← Chapters

ကောင်လေးတစ်ယောက်ကို ကယ်တင်ခြင်း

Vol. 115 Ch. 1599

ကောင်လေးတစ်ယောက်ကို ကယ်တင်ခြင်း

Vol. 115 Ch. 1599

ထိုအချိန်က ကံကောင်းလေး၏ လုံခြုံရေးအတွက် ကြီးမြတ်သောဝူလင်း သည် ရှေးဟောင်းဝိညာဉ်သားရဲများကိုချန်ထားပေးခဲ့သည်။ သူထွက်သွားပြီး နောက် ရှီမာယူယူသည် လောကအသေးထဲတွင် အားလုံးကိုထည့်ထားခဲ့သည်။

သို့သော် သူမသည် ထိုသားရဲအိုကြီးများကို အမိန့်မပေးနိုင်ပေ။ ထို့ကြောင့် သူမသည် ကံကောင်းလေးကို ခေါ်ထုတ်ရမည်။

အစပိုင်းတွင် ကံကောင်းလေးသည် မာနကြီးနေသေးသည်။ သူမသည် သူ နှင့် မကြာခဏကစားပေးခြင်းမရှိခဲ့ပေ။ အခုမှ သူ့ကို လာပြီးလျှောက်လဲချက် တင်နေသည်။ ထို့ကြောင့် သူမကို ဂရုမစိုက်ရန် သူ စိတ်ဆုံးဖြတ်လိုက်သည်။ သို့သော် သူမကို သံယောဇဉ်ရှိသည့်အတွက်ကြောင့်ပင် ခရီးစဉ်တစ်လျှောက် လုံး သူမကို အဖော်ပြုခွင့်ပြုမည်ဟု ကတိရသည်နှင့် ထိုရှေးဟောင်းဝိညာဉ် သားရဲများအားလုံးကို ခေါ်ထုတ်ပြီး ထိုလူများကိုကယ်ရန် အမိန့်ပေးလိုက်တော့ သည်။

ကံကောင်းလေးကို ကာကွယ်သည့် ရှေးဟောင်းဝိညာဉ်သားရဲများသည် သူမ အသက်အန္တရာယ်ရှိမှပင် ပေါ်လာသည့် လျှို့ဝှက်ဝိညာဉ်နတ်ဆိုးသားရဲ များကဲ့သို့မဟုတ်ပေ။ သူတို့သည် ကြီးမြတ်သောဝူလင်းဆီမှအမိန့်ရသည်နှင့် ကံကောင်းလေးကို ကာကွယ်ခြင်းအပြင် သူ၏ညွှန်ကြားချက်ကိုပါ လိုက်နာရ သည်။

အခု ကံကောင်းလေးသည် ထိုလူများကို ကယ်ရန် အမိန့်ပေးလိုက်သဖြင့် သူတို့သည် အချိန်မဆွဲရဲကြဘဲ ရှီမာယူယူ ပြောသည့်ဦးတည်ဘက်သို့ တည့်တည့်ပင် သွားကြလေသည်။

ရှီမာယူယူနှင့် တခြားသူများသည်လည်း ရပ်မနေဘဲ သူတို့နှင့်အတူ လိုက် ပျံသွားလိုက်ကြသည်။

သူတို့ရောက်သွားချိန်တွင် ဂေါင်မျိုးနွယ်ဝင်များသည် ဒဏ်ရာများကြောင့် မြေပေါ်လဲနေကြသည်။

ဂေါင်ရင်တဘေးတွင်ရပ်နေ‌သော အနက်ဝတ်လူသည် သူ့ရင်ဘတ်ကို တက်နင်းကာ နှာရှုတ်လေသည် “ဂေါင်ရင်တ မင်းငါ့ခြေထောက်အောက်မှာ အနင်းခံရမယ့်နေ့ ရောက်လာမယ်လို့ထင်မထားဘူးမလား”

အစပိုင်းကပင် ဒဏ်ရာအပြင်းအထန်ရထားသော ဂေါင်ရင်တသည် ထိုလူ နင်းလိုက်သောအခါ သေလုဆဲဆဲဖြစ်သွားတော့သည်။ သူသည် ထိုလူ၏ ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သို့သော် တွန်းဖယ်၍ မရနိုင်ကာ အနာသက်သာရုံသာရှိလေသည်။

“ထန်းဖေး မင်း မာန်တက်မနေတာကောင်းမယ်နော် မင်းကများ ငါ့တို့ သခင်လေးကို သေတဲ့အထိလိုက်ရဲတယ် မင်းမျိုးနွယ်ချေမှုန်းခံရမှာကို မကြောက်ဘူးလား အဟွတ် အဟွတ်” သူသည် စကားဆုံးခင်မှာပင် ချောင်းဆိုး ရာ သွေးပါလာပြီး အဆက်မပြတ်ဆို‌ေးတာ့သည်။

“သခင်လေး ဟုတ်လား ဒီကောင်လား သူက ထိုက်တန်တယ်လေ” ထန်းဖေးသည် သိပ်မဝေးသောနေရာတွင် လဲနေသော လူငယ်ကိုကြည့်လိုက် သည် “အခုချိန်ကတော့ ငါဒီလောင်ဖန်က အထက်ကညွှန်ကြားချက်ရထားပြီး သားမို့လို့ မကြောက်တော့ဘူး၊ ဒီကောင်ကို သတ်နိုင်သရွေ့ အခွန်ကင်းလွတ် ခွင့်ရှိမယ့်အပြင် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကိုတောင် တက်လို့ရမယ်၊ သူ မရှိတာနဲ့ အထက်ကလူက သခင်လေးဖြစ်ပြီး မိသားစုခေါင်းဆောင်လောင်း ဖြစ်လာမှာပဲ၊ ငါတို့သာ သူ့ကိုကပ်ထားလိုက်ရင် ငါတို့ထန်းမျိုးနွယ်က ကျဆုံးမှာ တဲ့လား၊ အထက်ကလူကို ပြစ်မှားတဲ့ မင်းတို့ဂေါင်မျိုးနွယ်ထက်တော့သာတယ် မင်းတို့ကသာ မင်းတို့မျိုးနွယ်ချေမှုန်းခံရမှာကို စောင့်နေလိုက်ကြ”

ထန်းဖေသည် ရယ်မောကာ မြေပေါ်တွင်လဲနေသောလူများကို အလွန် ကြမ်းတမ်းစွာ ကြည့်လိုက်လေသည်။

မြေပြင်တွင်လဲနေသော လူငယ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် ကာ သူ့မျက်နှာတွင် မုန်းတီးမှုများနှင့် ကြိတ်မှတ်သည်းခံခြင်းများ ပြည့်နေ၏။

“ဂေါင်ရင်တ ဒီတစ်ခေါက် မင်းတို့ဂေါင်မျိုးနွယ်က ပျက်စီးသွားပေမဲ့ မင်းကတော့ ဒီနေ့ သေကိုသေရမယ်မဟုတ်ပါဘူး၊ မင်းသာ တစ်ခုခုကို အပြစ် တင်ချင်တယ်ဆိုရင် မင်းဘာသာမင်းလူတတ်ကြီးလုပ်ပြီး အဲလူကိုကယ်ချင်တဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်၊ မင်းကိုပြောလိုက်မယ် ဒီကလူတွေ တစ် ယောက်မှ အသက်ရှင်လျက်ထွက်မသွားရဘူး” ထန်းဖေးသည် ပြောပြီးနောက် ခြေထောက်တွင် အားထည့်လိုက်သည်။

“ထန်းဖေး ရပ်လိုက်” ထိုလူငယ်သည် ဒေါသတကြီးအော်ဟစ်ကာ ထန်းဖေးကို ဝိညာဉ်စွမ်းအင်ဖြင့် ပစ်လိုက်သည်။ သို့သော် သူသည် ရှိသမျှအား ကို တောင့်ခံနိုင်ရုံမျှသာရှိသဖြင့် သူ၏တိုက်ကွက်ကို ထန်းဖေးသည် အလွယ် တကူပင် ရှောင်ရှားနိုင်လေသည်။

“ယဲ့ကျုံး အဲလောက်လည်း စိတ်မလှုပ်ရှားပါနဲ့ သူ့ကိုရှင်းပြီးတာနဲ့ မင်းကို လည်းလိုက်ပို့ပေးမယ်” ထန်းဖေး နှာမှုတ်လေသည်။

“ထန်းဖေး ငါ ဒီနေ့အသက်ရှင်လို့ကတော့ မင်းတို့ထန်းမျိုးနွယ်တစ်ခုလုံး ကို သေချာပေါက် ဖျက်စီးပစ်မယ်” ထိုလူငယ် အော်လေသည်။

“အမလေး ကြောက်လိုက်တာ” ထန်းဖေးသည် လှောင်ရယ်ပြီးနောက် ဂေါင်ရင်တကို ကန်လိုက်လေသည်။ သူသည် ထိုလူငယ်ဆီသို့လျှောက်သွားပြီး ပြောလေသည် “ထောင်ယိရွှမ် မင်းကထောင်မျိုးနွယ်က သခင်လေးလို့ မင်းကိုယ်မင်းထင်နေသေးတာလား၊ မင်းက ဒီအတိုင်း လူတကာသိတဲ့ တရား မဝင်ကလေးပဲ၊ ငါ နှုတ်ဆက်တာနဲ့တောင် မင်းက တန်လို့လား၊ မင်းက ငါ့ကို သတ်ချင်တယ်ဟုတ်လား ဒါဆိုလည်း ဒီနေ့မင်းကို ငရဲကိုပို့ပေးရမှာပေါ့”

ထိုသို့ပြောပြီးနောက် သူသည် ဝိညာဉ်စွမ်းအင်ထုတ်ပြီး မြေပေါ်တွင်လဲ နေသောလူကို တိုက်ခိုက်လေသည်။

ရှီမာယူယူသည် အသက်အောင့်ပြီး ကျိန်ဆွဲမိသည်။ ရှေးဟောင်းဝိညာဉ် သားရဲတွေက အဝေးကြီးလိုသေးတယ် ဒီကလေးကို ဘယ်လိုသွားကယ်တော့ မျာလဲ။

ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ သူမဘေးတွင်အမြဲတမ်းရှိ‌နေသည်ကို သိ သည်။ သို့သော် သူမပျောက်သွားသည်ကို မသိလိုက်ခင်မှာပင် ရုတ်တရက် ထန်းဖေး၏ ဘေးဘက်တွင် သွားပေါ်သည်ကို တွေ့လိုက်ရသည်။

သူမသည် အသံမထွက်ဘဲ ပေါ်လာကာ ထန်းဖေးကို တစ်ချက်ကျွေးလိုက် သဖြင့် ပျံတက်သွားသည်ကိုသာ သူတို့မြင်လိုက်ရသည်။ သူမသည် မြေပြင်ပေါ် တွင လဲနေသည့်လူငယ်ကိုထူပြီး မီတာအနည်းငယ်ပြန်ဆုတ်ပြီး ဂေါင်ရင်တ၏ ဘေးတွင် ပေါ်လာလေသည်။

ရုတ်တရက်ပေါ်လာသောလူကို သူတို့မြင်သောအခါ နှစ်ဖေက်လုံး မှင်တက်သွားကြလေသည်။ ဂေါင်မျိုးနွယ်ဝင်များသည် တုံ့ပြန်ကာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည် “မိန်းကလေးယူယူ ဒီမှာဘာလုပ်နေတာလဲ”

ထန်းဖေး ထိုစကားကိုကြားသောအခါ အရာအားလုံး ကမောက်ကမဖြစ် သွားသဖြင့် ကျိန်ဆဲလိုက်သည်။ ဂေါင်မျိုးနွယ်ဝင်များသည် ထိုလူနှင့် အသိ အကျွမ်းဖြစ်နေသည်မှာ သေချာသည်။ သူမသာ ထောင်ယိရွှမ်ကိုကယ်လိုက်ပါ က သူတို့ရေစုန်မြောတော့မည်ဖြစ်သည်။

သို့သော် သူမသည် တစ်ယောက်တည်းဖြစ်ကာ အားမကောင်းလှသည်ကို မြင်သောအခါ စိတ်အေးလက်အေးဖြစ်သွားကြသည်။

“မိန်းကလေး တွေ့ကရာနေရာမှာ ခြေဝင်မလျှိုဖို့ အကြံပေးလိုက်မယ် မင်း အသက်တောင်သေသွားနိုင်တယ်” ထန်းဖေး ခြိမ်းခြောက်လေသည်။

ရှီမာယူယူသည် ထောင်ယိရွှမ်ကို တွဲကုင်ထားသည်။ သူ့တစ်ကိုယ်လုံး ညစ်ပတ်နေသည်ကို မြင်သောအခါ သူမ မျက်တောင်အသာအယာကြုတ်ပြီး ဆေးထုတ်ကာ သူ့ပါးစပ်ထဲထည့်ပြီးနောက် လွှတ်ပေးလိုက်သည်။ သူမသည် သူ့ကို ဂေါင်ရင်တရှေ့တွင် ထိုင်ခိုင်းလိုက်သည်။

ထို့နောက်သည် သူမသည် သူတို့ရှေတွင် တည်ငြိမ်စွာပင် ရပ်လိုက်သည်။

သူမ ရပ်တည်နေရခြင်းသည် ထိုလူနှစ်ယောက်ကို ကယ်တင်ရန်ဖြစ် ကြောင်း ထန်းဖေးကို ရှင်းလင်းစွာပြောနေသည်။

အစပိုင်းတွင် ထန်းဖေးသည် ရှီမာယူယူကိုငယ်ရွယ်ပြီး အတွေ့အကြုံမရှိ သူဟု တွေးထားမိသည်။ သူမသည် ငယ်သူတစ်ယောက်၏ မောက်မာမှုကြောင့် ကူညီရန်ရောက်လာခြင်းဖြစ်သည်။ သူ သူမကိုခြိမ်းခြောက်လိုက်သည်နှင့် လက်လျော့သွားမည်။ သို့သော် သူမသည် ထောင်ယိရွှမ်ကို ဆေးတိုက်ပြီးသည် အထိ သူ့ကိုလျစ်လျူရှုလိမ့်မည်ဟု ထင်မထားပေ။

ထိုအရာသည်သူ့ကို အပြည့်အဝစော်ကားလိုက်ခြင်းဖြစ်သည်။

ထောင်ယိရွှမ်သည် ရှီမာယူယူ၏ ကျောပြင်ကိုကြည့်ပြီး သူ၏ အေးစက် သောမျက်အိမ်သည် အနည်းငယ်စိုစွတ်လာသည်။

သူငယ်စဉ်ကတည်းကပင် သူ့ဘက်တွင် ရပ်တည်ပေးသူမှာ နည်းပါး သည်။ သူ့ဘဝတွင် အမျိုးသမီးနှစ်ဦးသာရှိသည်။ တစ်ဦးမှာ သူ့ကိုကယ်ရန် အတွက် အသက်ပေးခဲ့သည့် သူ၏မိခင်ဖြစ်သည်။ နောက်တစ်ဦးမှာ သူ့ရှေ့တွင် ရှိသော သူစိမ်းမိန်းကလေးဖြစ်သည်။

ရှီမာယူယူသည် ထန်းဖေးကို အတန်ကြာအောင် စိုက်ကြည့်နေသည်။ ထို အကြောက်အလန့်မဲ့သော အပြုအမူနှင့် သူမ၏ အထင်သေးသောအကြည့်များ သည် သူ့ကိုလွှမ်းမိုးနိုင်ကာ သူသည် မသိစိတ်မှ နောက်ဆုတ်သွားမိလေသည်။

“ဦးလေးဂေါင် သူ့ကို မျက်မြင်သက်သေအဖြစ်ထားမလား မဟုတ်ရင် သတ်လိုက်ရမလား” ရှီမာယူယူသည် ခေါင်းမော့ပြီး မေးလိုက်သည်။

သူ၏ ကြင်နာစွာဖြင့် လမ်းပြပေးခဲ့မှုသည် ယနေ့ သေဘေးမှ လွတ်မြောက်သွားလိမ့်မည်ဟု ဂေါင်ရင်တထင်မထားပေ။ သူသည် ထောင်ယိရွှမ်ကို ကြည့်ပြီးပြောလေသည် “သူ့ကို အရှင်ထားလိုက် သခင်လေး က သူ့ကိုမေးချင်တာရှိသေးတယ်”

ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “မင်းတို့ကြားလား”

ထောင်ယိရွှမ်သည် မှင်တက်သွားလေသည်။ ဆိုလိုတာက သူမက ကိုယ်တိုင် မလှုပ်ရှားဘူးလား။

သူမ စကားဆံးသည်နှင့် ပုံရိပ်တချို့သည် သူမအနောက်မှပေါ်လာပြီး လျင်မြန်စွာပင် ထန်းမျိုးနွယ်ဝင်များကို တိုက်ခိုက်တော့သည်။ ထိုမြင်ကွင်း သည် ဂေါင်မျိုးနွယ်ဝင်များကို ဖမ်းစားသွားသည်။

ဒါလွယ်လွန်းနေတာမဟုတ်ဘူးလား။

ရှေးဟောင်းဝိညာဉ်သားရဲများသည် သူတို့၏ရောင်ဝါကို ဖုံးကွယ်ထားရာ တခြားသာ သာမာန်အသွင်ပြောင်းဝိညာဉ်သားရဲများနှင့် ဆင်တူနေသည်။ သူတို့ကို ရှေးဟောင်းဝိညာဉ်သားရဲများဟု ထင်မည်မဟုတ်ပေ။

“မင်းတို့က ဘယ်သူတွေလဲ ငါတို့ထန်းမျိုးနွယ်ကိုလာထိရဲတာလား” ထန်းဖေးသည် လက်မလျော့ပေးဘဲ မျိုးနွယ်နာမည်ကိုသုံးကာ ခြိမ်းခြောက်နေ ချင်သေးသည်။

ရှီမာယူယူသည် ထန်းမျိုးနွယ်ကိုမသိပေ။ သူတို့သည် သေးငယ်လွန်း သဖြင့် လှေသမားထွတ်၏ စာရင်းထဲတွင် မပါခြင်းဖြစ်မည်။ အဲလိုဆိုမှတော့ ဘာမှကြောက်ဖို့မလိုတော့ဘူး။

“မင်းတို့က သူတို့ကိုသက်ညှာလွန်းနေပြီ သူတို့က စကားပြောဖို့ အင်အား ရှိနေသေးတယ်” ကံကောင်းလေးသည် ရှီမာယူယူ၏ ပခုံးတွင်တွယ်ထားကာ ထန်းဖေကို ညွှန်ပြရင်းအော်လေသည်။

ထိုဝိညာဉ်သားရဲများသည် ကံကောင်းလေး၏ ဆိုလိုရင်းကိုနားလည်ကြ ကာ သူ၏ဝမ်းဗိုက်ကို နောက်တစ်ချက်ထိုးလိုက်သည်။ ထိန်းဖေးအထိုးခံလိုက် ရပြီးနောက် အော်ပင်မအော်နိုင်ကာ ချက်ချင်းပင်မေ့လဲသွားတော့သည်။

သူလဲကျသွားသည်ကို တခြားသူများမြင်သောအခါ မတတ်သာဘဲ နှုတ်ခမ်းတွန့်လိုက်ကြတော့သည်။ အစပိုင်းတွင် သူမသည် ကြမ်းတမ်းပြီး တည့်တိုးဆန်မည်ဟု သူတို့ထင်မထားကြပေ။

ကျန်လူများသည် ပြေးသွားကြကာ ဂေါင်မျိုးနွယ်ဝင်ကို ဆေးများတိုက် လိုက်ကြပြီး အရင်သက်သာစေပြီးမှ နောက်ပိုင်းကိစ္စများကို မေးကြလေသည်။ သူမကတော့ ထောင်ယိရွှမ်ကို စတင်ချီးကျူးတော့သည်။

ကြော့မော့သောအသွင်သဏ္ဍာန်၊ ကြီးမားသောမျက်လုံး၊ ရှည်လျားသော မျက်တောင်နှင့် နက်နဲသောအကြည့်များသည် အားလုံးကို နစ်မြောသွားစေနိုင်သည်။

***

All Chapters