ဘာမှမတတ်နိုင်သောကြောင့် ဒေါသထွက်ခြင်း
Vol. 115 Ch. 1601
ထိုရောင်ဝါသည် သူတို့ကို ခေတ္တမျှသာ ဖြတ်သွားခြင်းဖြစ်သည်။ သို့သော် သူတို့ကျောပြင်တွင် ချွေးအေးများဖြင့် စိုရွှဲသွားတော့သည်။
သေဆုံးခြင်း… တစ်ဖက်သား၏ အသက်ကိုနှုတ်ယူရန် စက္ကန့်ပိုင်းမျှသာ ကြာသလိုပင်။
ထိုရောင်ဝါသည် သူတို့ကိုသတ်ရန် အစီအစဉ်မရှိ၍ကံကောင်းသည်။ ထို့ကြောင့်ပင် ရောက်လာပြီးနောက် ချက်ချင်းပင် ပြန်ထွက်သွားလေသည်။
အားလုံးသည် အသက်ပေးလိုက်ရတော့မည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူတို့ကို အပြည့်အဝစိတ်အေးသွားသည်ကို မစောင့်ဘဲ ထိုရောင်ဝါ ပြန်နီးကပ်လာသည်ကို ခံစားလိုက်ရပြန်သည်။ တစ်ခဏအကြာ တွင် အဖြူစွတ်စွတ်ဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် သူတို့ရှေ့၌ ပေါ်လာလေသည်။
နှင်းလိုဖြူသောအသားအရေ… နှင်းလိုဖြူသော ဆံနွယ်များ… နှင်းလို စွတ်နေသော အဖြူရောင်အဝတ်စား…. နှင်းလိုဖြူနေသော ဖိနပ်များ… ရှီမာယူယူသည် သူမကိုကြည့်လိုက်ကာ ထိုအမျိုးသမီးသည် နှင်းနှင့်များ ပြုလုပ် ထားလေသလားဟူ၍ပင် သိချင်မိသည်။
သူမမှလွဲပြီး မည်သူမှ ထိုအမျိုးသမီးကို ကြည့်ရဲသည့်သတ္တိမရှိပေ။
ရှီမာယူယူသည် သူမကိုကြည့်နေသည်။ သူမ ထိုနေရာတွင် ရပ်နေချိန် ထိုအမျိုးသမီး၏ရောင်ဝါကို အာရုံမခံနိုင်သော်လည်း သူမလည်း ကြောက်ရွံ့နေ ဆဲဖြစ်သည်။
ဒါကလှေသမားထွတ်ပြောတဲ့ မိစ္ဆာအိုကြီးဆိုတာနေမယ် ဟုတ်တယ် မလား။
ထိုအမျိုးသမီးသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင်ရှိနေသာ ကံကောင်းလေး ကိုကြည့်ပြီး သူ့ကိုယူရန် လက်ဆန့်ထုတ်လိုက်သော်လည်း ရှီမာယူယူသည် သူ့ ကို ဖက်ကာ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
“စီနီယာကြီးကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ကံကောင်းလေးကို ဖက်ရင်း အရိုအသေပြုလေသည်။
ထိုအခါမှပင် အမျိုးသမီးသည် ရှီမာယူယူကို သတိထားမိလေသည် “မင်း က ဘယ်သူလဲ ဒါလေးနဲ့ဘယ်လို ပတ်သက်တာလဲ”
“ဒီဂျူနီယာရဲ့နာမည်က ရှီမာယူယူပါ ကံကောင်းလေးက ကျွန်မ မိတ်ဆွေ ဟောင်းရဲ့သားပါ”
“မိတ်ဆွေဟောင်းဟုတ်လား ရှေးဟောင်းသားရဲတွေ ပြန်လာတာမှ မကြာသေးဘူး အဲဒါကိုမိတ်ဆွေဟောင်းဟုတ်လား” အမျိုးသမီး၏ အသံသည် တိုးညင်းသော်လည်း ဒေါသထွက်ခြင်း ခြိမ်းခြောက်ခြင်းအလျင်းမရှိပေ။
“အမှန်ပါပဲ” ရှီမာယူယူသည် စိတ်ထဲတွင် ကြောက်နေမိသော်လည်း မျက်နှာတွင်တော့ ကြောက်ရွံ့မှုကိုမပြပေ။ အမှန်တကယ် တိုက်ခိုက်လာပါက လေဟာပြင်တွေကြားထဲတွင် ပုန်းကွယ်နေသော ဝိညာဉ်သားရဲအိုကြီးမှ ပို၍ အားကောင်းနေမလားသိပေ။
“ဒီကောင်လေးကို သဘောကျတယ် ငါ့ကိုပေးသွားလိုက်” ထိုအမျိုးသမီး ပြောလေသည်။
“တောင်းပန်ပါတယ် စီနီယာကြီး ကံကောင်းလေးရဲ့အဖေက ကျွန်မကို စောင့်ရှောက်ပေးဖို့အပ်သွားလို့ ပေးလို့မရပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါ့အမိန့်ကိုအာခံရဲတာလား ငါမင်းကိုသတ်လိုက်မှာမကြောက်ဘူးလား” ထိုအမျိုးသမီး လက်ကိုဝှေ့ယမ်းလိုက်ရာ ရှီမာယူယူသည် စွမ်းအင်လုံးကြီးတစ်ခု မှဆွဲယူခံလိုက်ရသလို ခံစားရလေသည်။ ထိုအမျိုးသမီးသည် သူမကို ချက်ချင်း ပင် လည်ပင်းကိုဆုပ်ကိုင်လိုက်သည်။
“ယူယူ”
“ဂျူနီယာညီမလေး”
ရှီမာလျူရွှမ်နျင့် တခြားသူများသည် ပြေးလာချင်သော်လည်း သူတို့သည် အကြည့်တစ်ချက်နှင့်တင် ရပ်တန့်သွားကာ နေရာတွင် အမြစ်တွယ်သွားလေ သည်။
ထိုအမျိုးသမီးသည် ရှီမာယူယူကို တိုက်ခိုက်သည်ကို ကံကောင်းလေး မြင်သောအခါ အလွန်ပင် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ သူသည် အမြန် ပင် ထိုအမျိုးသမီးကိုတိုက်ခိုက်လိုက်သည်။
သူတို့သည် အစကတည်းကပင် နီးကပ်နေရာ ကံကောင်းလေးမှာလည်း လျင်မြန်သည်။ တခြားသူများ မတုံ့ပြန်ခင်မှာပင် ထိုအမျိုးသမီးသည် သူ့ကို ဆုပ်ကိုင်လိုက်သည်။
“သူ့ကိုထိခိုက်အောင်မလုပ်နဲ့” ရှီမာယူယူသည် အသက်ရှုရခက်သည်ကို ခံစားရပြီး မျက်လုံးတွင်လည်း ကြောက်စိတ်များပြည့်နေသည်။
ကံကောင်းလေး တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ သူမ ကြီးမြတ် သော ဝူလင်းကိုဘယ်လိုပြောရတော့မှာလဲ။
“စီနီယာ လက်ကိုပြန်ရုတ်လိုက်ပါ” ဟွမ်ရင်ရင်နှင့် တခြားသူများသည် ရင်များကဆုန်ပေါက်နေကာ သူတို့ဂရုမစိုက်မိသည့်အချိန်တွင် ရှီမာယူယူကို ထိုအမျိုးသမီးမှ သတ်လိုက်မည်ကို စိုးရိမ်နေကြသည်။
ထိုအမျိုးသမီးသည် လူတစ်ယောက်ကို လက်လွတ်စပယ် သတ်တတ် သည့် သွေးဆာသောလူမဟုတ်ပေ။ ရှီမာယူယူသည် သူမကို ဆန့်ကျင်၍သာ လည်ပင်းကို ဆုပ်ကိုင်လိုက်ရုံသာဖြစ်သည်။ သူမလည်ပင်းကို ဆုပ်ကိုင်လိုက် သော်လည်း အမှန်တကယ် သတ်ရန် စိတ်ကူးမရှိပေ။
“စီနီယာ စီနီယာကြီးက ကံကောင်းလေးကို သဘောကျတာသိပါတယ် ဒါပေမဲ့ သူ့ကိုရဖို့ကို စိတ်မကူးလေနဲ့၊ ကျွန်မကိုသတ်လိုက်ရင်လည်း ကံကောင်း လေးက ရှင့်ကိုဂရုစိုက်မှာမဟုတ်ဘူး” ရှီမာယူယူသည် တစ်လုံးချင်းပြောလိုက် သည်။
“ငါဘာစဉ်းစားနေလဲဆိုတာ မင်းသိတာလား”
“စီနီယာ ရှင့်မျက်လုံးမှာက ဆန္ဒမရှိပါဘူး ဒီအတိုင်းသိချင်ရုံပဲမလား အဲဒါကြောင့် ရှင်ကရှေးဟောင်းဝိညာဉ်သားရဲကို နားလည်ချင်ရုံပဲဖြစ်ပြီး တကယ်လိုချင်နေတာမဟုတ်ပါဘူး ကျွန်မပြောတာမှားလား” ရှီမာယူယူ ခွဲခြမ်း စိတ်ဖြာပြလိုက်သည်။
“ဟင်း အရိပ်အကဲသိတဲ့ကောင်မလေးပဲ” အမျိုးသမီးသည် ရှီမာယူယူကို လွှတ်လိုက်ပြီး အသက်ကိုဝအောင်ရှုခွင့်ပေးလိုက်သည်။
တခြားသူများလည်း စိတ်ငြိမ်သွားတော့သည်။
“ကျွန်မကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး” ရှီမာယူယူသည် ကျေးဇူးတင်စကားပြောလေသည်။
“ငါ မင်းကိုမသတ်ဘူးဆိုတာ ဘာလို့အဲလောက်သေချာနေတာလဲ”
“ကျွန်မတို့ ဒီကိုရောက်လာတော့ ထွတ်ဆိုတဲ့လှေသမားနဲ့တွေ့ခဲ့တယ် သူက ပြောခဲ့တယ် ကျွန်မတို့ယုန်နားရွက်တောင်ကိုရောက်လို့ စီနီယာနဲ့တွေ့ တာနဲ့ သူ့နာမည်ကို ပြောလိုက်ရုံပဲတဲ့၊ သူကစီနီယာကြီးထက် အားကောင်းနေ လို့ ယုံကြည်ချက်ရှိတာမဟုတ်ဘဲနဲ့ ရှင်က လူတစ်ယောက်ကို လက်လွတ်စပယ် သတ်တတ်တဲ့သူမဟုတ်ဘူးလို့ ကျွန်မမှန်းလိုက်မိလို့ပါ” ရှီမာယူယူ ပြောလိုက် သည်။
“လှေသမားထွတ်ဟုတ်လား” အမျိုးသမီးသည် ထိုနာမည်ကိုကြားလိုက် သည်နှင့် တည်တံ့သောမျက်နှာထားအဖြစ် ပြောင်းသွားလေသည် “ထားလိုက် ပါတော့ သူက မင်းတို့ကိုကာကွယ်ချင်မှတော့ မျက်နှာသာပေးလိုက်ပါမယ်၊ ငါ့ကို ဒီကောင်လေးနဲ့ နှစ်ရက်လောက် ဆော့ခွင့်ပေး၊ ငါ သူ့ကို ဆယ်ရက် အတွင်းပြန်ပေးမယ်”
ပြောပြီးနောက်တွင် သူမသည် ရှီမာယူယူနှင့် တခြားသူများ၏ တုံ့ပြန်မှု ကိုလျစ်လျူရှုကာ ကံကောင်းလေးကို ခေါ်ပြီးထွက်သွားလေသည်။
သူမထွက်သွားသည်ကို အားလုံးသည် မတတ်သာစွာဖြင့် ငေးကြည့်နေရ တော့သည်။
“ယူယူ အဆင်ပြေရဲ့လား” ရှီမာလျူရွှမ်သည် ရှေ့တိုးလာရာ သူမ လည်ပင်းတွင် ခရမ်းရောင်အမှတ်ကျန်ခဲ့သည်ကို တွေ့သည်နှင့် အလွန်စိုးရိမ် သွားတော့သည်။
“အဖေ သမီးအဆင်ပြေပါတယ်” ရှီမာယူယူသည် သူ့လက်ကိုကိုင်ပြီး ဒဏ်ရာကို စမ်းသပ်ခွင့်ပြုလိုက်သည်။
“အခုဘာလုပ်ကြမလဲ” ရှေးဟောင်းဝိညာဉ်သားရဲမှ မေးလေသည်။
“စောင့်ရမှာပေါ့” ရှီမာယူယူသည် ထိုစကားပြောပြီးနောက် ဘာမှမပြော တော့ဘဲ ထိုအမျိုးသမီးထွက်သွားသည့်ဘက်ကို ကြည့်လိုက်သည်။
တခြားသူများမှာလည်း ဘာမှမတတ်နိုင်ကြပေ။ ထိုအမျိုးသမီးမှာ အားကောင်းလွန်းသည်။ ဘယ်သူကသွားပြီး လုရဲမှာလဲ။
သူမသည် ကံကောင်းလေးကို ဆယ်ရက်အတွင်းပြန်ပို့ပေးမည်ဟု ပြောခဲ့ သဖြင့် သူမကိုယုံပြီးစောင့်ရုံသာရှိသည်။
သူမ မျက်လုံးဖွင့်ပြီး ဘာမှမလုပ်နိုင်ဘဲ အခြေအနေကိုစောင့်ကြည့်ရုံ ကြည့်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ အကယ်၍ ထိုအမျိုးသမီးသည် ကံကောင်းလေးကို တစ်ခုခုလုပ်ရဲပါက သူမသည် နတ်ဆိုး သားရဲကို နှောင့်ယှက်ရမည့် နည်းလမ်းတစ်ခုကို သေချာပေါက်စဉ်းစားရမည်။
သူမသည် ဝင်ပါချင်လျှင်လည်း သူမအသက်ကို သေချာပေါက် စတေး ထားရမည်ဖြစ်သည်….
သူမသည် ထိုနေရာတွင်ပင် နှစ်ရက်ကြာအောင် ရပ်စောင့်သည်။ ထိုနှစ် ရက်အတွင်းတွင် သူမကိုမည်သို့ပင်ပြောလာစေကာမူ နားမဝင်နိုင်ပေ။
“ယူယူ သူမက ဆယ်ရက်အတွင်းပြန်လာမယ်လို့ ပြောထားမှတော့ ဒီနေရာမှာရပ်နေလည်း အသုံးမဝင်ဘူး ဒီကိုလာပြီးနားလိုက်” ဖန်ကျိရှင်းသည် ရင်နာစွာဖြင့် ပြောလေသည်။
အစပိုင်းတွင် အသုံးမဝင်နိုင်ဟု သူထင်ထားသော်လည်း သူမ လှုပ်ရှားလာ ကာ လှည့်ပြီးသူတို့ကိုကြည့်လေသည်။
သူမဆီမှ တုံ့ပြန်မှုတစ်စုံတစ်ရာရှိလာ၍ တော်သေးသည်။
“ဂျူနီယာညီမလေး ဒီနေရာမှာတင်ရပ်နေတာ နှစ်ရက်ရှိပြီ၊ ဒီကိုလာပြီး နားလိုက်” ဟန့်မြောင်ရွှမ်သည် လျှောက်သွားပြီး သူမလက်ကိုဆုပ်ကိုင်ကာ ဆွဲခေါ်လာလိုက်သည်။
ရှီမာယူယူခေါင်းညိတ်ပြီး သူတို့တဲထိုးထားသည့်နေရာသို့သွားနားလိုက် သည်။
သူတို့ပြောသည်မှာမှန်သည်။ ထိုနေရာတွင်ရပ်စောင့်နေလည်း အသုံးဝင် မည်မဟုတ်ပေ။ သူတို့သည် စောင့်ရုံသာတတ်နိုင်သည်။
သူမသည် တဲထဲတွင် အနားယူလိုက်သည်။ သူမ ပြန်ထွက်လာချိန်တွင် ထိုင်းမှိုင်းမှုများမရှိတော့ပေ။ သူမသည် ထောင်ယိရွှမ်ကိုရှာပြီးပြောလိုက်သည် “ရှင် သခင်လေးရာထူးကို ပြန်လုဖို့ ကျွန်မကူညီပေးမယ် ရှင်ကျွန်မကိုတစ်ခုပြန် ကူညီပေး၊ ရှင်သာ ကတိပေးရင် သူပြန်ငယ်သွားတဲ့ကိစ္စကို ကူညီပေးနိုင်တယ်”
“တကယ်လား” ထောင်ယိရွှမ်သည် သူမ စိတ်ဓာတ်ကျနေပုံကို သိပ် သဘောမကျလှပေ။ သူမသည် ဤအတိုင်းမှပင် ပို၍ကြည့်ကောငး်သည်။
“ကျွန်မက ယုံကြည်ချက်မရှိတဲ့ဟာကို ဘယ်တော့မှမပြောဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါ့ကိုဘာလုပ်စေချင်တာလဲ” ထောင်ယိရွှမ်သည် ရင်ထဲထိသွားသည်။ သို့သော် သူမ အပေးအယူကို သူအရင်သိထားရမည်။
“လူနှစ်ယောက်ရဲ့ နေရာကိုစုံစမ်းပေးပါ”
“လူကိုခြေရာခံစေချင်တာလား” ထောင်ယိရွှမ်သည် သူမ အပေးအယူမှာ ရိုးရှင်းလှသည်ဟု ထင်၍မယုံနိုင်ပင်ဖြစ်နေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီကျွန်းတစ်ခုလုံးမှာ လူနှစ်ယောက် ကိုရှာရတာ ခက်မှာပဲ၊ ဒါပေမဲ့ ထောင်မျိုးနွယ်ရဲ့အင်အားနဲ့ဆိုရင် ဒါကပြဿနာ မဟုတ်ဘူးမလား”
ထောင်မျိုးနွယ်…. ဟင်္သပဒါးငှက်မြို့တော်တွင် အကြီးဆုံးမျိုးနွယ်ဖြစ် သည်။ လှေသမားထွတ် သူမကိုပေးဖတ်သော စာအုပ်ထဲတွင် နံပါတ် ၁ အဖြစ် စာရင်းသွင်းထားသည်။
“ဆိုလိုတာက မင်းကထောင်မျိုးနွယ်ကိုသိတယ်ပေါ့၊ ဒါဆိုရင် ငါတို့ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိမှာပဲ၊ သခင်လေးဆိုတဲ့ နာမည် ကို ပြန်လုဖို့ကဘယ်လောက်ခက်လဲဆိုတာ မင်းသိမှာပဲ” ထောင်ယိရွှမ် မေး လိုက်သည်။
“သေချာပေါက် သိတာပေါ့”
“အဲဒါကို ဒီလောက်ခက်တဲ့ကိစ္စကို ကူညီပေးတာကို လူနှစ်ယောက်ရှာဖို့ ပဲ ကူညီပေးစေချင်တာလား”
***