ယုန်နားရွက်တောင်ကိုဝင်ခြင်း
Vol. 115 Ch. 1598
ဒီအတိုင်း ကျောက်တစ်သိန်းလေးပဲမလား။ သူမ ဂရုစိုက်ခြင်းအလျင်းမရှိ ပေ။ ထိုပစ္စည်းများ အသုံးဝင်လျှင်ပင် အဆင်ပြေသည်။
သူမ ထိုအချက်ကို တွေးမိသောအခါ သူမသည် ချမ်းသာပြီး အသုံးအဖြုန်း ကြီးသည့်လူဟုပင် ချက်ချင်းခံစားရသည်။
“ယူယူ အဲလောက်ကျောက်တွေအများကြီး ထုတ်ပေးနိုင်တယ်ဆိုတာက မင်းမှာ ပစ္စည်းမနည်းဘူးလို့ဆိုလိုတာပဲ၊ အဲလိုဆိုမှတော့ သူ့ကိုသွားမရှာတာ ကောင်းမယ်၊ လှေသမားနဲ့ပေါင်းပြီး သူ့လှေကိုတောင် ထိန်းချုပ်နိုင်တယ်ဆိုတာ က သေချာပေါက် သာမာန်မဟုတ်ဘူး” ဂေါင်ရင်တသည် စိတ်ရင်းဖြင့်ပြောလေ သည်။
သူမ လှေသမားကို ဒေါသဖြင့်သွားရှာကာ စွမ်းအားကြီးသောလူကို ပြစ်မှားမိပြီး အရှုံးနှင့်ရင်ဆိုင်ရမည်ကို သူကြောက်နေသည်မှန်း ရှီမာယူယူ နားလည်သည်။
“ဦးလေးဂေါင် ကျွန်မနားလည်ပါတယ်” သူမသည် ဂေါင်ရင်တကို ပြုံးပြ လိုက်သည်။ သူမသည် လူအကဲခတ်တော်နေသေးသည်ကို တွေးမိသည်။ ထိုလူ များနှင့် ခရီးအတူထွက်ရသည်မှာ မဆိုးလှပေ။
ထို့နောက်တွင် ရှီမာယူယူသည် ယုန်နားရွက်တောင်နှင့်ပတ်သက်ပြီး မေးခွန်းများမေးလာခဲ့သည်။ သူမသည် မည်သည့်အပိုင်းတွင် ဆေးပင်များပိုပေါ သည်အစရှိသည့် မေးခွန်းများမေးကြည့်သည်။ သူ့အဖြေမှာ အရင်ကကြားဖူး သည်နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။
သူမ ထိုအရာကို ပြောလိုက်ချိန်တွင် ဂေါင်ရင်တသည် သက်ပြင်းချမိ သည်။
“ဦးလေးဂေါင် အခက်အခဲဖြစ်နေတာလား” ရှီမာယူယူ မေးလိုက်သည်။ ဂေါင်မျိုးနွယ်ဝင်များသည် သူမအား သတိရှိရှိဖြင့် ကြည့်နေကြသည်ကိုမြင် သောအခါ နားရွက်ကိုကုတ်ပြီး ပြောလိုက်သည် “ခုနက ဦးလေးတို့ မျက်နှာမှာ စိုးရိမ်နေပါတယ်ဆိုပြီး ရေးထားသလိုပေါ်နေတာမြင်လိုက်တာလေ ပြီးတော့ မြောက်ပိုင်းကတောင်တွေအကြောင်းပြောတော့ သက်ပြင်းချနေလို့ မေးကြည့် တာရယ် ပြောရတာအဆင်မပြေလည်း ထားလိုက်ပါတော့”
မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် သူမနှင့်သက်ဆိုင်မှုမရှိပေ။ သူတို့ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သက်ရောက်မှုရှိမည်မဟုတ်ပေ။ သူတို့ သည် ရည်မွန်သည်ဟု ထင်၍မေးလိုက်ခြင်းသာဖြစ်သည်။
မဟုတ်သေးပေ… သူတို့သာ သူမကိုပြောသည်နှင့် သူမသည် စိတ်ပျော့ သွားပြီး ကူညီပေးဦးမည်။
သူမ ထိုအကြောင်းအားတွေးမိသည်နှင့် သူတို့မပြောမည်ကို ရုတ်တရက် မျှော်လင့်မိသည်။
“ဟူး….” ဂေါင်ရင်တသည် သက်ပြင်းထပ်ချပြန်သည် “မင်းတို့ကို မပြော ချင်တာတော့ မဟုတ်ပါဘူး ဒီအတိုင်းပဲ မင်းကိုပြောစရာအကြောင်းရှိမနေတာ ပြောလိုက်ရင် မင်းပါဒုက္ခရောက်သွားနိုင်တယ် ငါတို့ ယုန်နားရွက်တောင်ကို ရောက်တာနဲ့ လမ်းခွဲလိုက်ရင် ဒီပြဿနာတွေက မင်းနောက်လိုက်တော့မှာ မဟုတ်ပါဘူး”
သူထိုသို့ပြောလိုက်သောအခါ ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ကိုယ်ချင်းစာမိသည်။
“ဦးလေးတို့က မျိုးနွယ်တချို့ကိုချေမှုန်းမယ့်ကိစ္စကို ပြောနေတာကြား လိုက်တယ် အဲဒါတကယ်ပဲလား”
ထိုအခိုက်တွင် ဂေါင်မျိုးနွယ်ဝင်များသည် ရုပ်တည်သွားလေသည်။ ဟန့်မြောင်ရွှမ်သည် မမေးသင့်သည့်မေးခွန်းကို မေးလိုက်မိပြီဆိုသည်ကို သိသဖြင့် အနည်းငယ်တွန့်ဆုတ်သွားသည်။
အစပိုင်းပေါ့ပါးနေသော အခြေအနေသည် အနည်းငယ် နေရခက်သွားကြ သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး အဲဒါငါတို့မျိုးနွယ်နဲ့ဘာမှမဆိုင်ဘူး မင်းတို့ကိုပြောပြလိုက်ရင် ပြဿနာပိုလာတာပဲ အဖတ်တင်မယ်” ဂေါင်ရင်တ ရယ်မောလိုက်သည် “ဒါပေမဲ့ ဒါကငါတို့အတွက် အခွင့်အရေးလည်းဖြစ်သွားနိုင် တယ် အဲဒါကြောင့် အရမ်းကြီး ပြဿနာကြီးနေတာတော့မဟုတ်ဘူး”
“အဲလိုဆိုကောင်းပါပြီ” ရှီမာယူယူလည်း တခြားသောမေးခွန်းများနှင့် ပြီးခဲ့သည့်အခြေအနေများကို ကြုံရာမေးလာသည်။
ဟာစွန်သည် အလွန်မြန်သည်။ ရှီမာယူယူ ပို၍ငြိမ်စေချင်၍ အရှိန်လျော့ ခိုင်းခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည် ယုန်နားရွက်တောင်ကို တစ်ရက် တည်းနှင့် ရောက်နိုင်သည်။
ထိုသို့ဖြစ်လျှင်တောင် ဂေါင်မျိုးနွယ်သည် ဟာစွန်၏ အရှိန်ကိုအလွန် အံ့ဩနေတုန်းပင်ဖြစ်သည်။
ရှီမာယူယူသည် များများစားစားရှင်းမပြတော့ပေ။ သူတို့ယုန်နားရွက် တောင်သို့ရောက်သောအခါ ဂေါင်မျိုးနွယ်ဝင်များသည် စကားအချို့ပြောပြီး နောက် ထွက်သွားကြလေသည်။
“အဲလူတွေက တကယ်မဆိုးဘူးပဲ သူတို့က ငါတို့ကိုပြဿနာထဲ ဆွဲသွင်း မိသလိုဖြစ်မှာစိုးတာနဲ့ မြန်မြန်ထွက်သွားကြတယ်” ဟွမ်ရင်ရင်သည် ခံစားချက် ပါပါပြောလိုက်သည်။
သူတို့အားလုံး ပြောနိုင်ကြသည်။ ဂေါင်မျိုးနွယ်သည် မျိုးနွယ်ကြီးမဟုတ် သဖြင့် ကျွန်းငယ်လေး၏ အစွန်အဖျားတွေနေထိုင်သည့် မျိုးနွယ်ငယ်လေး တစ်ခုသာဖြစ်မည်။ ရှီမာယူယူ အရင်ကကြားဖူးသည့် သတင်းအရ သူတို့ကဲ့သို့ မျိုးနွယ်သည် တခြားအင်အားကြီးမျိုးနွယ်များကို တွယ်ကပ်နေရသည်။
ထိုအကြောင်းအား တွေးမိသောအခါ သူမ သက်ပြင်းချမိသည်။ လူတွေ နေထိုင်သောနေရာများ အားလုံးသည် မြစ်နှင့်ကန်များဖြစ်ကြသည်။ သူတို့ သည် ပျောက်ဆုံးနေသောနယ်မြေကဲ့သို့ နေရာတွင် ထွက်ပင်မပြေးနိုင်ကြပေ။
“သူတို့က တကယ်ပဲမဆိုးဘူးပဲ နီရဲပျားတွေကို သူတို့နောက်လိုက်ခိုင်း လိုက်မယ် သေးတဲ့ကိစ္စဆိုရင်တော့ သူတို့ကိုကူညီပေးကြတာပေါ့ အဲဒါက ကျွန်မတို့ မစ်ရှင်ကို သက်ရောက်လာရင်တော့…” ရှီမာယူယူ စကားမဆုံး အောင်မပြောသော်လည်း အားလုံးနားလည်လိုက်ကြသည်။
သူတို့သည် ဆရာတို့ကိုရှာရန် လာခြင်းဖြစ်သည်။ သူမသည် လုပ်ရမည့် မစ်ရှင်ကို နှောင့်ယှက်ခွင့်ပေးမည်မဟုတ်ပေ။
“အခွင့်အရေးရှာဖို့အတွက် ယုန်နားရွက်တောင်ကို သွားဆိုပြီး သခင်ကြီး ရင်လင်းကတော့ပြောလိုက်တာပဲ ဒါပေမဲ့ ဘာလဲဆိုတာတော့ မပြောလိုက်ဘူး အခုဘာလုပ်ကြမလဲ” စူးရှောင်ရှောင်သည် ရှီမာယူယူကို ကြည့်လေသည်။ သူမ သည် သခင်ကြီးရင်လင်းနှင့် အပတ်အသက်အများဆုံးရှိသူဖြစ်ရာ သူ၏ဆိုလို ရင်းကို နားလည်နိုင်သည်။
ရှီမာယူယူသည် ပြီးခဲ့သည့်တစ်ခေါက် တစ္ဆေမြို့တော်ကိုသွားခဲ့စဉ်က လက်ထောက်လေးပြောသည့် အခွင့်အရေးဆိုသည်မှာ မူစစ်ဖြစ်သည်ကို တွေး လိုက်မိသည်။ ဒီတစ်ခေါက်လည်း လူတစ်ယောက်ကို သွားရှာဖို့ ပြောချင်တာ မဟုတ်ဘူးလား။
သူမလည်း မသိဟုဆိုသည့်အဓိပ္ပာယ်နှင့် ခေါင်းခါလိုက်သည်။
“မသိဘူးဆိုမှတော့ ဒီအတိုင်းပဲပတ်သွားကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာဆိုတာကို သခင်ကြီးရင်လင်းပြောလိုက်တာပဲ အဲဒါကြောင့် ငါတို့တစ်ခု ခုတော့ တွေ့မှာပဲ” ရှီမာလျူရွှမ် ပြောလိုက်သည်။
“ဒီမှာ ဆေးပင်တွေများတယ်လို့ သူတို့ပြောခဲ့တယ်မလား တကယ်ပဲ ပျောက်ဆုံးနေတဲ့ နယ်မြေပဲ ဒီလိုနေရာမှာ အပြင်က ဆေးပင်အမျိုးမျိုးရှိသင့် တယ် ဘယ်လိုပဲဖြစ်ဖြစ် အကုန်အဆင်ချောမှတော့ ပတ်ကြည့်ကြတာပေါ့” ဖန်ကျိရှင်း ပြောလိုက်သည်။
“ကောင်းပြီလေ”
ထိုနေရာနှင့် မည်သူမှမရင်းနှီးကြသဖြင့် သူတို့အဖွဲ့သည် ကြုံသည့်နေရာ ကိုသာ လှည့်ပတ်သွားရသည်။ တစ်ခါတစ်ရံတွင် ရတနာရှာသည့်လူများနှင့် တွေ့သည်။ သို့သော် ဂေါင်မျိုးနွယ်ဝင်များကိုတော့ မတွေ့ရပေ။
အားလုံးသည် ဂေါင်မျိုးနွယ်ဝင်များကို အာရုံစိုက်ထား၍လားမသိပေ သူတို့သည် ဂေါင်မျိုးနွယ်ဝင်များနှင့် ခပ်ဝေးဝေးမရောက်ပေ။ သို့သော် သူတို့ သည် မသိမသာနှင့် ယုန်နားရွက်တောင်အတွင်းသို့ ပိုနက်သည့်နေရာသို့ ရောက်သွားကြသည်။
အသီးအရွက်များသည် လတ်ဆတ်သည်ကို ရှီမာယူယူ မြင်ရသည်။ ဝိညာဉ်ဆေးပင်များ၏ သက်တမ်းမှာလည်း ပိုရင့်သည်။ သူတို့သည် တောင်တန်း အနက်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း ရှီမာယူယူ သိလိုက်သည်။
သူတို့သည် လှေသမားထွတ်ပြောလိုက်သော မိစ္ဆာအိုကြီးအကြောင်း တွေးမိသည်နှင့် မျက်မှောင်အနည်းငယ်ကြုတ်မိသည်။
ထိုအကြောင်းကို လူအများသိ၍လားမသိပေ… ဤနေရာမှာ အရောက် အပေါက်နည်းသည်။ ထိုလူများသည် ဝိညာဉ်ဆေးပင်များရပြီးသည်နှင့် ထွက် သွားကြသည်သာဖြစ်သည်။
ဂေါင်မျိုးနွဘ်ဝင်များသည် သူတို့ထက်ရှေ့ရောက်သည်မှာ သူမထက်ပင် ပို၍တောနက်ထဲရောက်သွားသည်ကို ပြနေသည်။
သူတို့ဘာကိုရချင်နေတာလဲ။ ဘာလို့များဒီလောက် အန္တရာယ်များတဲ့ နေရာကို လာတာလဲ။
ရုတ်တရက် သူမ ရပ်သွားပြီး မျက်ခုံးများမှာလည်း တင်းကြပ်စွာ ကြုတ် လိုက်သည်။
“ယူယူ ဂေါင်မျိုးနွယ်ဝင်တွေ တစ်ခုခုဖြစ်လို့လား” ဟွမ်ရင်ရင် မေးလိုက် သည်။
ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဂေါင်မျိုးနွယ်ဝင်တွေက တခြားသူတွေနဲ့ တိုက်ခိုက်နေတယ် ကြည့်ရတာ လူငယ်တစ်ယောက်ကို ကယ် ဖို့အတွက်ထင်တယ် တစ်ဖက်ကသူတို့ထက် အားကောင်းနေတယ်”
ထိုစကားနှစ်ခွန်းသည် အခြေအနေတစ်ခုလုံးကို ပုံဖော်ပြလိုက်သည်။
ဂေါင်မျိုးနွယ်ဝင်များသည် အပြင်လူများနှင့်ယှဉ်လျှင် အားမနည်းပေ။ သို့သော် ဤတိုင်းပြည်တွင်တော့ အားကောင်းသည့်အထဲတွင် မပါပေ။
“သူတို့က ငါတို့နဲ့ယှဉ်နိုင်မလား”
“တခြားသူတွေကိုပါ ခေါ်ရင်တော့ ပြဿနာမရှိနိုင်ဘူး” ရှီမာယူယူ ပြော လိုက်သည်။
“တခြားသူတွေ ဟုတ်လား”
“ကံကောင်းလေးအဖေက ကျွန်မတို့အတွက် လူတွေပို့ပေးလိုက်တယ် မလား သူတို့ကိုပါ ခေါ်လာတယ် အင်း.. ကံကောင်းလေးကို ကာကွယ်ဖို့လေ” သူမသည် ရိုးသားစွာပင် ပြုံးလိုက်သည်။
ဝိညာဉ်စေတီအတွင်းမှ ကံကောင်းလေးသည် သူမစကားကို ကြားသော အခါ မျက်လုံးလှိမ့်မိသည်။ ဒီကောင်မလေးက သူ့အင်အားကို သူမကိုယ်ပိုင်ကိစ္စ ကြောင့် သုံးချင်နေတာပဲ။ သူမကဖြင့် သူနဲ့မကစားပေးဘဲ ဝိညာဉ်စေတီထဲ ပစ် ထည့်ထားပြီးတော့။
သူသည် တခြားဝိညာဉ်သားရဲများနှင့် ရင်းနှီးနေပြီဖြစ်၍ သူမကို အရင်လို မတွယ်ကပ်တော့သဖြင့် တော်သေးသည်။ သူ့ကို ပြန်ခိုင်းလျှင်လည်း ဝိညာဉ် စေတီအတွင်းတွင် ပျော်စရာများလုပ်နေတတ်သည်။
အရေးအကြီးဆုံးမှာ သူသည် ဟိန်းသံလေးနှင့် ဝိညာဉ်စေတီတစ်ခုလုံး ပြောင်းပြန်လှန်သွားသည်အထိ ဆော့ကြသည်။ ကြက်သွေးရောင်မီးတောက် နှင့် တခြားသူများ ဝိညာဉ်စေတီကို စောင့်ရှောက်ထားခြင်းကြောင့်သာမဟုတ် လျှင် ဝိညာဉ်စေတီမည်သို့မည်ပုံဖြစ်နေမည်ကို မည်သူမှမသိနိုင်ပေ။
သူတို့ ထိုသို့လုပ်သည်ကို ပထမဆုံးအကြိမ်မြင်ခဲ့စဉ်က သူမ မတတ်သာ ဘဲ လွှတ်ထားရတော့သည်။ အမှန်မှာ… သူမသည် ကံကောင်းလေးကို မရိုက် ရက်ပေ။ အရေးအကြီးဆုံးမှာ သူမ မရိုက်ချင်ပေ။ အဲအကြောင်းကို သူ့အဖေ သိသွားလို့ သူမကိုလာပြီးလက်စားချေနေရင် ဘယ်လိုလုပ်မှာလဲ။ သည်လိုနှင့် သူမသည် ဟိန်းသံလေးကို အကြိမ်အနည်းငယ်ရိုက်ရာ ဟိန်းသံလေးသည် မမျှတစွာ ခံစားရလေသည်။
နှစ်ယောက်လုံးက ပြဿနာရှာတယ်ဆိုပေမဲ့ သူတစ်ယောက်တည်း အပြစ်ပေးခံနေရတာ။ မတရားဘူး ရွှတ် ရွှတ်…
***