အခြေအနေထဲကို ကျော်လွှားခြင်း
Vol. 115 Ch. 1603
ရှီမာယူယူ ခေါင်းကိုက်လာသည်။ ဒီလိုလူကို သူမ ရာထူးပြန်ရအောင် ကူညီပေးရင်တောင် ကောင်းတဲ့ကိစ္စတွေဖြစ်လာနိုင်ပါ့မလား။
“တကယ်တော့ ငါ့အခြေအနေက အဲလောက်မဆိုးပါဘူး…” ထောင်ယိရွှမ်ပြောလေသည်။
“ကစားဖို့ ရှင့်မှာဘာကတ်ရှိလဲ” ရှီမာယူယူ မေးလိုက်သည်။
“အကြီးအကဲနှစ်ယောက်က ငါ့ကိုအရင်ကအကြံပေးဖူးတယ်၊ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ငါ့ဆီမှာရှိထားလို့ သူတို့နှစ်ယောက်က ငါ့လက်အောက်မှာရှိ တယ် ပြီးတော့ ဘိုးဘေးကြီးကလည်း ငါ့ကိုထောက်ပံ့ပေးတယ်”
“ရှင့်ကို ထောက်ပံ့ပေးတဲ့သူရှိတာကို ဘာလို့ ဒီအခြေအနေထိရောက် အောင် ကိုယ့်ကိုယ်ကို ပစ်ထားတာလဲ” ရှီမာယူယူ နားမလည်နိုင်တော့ပေ။
“အကြီးအကဲနှစ်ယောက်က မျိုးနွယ်အတွက်အရေးကြီးတို့ သူတို့ ထောက်ပံ့တာကို လျှို့ဝှက်ထားရတယ်၊ ဒါပေမဲ့ သူတို့က တခြားသူတွေနဲ့ ဆန့်ကျင်ဖို့ကိုလည်း သတ္တိမရှိကြဘူး၊ သူတို့တွေးတာက ငါသာလုပ်မယ်ဆိုရင် ငါ့နောက်လိုက်မယ်ဆိုတာပဲ ဒါပေမဲ့ အဲတုန်းက မျိုးနွယ်ခွဲသုံးခုကို ဆန့်ကျင်ပြီး တိုက်ခိုက်ဖို့ ငါ့မှာအစွမ်းအစမရှိခဲ့ဘူး သူတို့ကလည်း ငါ့ကိုပွင့်ပွင့်လင်းလင်း မထောက်ပံ့ပေးခဲ့ဘူး အဲနှစ်ယောက်က ငါသေသွားဖို့ကိုပဲ တိတ်တိတ်လေး မျှော်လင့်နေကြမှာ”
“ရှင့်ရဲ့ ဘိုးဘေးကြီးကရော”
“တရားကျင့်ကြံနေတာ၊ အဲဒါကြောင့်သာမဟုတ်ရင် သူတို့လည်း ငါ့ကို တိုက်ရိုက်ကြီး မဆန့်ကျင်ရဲတာပဲ” ထောင်ယိရွှမ် ပြောလိုက်သည် “ဘိုးဘေး ကြီးထွက်မလာခင် ငါသေသွားရင် သူတို့လည်းအပြစ်ပေးမခံရတော့ဘူးလေ”
“ဒါဆိုရင် ရှင့်ရဲ့ဘိုးဘေးကြီးကဘယ်တော့ထွက်လာမှာလဲ”
“သူက တရားကျင့်ကြံတဲ့နေရာမှာ အရမ်းမတင်းကြပ်ဘူးလို့ပြောတယ်၊ ငါသာ သူ့ကိုရှာဖို့ပြန်သွားနိုင်ရင် သူလည်းထွက်လာမှာပဲ”
“အဲတော့ ရှင်တို့မျိုးနွယ်ဝင်တွေက ရှင် ဘိုးဘေးကြီးကိုသွားရှာမယ့်ကိစ္စ ကိုတားမှာပေါ့”
“အင်း ငါ အဆိပ်မိပြီး ထွက်ပြေးလာပြီးတော့ ဘိုးဘေးကြီးကိုရှာဖို့ လူလွှတ်လိုက်သေးတယ်၊ မင်းပြောသလိုပဲ အကုန်လုံးက ဝန်းရံခံရပြီး အသတ် ခံလိုက်ရတော့တာပဲ ငါပို့သမျှလူတွေက သေသွားကြပြီ”
“ထင်ထားတဲ့အတိုင်းပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ကြည့်ရတာ ရှင့်ဘိုးဘေးကြီးကိုကျော်လွှားရမယ့်ပုံပဲ သူထွက်လာတာနဲ့ ပြဿနာတစ်ဝက် ကဖြေရှင်းပြီးနေပြီ”
ထောင်ယိရွှမ်သည် သူမအားကြည့်ပြီး သတိပေးလေသည် “ကြည့်ရတာ မင်း အကြီးဆုံးပြဿနာတစ်ခုကိုမေ့နေပြီထင်တယ်၊ ငါ့အဆိပ်ကိုမကုနိုင်ရင် အကုန်လုံးက အချည်းနှီးပဲနော်”
“ရှင့်ကိုအဆိပ်ခတ်တဲ့သူ မသေရင် ရှင်လည်းမသေပါဘူး၊ အဲဒါကိုဘယ်သူ သန့်စင်ခဲ့တာလဲဆိုတာကို မသိဘူးလို့တော့မပြောနဲ့နော်”
ထိုသို့ဆိုလျှင် သူမကို ကူညီရန်တခြားတစ်ယောက်ကို ရှာရန်သာ တွေးရ တော့မည်။
“ငါ ဒါကိုသိပါတယ်၊ ငါတို့မျိုးနွယ်ထဲက အဆိပ်သခင်ပဲ၊ သူကဒေါသကြီး တယ်၊ ပြီးတော့ ဘယ်မျိုးနွယ်အခွဲနဲ့မှ မရင်းနှီးဘူး၊ သူက မျိုးနွယ်ထဲမှ တစ်နေ ကုန်နေတယ် သူ့ကိုတွေ့ဖို့ကမလွယ်ဘူး”
ရှီမာယူယူသည် သက်ပြင်းကြီးစွာချလိုက်သည် “ဘယ်သူလဲဆိုတာကို ရှင် သိမှတော့… သူအသက်ရှင်နေသေးတာကိုလည်းသိတယ် အဲလိုဆို အဆိပ် ဖြေဆေးရနိုင်တာပေါ့… ကောင်းပြီ ရှင်တို့ထောင်မျိုးနွယ်ရဲ့ ယေဘုယျအခြေ အနေကို ပြောပြတော့”
“….” သူ သူမကိုအစောကပြောခဲ့သည်များကို သူမ အမြဲတစေ လျစ်လျူ ရှုသည်…
ပြဿနာ၏ ဖြေရှင်းရန်ခက်ခဲသည့် အချက်များကို နားထောင်ပြီးနောက် သူမသည် ကျန်သည့်သတင်းအချက်အလက်များကို နားထောင်ရန်လိုသည်။
သို့သော် သူမ နားထောင်လေလေ ပို၍အံ့ဩလေလေဖြစ်သည်။ အကြောင်းမှာ သူမ စာစောင်မှရထားသည့် အချက်အလက်များသည် လုံးဝ အပြစ်အနာအဆာမရှိ မှန်နေခြင်းကြောင့်ပင်။
လှေသမားထွတ်က ဘယ်လိုသရုပ်မှန်မျိုးရှိလို့ ဒီလိုအဆင့်ရှိတဲ့ သတင်း ကိုယူနိုင်ရတာလဲ။
ဖြစ်နိုင်တာက…
သူမသည် စိတ်ထဲမှ အတွေးများကို ချုပ်တည်းလိုက်သည်။ သူမ၏ ခန့်မှန်းချက်နှင့်တင် လှေသမားထွတ်၏ ရည်ရွယ်ချက်ကို မသိနိုင်ပေ။ သူမ သည် ကြောက်မက်ဖွယ်ရာ ရည်မှန်းချက် သိလိုက်ရမည်ကို ကြောက်ရွံ့သည်။
လူတစ်ယောက်သည် အကြောင်းမရှိဘဲ သူမကို ကောင်းပေးလိမ့်မည် မဟုတ်ဟု သူမ အမြဲတစေယုံကြည်ခဲ့သည်။
ထောင်ယိရွှမ် ပြောပြီးနောက်တွင် ရှီမာယူယူ ခေါင်းညိတ်ရုံညိတ်သည်ကို မြင်ပြီးနောက် မေးလိုက်သည် “ထပ်မေးစရာရှိသေးလား”
“ကျွန်မသိချင်တာတွေတော့ မေးပြီးပါပြီ အခုရှင်ပြောတဲ့ သတင်းတွေ အများစုက သုံးမရဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင့်အင်္ကျီတွေချွတ်လိုက်”
“… ဘာ”
“ရှင့်ကို အင်္ကျီတွေချွတ်ခိုင်းနေတာ” ရှီမာယူယူ ထပ်ပြောပြန်သည်။
ထောင်ယိရွှမ်သည် ရင်ဘတ်ရှေ့ကိုတင်းကြပ်အောင် ဖက်ထားပြီး သူမအား သတိနှင့်ကြည့်နေသည် “မင်းဘာလုပ်ချင်လို့လဲ”
သူ့ကိုထိုပုံစံအတိုင်းမြင်သောအခါ သူ့အတွေးများလွန်နေသည်ဟု ရှီမာယူယူခံစားမိလိုက်သည်။ သူမ ဖက်တီးကျူကို ပထမဆုံးသိခဲ့သည့်အချိန် ကိုပြန်ရောက်သွားသလိုပင်။ ထိုကောင်စုတ်သည်လည်း သူမကို သတိရှိရှိဖြင့် ကြည့်နေခဲ့သည်။ သို့သော် ထိုစဉ်က သူမသည် ယောက်ျားလေးအသွင်ဝတ်စား ထားပြီး နာမည်ဂုဏ်သတင်းမှာလည်း မကောင်းလှပေ။
ဒါပေမဲ့ ဒီလူက ဘာအဓိပ္ပာယ်လဲ။
သူမ မျက်နှာမှာ မည်းသွားပြီး ထောင်ယိရွှမ်ကိုစိုက်ကြည့်ပြီး ပြောလိုက် သည် “အတွေးတွေကို ဘယ်မှာသွားထားလိုက်တာလဲ အင်္ကျီချွတ်လိုက် ရှင့်ရဲ့ အတွင်းပိုင်းအင်္ဂါတွေမှာ အဆိပ်လည်ပတ်နေတာကို တားဖို့ အပ်စိုက်ပေးမယ်”
“အဟွတ် အဟွတ်” ထောင်ယိရွှမ်သည် သူ့အတွေးသူသိသဖြင့် ချက်ချင်း ပင် ရှက်သွေးဖြာလာသည်။ ဒီလောက်ဒွိဟဖြစ်စရာ စကားကိုပြောဖို့မလိုပါဘူး။
သို့သော် သူသည် နာနာခံခံပင် အင်္ကျီချွတ်လိုက်သည်။
ရှီမာယူယူသည် အပ်များထုတ်ပြီး လျှောက်သွားလိုက်သည်။ သူမသည် သူ့ကျောပြင်မှ အစက်လေးများကို မြင်သောအခါ မျက်မှောင်ကြတုတ်လိုက် သည် “ရှင်က ကျွန်မထင်ထားတာထက် အဆိပ်မိတာြပင်းပဲ”
ထောင်ယိရွှမ်သည် ဘာမှမပြောပေ။ သူသည် ထိုအဆိပ်အကြောင်းကို မသိပေ။ သူသည် သူမ ကျောပြင်အကြောင်းပြောပြီး အပ်များဖြင့်စိုက်လိုက်မှ ပင် သက်ပြင်းချနိုင်သည်။
အစပိုင်းတွင် ရှည်လျားသောအပ်များကို မြင်ပြီးနောက် အသားထဲထိုး စိုက်လိုက်လျှင် အလွန်နာကျင်မည်ဟု ထင်ထားသည်။ အနည်းငယ်စူးရုံမျှသာ စူးမည်ဟု ထင်မထားပေ။
နှစ်နာရီ ကြာသွားပြီးနောက် ရှီမာယူယူသည် အပ်များကိုသိမ်းပြီး ပြော လိုက်သည် “ကျွန်မတို့ မြန်မြန်ပြန်ရမယ် ရှင့်အခြေအနေက ထင်ထားတာထက် ဆိုးနေတယ်”
“ငါတို့စောစောပြန်ရင်အောင် ပြင်ဆင်တာပြီးအောင်လုပ်ရမယ် ငါနဲ့ ခရီး အတူမသွားတာကောင်းလိမ့်မယ် မဟုတ်ရင် မင်းကိုပြဿနာထဲဆွဲသွင်းသလို ဖြစ်နေမယ်” ထောင်ယိရွှမ် ပြောလိုက်သည်။
“ဒါကိုနောက်မှထပ်ဆွေးနွေးကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာ ရက်နည်းနည်းရှိပါသေးတယ်” ကံကောင်းလေး ပြန်မလာသေးသဖြင့် သူတို့ ထွက်သွား၍မရပေ။
တကယ်တော့ ရှီမာယူယူ၏ အတွေးများသည် ရိုးရှင်းသည်။ ထောင်ယိရွှမ် ပေါ်လာလို့မရဘူးမလား။ ဒါဆိုရင် သူမလောကအသေးထဲ သူ့ကိုထည့်ထား လိုက်ရုံပဲ။ သူ့ကိစ္စတွေဖြေရှင်းပြီးသွားရင် သူ့ကိုပြန်ထုတ်လိုက်တာပေါ့။
သို့သော် ထိုအကြောင်းကို သူ့ကိုမပြောနိုင်သေးပေ။ သူမသည် ထောင်ယိရွှမ်ကို အကဲခတ်ရဦးမည်။
“ဟုတ်သားပဲ ထန်းမျိုးနွယ်ကဘာလဲ” သူမ မေးလိုက်သည်။
“ဟင်” ထောင်ယိရွှမ် ခေါင်းမောာလာသည်။ ထန်းမျိုးနွယ်က ဘာလဲဆို တာ ဘာအဓိပ္ပာယ်လဲ။
“အဟွတ် အဟွတ် ထန်းမျိုးနွယ်က ဘယ်လိုဖြစ်တာလဲလို့မေးတာ” ရှီမာယူယူ မေးလိုက်သည်။
“ထန်းမျိုးနွယ်နဲ့ ဂေါင်မျိုးနွယ်တို့က ငါတို့ကိုကပ်နေရတဲ့ အင်အားအသေး လေးတွေပဲ ဒါပေမဲ့ ဂေါင်မျိုးနွယ်က ငါ့ကိုကာကွယ်ပြီးထန်းမျိုးနွယ်က ငါ့ကို သတ်ဖို့ကြိုးစားနေတာ” ထောင်ယိရွှမ် ပြောလိုက်သည်။
“ထန်းမျိုးနွယ်ကို ဘယ်သူတာဝန်ယူထားတာလဲ”
ထောင်ယိရွှမ်သည် ခေါင်းခါယမ်းလိုက်သည်။ သူအမှန်တကယ်ပင် မသိ ပေ။ သူသည် ထန်းမျိုးနွယ်ကဲ့သို့ အင်အားစုနှင့် မပတ်သက်ဖူးပေ။ ယခုလို အခြေအနေမျိုးနှင့်ကြုံရလိမ့်မည်ဟုလည်း ထင်မထားပေ။
ရှီမာယူယူသည် ကြည့်လိုက်သည်နှင့် နားလည်သည်။ သူ၏ အခြေအနေနှင့်ဆိုလျှင် ထောင်မျိုးနွယ်ဝင်များသည် အောက်မှအင်အားစုနှင့် သူ့ကိုပတ်သက်ခွင့်ပြုမည်မဟုတ်ပေ။
“ဒါဆိုရင် ဂေါင်မျိုးနွယ်က တကယ်မဆိုးဘူးပဲ” သူမ သက်ပြင်းချလိုက် သည်။
ထန်းမျိုးနွယ်နှင့် သူသည်မရင်းနှီးသဖြင့် ဂေါင်မျိုးနွယ်နှင့်လည်း ရင်းနှီး မည်မဟုတ်ပေ။ သို့သော် သူတို့သည် သူ့ကိုကာကွယ်ရန်အတွက် သူတို့အသက် ကိုပါ ပေးခဲ့သည်။
“ကြည့်ရတာ သူတို့နဲ့နည်းနည်းသိတယ်ထင်တယ် ဘယ်တုန်းကတွေ့ခဲ့ တာလဲ”
“အဲလောက်လည်းမဟုတ်ပါဘူး” ရှီမာယူယူသည် ဂေါင်မျိုးနွယ်နှင့် အခြေအနေကိုပြောပြလိုက်သည်။
“ဒါဆို သူတို့ကတကယ်မဆိုးဘူးပဲ” ထောင်ယိရွှမ် ပြုံးလေသည်။
“ကျွန်မက အမြဲတမ်း ရည်မွန်တယ်လေ” ရှီမာယူယူသည် အရှက်မရှိဘဲ သူမကိုယ်သူမ ချီးကျူးလိုက်သည်။
“…” သူမသည် ကိုယ့်ဘက်ကိုယ်ယက်တတ်သည့် သူမျိုးဖြစ်လိမ့်မည်ဟု ထောင်ယိရွှမ် ထင်မထားပေ။ “ဟုတ်သားပဲ လူရှာပေးစေချင်တယ်လို့ ပြော တယ်မလား၊ ဘာအတွက်ရှာချင်တာလဲ သူတို့ရဲ့ထူးခြားချက်တွေကဘာလဲ၊ သူတို့ကိုဘယ်မှာပျောက်သွားတာလဲ”
“ဒါတွေပြောပြဖို့ စောနေသေးတယ် ရှင့်ရာထူးကိုပြန်ယူပြီးမှ ထပ်ပြော ကြာတာပေါ့” ရှီမာယူယူသည် တည်တံ့စွာပင် ပြောလေသည်။
“ဘာလို့လဲ ငါ့ရာထူးမရခင် ပြောလိုက်ရင် အသုံးမဝင်ဘူးလို့ထင်လို့လား” ထောင်ယိရွှမ် မေးလိုက်သည်။
ရှီမာယူယူ လေးနက်သွားသည်။ သူမ အမှန်တကယ်ပင် ထိုသို့တွေးထား သည်။
သူမ ဆရာအကြောင်း တစ်ယောက်လျော့သိလျှင် တစ်ယောက်လျော့ပြီး အန္တရာယ်မကျနိုင်ပေ။ ထောင်ယိရွှမ်သာ ထိုအရာကို မကိုင်တွယ်နိုင်လျှင် သတင်းပေါက်ကြားသွားမည်ဖြစ်ကာ ဆရာတို့အန္တရာယ်ကျသွားနိုင်သည်။
***