← Chapters

ရှေ့မတိုးသာ နောက်မဆုတ်သာ

Vol. 115 Ch. 1602

ရှေ့မတိုးသာ နောက်မဆုတ်သာ

Vol. 115 Ch. 1602

ရှီမာယူယူသည် ထောင်ယိရွှမ်ကို ကြည့်ပြီးပြောလိုက်သည် “ရှင့်အတွက် ကတော့ လူတစ်ယောက်ကိုရှာရတာ လွယ်ကူတဲ့အလုပ်ပဲ ဒါပေမဲ့ ကျွန်မ အတွက်က အရမ်းကိုအရေးကြီးတယ် ပြီးတော့ ကျွန်မအနေနဲ့ ရှင့်အခြေအနေ က ခက်ခဲတယ်ဆိုပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး”

ထောင်ယိရွှမ် အံ့ဩသွားသည်။ သူသည် ယုံကြည်ချက်ရှိနေသည့် မိန်းကလေးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမ၏ ယုံကြည်ချက်သည် ရေခဲ ကမ္ဘာကိုဖြိုခွဲမည့် ပူလောင်နေသောဓားနှင့်တူနေသည်။

တစ်မျိုးမျိုးတော့ ထူးခြားသည်။

“ကောင်းပြီလေ မင်းကိုကတိပေးတယ်” သူ ခေါင်းညိတ်လိုက်သည် “ငါ့ရဲ့ သခင်လေးရာထူးကိုပြန်ယူဖို့ ကူညီပေး… ငါကမင်းလူကိုရှာဖို့ ကူညီပေးမယ် ပြီးတော့ မင်းကို နောက်တစ်ခုကတိပေးနိုင်သေးတယ်”

ရှီမာယူယူ တစ်စုံတစ်ခုပြောတော့မည်ကို သူ မြင်သောအခါ လက်ကိုဝှေ့ ယမ်းလိုက်သည် “ငါက သူများကိုအကြွေးတင်မှာမကြိုက်ဘူး အဲဒါကြောင့် မင်းကို တစ်ခုထပ်ပြီးကတိပေးမယ်၊ သေချာတာတော့ ငါ့လုပ်နိုင်စွမ်းရှိတဲ့ထဲက တစ်ခုပဲဖြစ်ရမယ်”

“ကောင်းပါပြီ” ရှီမာယူဘူလည်း မငြင်းတော့ပေ။ သို့သော် သူမ သူ့ကို ကြည့်သည့်အကြည့်မှာ ပြောင်းသွဦးသည်။

ထိုကဲ့သို့လူမျိုးသည် စိတ်ရင်းအတိုင်းသာဖြစ်နိုင်သည်။

“အခုတော့ ကျွန်မကို ရှင့်အခြေအနေပြောပြလို့ရတယ် ဘယ်လောက်ပဲ သေးငယ်တဲ့ကိစ္စဖြစ်ပါစေ ကျွန်မအကုန်သိဖို့လိုတယ်၊ အဲဒါမှ နည်းလမ်း စဉ်းစားလို့ရမှာ အမှောင်ရိပ်ကနေ ရှင့်ကိုတိုက်ခိုက်တဲ့သူကို ရှင်မသိနိုင်စရာမရှိ ဘူးလို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ထောင်ယိရွှမ် ပြော လိုက်သည်။

“ဟင်”

“ငါ့ကို ဘယ်သူအဆိပ်ခတ်လဲဆိုတာသိတယ် ဒါပေမဲ့ အဲလူရဲ့ နောက်ကွယ်ကလူကို မသိဘူး”

“ဘာလို့လဲ”

ထိုကဲ့သို့ မျိုးနွယ်အမျိုးအစားမှာဆိုလျှင် သူ့ဘက်ကိုယ့်ဘက်ကလူ ကွဲ သည်မဟုတ်ပါလား။

“ဘာလို့လဲဆိုတော့ အဲလူကငါ့ရဲ့မွေးစားအဖေဖြစ်နေလို့လေ” မွေးစား ဖခင်အကြောင်း ပြောရာတွင် ထောင်ယိရွှမ်၏အသံသည် အနည်းငယ် တုန်ယင် နေသည်။

“မွေးစားအဖေက ဟုတ်လား” ရှီမာယူယူသည် သူတို့သူ့ကို အရင်က ကောင်စုတ်လေးဟု ခေါ်ခဲ့ပုံကို သတိရသွားသည်။

“အင်း ငါ့အဖေက လူတစ်စုရဲ့အသတ်ခံရလို့ ထွက်ပြေးရင်းနဲ့ အဆိပ်မိခဲ့ တယ်၊ အမေနဲ့တွေ့တဲ့အချိန်မှာတော့ မတော်တဆပေါင်းသင်းမိပြီး ငါ့ကိုရခဲ့ တယ် ဒါပေမဲ့လည်း အမေကသူ့ကိုမသိသလို ဆန္ဒလည်းမပါခဲ့ဘူး အဲဒါကြောင့် အဖေ့လက်ကောက်ဝတ်မှာ ကျောက်စိမ်းချိတ်ပြီး ထွက်သွားခဲ့တယ်၊ အဲတုန်းက အဖေ့မှာ ဇနီးရှိပြီးသားဖြစ်လို့ သူ့စိတ်လည်း မဝေခွဲတတ်ခဲ့ဘူ အဲဒါကြောင့် နိုး လာတော့လည်း စိတ်ထဲမထားခဲ့ဘူး” ဆိုလိုသည်မှာ သူသည် တရားမဝင်သား တစ်ဦးသာဖြစ်သည်။

“ဒါဆိုရင် မျိုးနွယ်ကိုဘယ်လိုလုပ် ရောက်သွားတာလဲ” ရှီမာယူယူ မေး လိုက်သည်။

“ငါ့ကိုမွေးပြီးတော့ အမေဆုံးသွားခဲ့တယ်၊ သူမ မဆုံးခင်ကို သူငယ်ချင်း ဖြစ်တဲ့သူနဲ့ ငါ့ကိုအပ်ခဲ့တယ် ငါကြီးလာတဲ့အထိ သူကပဲကျွေးမွေးခဲ့တာ၊ ငါ့ရဲ့ သရုပ်မှန်ကိုလည်း သူ့ကိုအမေက ပြောပြခဲ့တယ်၊ အစတုန်းကတော့ အမေက အဖေ့ရဲ့ သရုပ်မှန်ကိုမသိဘူး… နောက်မှသိခဲ့တာပဲ ဒါပေမဲ့ငါ့ကိုပြန်မပို့ပေးခဲ့ ဘူး… ငါ့ရဲ့သရုပ်မှန်ကို မွေးစားအဖေ သိပြီးတဲ့နောက်မှာတော့ အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပြီး မတတ်သာတဲ့အခြေအနေမဟုတ်ရင် ပြန်မပို့ခဲ့ဘူး၊ အဲဒါကြောင့် ပဲ ငါ အသက် ၂၀ မတိုင်ခင်ထိ ငါ့သရုပ်မှန်ကိုမသိခဲ့ဘူး၊ ဒါပေမဲ့ ၂၅ နှစ်ပြည့် တော့ ထောင်မျိုးနွယ်က ငါ့ကိုပြန်ခေါ်ချင်ပြီး အသိအမှတ်ပြုမယ်လို့ ပြောလာ တယ်၊ နောက်တော့ ငါ့အဖေရဲ့သားက သေသွားလို့ဆိုတာကို သိလိုက်ရတယ်၊ ဒီကျောက်စိမ်းပြားကို ပေးသွားတဲ့လူအကြောင်းကြားပြီး အဲဒီညအကြောင်း ပြန်စဉ်းစားမိပြီး ငါ့ကိုရှာခိုင်းတယ်၊ ငါ့အရည်အချင်းက တော်တယ်ဆိုတာကို သူ သိတယ်၊ ပြီးတော့ သခင်လေးနေရာကလည်း မတည်ငြိမ်တာကိုထည့်တွက် လိုက်ရင် သူ့မှာသားမရှိတာက ပြဿနာကြီးဖြစ်နေတယ်လေ”

“အဲဒါကြောင့် ရှင်ပြန်လာခဲ့တာပေါ့” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် သူကငါ့ကို ပျိုးထောင်ခဲ့တာမဟုတ်ပေမဲ့ သူက ငါ့အဖေပဲ လေ အကြောင်းအရင်းတချို့ကြောင့်ပဲ ငါကသူ့ရဲ့တစ်ဦးတည်းသောသားဖြစ် သလို သူလည်း သားမရှိလို့ဆိုတဲ့ အကြောင်းနဲ့ အတိုက်ခိုက်မခံရတော့ဘူး” ထောင်ယိရွှမ် ပြောလိုက်သည် “အဲလိုနဲ့ ငါ့မွေးစားအဖေက ပြန်လိုက်ခဲ့ဖို့ပြော တယ်၊ အဲတုန်းက ငါသာ မွေးစားအဖေနဲ့အတူရှိမယ်ဆိုရင် ဘယ်နေရာရောက် ရောက် အတူတူပဲလို့ထင်ထားခဲ့တာ ငါထင်မထားတာက….”

“ထင်မထားတာက ရှင့်မွေးစားအဖေက ထောင်ချောက်ဆင်လိုက်တာပဲ ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“မင်း ဘယ်လိုသိတာလဲ”

“ဘာလို့လဲဆိုတော့ ရှင့်မွေးစားအဖေအကြောင်းပြောတုန်းက အသံက အရမ်းကိုရှုပ်ထွေးနေတာ၊ ပြီးတော့ ရှင်က ဉာဏ်ကောင်းတယ် ရှင့်ကို ဘယ်သူ ကပဲ ထိခိုက်အောင်လုပ်ပါစေ အဲလူကိုတော့ မှန်းနိုင်မှာပဲ၊ ရှင်ရှာမတွေ့ဘူးဆို တာက ဘယ်တော့မှထင်မထားတဲ့လူဖြစ်နေလို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “ရှင်က တရားမဝင်သားအဖြစ်နဲ့ မျိုးနွယ်ကို ပြန်ခဲ့တယ်… ပြီးတော့ သူမျာတွေ စိတ်ဝင်စားတာကိုလည်း ခံရတယ်၊ ရှင့်ရဲ့မွေးစားအဖေက ရှင်နဲ့အကြာကြီးရှိခဲ့ တာ အဲဒါကြောင့် သူတိုက်ခိုက်တာကို မပြင်ဆင်ထားမိဘူး ကျွန်မပြောတာ ဟုတ်လား”

ထောင်ယိရွှမ်သည် ငုံ့ကြည့်လိုက်သည်။ သူသည် သူမ၏ ခန့်မှန်းချက်ကို မငြင်းဆန်ပေ။

ရှီမာယူယူသည် ကိုယ်ချင်းစာနေသည့်ပုံပင်။ ထို့ကြောင့်ပင် သူသည် ထို အကြောင်းပြောရာတွင် ဒေါသထွက်သည်ထက် ဝမ်းနည်းခြင်းကပိုများနေ၍ ဖြစ်သည်။ မိသားစုကဲ့သို့ လူတစ်ယောက်ဆီမှ သစ္စာအဖောက်ခံလိုက်ရခြင်း သည် မည်သူမဆို တောင့်ခံရန်ခက်ခဲမည်ဖြစ်သည်။

“ရှင့်မွေးစားအဖေက တစ်ခါမှမဆက်သွယ်ခဲ့ဘူးလား”

“သူသာ ဆက်သွယ်ခဲ့ရင် နောက်ကွယ်ကလူကို မှန်းလို့ရမှာပဲ ဒါပေမဲ့သူ က ငါနဲ့တစ်ချိန်လုံးရှိနေပြီး တစ်ယောက်တည်းနေခဲတယ်၊ အဲဒါကြောင့်ပဲ သူ ဘာလို့ငါ့ကိုသစ္စာဖောက်တာလဲဆိုတာကို နားမလည်နိုင်တာ” ထောင်ယိရွှမ် သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရာ လက်သည်းများသည် လက် ဖဝါးကိုထိုးဖောက်သွားရာ သွေးများစီးကျလာသည်။

ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူမ ရှေ့တိုးပြီး သူ့လက်ကိုကိုင်ကာ လက်ချောင်းများကို ဖြည်ပေးလိုက်သည်။

“သူက ရှင့်ကိုငယ်ငယ်ကတည်းက ကျွေးမွေးခဲ့မှတော့ ဒီအသက်က ရှင့်ကို ကျွေးမွေးခဲ့တဲ့ သူ့ရဲ့ကြင်နာမှုကို ပြန်ဆပ်တယ်လို့ပဲ တွေးလိုက်ပါ၊ သူ့ကို ထပ်တွေ့ရင်တော့ သည်းခံနေဖို့မလိုတော့ဘူး ရှင်လည်း စိတ်ကြိုက် လက်စား ချေလို့ရပါတယ်” ရှီမာယူယူသည် ဖြည်းညင်းစွာပင် ပြောလိုက်သည်။

ထောင်ယိရွှမ်သည် ခေါင်းငုံ့ပြီး လက်ချောင်းများကို ကြည့်နေသည်။ သူမ၏ လက်ချောင်းသွယ်သွယ်လေးများသည် သူ၏သွေးများဖြင့် ပေကျံနေ လေ၏။

“မင်းပြောတာဟုတ်တယ် သူကငါ့ကို ပျိုးထောင်ပေးခဲ့တဲ့သူပဲ၊ သူ့ကြောင့် သာမဟုတ်ရင် ငါအခုထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး၊ ဒါကို ငါ့ကိုကျွေးမွေးခဲ့တဲ့ အတွက် ပေးဆပ်မှုလို့ပဲ သတ်မှတ်လိုက်တော့မယ်” သူသည် လျင်မြန်စွာပင် ခံစားချက်ကို ပြန်ရုတ်သိမ်းကာ အသံမှာလည်းပေါ့ပါးနေပြီး သစ္စာဖောက်ခံရ သည်ဟု ခံစားမနေတော့ပေ။

ရှီမာယူယူသည် သူ့ကိုဆွေးနွေးပေးခြင်းမှရပ်ကာ မတ်တတ်ထပြီးပြော လိုက်သည် “ဟုတ်ပြီ တခြားကိစ္စတွေပြောကြတာပေါ့”

“မင်း ဘာသိဖို့လိုသေးတာလဲ”

“ထောင်မျိုးနွယ်ရဲ့ ဖွဲစည်းတည်ဆောက်ပုံလေ ရှင်တို့မှာ အခွဲဘယ်နခုရှိ တယ် ကိုယ်စားလှယ်တွေကဘယ်သူတွေလဲ… ရှင်ကျရှုံးသွားရင် ဘယ်သူက အကျိုးအရှိဆုံးဖြစ်မှာလဲ… ရှင်ဒီမေးခွန်းတွေလောက်တော့ သိမယ်လို့ထင်ပါ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါသေသွားရင် အကျိုးအရှိဆုံးက ငါ့အဖေပဲ”

“ဘာ…” ရှီမာယူယူ အံ့ဩသွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထောင်ယိရွှမ်၏ မျက်နှာတွင် ခါးသက်သောအပြုံးဖြစ်ပေါ်လာသည် “ဘာလို့လဲဆိုတော့ ငါ့အဖေက တချို့ကိစ္စတွေကို ကောင်းကောင်းမဖြေရှင်းနိုင် လို့ မျိုးနွယ်အတွက်အဆုံးအရှုံးများခဲ့တယ်၊ အဲဒါကြောင့် သူ့ကိုရာထူးချပြီး ငါ့ကို မိသားစုခေါင်းဆောင်အဖြစ်တင်ဖို့ လူတွေကတောင်းဆိုခဲ့ကြတယ်”

“ရှင်က ရှင့်အဖေနဲ့မရင်းနှီးဘူးမလား” ရှီမာယူယူ ခန့်မှန်းလိုက်သည်။

“သူက အခုလက်ရှိလက်တွဲဖော်နဲ့ ငယ်ပေါင်းတွေလေ၊ ခံစားချက်က လည်း နက်ရှိုင်းတယ်၊ သူမကတော့ သူတို့ဘဝမှာ တစ်လင်တစ်မယားပဲရှိရမယ် လို့ တောင်းဆိုခဲ့တယ်၊ ငါရှိနေတာက ငါ့အဖေအတွက် သူမရှေ့မှာ သိမ်ငယ်စရာ ဖြစ်နေတယ်၊ အဲတုန်းက အခြေအနေတွေဆိုးနေလို့သာ အဖေကပြန်လာခိုင်းခဲ့ တာ၊ ဘယ်လိုလုပ် ငါနဲ့ရင်းနှီးနိုင်မှာလဲ”

ရှီမာယူယူသည် သူ့ကိုကိုယ်ချင်းစာမိသွားသည်။ သူ့ဘဝမှာခက်ခဲလွန်း နေပြီဖြစ်သည်။ ဖခင်ဖြစ်သူသည် သူ့ကိုအထင်သေးပြီး သခင်မကြီးမှသူ့ကို ဖိနှိပ်ခဲ့သည်။ အမှန်တကယ်ပင်… ကြေကွဲလောက်စရာဖြစ်သည်။

“အင်း ကျွန်မနားလည်ပါပြီ တခြားကိစ္စပြောကြတာပေါ့”

“ဟုတ်ပြီ ထောင်မျိုးနွယ်မှာ ပင်မခွဲကြီးသုံးခုအပြင် နောက်ထပ်သုံးခုရှိ တယ်”

“အဲဒီသုံးခုလုံးက ရှင့်ကိုထောက်ပံ့ပေးလား”

“… မပေးဘူး”

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ ဘယ်မျိုးနွယ်အခွဲကမှ သူ့ကို ထောက်ပံ့ မပေးဘူးပေါ့။ ဒီလူရဲ့ဘဝက တော်တော်ခြောက်သွေ့တာပဲ။

ဒီကမ္ဘာမှာသူဘယ်လိုနေတော့မှာလဲ။

“ရှင့်အခြေအနေအရဆိုရင် ရှင်သေသွားရင် လူတိုင်းက အကျိုးရှိနေမှာပဲ ဒီလိုအခြေအနေမှာ ရှင်ပြန်သွားရင်တောင် ခေါင်းဆောင်ရာထူးကိုယူဖို့ ခက်မှာ ပဲ” ရှီမာယူယူသည် ထောင်ယိရွှမ်၏ မာနာကိုတိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။

***

All Chapters