← Chapters

ပျားရည်ထောင်ချောက်ကို သုံးရမယ်

Vol. 115 Ch. 1605

ပျားရည်ထောင်ချောက်ကို သုံးရမယ်

Vol. 115 Ch. 1605

အားလုံးပြီးသွားချိန်တွင် ထောင်ယိရွှမ်သည် ဂေါင်ရင်တနှင့် ဂေါင်ရှင်းတို့ ကို သူ့တဲဆီသို့ခေါ်ကာ ရှီမာယူယူနှင့် အစီအစဉ်ကိုပြောပြလိုက်သည်။

“သခင်လေး… သခင်လေးက တကယ်ပဲ အခုမှတွေ့ဖူးတဲ့ မိန်းကလေး တစ်ယောက်လက်ထဲကို မျှော်လင့်ချက်တွေထည့်ပေးဖို့ စီစဉ်နေတာလား” ဂေါင်ရှင်း မျက်မှောင်ကြုတ်ပြီး မသင့်တော်ပေဟု ခံစားမိသည်။ ရှီမာယူယူ သည် သူတို့လောက်မသန်မာပေ။ သူမက သခင်လေးကို မျိုးနွယ်ကိုပြန်လို့ရ အောင် တကယ်ပဲလုပ်ပေးနိုင်လို့လား။

“ဒီ့ထက်ပိုကောင်းတဲ့ အကြံရှိလား” ထောင်ယိရွှမ် မေးလိုက်သည်။

“…” သူ တကယ်မသိပေ။

“ရှီမာယူယူက ငယ်ပေမဲ့ ယုံရလောက်တယ်လို့ မထင်ဘူးလား၊ ကျုပ်မြင် ရသလောက်ကတော့ သူမက သူများတွေက်ထက် အများကြီးပိုယုံရပါတယ်” ထောင်ယိရွှမ် ပြောလိုက်သည်။

“သခင်လေး သူမနဲ့ပတ်သက်ပြီး အဲလောက်ယုံကြည်ချက်ရှိနေတာလား”

“ဟုတ်တယ် သူမက အရမ်းမသန်မာပေမဲ့ ဒီကျွန်းမှာ သူမ ဖိနှိပ်နိုင်တာ တွေအများကြီးပဲ… ဒါပေမဲ့ အားဆိုတာကလည်း ကျင့်စဉ်အဆင့်ပေါ်မှာပဲ မူတည်တာမဟုတ်ဘူးလေ၊ သူမဘေးမှာက အကူအညီတွေအများကြီးရှိတယ် ပြီးတော့ သူမက သေချာပေါက် ကျုပ်တို့ကိုကံကောင်းမှုတွေယူလာမှာပဲ” ထောင်ယိရွှမ်သည် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

အနည်းဆုံးတော့ သူတို့သည် မိစ္ဆာအိုကြီးကို ရှင်းပစ်ရန် ဂုဏ်သတင်းမရှိ ပေ။

သူတို့ဘေးတွင် ရှေးဟောင်းဝိညာဉ်သားရဲလည်းမရှိပေ။ သူတို့ကိုပင် သူမ က ကာကွယ်ပေးနေရသည်။

“ကျုပ်မှန်းတာမမှားရင် သူမကိုလှေနဲ့လိုက်ပို့တဲ့သူက တခြားတော့သူ မဟုတ်ဘူး  ကျွန်းမှာတစ်နေကုန်ဘာမှလုပ်စရာရှိမနေတဲ့ ကျွန်းသခင်ပဲ” ထောင်ယိရွှမ် ခန့်မှန်းလိုက်သည်။

“ကျွန်းသခင်ဟုတ်လား”

“ဒီကျွန်းမှာ လှေသမားရဲ့လှေကို အပိုင်သိမ်းနိုင်တာ တခြားသူရှိသေးလို့ လား” သူ မေးလိုက်သည်။

မရှိပေ။

လှေသမားသည် ဝဖိုင့်ပြီး ပျင်းရိသော်လည်း သူ၏စွမ်းရည်များမှာ အစစ် အမှန်ဖြစ်သည်။ သူ့လှေကို အပိုင်သိမ်းလိုပါက သေရန်တောင်းဆိုလိုက်သည် နှင့် မခြားပေ။

“ဒါပေမဲ့ သူနဲ့ ကျွန်းသခင်တို့ ဆက်ဆံရေးကကောင်းပြီး မကြာခဏ အတူ သောက်လေ့ရှိကြတယ်၊ လှေသမားထွတ်က သူ့ကိုမူးအောင်တိုက်ပြီး လှေကို အပိုင်သိမ်းပြီးတော့ အပျော်ပတ်စီးနေတယ်ထင်တယ်” ထောင်ယိရွှမ် ပြော လိုက်သည် “ပြီးတော့ ကျွန်းသခင်ရဲ့နာမည်က ရှောင်ကုန်းမလား”

“လှေသမားထွတ်… ထွတ်ရှောင်ကုန်း ဒီနာမည်နှစ်ခုက ဆင်တယ် ဒါပေမဲ့ ကျွန်းသခင်နာမည်က ထွတ်ဟုန်ယွိမဟုတ်ဘူးလား” ဂေါင်ရှင်း မေး လိုက်သည်။

“အဲဒါက သူတွေ့ကရာသုံးတဲ့နာမည်ပဲ၊ သူက ရုပ်ဖျက်ပြီးတိတ်တိတ်လေး ထွက်လာတဲ့အချိန် ရှောင်ကုန်းဆိုတဲ့နာမည်ကိုသုံးတယ်၊ အဲဒါကြောင့် လူ တော်တော်များများက သူ့ရဲ့အဲဒီနာမည်ကိုပဲသိကြတာ” ထောင်ယိရွှမ် ရှင်းပြ လေသည် “ကျွန်းပေါ်ကလူဆိုရင်တော့ သူ့သရုပ်မှန်ကို မှန်းမိတာကြာပြီ၊ အပြင်လဆိုရင်တော့ သူကရှောင်ကုန်းဆိုတဲ့ နာမည်နဲ့နေရင်တောင် မသိနိုင် ဘူး”

“အဲလိုပြောတော့လည်း ဖြစ်နိုင်တယ်” ဂေါင်ရင်တပြောလိုက်သည် “ကျုပ်တို့မှာ လှေသမားထွတ်လို သခင်မျိုးရှိနေတာ၊ အဲဒီသခင်က သူတို့ကို ဝင်ခွင့်ပေးလိမ့်မယ်လို့ ထင်မထားဘူး”

“ဒါက သူတို့ကိုဝင်ခွင့်ပေးတယ် မပေးဘူးဆိုတဲ့ကိစ္စမဟုတ်ဘူး၊ ကျွန်းသခင်က သူတို့ကိုစိတ်ဝင်စားနေတယ်၊ မဟုတ်ရင် သူမကိုကာကွယ်ဖို့ သူ့နာမည်ကို ပြောခိုင်းမှာမဟုတ်ဘူး” ထိုအရာသည် ရှီမာယူယူနှင့် လက်တွဲ လုပ်ချင်သည့် ထောင်ယိရွှမ်၏ အကြောင်းပြချက်အမှန်ဖြစ်သည်။

သူမသာ ကျွန်းသခင်မှ မျက်စိကျနေသူဖြစ်သဖြင့် ကြားညှပ်သည့် အဖြစ် မျိုးဖြစ်လျှင်တောင် သူ လျစ်လျူရှုမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ အသက် မရှင်နိုင်လျှင်တောင် ဂေါင်မျိုးနွယ်၏အနာဂတ်ကို အဆင်ချောသွားစေရန် ပြု လုပ်နိုင်မည်ဖြစ်သည်။

ပြီးတော့ ဘယ်သူသိနိုင်မလဲ… သူ တကယ်ပဲ အဆိပ်ဖြေဆေးရသွားနိုင် တာပဲ။ သူမ၏ယုံကြည်ချက်သည် သူ့ကိုပါ ယုံကြည်ချက်ပိုရှိစေသည်။

….

သူတို့သည် ရှီမာယူယူအကြောင်းပြောနေချိန်တွင် ရှီမာယူယူသည်လည်း ထောင်ယိရွှမ် အကြောင်းပြောနေသည်။

“ဂျူနီယာညီမလေး အဲလူနဲ့တကယ်ပဲ အတူတွဲလုပ်မလို့လား” ထိုကလေး မှာငယ်လွန်းကာ နောက်ခံကောင်းကောင်းပင်မရှိဟု ဟန့်မြောင်ရွှမ် ထင်သည်။ သူသည် သူ့မိသားစု၏ သတ်ခြင်းကို အလွယ်တကူပင် ခံရလိမ့်မည်။

“သူတို့ကိုကယ်လိုက်တာလည်း အစကတည်းက ညီမပဲဖြစ်နေတာဆို တော့ သခင်ကြီးရင်လင်းပြောတဲ့ အခွင့်အရေးဆိုတာ သူပဲဖြစ်မယ်၊ သူမျိုးနွယ် ကိုပြန်ဖို့နဲ့ သခင်လေးရာထူးပြန်ရဖို့ကူညီပေးလိုက်ရင် သူက ဆရာနဲ့ ဆရာဟော်တို့ကို ရှာပေးနိုင်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ သူ့လက်ရှိအခြေအနေက ဆိုးလွန်းနေတယ်၊ သူ့နောက်လိုက်ရင် အချိန်ဖြုန်းသလိုမဖြစ်ဘူးလား”

“မဖြစ်ပါဘူး ဒီမှာအခွင့်အရေးရှိတယ်လို့ ရင်လင်းပြောလိုက်မှတော့ မမှား နိုင်ပါဘူး” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည် “ညီမ သူ့ကို ယုံတယ်”

“သူ့ကိုယုံတယ်ဟုတ်လား သူ့ကိုယ်သူ ဒီလောက်ဆိုးတဲ့အခြေအ‌နေ ရောက်အောင် ပစ်ထားနိုင်တာက သူကသူ့မျိုးနွယ်မှာ ဘာအင်အားမှမရှိဘူးဆို တာကို သက်သေပြနေတာပဲ၊ သူပြန်သွားပြီး မိသားစုခေါင်းဆောင်ဖြစ်ရင် တောင် သူက တကယ့်အင်အားအစစ်မရနိုင်ဘူး” ဟန့်မြောင်ရွှမ်သည် စိတ်ဖြာ သုံးသပ်လေသည်။

“ဒီလိုပတ်ဝန်းကျင်မှာ ဒီလောက်အထိရောက်နိုင်တယ်ဆိတုာက သူ့မှာ ဦးနှောက်နဲ့ စွမ်းရည်ရှိတယ်ဆိုတာကို သက်သေပြနေတာပဲ၊ ဒီတစ်ခါက်က သူ့ မွေးစားအဖေရဲ့လှည့်ကွက်ထဲမိသွားရုံပါ မဟုတ်ရင် သူက ဒီလိုမဖြစ်ဘူး၊ သူ့ နေရာမှာ ညီမတို့ဆိုရင် ဒီနေ့အထိအသက်ရှင်နိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုလူမျိုးက အခွင့်အရေးနဲ့အချိန်ပေးလိုက်ရင် မျိုးနွယ်တစ် ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်”

“ဒါပေမဲ့ ငါတို့မှာအခုအချိန်မရှိဘူးလေ” ဟန့်မြောင်ရွှမ်သည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

“စိတ်ချပါ သူက ညီမတို့ကိုဆွဲမချပါဘူး”

ဟန့်မြောင်ရွှမ် ခေါင်းညိတ်လိုက်သည်။ ထူးဆန်းသည်ဟု သူမ ခံစားရ သည့် အချိန်များရှိသည်။ ဂျူနီယာညီမလေးက ဘယ်လိုများ သူများရဲ့ စွမ်းရည် ကို အဲလောက်ယုံနိုင်ရတာလဲ။ အခြေအနေက သူမအတွက် ပြဿနာကြီး မဟုတ်သလိုပဲ။

ဤကဲ့သို့အခြေအနေမှာပင် တခြားသူများ ထိုသို့ပြောလာပါက သူမသည် ယုံကြည်ပေးမည်မဟုတ်ပေ။ သို့သော် သူမ ပါးစပ်မှထွက်လာခြင်းဖြစ်သဖြင့် ကိစ္စကြီးတစ်ခုလိုပင် မှတ်ယူလိုက်သည်။

“ဘာလုပ်မလို့ စီစဉ်ထားလဲ” ရှီမာရှုံချီ မေးလိုက်သည်။

သူ၏မြေးမဖြစ်သူသည် ကိုယ်ပိုင်ထင်မြင်ချက်ရှိကာ သူသည် လူအိုကြီး တစ်ယောက်သာဖြစ်သဖြင့် သူမကို ဆန့်ကျင်ရန် အခွင့်မရှိပေ။

ဟူး… မျိုးနွယ်ထဲက တခြားသူတွေက ဘာလို့သူမလိုမဟုတ်ရတာလဲ။ အကုန်လုံးက သူမလိုသာဆိုရင် သူမယူလာတဲ့ပစ္စည်းတွေမရှိရင်တောင် မျိုးနွယ်က အရှိန်နဲ့ တိုးတက်နိုင်မှာပဲ။

“တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ သူ့နောက်ကိုလိုက်နေတဲ့ လူတွေရှိ ပေမဲ့ သူသာလူကောင် ထွက်မပြရင် အန္တရာယ်များမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့ ဇာမဏီမြို့တော်မှာ ကိစ္စတွေရှင်းပြီးမှ သူလူလုံး ထွက်ပါလည်း နောက်မကျသေးပါဘူး”

“အမှန်ပဲ ဒီမတိုင်ခင်ကို ငါတို့ကဂေါင်မျိုးနွယ်ကိုသိမှမသိတာ၊ အဲဒါ ကြောင့် ငါတို့နဲ့သူတို့နဲ့ ဆက်စပ်မယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “သူတို့ကို မင်းရဲ့လောကအသေးထဲထည့်ထားမလို့ စဉ်းစားထားတာလား”

“အင်း”

“အဲဒါကအန္တရာယ်မများလွန်းဘူးလား၊ မင်းရဲ့လောကအသေးကို သူတို့ သိသွားရင် ထောင်ချောက်မဆင်လာနိုင်ဘူးလား” စူးရှောင်ရှောင် စိုးရိမ်မိသည်။

“သူ အထဲကလူတွေကိုတွေ့တာနဲ့ ဘာမှကြံရဲမှာမဟုတ်ဘူး၊ အဒေါ်ရှင်း တို့နဲ့တင် သူတို့ကိုသတ်ဖို့ လုံလောက်နေပြီ၊ နောက်ခံချင်းယှဉ်ရင် ထောင် မျိုးနွယ်က ဖန်မျိုးနွယ်ကို ယှဉ်နိုင်ပါ့မလား” ရှီမာယူယူသည် လုံးဝစိတ်မပူပေ။

တကယ်သာ အဲလိုဖြစ်သွားရင် သူတို့က သူ့ကိုချေမှုန်းလိုက်လည်း ဘာဖြစ်လဲ။

“ဒါပေမဲ့ ထောင်မျိုးနွယ်ရဲ့ အတွင်းအုပ်စုနဲ့ အဆက်အသွယ်လုပ်မယ်ဆို ရင် အစီအစဉ်လိုမယ်၊ ဒီအတိုင်းပဲသွားလို့မဖြစ်ဘူး” ရှီမာလျူရွှမ် ပြောလိုက် သည်။

“အင်း အဲဒါကိုစဉ်းစားပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အချိန်တန် ရင် ဒီလိုလုပ်မယ်…”

သူတို့သည် ရှီမာယူယူ၏ အစီအစဉ်ကိုကြားလိုက်ရချိန်တွင် အားလုံး သည် သူမအား မကျေနပ်စွာဖြင့် ကြည့်လိုက်ကြသည်။

“ပျားရည်ထောင်ချောက်က ကောင်းပေမဲ့ အဲလူကအရမ်းသန်မာတယ်၊ သမီး လောကအသေးကိုတောင်ဖွင့်ချိန်မရှိလိုက်ဘဲ အန္တရာယ်ထဲကျသွားရင် ဘယ်လိုလုပ်မှာလဲ” ဟွမ်ရင်ရင် သဘောမတူပေ။

သူမ၏ အဖိုးတန်မြေးမလေး၏ ဆံပင်တစ်ပင်ကိုမှ ထိုလူများကို ထိခွင့် ပေးမည်မဟုတ်ပေ။

“အဘွားတို့က လောကအသေးထဲမသွားနဲ့ ဝိညာဉ်စေတီထဲသွားလိုက်ကြ ပါ အဲဒါဆိုရင် တွေးလိုက်တာနဲ့ ထွက်လာလို့ရတယ်”

သူတို့မှာ သဘောမတူချင်သော်လည်း ထောင်မျိုးနွယ်ကို ဝင်ရောက်ရန် ပိုကောင်းသည့်အကြံမှာ မရှိတော့သည့်ပုံပင်။ သူတို့ မည်မျှပင် လျှို့ဝှက်သွားစေ ကာမူ သူတိ့သည် ဧည့်သည်ကို လွယ်လင့်တကူ နွေးထွေးစွာလက်ခံနိုင်ရန် မဖြစ်နိုင်ပေ။

ရက်အနည်းငယ်ကြာပြီးနောက်တွင် အမျိုးသမီးသည် ကံကောင်းလေးကို ပြန်ခေါ်လာသည်။ ရှီမာယူယူ၏ ပူပန်မှုများမှာ နောက်ဆုံးတွင် ငြိမ်ကျသွားရ တော့သည်။ ကံကောင်းလေးသည် ထိုအမျိုးသမီး ထွက်သွားမည်ကို ဝမ်းနည်းပုံ ပေါ်ကာ သူမထွက်သွားသည်နှင့် နောင်တွင် သူ့ဆီကိုပါ လာလည်ရန် ပြောလိမ့် မည်ဟု ရှီမာယူယူ ထင်မထားပေ။

ကြည့်ရသည်မှာ ပြီးခဲ့သည့်ရက်များတွင် သူ ပျော်ခဲ့သည့်ပုံပင်။ ထိုအရာ သည် သူမ ကြာရှည်စွာ စိတ်ပူမိခြင်းကို အလဟသဖြစ်စေသည်။

***

All Chapters