လန့်လို့မသေနိုင်ဘူး
Vol. 115 Ch. 1606
ရှီမာယူယူသည် သူ့ကိုအမြီးမှကိုင်မြှောက်ပြီး အထက်အောက်ပြောင်းပြန် တွဲလွဲခိုကာ မျက်လုံးချင်းဆုံကြည့်လိုက်သည်။
“မင်းအဲလောက် မလိုက်ချင်မှတော့ ဒီမှာပဲဘာလို့မနေခဲ့တာလဲ ငါတို့ပဲ အရင်သွားလိုက်တော့မယ်” သူမ နှာရှုတ်လိုက်သည်။
ကံကောင်းလေးသည် ချက်ချင်းပင် မျက်လုံးထဲမှ တွန့်ဆုတ်မှုများကို ဖယ်ရှားကာ သူမအား သနားစဖွယ်ပုံစံဖြင့်ကြည့်ကာ သွားဖြဲပြလေသည် “ယူယူ ဘာတွေပြောနေတာလဲ သေချာပေါက် ယူယူ့နောက်ပဲလိုက်ချင်တာပေါ့ ကံကောင်းလေးက ယူယူနဲ့မခွဲချင်ဘူး အဲအချိန်ကျမှပိုဝမ်းနည်းမှာ”
အချိန်အတော်ကြာမှ သူမကို ‘မေမေ’ ဟုခေါ်ဆိုခြင်း ရပ်တန့်သွား၍ တော်သေးသည်။
သူ ဖားယားနေပုံကို ရှီမာယူယူမြင်သောအခါ မတတ်သာတော့ဘဲ သူ၏ နဖူးကို တို့ဖိလိုက်တော့သည်။ ဟိန်းသံလေးက သူ့ကိုဘယ်လောက်တောင် လွှမ်းမိုးနေဦးမှာလဲ။ သူက ဘာလို့ အကုန်လုံးကိုလိုက်ပြီး လွှမ်းမိုးနေတာလဲ။
သူမ ဘာမှမပြောတော့သည်ကို သူ မြင်သောအခါ ကံကောင်းလေးသည် အမြီးလွှဲကာ သူမလက်ကို ရစ်ပတ်လိုက်သည်။ သူသည် သူမအား တွယ်တက် ပြီး ကြီးဝန်းသောမျက်လုံးများဖြင့် မျက်တောင်ပင် ခတ်လိုက်သေးသည်။
ရှီမာယူယူသည် အံကြိတ်ကာ တစ်ခွန်းပင်ပြောလိုက်သည် “အရှက်လည်း မရှိဘူး ချစ်စရာကောင်းအောင် လာလုပ်နေတာ”
“ဟီးဟီး”
ကံကောင်းလေးသည် ရှီမာယူယူ ဒေါသပြေသွားသရွေ့ အရှက်မရှိဟု အခေါ်ခံရသည်ကိုလည်း ဂရုမစိုက်ပေ။ မည်သည့်အရာထက်မှ ပိုမကောင်းနိုင် ပေ။
ရှီမာယူယူသည် အစပိုင်းက ဒေါသမထွက်သော်လည်း သူထိုပုံစံအတိုင်း ချစ်စဖွယ်လုပ်နေသည်ကို မြင်သောအခါ လက်ဆန့်ထုတ်ပြီး သူ၏နဖူးကို ပုတ် ပြီးပြောလိက်သည် “ဟိန်းသံလေးနဲ့ မပေါင်းနဲ့တော့ အဲဒါမှာ သူ့ဆီကအကျင့် ဆိုးတွေ မကူးတော့မှာ”
ဟုတ်တယ်လေ…. သူ့ကို ဒါမျိုးတွေသင်ပေးတာ ဟိန်းသံလေးမဟုတ်ဘူး လား။
တကယ်တော့ သူမ မသိသည်မှာ ဟိန်းသံလေးသည် ဝင်လာသော လူ တစ်ယောက်ချင်းစီကို ထိုလှည့်ကွက်သင်ပေးနေခြင်းပင်ဖြစ်သည်။ သူ သုံးနေ ကျစကားများမှာ “ယူယူ… ဒီကောင်မလေးက ဒေါသထွက်ရင် အရမ်းကြောက် ဖို့ကောင်းတာ၊ ဒါပေမဲ့ ဒီဟာကိုသာသင်ထားရင် ၁၀၀ မှာ ၁၀၀ အောင်မြင်လိမ့် မယ်၊ သူမကို အဲလိုမျိုးကလေးဖြစ်ဖို့ ဘယ်သူကပြောလို့လဲ”
သူမသာ ထိုအကြောင်းကိုသိလျှင် သေချာပေါက် သူ့ကို မြေလှန်ရှာပြီး နှစ်တစ်ရာကြာသည်အထိ သူ့ကိုထွက်မလာနိုင်စေရန် ဖိနှိပ်ထားမည်ဖြစ်သည်။
“ဟီးဟီး” ရှီမာယူယူ ကလေးကဲ့သို့ ပြုမူသည်ကို မြင်ရရန်ရှားပါးသည်။ ပြီးနောက် ထိုအရာကိုမြင်လျှင် တခြားသူများသည် စိတ်ထဲမှကြိတ်ရယ်ကြ သည်သာဖြစ်သည်။
“အဟွတ် အဟွတ်” ရှီမာယူယူသည် တုံ့ပြန်လာကာ ကံကောင်းလေးကို သူမ ပခုံးပေါ်သို့ ပင့်မြှောက်တင်လိုက်သည်။ သူမ အားလုံးကို ပြောလိုက်သည် “အခု ကံကောင်းလေး ပြန်လာပြီဆိုတော့ သွားကြတာပေါ့”
ထိုအချိန်တွင် ဂေါင်ရတသည် လျှောက်ထွက်လာပြီး လက်သီးဆုပ်ဖြင့် သူမကို အရိုအသေပေးကာ ပြောလိုက်သည် “မိန်းကလေးယူယူ သခင်လေးကို ကူညီပေးဖို့ ဆန္ဒရှိလို့ ငါတို့ကပဲ ကျေးဇူးတင်ပါတယ် ပြီးတော့ မိန်းကလေး ရဲ့ အင်အားဖြစ်ပေးဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ငါတို့က အခုတော့ ပြန်လို့မဖြစ် သေးဘူး မိန်းကလေးတို့ပဲ အရင်ပြန်နှင့်ကြပြီး ငါတို့နောက်မှ ပြန်လာရှာပါ့ မယ်”
“လုပ်စရာရှိသေးတယ်လို့ ပြောလိုက်တာလား”
ဂေါင်ရတသည် ခါးသီးစွာပြုံးပြီးပြောလိုက်သည် “အမှန်အတိုင်းပြောရရင် ဒီတစ်ခေါက် ဒီကိုလာတာက နှစ်တစ်သောင်းကျော် သက်တမ်းရှိတဲ့ ဆေးပင် နှစ်မျိုးရှာဖို့လာတာပါ”
“ဘာဆေးပင်ရှာနေတာလဲ”
“ကန့်သက်ချက်တော့မရှိပါဘူး နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ဆေးပင်ဆိုရင်ကိုရပါပြီ၊ အဲဒါကြောင့်ပဲ ဒီတောင်အနက်ထဲထိ ဝင်ရဲရတာပါ” ဂေါင်ရင်တ ပြောလေသည်။
ရှီမာယူယူသည် ခေါင်းမော့ပြီး ထောင်ယိရွှမ်ကို ကြည့်လိုက်သည်။ သူ ခေါင်းညိတ်ပြသည်။ ဒီနှစ် အခွန်သည် အမှန်တကယ်ပင် ထိုဆေးပင်များဖြစ် သည်။
“ငါတို့သာ အခွန်ပဏ္ဏာမပေးနိုင်ဘူးဆိုရင် ကြောက်တာက… အဲဒါ ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မပြန်ခင်ကို အဲဒီဆေးပင်နှစ်မျိုးရမှဖြစ် မယ်” ဂေါင်ရင်တ ပြောလေသည်။
“အခုထိ တစ်ပင်မှမတွေ့သေးဘူးလား” ရှီမာယူယူ မေးလိုက်သည်။ သူမ ဂေါင်မျိုးနွယ်ဝင်များ၏ တုံ့ပြန်ချက်ကိုမြင်သောအခါ လက်သည်းခွံကို ထုလိုက် မိသည်ကို သိလိုက်ရသည်။
သို့သော် သူမ၏ အစီအစဉ်တစ်ဝက်မှာ ဂေါင်မျိုးနွယ်၏ အကူအညီဖြင့် တိုက်ခိုက်ရန်ဖြစ်ရာ သူတို့ကိုဤနေရာတွင် ထားမသွားနိုင်ပေ။
နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ဆေးပင်နှစ်ခုထုတ်ပေးပြီး လမ်းမှာ ကောက်လာတာလို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ။
ဒါပေမဲ့ ဒီလူတွေက ကျွမ်းကျင်သူတွေပဲ။ သူတို့နည်းနည်းပဲ တူးဆွလိုက် တာနဲ့ သေချာပေါက် အမှန်ကိုသိသွားမှာပဲ။
သူမ ထိုကိစ္စနှင့် ပြဿနာတက်နေစဉ်တွင် ကံကောင်းလေးသည် ရှီမာယူယူမြင်ဖူးထားသော သူသိမ်းထားသည့်နေရာ၊ ဝမ်းဗိုက်အောက်မှ လက် ဆန့်ထုတ်ကာ ဆေးပင်နှစ်မျိုးထုတ်ပြီး ဂေါင်ရင်တကိုပစ်ပေးလိုက်သည်။
“နှစ်တစ်ထောင်ဆေးပင်” ဂေါင်မျိုးနွယ်ဝင်များသည် ကြည့်လိုက်သည် နှင့် သိကြသည်။
“ကံကောင်းလေး ဒါကိုဘယ်ကရတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဒေါ်ရှိတဲ့နေရာက ယူလာတာ၊ သူမဂူနားမှာ ဒီလိုမျိုးတွေ ပေါက်နေ တာအများကြီးပဲ ကံကောင်းလေးလည်း ခူးပြီးကစားနေခဲ့တာ” ကံကောင်းလေး သည် ပြန်ဖြေပြီးနောက် ဂေါင်ရင်တတို့ဘက်လှည့်ပြီး ပြောလိုက်သည် “ဒီ ဆေးပင်နှစ်ပင်ကို မင်းတို့ကိုပေးလိုက်မယ် ငါတို့နောက်မြန်မြန်လိုက်ခဲ့ကြ တော့”
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်” ဂေါင်မျိုးနွယ်ဝင်များသည် သူတို့ကို ကျေးဇူးတင်စကားပြောကာ လက်သီးဆုပ်ဖြင့် အရိုအသေပြုလေ သည်။
သူတို့သာ တောင်တွင်နေခဲ့ပြီး ဆက်ရှာနေပါက အန္တရာယ်တစ်စုံတရာ တွေ့နိုင်သည်။
“ပြဿနာ ရှင်းပြီးပြီဆိုတော့ ဒီတောင်တွေကနေ သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“သွားကြမယ်” ထောင်ယိရွှမ်လည်း ပြောလိုက်သည်။
“ရှင်တို့ ကျွန်မတို့နောက်လိုက်လာရင် ရှင်တို့နဲ့ ကျွန်မတို့က ပတ်သက်နေ ပါတယ်လို့ ပြောင်ပြောင်တင်းတင်းကြီးပြောလိုက်တာပဲ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ သခင်လေးတစ်ယောက်တည်းကို တောင်အနက်ကြီးထဲထားခဲ့ဖို့ က မကောင်းဘူးမလား” ဂေါင်ရင်တသည် အခက်တွေ့သွားကာ ပြောလေ သည်။
ရှီမာယူယူသည် တံခါးလေးကိုထုတ်ကာ လောအသေးကိုဖွင့်ပြီးပြော လိုက်သည် “ကျွန်မလောကအသေးက သေးပေမဲ့ အထဲမှာ အချိန်တစ်ခု လောက်တော့ အသက်ရှင်ဖို့ဖြစ်နိုင်တယ်၊ ဒီကိစ္စတွေဖြေရှင်းပြီးတာနဲ့ ရှင်တို့ကို ထုတ်ပေးမယ်”
လောကအသေးသည် ကျွန်းပေါ်တွင် မြင်ရလေ့မရှိသော်လည်း သူတို့ သည် အံ့အားသင့်မှုမရှိလှပေ။ အများဆုံးမှာ သူမကဲ့သို့လူသည် ထိုပစ္စည်း ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မထားခြင်းသာဖြစ်သည်။
ထောင်ယိရွှမ်သည် သူမ စဉ်းစားနေသည့်အရာကို နားလည်သဖြင့် ခေါင်းညိတ်ပြီး လောကအသေးထဲသို့ဝင်လိုက်သည်။ သူသည် အစပိုင်းတွင် လောကအသေးမှာ ရှီမာယူယူပြောသကဲ့သို့ပင် သေးမည်ဟုထင်ထားသဖြင့် အဆုံးမရှိဖြစ်လိမ့်မည်ဟု ထင်မထားပေ။ ထို့အပြင် လောကအသေးထဲတွင် မြို့တစ်မြို့ပင် ရှိနေလိုက်သေးသည်။
သူအံ့အားသင့်သွားသည်။
ထိုအချိန်တွင် လူတစ်ယောက်ရောက်လာကာ သူ့ကို အရိုအသေပြု နှုတ်ဆက်ပြီး သူသည် သွေးမိစ္ဆာမြို့မှ ဘဏ္ဍာထိန်းဖြစ်ကာ လတ်တလောတွင် သူတို့ကို စောင့်ရှောက်ပေးရန် ရှီမာယူယူ၏ ညွှန်ကြားချက်ရထားကြောင်း ပြော လေသည်။
“သွေးမိစ္ဆာမြို့တော်ဟုတ်လား”
“ဟုတ်ပါတယ် ဒီနေရာက သွေးမိစ္ဆာမြို့တော်ပါ” ဘဏ္ဍာထိန်းသည် သူ့ကို မြို့အတွင်းသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် တည်းခိုဆောင်မရှိသဖြင့် သူ၏ ခြံဝန်းကိုသာခေါ်သွားလိုက်သည်။ သူတို့လျှောက်လာရင်းနှင့် ထိုနေရာမှ အခြေအနေကို ရှင်းပြလေသည်။
“ပြောပါဦး ဒီနေရာကလူတွေက သွေးမိစ္ဆာမြို့တော်ကလူတွေလား” ထောင်ယိရွှမ်သည် တအံ့တဩမေးလေသည်။
သွေးမိစ္ဆာမြို့တော်မှ အဖြစ်အပျက်သည် ကျွန်းပေါ်တွင်ပါ ပျံ့နှံ့ခဲ့သည်။ ထို့နောာက် ထူးခြားစွာတည်ရှိမှုသည် ဘာမှမဟုတ်သလို ပျောက်ကွယ်သွားခဲ့ သည်။ ထိုအရာသည် အံ့ဩလွန်းစရာသာဖြစ်သည်။
ထိုအကြောင်းအရင်းမှာ သူမသည် သွေးမိစ္ဆာမြို့ကို ဤနေရာအထိ ခေါ်လာခြင်းကြောင့်ဖြစ်သည်ဟု သူ ထင်မထားပေ။
ဘဏ္ဍာထိန်းသည် သူစိတ်ဝင်စားနေသည်ကို မြင်သောအခါ သွေးမိစ္ဆာ မြို့တော်တွင် ဖြစ်ခဲ့သောအဖြစ်အပျက်ကို ပြောပြလိုက်သည်။ ဘဏ္ဍာထိန်း သည် စကားပြောကောင်းသဖြင့် ပြောရင်းနှင့် သူ့ဘဝအကြောင်းပါ ပါလာ သည်။ ရှီမာယူယူ မိုးကြိုးဘေးသင့်မှုတိမ်တိုက်ခေါ်လာသည့် နေရာတွင် သူပါ ရှိပါက အန္တရာယ်နှင့် မလွတ်နိုင်ဟု ထောင်ယိရွှမ်ခံစားရသည်။
ထိုအခိုက်တွင် သူ့ကိုအံ့ဩစေသည်မှာ ရှီမာယူယူသည်အမှန်တကယ်ပင် ကောင်းကင်ဘေးဒုက္ခကို ရန်စနိုင်ခြင်းဖြစ်သည်။ သူမသာ တိုက်ပွဲဖြစ်နေစဉ် အတွင်း ကောင်းကင်ဘေးသင့်မှုကို ရန်စလိုက်ပါက တစ်ဖက်လူကိုပါ ဆွဲခေါ် သွားနိုင်မည်မဟုတ်ပါလား။
သည်လိုနှင့် ဘဏ္ဍာထိန်းသည် အမှောင်တောထဲမှ အဖြစ်အပျက်ကို ပြော ပြလိုက်ချိန်တွင် ထောင်ယိရွှမ်သည် ပို၍ပင် အံ့ဩသွားလေသည်။
သူမသည် အမှန်တကယ်ပင် အံ့ဖွယ်အဆင့်နှင့် ဘုရင်အဆင့်ကျွမ်းကျင်သူ ရာချီကိုသတ်ပစ်နိုင်သည်။ အဆင့်ကျော်ပြီး သတ်နိုင်သည်ဆိုသည်မှာ ရိုးရှင်း သောတိုက်ပွဲမဟုတ်တော့ပေ။
“ဟေး မိန်းကလေးယူယူက ငယ်တာနဲ့ အထင်မသေးလိုက်နဲ့၊ သူမ စွမ်းရည်တွေက အားကောင်းတယ်၊ သူမက ခင်ဗျားကို သခင်လေးရာထူးပြန်ယူ ပေးမယ်လို့ပြောတာက အရမ်းကြီးတဲ့ပြဿနာမဟုတ်ဘူး၊ အင်း… ဒီလောက် နှစ်တွေအများကြီးမှာ သူမကျရှုံးသွားတယ်ဆိုတာကို မမြင်ဖူးသေးဘူး” ဘဏ္ဍာ ထိန်းသည် ရယ်မောရင်းပြောလေသည် “သူမက ခင်ဗျားကို ဒီမှာထားလိုက်တာ ကြောင့်လည်း ပါတာပေါ့လေ၊ မဟုတ်ရင် ခင်ဗျားမှာ ဒီလိုအေးချမ်းတဲ့နေ့တွေ ဆိုတာ ရှိလာမှာမဟုတ်ဘူး”
သူတို့ ဘဏ္ဍာထိန်း၏ ခြံဝန်းဆီသို့ရောက်လာသောအခါ ဘေးမှခြံဝန်း အား ညွှန်ပြပြီးပြောလေသည် “အကြောင်းအရင်းမရှိရင် အဲဒီဘက်ကိုလုံးဝ မသွားပါနဲ့ နားလည်ပါသလား အထဲကလူတွေကို သွားနှောင့်ယှက်မိရင် မကောင်းဘူး”
***