာလား အဲဒါက သက်ရောက်မှု မရှိဘူးဆိုတာကို ပြပေးလိုက်မယ်” အဖြူရောင်အင်္ကျီဝတ်ထားသောလူ နောက် တစ်ယောက်က ပြောလိုက်လေသည်။
ဩဇာအရှိဆုံးလူနှစ်ယောက်မှ ပြောလာရာ သူတို့ဘာပြောနိုင်ဦးမည် နည်း။
ထိုလူများသည် အခက်အခဲဖြစ်နေသဖြင့် သူတို့ဘဝကို ပြောင်းလဲစေမည့် အရာကိုရှာရန် ယုန်နားရွက်တောင်သို့ သွားမည်ဖြစ်ကြောင်းကို ရှီမာယူယူ အကဲခတ်မိသည်။
အခက်အခဲဖြစ်နေသည့် အခြေအနေမှာပင် အပြင်လူကို ကူညီပေးရန် ဆန္ဒရှိသည်မှာ သူတို့သည် စိတ်ထားကောင်းသည့်ပုံပေါ်သည်။
“ဦးလေး… ဦးလေးကို ဘယ်လိုခေါ်ရမလဲမသိဘူးနော်”
“ငါ့နာမည်ကဂေါင်ရင်တပါ ဦးလေးဂေါင်လို့ခေါ်လို့ရတယ်” ဝဖိုင့်သော လူကြီးသည် ရယ်မောရင်းနှင့် အင်္ကျီအဖြူဝတ်ထားသောလူကို ညွှန်ပြပြီးပြော လိုက်သည် “ဒါက ငါ့တူလေ ဂေါင်ရှင်း”
“ဦးလေးဂေါင်နဲ့ အစ်ကိုဂေါင်တို့ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် အရိုအသေပြုနှုတ်ဆက်ကြလေသည် “ကျွန်မက ရှီမာယူယူပါ ဒါကကျွန်မရဲ့စီနီယာအစ်မကြီးပါ ဟိုမှာကကျွန်မဘိုးဘိုး ဘွားဘွား အဖေနဲ့…”
သူမသည် အဝေးကိုညွှန်ပြကာ အားလုံးကိုမိတ်ဆက်ပြီးသည်နှင့် လာရန် လက်ယက်ခေါ်လိုက်သည်။
ဂေါင်ရင်တသည် သူတို့ကိုရင်းနှီးသလိုခံစားရသော်လည်း ဘာမှထပ် မမေးတော့ဘဲ သူ့လူများကိုသူ ပြောလေသည် “အခုပြောလည်း အသုံးမဝင်ဘူး ယုန်နားရွက်တောင်ကိုသွားမှပဲ သိလိမ့်မယ် သွားရအောင်”
ဂေါင်မျိုးနွယ်ဝင်များသည် သူတို့၏ သားရဲပျံများကို ဆင့်ခေါ်လိုက်ရာ ထိုသားရဲများသည် အားကောင်းသော်လည်း အရှိန်မမြန်နိုင်သည်ကို ရှီမာယူယူ မြင်လိုက်ရသည်။
“ဦးလေးဂေါင် ကျွန်မတို့ကနည်းနည်းအလျင်လိုနေတယ် ကျွန်မ်ရဲ့ သားရဲ ပျံတွေက မြန်သလို ကြီးလည်းကြီးတယ်၊ စိတ်မရှိရင် ဘာလို့ကျွန်မတို့နဲ့မလိုက် ရမှာလဲ” ရှီမာယူယူသည် ဟာစွန်ကို ဆင့်ခေါ်လိုက်သည်။
ဟာစွန်ကိုမြင်လိုက်သည်နှင့် ဂေါင်ရင်တတို့သည် သိချင်စိတ်ဖြစ်မိ သော်လည်း အမြန်ပင်သတိဝင်လာကာ ပြောလိုက်သည် “မင်းတို့က အလျင်လို နေမှတော့ ငါတို့လည်းလိုက်ကြတာပေါ့”
“ဟုတ်ကဲ့ပါ ကျေးဇူးပြုပြီးတက်ပါ”
ရှီမာယူယူသည် အားလုံးကို ဟာစွန်၏ကျောပေါ်သို့တင်သွားပြီး အရှေ့ မြောက်ဘက်သို့ ပျံသန်းခိုင်းလိုက်သည်။
လမ်းတစ်လျှောက်တွင် ရှီမာယူယူနှင့် ဂေါင်ရင်တတို့သည် သူ့အကြောင်း ကိုယ့်အကြောင်းများပြောရင်း စကားစမြည်ပြောလာကြသည်။
သူမ လမ်းစရိတ်ကို အထက်တန်းအဆင့်ကျောက် ရှစ်သိန်းပေးခဲ့ရသည် ဟု ပြောလိုက်ချိန်တွင် ဂေါင်မျိုးနွယ်သည် သူတို့ကို အသုံးကြီးသူများကဲ့သို့ ကြည့်ကြလေသည်။
“ဘာလို့လဲ လူတစ်ယောက်ကို တစ်သိန်းပေးရတာမဟုတ်ဘူးလား” သူတို့ ရယ်ချင်စိတ်ကိုအောင့်ထားပုံကို မြင်သောအခါ ရှီမာယူယူ မေးလိုက် သည်။
“မဟုတ်ဘူး ဒီလှေသမားက ထူးဆန်းတယ် သူ့တောင်းတဲ့လမ်းစရိတ် ပြောင်းလိုက်တာပဲ၊ လူတစ်ယောက်ကို တစ်သိန်းတော့မပေးရပါဘူး” ဂေါင်ရင်တသည် ဆိုးဆိုးရွားရွားပင် ရယ်မောလိုက်သည်။
ရှီမာယူယူ ပျာယာခတ်သွားသည်။ ငါ အလိမ်ခံလိုက်ရတာလား။
သူ ငေးငိုင်သွားသည်ကို မြင်သောအခါ ဂေါင်မျိုးနွယ်များသည် စတင် ရယ်မောကြလေသည်။ သို့သော် သူမကို စနောက်ချင်၍မဟုတ်ပေ။ သူမ အလိမ်ခံလိုက်ရသည်ကို သိသွားချိန်တွင် ချစ်စရာကောင်းနေသောကြောင့် ဖြစ် သည်။
“အဲဒီလှေသမားက သူကြိုက်တဲ့ဈေးခေါ်တာလား အဲလိုဆိုရင် ဈေးကြီး တယ်လို့ ဘယ်သူမှပြဿနာမရှာဘူးလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“ဟီးဟီး အဲဒီလှေသမားက ဘယ်သူလဲဆိုတာ အကုန်သိနေတာပဲ ဘယ်သူကများ သူ့ကိုပြဿနာရှာရဲမှာလဲ” ဂေါင်ရှင်း ရယ်မောလေသည်။
ရှီမာယူယူသည် ထိုလှေသမား၏ အဆင့်အတန်းနှင့် နောက်ခံရှိရမည်ဟု ထင်ထားခဲ့သည်မှာ မှန်နေသည်။
“သူကဘယ်သူလဲ”
“သူလား… သူက ကျွန်းသခင်နဲ့နီးစပ်တယ် သူက ဝပြီးထွားပေမဲ့ သူက အရမ်းအားကောင်းပြီး အစွမ်းအစရှိတယ် မတူညီတဲ့နောက်ခံတွေကလာတော့ ဘယ်သူကများ သူ့ကိုပြဿနာရှာရဲမှာလဲ”
“နှစ်ခုလုံးကတော့အမှန်ပဲ အကျိုးအကြောင်းသင့်ပါတယ်… နေဦး အဲလှေသမားက ဝပြီးထွားတယ်လို့ပြောတယ်မဟုတ်ဘူးလား သူက ကြွက်သား ရှိတဲ့လူမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ကြွက်သားတောင့်တဲ့လူလား ယူယူ မှားမြင်လာတာလား” ဂေါင်မျိုးနွယ် ဝင်များသည် သူမအား ထူးဆန်းသလိုကြည့်လေသည်။
“ဟင် လှေသမားထွတ်ရဲ့ ခန္ဓာကိုယ်က ဝပြီးမထွားပါဘူး ဟုတ်တယ် မလား” ဟန့်မြောင်ရွှမ်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“လှေသမားထွတ်ဟုတ်လား မင်းတို့ကိုခေါ်လာတဲ့ လှေသမားက လှေသမားထွတ်လား”
“ဟုတ်တယ်လေ သူ့ကိုလှေသမားထွတ်လို့ခေါ်ဖို့ ပြောခဲ့တာပဲ ဘာလို့လဲ မဟုတ်ဘူးလား”
“အဲဒီလှေသမားနာမည်ကထွတ်မဟုတ်ဘူး မင်းတို့တော့ လှည့်စားခံ လိုက်ရပြီထင်တယ်” ဂေါင်ရင်တသည် ပြုံးပြီးပြောလေသည်။ အဲဒါကြောင့် သူတို့ အလိမ်ခံလိုက်ရတာကိုး။ ထိုသည်မှာ တိုတောင်းသောအပေးအယူဖြစ် သဖြင့် အလိမ်ခံလိုက်ရသည်ဟု သိပြီးနောက် ထိုလူကိုရှာချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။
ရှီမာယူယူသည် များများစားစားတွေးမနေတော့ပေ။ သူ သူမကိုပေးခဲ့ သော မြေပုံကိုတွေးပြီး ထိုလူသည် အဆင့်အတန်းမြင့်သော လူဖြစ်နိုင်သည်ကို သူမ သိသည်။
***